အသက်တွေ ကြီးလာလို့ လေးလံထိုင်းမှိုင်းလာတယ်၊ လှုပ်ရှားမှုတွေ နှေးကွေးလာတယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် အရွယ်မတိုင်ခင် လေးလံနှေးကွေးလာမယ်ဆိုရင်တော့ ဒါဟာ ပြဿနာဖြစ်လာပါလိမ့်မယ်။
ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်း ၃ ခုကတော့ ဒီလိုပါ။
၁။ အရိုးနဲ့အဆစ်တွေ သန်မာစေဖို့
ကယ်လစီယမ်ဓာတ် အမြောက်အများပါတဲ့ ဒိန်ချဉ်၊ ဆယ်မွန်ငါး၊ သစ်အယ်သီးနဲ့ အစိမ်းရောင်အရွက်တွေဟာ သင့်ရဲ့ အရိုးအဆစ်တွေ သန်မာနေစေဖို့ အများကြီး အထောက်အကူပြုပါတယ်။ ဒါအပြင် အဆစ်အမြစ်ကိုက်ရောဂါနဲ့ အရိုးပါးရောဂါကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ဆေးလိပ်မသောက်ဖို့၊ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့နဲ့ အရက်ကို အလွန်အကျွံ မသောက်မစေဖို့ ဂရုစိုက်နိုင်မယ်ဆိုရင် အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းကနေ ကင်းဝေးနိုင်မှာပါ။
နာတာရှည် ယောင်ယမ်းကိုက်ခဲမှုတွေဟာ အဆစ်အမြစ်တွေကို တောင့်တင်းစေပါတယ်။ ဒါ့အပြင် အဆစ်တွေရဲ့ လုပ်ရှားနိုင်စွမ်းကို လျော့ကျစေပြီး လေးဘက်နာရောဂါကို ပိုမိုဆိုးရွားစေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အဆစ်အမြစ်တွေ ယောင်ယမ်းတာ ပိုမိုများပြားလာမှာဖြစ်ပါတယ်။ ယောင်ယမ်းတဲ့ကာလ ကြာလာရင် ကြွက်သားပျက်စီးမှုနှုန်း ပိုမို မြန်ဆန်လာပြီး အရိုးအက်နိုင်ခြေ အရမ်းမြင့်တက်လာပါတယ်။ ဒါကို ကာကွယ်နိုင်တဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ်။ အသီးအနှံနဲ့ အရွက်တွေ များများ စားသုံးပေးရုံပါပဲ။ Omega-3 ဓာတ်ပေါင်းဟာ အဆစ်အမြစ် ထုံကျင်တောင့်တင်းခြင်းနဲ့ လှုပ်ရှားရ ခက်ခဲခြင်းကို ကာကွယ်ပေးပါတယ်။ ဖရုံစေ့၊ အခွံမာသီးများနဲ့ ဆယ်မွန်၊ တူနာတို့လို ငါးတွေဟာ Omega-3 ဓာတ် ကြွယ်ဝပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ လိုအပ်လာရင် Omega-3 ကို ဖြည့်စွက်စာ စားသုံးနိုင်ပါသေးတယ်။ အလွယ်စာတွေ၊ အကြော်တွေနဲ့ Omega-6 ပါဝင်မှုများတဲ့ မလိုင်၊ ပေါင်မုန့်နဲ့ အခြားဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို လျှော့ပြီး စားသုံးပေးနိုင်မယ်ဆိုရင် ယောင်ယမ်းကိုက်ခဲတာတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
၃။ နာကျင်မှုတွေ ပြေပျောက်စေဖို့
ယောင်ယမ်းကိုက်ခဲမှုတွေဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ယောင်ယမ်းမှုကြောင့် နောက်ဆက်တွဲ နာကျင်မှုတွေ ဖြစ်လာပြီး မလှုပ်ချင် မရှားချင် ဖြစ်လာပါတယ်။ နာကျင်လို့ အသုံးမပြုတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ကြာလာရင် အားနည်းလာပြီး အရွတ်တွေ တောင့်တင်းလာတာ၊ ကျီးပေါင်းတက်တာတွေ ဖြစ်လာပါတယ်။ ရှေးဟောင်းစကားပုံတစ်ခုဖြစ်တဲ့ “ရွေ့မလား၊ ဆုံးရှုံးမလား” ဆိုတာ တကယ်အသုံးတည့်တဲ့ စကားပုံပါ။ တစ်ရက်ကို နာရီဝက်ကနေ တစ်နာရီလောက်ထိ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းအားဖြင့် နှလုံးလည်း ကောင်းမွန်စေနိုင်သလို ကိုယ်လက်အင်္ဂါတွေကို သန်စွမ်းလာစေနိုင်ပါတယ်။ ယောဂလို လေ့ကျင့်ခန်းတွေဟာ အလွန်ကို အကျိုးရှိတဲ့ လေ့ကျင့်ခန်းတွေပါ။ တစ်နေရာရာမှာ နာနေပြီဆိုရင် ဘာကြောင့်နာလဲ ချက်ချင်းစစ်ဆေးသင့်ပါတယ်။ ရေနွေးစိမ်တာ၊ အနှိပ်ခံတာဟာ သင့်ရဲ့ ကိုယ်လက်နာကျင်ကိုက်ခဲတာတွေကို အကောင်းဆုံး ကုသပေးနိုင်တဲ့ နည်းလမ်းတွေပါ။
Hollinaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။