မတောင်းဘဲ မပေးပါနဲ့
━━━━━━━━━━━━━━━
တစ်ခါတစ်လေ.....
ကိုယ်က အလိုက်တသိ သူလိုအပ်နေမလားဆိုပြီး
အလိုက်တသိ ဖြည့်ဆည်းပေးလိုက်မိတဲ့ အခါ
သူလိုအပ်နေတာနဲ့ ကိုယ်ပေးတာ မကိုက်ညီရင်
စေတနာက သဲထဲရေသွန်သလို ဖြစ်တတ်ပြီး
နာကျင်ရတတ်တယ်။
တစ်ခါတစ်လေမှာ......
လူတစ်ချို့က ကိုယ့်ဆီက အကူအညီယူခဲ့သော်လည်း
သူတို့ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးရိမ်ကြသဖြင့်
မလိုအပ်သလိုလို ၊ အကူအညီမယူခဲ့သလိုလိုနဲ့
ကိုယ့်စေတနာကို တစ်စစီဖြစ်အောင် ချိုးဖဲ့တတ်ကြတယ်။
မမေးဘဲ မပြောပါနဲ့
တစ်ခါတစ်လေ.....
လူတစ်ချို့က သိလားဆိုတော့လည်း မသိဘူး
တတ်လားဆိုတော့လည်း မတတ်ဘဲနဲ့ ဆရာကြီးလုပ်နေတာကို
ကိုယ်က အမြင်မတော်လို့ ဝင်ပြောမိရင်
သူတို့ကို အရှက်ခွဲတယ်ဆိုပြီး အမြင်စောင်းတတ်ကြတယ်။
တစ်ခါတစ်ခါကျတော့လည်း....
ကိုယ်က မှားသွားမှာစိုးရိမ်ပြီး မမေးဘဲနဲ့ ကြိုပြောမိခဲ့တာကို
သူတို့လည်း သိပါတယ်ဆိုတဲ့ အချိုးမျိုးနဲ့ ကိုယ့်ရဲ့တန်ဖိုးကြီးတဲ့
စကားကို ပေါ့ပျက်ပျက် သဘောမျိုးနဲ့ ကိုယ့်ကို ဝေဒနာတွေ
ပေးတတ်ကြပြန်တယ်။
မတောင်းဘဲပေးမိရင် တန်ဖိုးမဲ့သွားတတ်ပြီး
မမေးဘဲ ပြောမိရင် ထောင်တန်တဲ့စကား
ရယ်တာနဲ့ ပေါ့သွားတတ်တယ်
မိတ်ဆွေ....ကိုယ့်တန်ဖိုးမသိတဲ့သူတွေကို
နေရာတကာ
အလိုက်တသိ စိတ်ပူမနေနဲ့နော်
ဘာလို့လဲဆိုတော့ တန်ဖိုးထားတတ်သူတွေနဲ့သာ
သင့်စေတနာက ဆေးစက်ကျရာ အရာထင်ပါလိမ့်မယ်။
ဇင်းနစ် မကွေး

မိတ်ဆွေ....ကိုယ့်တန်ဖိုးမသ
နေရာတကာ
အလိုက်တသိ စိတ်ပူမနေနဲ့နော်
ဘာလို့လဲဆိုတော့ တန်ဖိုးထားတတ်သူတွေနဲ့သာ
သင့်စေတနာက ဆေးစက်ကျရာ အရာထင်ပါလိမ့်မယ်။
ဇင်းနစ် မကွေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။