ကေလးမတစ္ေယာက္ chat box ကေန
“ဦး… ေနေကာင္းလား”
“ေကာင္းပါ့ဗ်ား”
“ဦးကို ခင္းခ်င္လို႔”
“ဟမ္… က်ဳပ္ကိုခင္းရေအာင္ ဖ်ာမွတ္ေနလို႔လား”
“ခ္ခ္ ခင္ခ်င္တယ္လို႔ေျပာတာပါ၊ ရတယ္မလား”
“ခင္လို့ ရပါတယ္၊ ပိုက္ဆံမေခ်း ပီးေရာ”
“ဦးက ဘယ္မွာေနတာလဲ”
“အိမ္မွာ”
“ဟုတ္ဘူးေရ… ဘယ္ၿမိဳ႕မွာလဲ ေမးတာ”
“ေအာ္… မန္းေလးမွာ ေနတာ”
“ဘာအလုပ္ လုပ္တာာလဲ”
“ဗိုက္ေတြျပင္တယ္”
“ဒါဆို ဆရာဝန္ေပ့ါ”
“မဟုတ္ဘူး၊ သေဘၤာဝမ္းကဗိုက္ေတြကုိ ျပင္တာ လူဗိုက္မဟုတ္ဘူး”
“ဟြင့္…, ဦးက လူပ်ဳိလား”
“ျပိဳ ျပိဳ က်တာေတာ့ ၃ ခါရိွျပီ”
“အင္…, သေဘာေရာ ေကာင္းလားဟင္”
“အင္း… ေကာင္းပါတယ္၊ မညာတမ္းေျပာရရင္ မိန္းကေလးေတြအတြက္ဆို သေဘာ အေတာ္ကို ေကာင္းတာပါ”
“ငင္… တမ်ိဳးဂ်ီးပဲေနာ္”
“ေမြးရာပါ ေရာဂါ ဆိုပါေတာ့”
“ဦးရဲ့ မိသားစုအေၾကာင္း၊ ဦးအေၾကာင္း နည္းနည္းေလာက္ ေျပာျပပါလား”
“ခမ်ားက လ၀က ကလား”
“ဟုတ္ပါဘူး ဦးရဲ႕ သိခ်င္လို႔ပါ”
“အင္း… ဦးက တစ္ဦးတည္းေသာသား၊ ညီအကုိ သံုးေယာက္ရိွတယ္”
“အာ… ရႈပ္ေနတာပဲ၊ ညီအကုိသံုးေယာက္ရိွတာ ဘယ့္ႏွာလုပ္ျပီး တစ္ဦးတည္းေသာသား ျဖစ္ရတာလဲ”
“အိုး … က်န္တ့ဲ ႏွစ္ေယာက္က ဦး အေဖာ္ရေအာင္ ေမြးစားလိုက္တာေလ”
“အင္း… ဆက္ေျပာ”
“ဦးတို႔မိသားစုကုိ ေငြေရးေၾကးေရးနဲ႔ ပတ္သက္လို႔ ေလွ်ာ့မတြက္နဲ႔”
“ဟုတ္က့ဲ ရွင့္”
“ဦးတို့က ပုိက္ဆံမရိွလို႔ မြဲခ်င္ေယာင္ ေဆာင္ေနတာ၊ အခ်ဥ္ဟုတ္ဘူး”
“ငင္… ဦးကလည္း၊ ပုိက္ဆံမရိွမွေတာ့ မြဲျပီေပ့ါ”
“ဟ… ပုိက္ဆံမရိွဘူးဆိုတာ ေခတ္ကာလမေကာင္းေတာ့ ဓားျမတိုက္မွာစိုးလို႔ ေငြသားအေနနဲ႔ မရိွတာ”
“ေအာ္…”
“ဦးတို႔ ေနတာက တိုက္နဲ႔ ဟိုင္းလက္ငါးခ်ိိတ္နဲ႔”
“မဆိုးပါဘူး တိုက္နဲ႔ေနတာဆိုေတာ့ သူေဌးေပ့ါ”
“ဟုတ္ဘူး၊ အိမ္ရဲ့ထုတ္တန္းက နိမ့္ေနေတာ့ နဖူးနဲ႔ အထြက္လည္းတိုက္ အဝင္လည္းတိုက္ တိုက္လို႔”
“ဟြင့္ အဟုတ္မွတ္လို႔၊ ဒါေပမယ့္ ဟိုင္းလက္ငါးခ်ိတ္ေလးရိွတယ္ဆို၊ ေတာ္ေသးတာေပ့ါ”
“မေတာ္နဲ႔အံုး၊ ဟိုင္းလက္က ဘာလို႔ ငါးခ်ိတ္ျဖစ္ရတာလဲ သိလား”
“သိဘူး၊ ေျပာျပ”
“ဦး ကားေမာင္းျပီး ျခံထဲကထြက္တာ ျခံစည္းရုိးကုိ တစ္ခါခ်ိတ္တယ္၊ အိမ္ေရွ့လမ္းမွာ ႏြားလွည္းကုိ တစ္ခါခ်ိတ္တယ္၊ ေရွ႕နားက်ေတာ့ စက္ဘီးသမားနဲ႔ တစ္ခါခ်ိတ္တယ္၊ ေနာက္ ရံုးတံခါးကုိ တစ္ခါခ်ိတ္တယ္၊ ေနာက္ဆံုး တာလမ္းထြက္လိုက္တာ ကုန္ကားနဲ႔ ခ်ိတ္လိုက္ေတာ့မွ ကိစၥျပတ္ေတာ့တယ္၊ အဲဒါ ငါးခါခ်ိတ္လို႔ ဟိုင္းလက္ငါးခ်ိတ္”
“မွတ္သားဖြယ္ ေကာင္းပ့ါ”
“စာရိတၱကေတာ့ ရြာမွာတုန္းက ထန္းေရေလး တခါတေလေသာက္တယ္”
“တခါတေလဆိုေတာ့ မဆိုးပါဘူး”
“ဟုတ္တယ္၊ ထန္းေရ မေသာက္ရတ့ဲရက္က်ေတာ့ အရက္ပဲ ေသာက္ေတာ့တယ္”
“ရႊမ္…”
“မူးလာရင္၊ အဆင့္ျမင့္ျမင့္ ရန္ျဖစ္တယ္”
“ရန္ျဖစ္တာေတာင္ အဆင့္ျမင့္ရေသးတယ္၊ ဘယ္လိုျမင့္တာလဲ”
“ရန္ျဖစ္ရင္ အိမ္ေခါင္ေပၚတက္တက္ဆဲတာေလ”
“ဘာလို႔ ေအာက္မွာ မဆဲတာလဲ”
“အိမ္ေခါင္ ေပၚတက္ဆဲေတာ့ ကိုယ္ဆဲတာ တရပ္လံုးၾကားတ့ဲအျပင္၊ ကိုယ့္႐ိုက္ခ်င္လည္း လက္လွမ္းမမီေအာင္လို႔”
“ဘုရား ဘုရား”
“ခင္ခ်င္ေသးလား ဦးနဲ႔”
“ခင္ခ်င္ေသးတယ္”
“ဟင္… ဒီဂေလာက္ စိတ္ညစ္ေအာင္ေျပာတာကုိ ခင္ခ်င္ေသးတယ္ ဟုတ္လား”
“ဟုတ္တယ္၊ သမီးကလည္း ေထာင္ကထြက္လာတာ မၾကာေသးဘူး၊ ဦးနဲ႔ဆို သူေတာ္ခ်င္းခ်င္း သတင္းေလြ႔ေလြ႔ ေပါင္းဖက္ေတြ႔ေပ့ါ”
“ဖ်ား ဖ်ား… ဘာမႈနဲ႔ ေထာင္က်တာလဲ ငင္”
“အလကားပါဦးရာ၊ လူတစ္ေယာက္ကို ခင္ခ်င္တယ္လို႔ သြားမိတ္ဆက္တာကို အင္တင္တင္လုပ္ေနလို႔၊ အျပင္မွာေတြ႔တုန္း ဓားနဲ႔ ထိုးလိုက္တာ”
“ဘို..ဘိုလို ဂိ ဂိ ဂိ
Unicode
ကလေးမတစ်ယောက် chat box ကနေ
“ဦး… နေကောင်းလား”
“ကောင်းပါ့ဗျား”
“ဦးကို ခင်းချင်လို့”
“ဟမ်… ကျုပ်ကိုခင်းရအောင် ဖျာမှတ်နေလို့လား”
“ခ်ခ် ခင်ချင်တယ်လို့ပြောတာပါ၊ ရတယ်မလား”
“ခင်လို့ ရပါတယ်၊ ပိုက်ဆံမချေး ပီးရော”
“ဦးက ဘယ်မှာနေတာလဲ”
“အိမ်မှာ”
“ဟုတ်ဘူးရေ… ဘယ်မြို့မှာလဲ မေးတာ”
“အော်… မန်းလေးမှာ နေတာ”
“ဘာအလုပ် လုပ်တာာလဲ”
“ဗိုက်တွေပြင်တယ်”
“ဒါဆို ဆရာဝန်ပေ့ါ”
“မဟုတ်ဘူး၊ သင်္ဘောဝမ်းကဗိုက်တွေကို ပြင်တာ လူဗိုက်မဟုတ်ဘူး”
“ဟွင့်…, ဦးက လူပျိုလား”
“ပြို ပြို ကျတာတော့ ၃ ခါရှိပြီ”
“အင်…, သဘောရော ကောင်းလားဟင်”
“အင်း… ကောင်းပါတယ်၊ မညာတမ်းပြောရရင် မိန်းကေလးတွေအတွက်ဆို သဘော အတော်ကို ကောင်းတာပါ”
“ငင်… တမျိုးဂျီးပဲနော်”
“မွေးရာပါ ရောဂါ ဆိုပါတော့”
“ဦးရဲ့ မိသားစုအကြောင်း၊ ဦးအကြောင်း နည်းနည်းလောက် ပြောပြပါလား”
“ခများက လဝက ကလား”
“ဟုတ်ပါဘူး ဦးရဲ့ သိချင်လို့ပါ”
“အင်း… ဦးက တစ်ဦးတည်းသောသား၊ ညီအကို သုံးယောက်ရှိတယ်”
“အာ… ရှုပ်နေတာပဲ၊ ညီအကိုသုံးယောက်ရှိတာ ဘယ့်နှာလုပ်ပြီး တစ်ဦးတည်းသောသား ဖြစ်ရတာလဲ”
“အိုး … ကျန်တဲ့ နှစ်ယောက်က ဦး အဖော်ရအောင် မွေးစားလိုက်တာလေ”
“အင်း… ဆက်ပြော”
“ဦးတို့မိသားစုကို ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ လျှော့မတွက်နဲ့”
“ဟုတ်ကဲ့ ရှင့်”
“ဦးတို့က ပိုက်ဆံမရှိလို့ မွဲချင်ယောင် ဆောင်နေတာ၊ အချဉ်ဟုတ်ဘူး”
“ငင်… ဦးကလည်း၊ ပိုက်ဆံမရှိမှတော့ မွဲပြီပေ့ါ”
“ဟ… ပိုက်ဆံမရှိဘူးဆိုတာ ခေတ်ကာလမကောင်းတော့ ဓားမြတိုက်မှာစိုးလို့ ငွေသားအနေနဲ့ မရှိတာ”
“အော်…”
“ဦးတို့ နေတာက တိုက်နဲ့ ဟိုင်းလက်ငါးချိိတ်နဲ့”
“မဆိုးပါဘူး တိုက်နဲ့နေတာဆိုတော့ သူဌေးပေ့ါ”
“ဟုတ်ဘူး၊ အိမ်ရဲ့ထုတ်တန်းက နိမ့်နေတော့ နဖူးနဲ့ အထွက်လည်းတိုက် အဝင်လည်းတိုက် တိုက်လို့”
“ဟွင့် အဟုတ်မှတ်လို့၊ ဒါပေမယ့် ဟိုင်းလက်ငါးချိတ်လေးရှိတယ်ဆို၊ တော်သေးတာပေ့ါ”
“မတော်နဲ့အုံး၊ ဟိုင်းလက်က ဘာလို့ ငါးချိတ်ဖြစ်ရတာလဲ သိလား”
“သိဘူး၊ ပြောပြ”
“ဦး ကားမောင်းပြီး ခြံထဲကထွက်တာ ခြံစည်းရိုးကို တစ်ခါချိတ်တယ်၊ အိမ်ရှေ့လမ်းမှာ နွားလှည်းကို တစ်ခါချိတ်တယ်၊ ရှေ့နားကျတော့ စက်ဘီးသမားနဲ့ တစ်ခါချိတ်တယ်၊ နောက် ရုံးတံခါးကို တစ်ခါချိတ်တယ်၊ နောက်ဆုံး တာလမ်းထွက်လိုက်တာ ကုန်ကားနဲ့ ချိတ်လိုက်တော့မှ ကိစ္စပြတ်တော့တယ်၊ အဲဒါ ငါးခါချိတ်လို့ ဟိုင်းလက်ငါးချိတ်”
“မှတ်သားဖွယ် ကောင်းပ့ါ”
“စာရိတ္တကတော့ ရွာမှာတုန်းက ထန်းရေလေး တခါတလေသောက်တယ်”
“တခါတလေဆိုတော့ မဆိုးပါဘူး”
“ဟုတ်တယ်၊ ထန်းရေ မသောက်ရတဲ့ရက်ကျတော့ အရက်ပဲ သောက်တော့တယ်”
“ရွှမ်…”
“မူးလာရင်၊ အဆင့်မြင့်မြင့် ရန်ဖြစ်တယ်”
“ရန်ဖြစ်တာတောင် အဆင့်မြင့်ရသေးတယ်၊ ဘယ်လိုမြင့်တာလဲ”
“ရန်ဖြစ်ရင် အိမ်ခေါင်ပေါ်တက်တက်ဆဲတာလေ”
“ဘာလို့ အောက်မှာ မဆဲတာလဲ”
“အိမ်ခေါင် ေပါ်တက်ဆဲတော့ ကိုယ်ဆဲတာ တရပ်လုံးကြားတဲ့အပြင်၊ ကိုယ့်ရိုက်ချင်လည်း လက်လှမ်းမမီအောင်လို့”
“ဘုရား ဘုရား”
“ခင်ချင်သေးလား ဦးနဲ့”
“ခင်ချင်သေးတယ်”
“ဟင်… ဒီဂလောက် စိတ်ညစ်အောင်ပြောတာကို ခင်ချင်သေးတယ် ဟုတ်လား”
“ဟုတ်တယ်၊ သမီးကလည်း ထောင်ကထွက်လာတာ မကြာသေးဘူး၊ ဦးနဲ့ဆို သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ပေ့ါ”
“ဖျား ဖျား… ဘာမှုနဲ့ ထောင်ကျတာလဲ ငင်”
“အလကားပါဦးရာ၊ လူတစ်ယောက်ကို ခင်ချင်တယ်လို့ သွားမိတ်ဆက်တာကို အင်တင်တင်လုပ်နေလို့၊ အပြင်မှာတွေ့တုန်း ဓားနဲ့ ထိုးလိုက်တာ”
“ဘို..ဘိုလို ဂိ ဂိ ဂိ
http://cantwait2say.com
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။