လူတိုင်းလူတိုင်း ဘဝမှာ ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာတွေ၊ ဖြစ်ချင်တာတွေ ဖြစ်လာခဲ့ရင် ဆိုတာတွေနဲ့ အစဉ်သဖြင့် ပြည့်နှက် နေတတ်ပါတယ်။ အနုပညာရှင်တွေ ဆိုတာလည်း လူထဲက လူသားတွေပဲမို့ ဒီလိုပဲ ရှိနေနိုင်တဲ့ အနုပညာရှင်တို့ရဲ့ ဆန္ဒနဲ့ အမှတ်တရများကို ဖော်ပြလိုက်ပါတယ်။
Past (ပြီးခဲ့တာတွေထဲက အမှတ်တရ)
ပထမဆုံးတက်ခဲ့တဲ့ကျောင်း
- ဟားခါးမြို့၊ ရဲလိုင်းထဲမှာ ဖွင့်ထားတဲ့ မူလတန်းကျောင်းလေးပါ။
ပထမဆုံး ခင်ခဲ့တဲ့ သူငယ်ချင်း
-သူငယ်ချင်းတွေကတော့ အများကြီးပဲ။
ပထမဆုံး သင်ခဲ့တဲ့ဆရာ
- နာမည်တွေတော့ သိပ်မမှတ်မိဘူး။ ဆရာဦးစိုးဝင်းဆိုတဲ့ ဆရာကိုတော့ မှတ်မိတယ်။
ပထမဆုံး ရရှိခဲ့တဲ့ ကြောက်ရွံ့မှု- ဆုန်သင်း နယ်ကနေ ပြောင်းလာပြီး ကျောင်းစတက်ရတော့ ပထဝီတို့၊ သမိုင်းတို့ကို ရေးမပေးတော့ဘူးလေ။ ဆရာတွေက ပါးစပ်နဲ့ပဲ ခေါ်ပေးကြတယ်။ ကိုယ်က မြန်မာစာ မရေးတတ်တော့ လိုက်မမီရင် အဆူခံရမှာကို ကြောက်တော့ သူငယ်ချင်းတွေက တစ်ယောက် တစ်အုပ်စီ ဝိုင်းကူးပေးကြရတယ်။
ပထမဆုံးရရှိခဲ့တဲ့ အမှတ်တရ လက်ဆောင်ပစ္စည်း
- ခရစ္စမတ်တုန်းက ကာတွန်းရုပ် အစလေးနဲ့ အမေချုပ်ပေးထားတဲ့ ချာလီဘောင်းဘီလေး။
ပထမဆုံး ကြည်နူးမိတဲ့ ခံစားမှုတစ်ခု
- သီချင်းတွေ စဆိုတော့ ကိုနိုင်က ကလပ်တစ်ခုမှာ သီချင်းဆိုဖို့ ခေါ်တာ သွားဆိုတော့ ပိုက်ဆံနှစ်သောင်း ရတယ်။ အဲဒီ့ပိုက်ဆံက ကိုယ့်ဝါသနာနဲ့ ပထမဆုံးရတဲ့ လုပ်အားခဆိုတော့ အဲဒီခံစားမှုက ဘာနဲ့မှမတူဘူး။
Present (အခုလက်ရှိမှာ လုပ်နေတာတွေ)
လတ်တလောမှာ လုပ်နေမိတာ
- တီဗွီကြည့်တယ်။ သီချင်းနားထောင်တယ်။
လတ်တလော စောင့်နေမိတာ
- ခိုးကူးခွေတွေ မရှိဘဲနဲ့ ကိုယ့်အခွေ မြန်မြန်ထွက်ပြီးတော့ မြန်မြန် ရောင်းရအောင်။
လတ်တလော ချစ်နေမိတာ- အဖေနဲ့အမေ နောက်ပြီး ဆုန်သင်းရဲ့ ခင်ပွန်း။
လတ်တလော စားနေမိတာ
- ထမင်း။
လတ်တလော ဖတ်ဖြစ်နေတာ
- သတင်းစာ၊ ဂျာနယ် အဲဒီလောက်ပဲ ဖတ်တာပဲ ရှိတယ်။ စာအုပ်ကြီးကြီး မားမားတွေ ဖတ်ဖြစ်တာမျိုးတော့ မရှိဘူး။
အနားမှာရှိတဲ့သူကို ပြောချင်နေတဲ့စကား
- ဆုန်သင်းရဲ့ ခင်ပွန်းကို အရမ်း ချစ်ပါတယ်လို့။
အမြဲတမ်း လက်ခံကျင့်သုံးတဲ့ ဆောင်ပုဒ်တစ်ခု
- အဆိုးရွားဆုံးဖြင့် အရှုံးမခံနဲ့။ အကောင်းဖြင့် အဆိုးကိုနိုင်တယ်။
Future (အနာဂတ်မှာဖြစ်ချင်တာ)
ဖြစ်ချင်တဲ့ ဆန္ဒအများကြီးထဲက တစ်ခု
- ဆန္ဒတွေက အများကြီးပဲ။ တစ်ခုတည်းတော့ မရှိပါဘူး။ ရတာလေးနဲ့ ကျေနပ် ရောင့်ရဲနေတာပေါ့။
If (အကယ်၍သာ..)အကယ်၍များ သင်ဟာ တန်ခိုးရှင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်
- လုပ်ပေးချင်စရာတွေတော့ အများကြီးပဲ။ လူသား အားလုံးအတွက် အကောင်းဆုံးတွေပဲ လုပ်ပေးချင်တယ်။
အကယ်၍များ သင်ဟာ သိကြားမင်း ဖြစ်ခဲ့မယ်ဆိုရင်- အားလုံး စီးပွားရေး အဆင်ပြေအောင် လုပ်ပေးချင်တယ်။
အကယ်၍များ သင်ဟာ မီလျံနာတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်
- အဲဒီလောက်ကြီး ကြီးကြီးမားမားတော့ မမျှော်လင့်ထားဘူး။
အကယ်၍များ သင်ဟာ အမေရိကန်သမ္မတ ဖြစ်ခဲ့မယ်ဆိုရင်
- စစ်ပွဲတွေ မရှိအောင် လုပ်မယ်။
အကယ်၍များ အာလာဒင် မီးခွက်စောင့် ဖြစ်ခဲ့မယ်ဆိုရင်
- အပြင်မှာ ထွက်နေလို့ရရင် နေချင်တယ်။ထွန်းမြင့်ဇော်
Ref : 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။