by စာပေခရီးသွားခြေလှမ်းများ on Saturday, October 20, 2012 at 3:47am ·
ပထမဆုံးအကြိမ် မိဘကို
ခေါ်တွေ့တဲ့နေ့ကပေါ့...မူကြိုဆရာက ပြောတယ် "ခင်ဗျားရဲ့ သားက
ပုံမှန်မဟုတ်ဘူး...သူများကလေးတွေလို မဟုတ်ဘူး...ထိုင်ခုံမှာ ၃
မိနစ်ပြည့်အောင်တောင်ထိုင်ပြီး စာသင်လို့မရဘူး...ဆရာဝန်နဲ
့တိုင်ပင်ကြည့်ပါလား"
အိမ်အပြန်လမ်းမှာ...သားဖြစ်သူက အမေကို ဆရာက
ဘာပြောလဲလို့ မေးတယ်...အမေက မျက်နှာမကောင်းဘူး..ဘာလို့လဲဆိုတော့ သူ့သားက အတန်းထဲမှာ
အယောက် ၃၀ ရှိတဲ့ အထဲမှာ အညံ့ဆုံးဖြစ်နေလို့လေ...
ဒါပေမဲ့ မိခင်ဖြစ်သူက ပြောတယ်... "ဆရာကပြောတယ်..
သားလေး အရင်တုန်းကဆို ၁ မိနစ်ပဲစာဖတ်နိုင်တယ်...အခုဆိုရင် ၃ မိနစ်တောင် ထိုင်ပြီး
စာဖတ်နိုင်တယ်တဲ့...တခြားကလေးအမေတွေက မေမေ့ကို
သိပ်အားကျနေတာပဲသားရယ်...ဘာလို့လဲဆိုတော့ သားလေးက အတန်းထဲမှာ
အခြေအနေတိုးတက်လာလို့လေ"
အဲဒီညမှာ...သားဖြစ်သူက ခါတိုင်းနဲ့ မတူ ၀မ်းသာပြီး
မိခင်ဖြစ်သူက ခွံကျွေးစရာတောင်မလိုပဲ ထမင်းကို ၂ ပန်းကန်တောင်စားတယ်... အမေက
အရမ်းဝမ်းသာတာပေါ့...
ဒီလိုနဲ့ မူလတန်းကျောင်းစတက်တော့...မိဘတွေကို
တွေ့ဖို့ ခေါ်ခံရပြန်တယ်...
ဆရာက "အတန်းထဲမှာ အယောက် ၅၀ ရှိတယ်...ဒီတစ်ခါ
သင်္ချာစာမေးပွဲမှာ ခင်ဗျားသားက အဆင့် ၄၀ ရတယ်...ကျွန်တော်ထင်တာတော့ ခင်ဗျားသားမှာ
ဦးနှောက်ဖွံ့ဖြိုးမှု လိုအပ်နေတယ်လို့ထင်တယ်...ဆရာဝန်နဲ
့ပြကြည့်ရင်ကောင်းမယ်ထင်တယ်..."
အိမ်အပြန်လမ်းမှာ မိခင်က
ငိုယိုပြီးလာခဲ့တယ်..
အိမ်ရောက်တော့ မျက်ရည်သုတ်ပြီး အပြုံးမပျက်
စားပွဲမှာထိုင်နေတဲ့သားကို ပြောတယ်... "ဆရာက သားကို အရမ်းယုံတယ်
သားလေးရဲ့...သူကပြောတယ်... သားက မညံ့ဘူးတဲ့...သေချာကြိုးစားရင်..သားဘေးက ခုံမှာ
ထိုင်တဲ့ ကောင်လေးထက် အဆင့်သာနိုင်တယ်တဲ့...အဲဒီကလေးက အခု အဆင့် ၂၁
ရတယ်လေ..."
အဲဒီလိုလဲ ပြောပြီးရော...အမေဖြစ်သူက...သားဖြစ်သူရဲ
့မျက်လုံးထဲမှာ အရောင်လက်လာပြီး မျက်နှာမှာ လန်းဆန်းလာတယ် ဆိုတာကို
သတိထားမိတယ်...
နောက်တော့ တဖြည်းဖြည်းနဲ့ မိခင်ဖြစ်သူကို
အံ့သြစေလောက်အောင် တိုးတက်မှုတွေရလာခဲ့တယ်...အတန်းချိန်ကိုလဲ ခါတိုင်းထက်
ပိုလေးစားလာခဲ့တယ်...
ဒီလိုနဲ့ အလယ်တန်းရောက်တော့ ဆရာက တခါ
ခေါ်တွေ့ပြန်တယ်...
မိခင်ဖြစ်သူက သားရဲ့ နာမည် ခေါ်မှာကို
စောင့်စားရင်းနဲ့ တော်တော်ကြာသွားတယ်...
ဒါနဲ့ သူမက ဆရာ့ကို သွားမေးတယ်...
ဆရာကပြောတယ်"ခင်ဗျားသားရဲ့ အခုအခြေအနေအတိုင်းဆိုရင်...အထက်တန်းရောက်ဖို့တောင်
လွယ်မှာမဟုတ်ဘူးထင်တယ်.."
သူမလဲ ထိတ်လန့်စွာနဲ့ ကျောင်းအပြင်ကို
ထွက်လာခဲ့တယ်...ကျောင်းပေါက်ဝမှာ သားက စောင့်နေတယ်...
လမ်းမှာ မိခင်ဖြစ်သူက သူမရဲ့ သားကို
ပုခုံးလေးကိုင်ပြီး...ပြောတယ်..."အတန်းပိုင်ဆရာက သားလေးကို
အရမ်းအားရတယ်တဲ့...သူကပြောတယ်...သားသေချာကြိုးစားရင်...အထက်တန်းတက်ဖို့အခွင့်အရေးရမှာတဲ့လေ"
ဒီလိုနဲ့ အထက်တန်းအောင်သွားတဲ့အခါ...တက္ကသိုလ်ကနေ
ကျောင်းလျှောက်လွှာနဲ့ ပတ်သက်ပြီး သူမရဲ့ သားကို ကျောင်းကိုလာခဲ့ဖို့
ခေါ်တယ်...
အမေဖြစ်သူက တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မဲ့
သားအတွက်ဂုဏ်ယူမဆုံးဘူးလေ...ပြီးတော့လဲ သားကို သူမ ဘယ်လောက်ယုံကြည်ကြောင်း
ပြောလိုက်တယ်...
ဒီလိုနဲ့ သားဖြစ်သူက တက္ကသိုလ်က
ပြန်လာတော့...ကျောင်းက ပေးလိုက်တဲ့ ဝင်ခွင့်ထောက်ခံစာ စာရွက်လိပ်လေးကို
သူမလက်ထဲပေးလိုက်တယ်...ပြီးတော့ အော်ငိုပြီး မိခင်ကို ပွေ့ဖက်ရင်း
ပြောလိုက်ပါတယ်..."မေမေ...တကယ်တော့ သားက မတော်ပါဘူး မေမရေယ်...ဒါပေမဲ့လေ...မေမေက
သားကို ချီးကျူးအားပေးနိုင်ဆုံးသူပါပဲ..."
-----------------------------------------------------
ဒီစာလေးကို ဖတ်ပြီး...အားပေးစကားတခွန်းက
လူတစ်ယောက်ရဲ့ အမြင်နဲ့ အပြုအမူကို ပြောင်းလဲသွားစေနိုင်သလို လူတစ်ယောက်ရဲ့
ကံကြမ္မာကိုပါ ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ မျက်မြင်သက်သေပါပဲ...
တနည်းအားဖြင့် တိုက်ခိုက်တဲ့ စကားတစ်ခွန်းက
အဲဒီလူရဲ့ စိတ်နဲ့ ကိုယ်ကို ကြေမွစေနိုင်ပြီး အနာဂတ်ကို
ဖျက်ဆီးနိုင်ပါတယ်....ဥယျာဉ်မှူးကောင်းတစ်ယောက်ဟာ ကိုယ်စိုက်တဲ့အပင်ကို ရှင်သန်ဖို့
မြေသြဇာကောင်းကျွေးရသလို...မိဘတွေကလဲ သားသမီးတိုးတက်ဖို့အတွက်...သူတို့လေးတွေ
အမှားလုပ်မိသည့်အခါ သို့တည်းမဟုတ် အားနည်းချက်ရှိသည့်အခါ...အပြစ်မြင်ခြင်းထက်
အားပေးစကားတွေနဲ့ ခွန်အားပေးဖို့ အမှန်တကယ် လိုအပ်လှပါတယ်...
ကျေနပ်နိုင်ကြပါစေ...
(ဇေယျာ)
မူရင်း။ ။ 孩子的自信源自父母的信任与支持
20/10/2012, Saturday, 9:30 pm
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။