Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 20, 2012

ခေတ်အဆက်ဆက် ထင်ရှားတဲ့ မြန်မာ့အလှမယ်များ

 
Myanmar Journal

ခင်မောင်ထွေး (ပျဉ်းမနား)

မြန်မာအားကစားလောကတွင် တိုးတက်ပြောင်းလဲမှုကြီး တစ်ခု အံ့သြဖွယ်ကောင်းလောက်အောင်ပင် ထွက်ပေါ်လာသည်။ မြန်မာအလှမယ်များ ပြည်ပထွက်၍ ပြိုင်ပွဲများ ဝင်ခွင့်ရခြင်းပင်
ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၅ဝ)တိတိ (၁၉၆၂)ခုနှစ်မှစကာ မြန်မာအမျိုးသမီးအလှမယ်များ ပြည်ပထွက်၍ ပြိုင်ပွဲဝင်ဖို့မဆိုထားနှင့် ပြည်တွင်းမှာပင် မယ်ရွေးပွဲ မလုပ်ရတော့ပါ။
ခင်သန်းနု ပြည်ထောင်စုမယ်ဘွဲ့ရရှိသည့် (၆၁)ခုနှစ် ပြည်ထောင်စုမယ်ရွေးပွဲသည် မြန်မာနိုင်ငံ၌ မယ်ရွေးပွဲ နောက်ဆုံး အကြိမ် ကျင်းပခဲ့ခြင်းပင်ဖြစ်သည်။

ရှေးရှေးတုန်းက

ခင်သန်းနု မတိုင်မီခေတ်ကမူ မြန်မာနိုင်ငံတွင် မယ်ရွေးပွဲများ ခြိမ့်ခြိမ့်သဲမျှ ကျင်းပခဲ့သည်။

ပထမဆုံးပြိုင်ပွဲမှာ (၁၉၄၇)ခုနှစ်တွင် ရွှေတိဂုံဘုရား အနောက်ဘက် မုခ်၌ကျင်းပသည့် ရုပ်ရှင်နှင့် ပြဇာတ်ပြပွဲတွင် ထည့်သွင်းခဲ့သည့် အလှမယ်ပြိုင်ပွဲပင်ဖြစ်သည်။ ဒေါ်လီချို (Dolly Cho)က ပထမဆု ဆွတ်ခူးသည်ဟု မှတ်တမ်းများအရ သိရှိရသည်။
တရားဝင်မောင်မယ်ရွေးပွဲကို (၁၉၄၈)ခုနှစ်တွင်စတင်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအိုလံပစ်အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည်။ အိုလံပစ်မယ်(ဝါ)မယ်ဗမာဆုကို ခင်စန်းကြွယ်က ဆွတ်ခူးခဲ့
သည်။ ခင်စန်းကြွယ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးမယ်ဖြစ်သလို(၁၉၆၂)ခုနှစ်တွင် ကျင်းပသည့် မယ်ရွေးပွဲတွင် ပထမရသူ (နာမည်မေ့နေပါသည်)က မြန်မာနိုင်ငံ၏နောက်ဆုံးမယ်ဖြစ်ပါသည်။
ပြည်ထောင်စုမယ်ရွေးပွဲအပြီး တစ်ဆက်တည်းကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုမယ် ခင်သန်းနုက မယ်ဗမာရွေးပွဲတွင် တတိယသာ ရပါသည်။

မယ်ပေါင်းစုံလင်

(၁၉၄၈)ခုနှစ်မှ (၁၉၆၂)ခုနှစ်အထိ (၁၄)နှစ်အတွင်း မြန်မာနိုင်ငံတွင် မောင်မယ်ရွေးပွဲများ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့သည်။
အလှမယ်များလည်း ဖူးပွင့်ဝေဆာခဲ့ကြသည်။ မှတ်မိသလောက်၊ ဖတ်မိသလောက်တင်ပြရမည်ဆိုလျှင် မစိန်အေး၊ နော်လွီဇာဘင်ဆင်၊ မီနီပု၊ခင်သန်းနု၊ နုနုရီ၊ ဖြူဖြူရှိန်၊ ဝါဝါရှိန်၊ မြမြသန်း၊ နန်းမြင့်မေ၊ ခင်မြင့်မြင့်၊ သန်းသန်းအေး၊ မြတ်မြတ်ထွေး၊ မေရီစိုးရင်၊ လီလီစိုးရင် နှင့် မေမြင့်ရီတို့မှာ တစ်ခေတ်တစ်ခါက ထင်ရှား ကျော်ကြား ကြသူများဖြစ်ပါသည်။
ယင်းအလှမယ်များထဲမှာ မစိန်အေး၊ မီနီပုတို့ ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများဖြစ်သည့် မယ်စင်္ကြာဝဠာ(Miss Universe) နှင့် မယ်ကမ္ဘာ(Miss World) ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြဖူးသည်။
သို့သော် အောင်မြင်မှုလည်း မရရှိခဲ့ကြပါ။ ကျော်ကြားမှုလည်း မရှိခဲ့ပါ။
ထိုစဉ်က မစိန်အေးတို့၊ မီနီပုတို့ ကမ္ဘာ့အဆင့်တွင် ပြိုင်ပွဲဝင်နေသည့်ပုံများ မြန်မာစာနယ်ဇင်းများတွင် ဖော်ပြခြင်းမရှိကြပါ။
မယ်စင်္ကြာဝဠာရွေးပွဲ၊ ကမ္ဘာ့အလှမယ် ရွေးပွဲဝင်ရန်မှာ လှပပြေပြစ်ရုံ၊ ခန္ဓာကိုယ် အချိုးအစား ကျရုံဖြင့် မအောင်မြင်နိုင်ပါ။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ တက်မြောက်ဖို့လိုသည်။
ပြိုင်ပွဲဝင် မယ်လောင်း အားလုံးကို ပြည်တွင်းပြည်ပ ဗဟုသုတများကို အင်္ဂလိပ်ဘာသာဖြင့် မေးမြန်းသည်ကို အင်္ဂလိပ်ဘာသာဖြင့် သွက်သွက် လက်လက် ဖြေကြရသည်။ မြန်မာအလှမယ်များ ကမ္ဘာ့အလယ်တွင် ထင်ရှား ကျော်ကြားရန် တာစူနေချိန်မှာပင် ရပ်တန့်သွားခဲ့ရသည်။

(၁၉၆၂)ခုနှစ် မတ်လ(၂)ရက်နေ့နောက်ပိုင်းတွင် မယ်ရွေးပွဲများရပ်တန့်သွားတော့သည်။ ကာယဗလမောင်နှင့် လှယဉ်ကျေးမယ် ရွေးပွဲအမည်ဖြင့် အလှမယ်ရွေးပွဲများ ပြန်လည် ကျင်းပ လာခဲ့ကြသော်လည်း လှယဉ်ကျေးမယ်ဘွဲ့ရသူများမှာ ယခင် မယ်ဗမာများလောက် ထင်ရှား ကျော်ကြားခြင်း မရှိခဲ့ကြပါ။
ယခင်မယ်ကြီးများမှာ ရုပ်ရှင်လောကတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး အောင်မြင်ခဲ့ကြသည်။ မုဒုံမယ်တင်တင်မူ၊ ဖျာပုံမယ်တင်တင်အေး၊ ရှန်ဟိုင်းမယ် မေမြင့်ရီ၊ မယ်ဗမာ နော်လွီဇာဘင်ဆင်၊ ပြည်ထောင်စုမယ် ခင်သန်းနု စသူတို့ ဖြစ်ကြသည်။
ယင်းခေတ်ကို နှစ်ပေါင်း(၅ဝ)တိတိကျော်လွန်ပြီးနောက် (၂ဝ၁၂)ခုနှစ်ထဲတွင် ပြည်ပထွက်၍ အမျိုးသမီးများ ပြိုင်ဆိုင်မှုရှိလာခဲ့သည်။

နန်းခင်ဇေယျာ

Miss International ပြိုင်ပွဲတွင် မြန်မာ ပြည်ထောင်စု နွယ်ဖွား ရှမ်းနှင့် ပအို့ တိုင်းရင်းသားစပ် နန်းခင်ဇေယျာကြောင့် စာနယ်ဇင်း၊ အထူးသဖြင့် ဂျာနယ်များအတွက် ထိပ်တန်းသတင်း တစ်ပုဒ်ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် တရားဝင် မယ်ရွေးပွဲများ မရှိသော်လည်း စီးပွားရေးလုပ်ငန်းကြီးများက လှယဉ်ကျေးမယ်များ ရွေးချယ်လေ့ရှိကြသည်။ နန်းခင်ဇေယျာမှာလည်း (၂ဝ၁၁)ခုနှစ် မတ်လထဲတွင် မြန်မာ နိုင်ငံ ခရီးသွားအဖွဲ့မှ ခရီးသွားမယ် ရွေးချယ်ပွဲမှတစ်ဆင့် Miss International အထိ တက်လှမ်း ခဲ့ခြင်း ဖြစ်သည်။
ခရီးသွားမယ်ရွေးချယ်ပွဲတွင် တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိပြီး ခရီးသွားလမ်းညွှန်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူ နန်းခင်ဇေယျာ ဝင်ပြိုင်သည်။ ပထမရသည်။ ထို့ကြောင့် နိုင်ငံတကာ အလှမယ်ရွေးပွဲ (၂ဝ၁၂)တွင်ဝင်ပြိုင်နေခြင်းဖြစ်သည်။

ကာယဗလမယ်

နန်းခင်ဇေယျာ မတိုင်ခင် နိုင်ငံတကာ ကာယကြံ့ခိုင်ရေးတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးနှစ်ဦးရှိခဲ့သည်။ အေးအေးစိုးနှင့် ဝတ်ရည်ဖြိုးတို့ ဖြစ်ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guang Zhou မြို့တွင် ကျင်းပသည့် (၄၆)ကြိမ်မြောက် အာရှကာယဗလ နှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
အရပ်အမြင့် (၁၆ဝ)စင်တီမီတာ၊ ကာယဗလဟန်ပြမယ်(Model Physique) ပြိုင်ပွဲတွင် အေးအေးစိုးက တတိယရရှိခဲ့သည်။
ဝတ်ရည်ဖြိုးက ပဉ္စမဂုဏ်ထူးဆောင်အဆင့်ရခဲ့သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂၂)နိုင်ငံမှ ကာယဗလ ကြံ့ခိုင်သန်စွမ်းသူပေါင်း(၂၅ဝ)ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအမျိုးသမီးနှစ်ဦးဖြစ်သည့် အေးအေးစိုးနှင့် ဝတ်ရည်ဖြိုးတို့က အဆင့်မြင့် နေရာများတွင် ရပ်တည်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ကာယဗလဟန်ပြမယ်နှစ်ဦး အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ် ယခုလောက် Hot News မဖြစ်ခဲ့ချေ။
ယခုမူ နန်းခင်ဇေယျာ၏ လှပကျော့ရှင်းသော ရုပ်လွှာက ပြည်တွင်း ဂျာနယ်အချို့၏ မျက်နှာဖုံးများထက်၌ပင် ကျယ်ကျယ်ပြန့်ပြန့် နေရာရလာခဲ့သည်။

ဟို့ယခင် နှစ်ပေါင်း(၅ဝ)အတွင်းက Two Pieces Bikini Suit မဆိုထားနှင့်၊ ကျွမ်းဘား၊ ပြေးခုန်ပစ်မယ်များ၏ ဓာတ်ပုံများကို မမြင်မတွေ့ခဲ့ရာမှ မြန်မာ အမျိုးသမီးလေး၏ နိုင်ငံတကာ ပြိုင်ပွဲဝတ်စုံပုံကို မြင်တွေ့ လိုက်ကြရသောအခါ ဝမ်းသာအားရ စိတ်ဝင်စားနေကြခြင်း ဖြစ်ဟန်ရှိသည်ဟု ကောက်ချက် ဆွဲမိပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။