Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 20, 2012

မဟာရန်ကုန် . . .

by Mar Ga Luelin on Saturday, October 20, 2012 at 9:30am ·



မဟာရန်ကုန် . . .

လူဦးရေ ခြောက်သန်း
အဲ့ဒီ မြို့ကြီးအဆန်းမှာနေတယ် . . .

အိမ်မှာစားစရာမရှိ
အ၀တ်အထည် ကြွားဘိ ဆိုလား

တနေ့တာ စားစရာထက်
ကျောချစရာတနေရာ ရှားတယ် ဆိုလား
ဗမာတွေက ဖုန်တထောင်းထောင်းမြို့စွန်မှာေ
နပြီး
မြို့လယ်မှာ အိန္ဒိယနဲ့ချိုင်းနားတောင်းရှိ၏ ဆိုလား
ဘာဆိုလား ညာဆိုလား
အဲ့ဒီမြို့ပြကြီးဟာ ခေါင်းပေါ်မှာလည်း အမှိုက်တထပ်ကြီးရွက်ထားတယ် . . .

တချို့တချို့ဟာ
ဘလက်လေဘယ် ကိုတောင်နှိမ့်ကျလို့မသောက်ချင်
တချို့တချို့ကတော့
ဂရမ်းရွိုင်ရွယ်ကိုတောင် မြင့်မားလို့မော်မကြည်ရဲ
အသားအရေဖြူရွရွ ရွှေငါးကိုခပ်ကြွကြွစီးတဲ့လူတြွေ
မင်ရသလို
ဆိုက်ကားတခါထွက် ဇေ တခွက်
မိန်းမ မီးဖွားစရိတ်အတွက် ဓါးမြ ထွက်တိုက်တဲ့လူတွေလဲ့ ဒီမြို့မှာရှိရဲ့ . . .

နှစ်သိန်းခွဲတန် လက်ကိုင်ဖုန်း တဆဆ
အင်္ဂလိပ်စပီကင် စာအုပ်ကို ခပ်ဖွဖွ ပိုက်ထားတဲ့
ယုံကြည်မှု့အပြည်နဲ့ စကတ်တို ချာတိတ်မတွေ
မြို့လယ်နဲ့ လည်းတန်းမှာတဖွဲဖွဲ
လေဆိပ်လမ်း ၊ ၆ မိုင်ခွဲမှာ မိသားစုအတွက်
ခန္တာကိုယ်ရင်းရသူတွေမနည်း
ဘန်ကောက်တော့မဟုတ် စင်ကာပူမဟုတ် ညလယ် ရောက်ရင်
channel V မှာ အဖြူနဲ့ မြန်မာမ
လူလယ်ကောင်မှာနုတ်ခမ်းချင်း နမ်းတယ် . . .

အဖြူ နဲ့ အမဲ
အညိုနဲ့အ၀ါ
ဒီမြို့မှာက မိတ်ဆွေများမယ်
ရန်သူပေါမယ်
အကြမ်းဖက်မှု့အလိုမရှိဆိုပြီး ဗလီဘေးနားမှာ ဆိုင်းဘုတ်ထောင်ကြသလို
တန်ခိုးကြီးဘုရားကနေစပြီး OIC လက်မခံဆိုပြီး ဆန္ဒကြမယ်
ဒါဟာ ရန်ကုန်ပဲ ကွယ် . . . ဒါဟာရန်ကုန်ပဲ
ရေမြောင်းပိတ်တာက အစ မီးမလာတာအဆုံး
လူတိုင်းမှာ လွတ်လပ်စွာထုတ်ဖေါ်ပိုင်ခွင့်ရှိ
တယ်
ဦးဆောင်သူတွေ အဖမ်းခံရတာကို ဘယ်သူမှစိတ်မ၀င်စား . . .

ဘယ်နိုင်ငံက မြို့တော်နဲ့မှမတူ
ကမ္ဘာလှည့်တွေ စိတ်ဝင်တစားလေ့လာရတဲ့ ၁၂လက်မထု ကွန်ကရစ်လမ်းတွေ ဒီမှာရှိတယ် . . .
ဘယ်နိုင်ငံက မြို့တော်နဲ့မှမတူ
ဟိုနားဒီနား ငါးဆယ်တန် ချက်ပလက်တွေ ဒီမှာရှိတယ်. . .
ဘယ်နိုင်ငံ မြို့တော်နဲ့မှမတူ
နိုင်ငံခြားသားများ စီးပွားရေးသာလာလုပ်ရင် ဗီဇာမလို ပါတ်စပိုစ့်မလို
စိတ်မထင်ရင် စက်ရုံအလုပ်သမားတောင် ပါးရိုက်လို့ရတယ် . . .

ကိုရီးယား က ဂိုဏ်းစတား
ဂျပန်က ယာကူဇာ
အမေရိကန်က မာဖီးယား
ဘယ်လူဆိုး စီးပွားရေးသမားနဲ့မှမတူ
ဒီမှာ ချဲဒိုင် လူမိုက်တွေရှိတယ်
ငါးဒိုင်လူမိုက်တွေရှိတယ်
အရက်ဆိုင်လူမိုက်တွေရှိတယ်
ဝါသနာအရမိုက်တဲ့ ပုဆိုးတိုတိုနဲ့
အပျော်တမ်းလူမိုက်တွေရှိတယ် . . .

လှိုင်သာယာက ထမိန်သခိုး လက်ကျိုးအောင်အရိုက်ခံရပြီး
ကလပ်မှာ လူကိုသေလုမြောအောင်ကားတိုက်တဲ့
လူက အာမခံရတယ်
အရင်က အန်အယ်ဒီတွေက အစိုးရဘက်တော်သားလုံးလုံး
စစ်တပ်က ဗိုလ်ကြီးဟောင်း က ပြည်သူ့အကျိုးဆောင်
ရယ်တော့ရယ်ရတယ်
၈၈ ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်တွေ ညီအကိုတွေလို ဖက်ယမ်းကြ
တိုင်းရင်းသားပေါင်းစုံ လျှာထွက်လာတာတော့ ဘယ်သူမှ မမြင် . . .

မြန်မာစစ်စစ် လုံထိန်းတွေက တရုတ်မန်နေဂျာနဲ့ ပြုံးပြုံးရယ်ရယ်
ချီတက်လာတဲ့ အလုပ်သမား ကို တော့ ရန်သူပမာ သေနတ်နဲ့ချိန်မယ်
စိတ်မဆိုးကြပါနဲ့ ကွယ် . . . ဒါဟာ ဂလိုဘယ်မဟုတ်လား
ပတင်းပေါက်ဖွင့်လိုက်ရင် ယင်ကောင်နဲ့ ဖုန်ဝင်မယ်
ဒီတော့ကာ မြို့ကြီးသားတွေရယ် သဲတရှပ်ရှပ်သာ စားကြ . . .


ကဗျာဆရာဟာ ရယ်စရာမြို့ကြီးအကြောင်း ကဗျာရေးတယ်
ကဗျာဆရာရဲ့ ကဗျာကို မြို့ကြီးသားတွေဖတ်ကြ
ကဗျာဆရာအဖမ်းခံရရင် မြို့ကြီးသာေးတွ ဆိုရှယ်နက်ဝပ်တွေမှာဆူကြ
ပြီးရင် ကဗျာဆရာကိုမေ့လိုက်ကြ
ကဗျာဆရာဟာ သံတိုင်နောက်မှာ ကဗျာဖွဲ့မယ်
နံပါတ်ဒုတ်အောက်မှာ ကဗျာရေးမယ်
လက်ကျိုးရင် ပါးစပ်ကရွတ်မယ်ကွယ်
ကဗျာဆရာပြောတာတွေက အမှန်တရားမဟုတ်လား . . .

မာဃသစ္စာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။