ယနေ့ခေတ်ကာလမှာ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုတာ အလွန် အရေးကြီးလာပါပြီ။ လူတစ်ယောက်နဲ့ တစ်ယောက် စတင် တွေ့ရှိမိကြတဲ့ First Impression ဘယ်လောက်အရေးပါတယ်ဆိုတာ အားလုံးသိကြမှာပါ။ အမျိုးသမီး တစ်ယောက်နဲ့ စတင်တွေ့ဆုံတဲ့ အမျိုးသား တစ်ယောက်အတွက်တော့ ဒီအမျိုးသားဟာ အမျိုးသမီးကို စိတ်လှုပ်ရှားစေနိုင်လောက်တဲ့ ဟန်ပန်သွင်ပြင်နဲ့ သန့်ရှင်းမှုမျိုး လိုအပ်တယ်ဆိုတာ အသေအချာပါပဲ။ အပြင်ပန်း သွင်ပြင်တွေ သန့်ရှင်းနေပြီးမှ အနီးကပ် စကားပြောတဲ့အခါ ပါးစပ်နံ့ နံတာတို့၊ ခန္ဓာကိုယ်က ရေတွေ ခြောက်အောင် မသုတ်ခဲ့ရလို့ ရေနံ့နံတာတို့ဟာလည်း First Impression ကို အလွန်ထိခိုက်စေပါတယ်။
လူတိုင်းလူတိုင်းမှာ မတူညီတဲ့ ကိုယ်နံ့တွေ ရှိပါတယ်။ သူတို့ရဲ့ ကိုယ်နံ့တွေနဲ့ ကိုက်ညီမယ့် အမျိုးသားသုံး ကိုလုံးနံ့သာ (Cologne) ကို ရွေးချယ်သုံးစွဲဖို့ လိုပါတယ်။ သင်ငယ်ငယ်က သုံးတဲ့ Drakkar Noir ပုလင်းလေးဟာ ခုချိန်မှာ သင့်အတွက် မသင့်တော်တော့တဲ့ အနံ့ထွက်နေမယ်ဆိုတာ သတိထားမိရဲ့လား။ ဒီတစ်ခေါက်တော့ လူတစ်ဖက်သားရဲ့ အနံ့အာရုံကို အနှောင့်အယှက် မဖြစ်စေတဲ့ အမျိုးသားသုံး Cologne များကို ဖော်ပြပေးသွားပါ့မယ်။
Black Phoenix Alchemy Lab ဟာ Hellboy လို့ အမည်ရတဲ့ ကိုလုံးတစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ အလွန်ပြင်းထန်မာကြောပြီး သန်မာတဲ့ ယောက်ျားတစ်ယောက်ရဲ့ ခံစားချက်မျိုးရအောင် ဒီနံ့သာ အမျိုးအစားကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Aftershave ရဲ့ အနံ့ခပ်ပြင်းပြင်းမျိုးလည်း မထွက်ပဲ ခပ်သင်းသင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားစေတဲ့ ခံစားချက်မျိုး ရနိုင်အောင် စီမံထားတယ်လို့ ဆိုပါတယ်။
သင့်ရဲ့ ကိုယ်နံ့ကို လွှမ်းမိုးပြီး စူးရှတဲ့ အနံ့ပြင်းပြင်းတွေ ထုတ်လွှတ်တဲ့ ကိုလုံးနံ့သာတွေ အစား သင်ရဲ့ကိုယ်နံ့နဲ့ ပေါင်းစပ်ပြီး သင့်ကို လန်းဆန်းကြည်လင်စေတဲ့ နံ့သာမျိုးကို ရွေးချယ်ချင်ရင်တော့ ဒီ Dolce & Gabbana ဟာ အသင့်တော်ဆုံးပါပဲ။ နံ့သာဖြူ၊ ဆေးရွက်ကြီးနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေကို ပေါင်းစပ်ထားပြီး လန်းဆန်းနေတဲ့ တောအုပ်ကြီးထဲ ရောက်သွားသလို အေးမြလန်းဆန်းတဲ့ သင်းပျံ့ပျံ့ ရနံ့ကို ပေးစွမ်းနိုင်ပါတယ်တဲ့။
Clinique ရဲ့ Happy for Men ကတော့ အနည်းငယ်စူးရှတဲ့ အနံ့မျိုး ရှိပါတယ်။ သံပရာရနံ့သင်းနေတဲ့ ဒီနံ့သာဟာ သင့်အနားကို ရောက်လာတဲ့ အမျိုးသမီးတိုင်းဆီကနေ ဖော်ရွေတဲ့ အပြုံးမျိုး ရလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အကြံပြုချက်တွေအရ လူထူထူကို သွားမယ်ဆိုရင် ဒီနံ့သာက အကောင်းဆုံးလို့ ဆိုပါတယ်။
Black Phoenix Alchemy Lab ကပဲ ထုတ်လုပ်လိုက်တဲ့ The Ifrit ဆိုတဲ့ နံ့သာဟာ အရှေ့အလယ်ပိုင်း ဒဏ္ဍာရီတွေထဲက ဆန်းပြားတဲ့ သတ္တဝါကြီးလိုပဲ ဆန်းပြားတဲ့ အနံ့ကို မွေ့လျော်ဖွယ် သင်းပျံ့စေပါတယ်။ ဒီလို ဆန်းပြားတဲ့အနံ့ကြောင့် တဖက်သားကို စိတ်အာရုံ မရှုပ်ထွေးစေရအောင် အထူးစီမံထားတယ် ဆိုပါတယ်။
အမျိုးသမီးတွေအတွက် အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ Victoria’s Secret ရဲ့ ထူးခြားတဲ့ အမျိုးသားသုံး နံ့သာ For Him 2 ဟာ သစ်မွှေးကို အဓိကထားပြီး ထုတ်လုပ်ထားပါတယ်။ သစ်မြစ်သစ်ဖုတွေကနေ ထုတ်လုပ်ထားပြီး သင့်ရဲ့ ကိုယ်နံ့ကို ဖုံးလွှမ်းခြင်း မရှိပဲ သင်းပျံ့တဲ့ ကိုယ်နံ့အဖြစ် ပေါင်းစပ်ပေးမှာပါ။ အထူးသဖြင့် မိမိစိတ်ဝင်စားနေတဲ့ အမျိုးသမီးကို သွားရောက်တွေ့ဆုံမယ့် အမျိုးသားတွေ အတွက် အသင့်တော်ဆုံးလို့ ဆိုပါတယ်။
Ref: MadeMan
Hollinaz
Hollinaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။