တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ အရေးကြီးတဲ့အချက်တွေကို မေ့လျော့နေတတ်ပါတယ်။ ကျွန်တော်တို့ဟာ ချစ်သူစုံတွဲ ( Relationship ) တစ်ခုမှာ ချစ်နေဖို့ကလွဲ ကျန်တာအရေးမကြီးဘူးလို့ ထင်မိခဲ့တယ်။ ထင်လဲထင်နေကြဆဲပါပဲ။
တကယ်တော့ အဲလိုမဟုတ်ပါဘူး။ ချစ်သူစုံတွဲ ( Relationship ) တစ်ခုမှာ အချစ်ထက် အရေးကြီးတဲ့ အရာတွေ ရှိနေပါသေးတယ်။
၁။ ယုံကြည်မှု ။
ယုံကြည်မှုဆိုတာ Relationship မှာ အရေးကြီးဆုံးသောအရာ ထဲက အချက်တစ်ချက်ပါ။ တကယ်လို ယုံကြည်မှု ကင်းမဲ့သွားရင် သင့် Relationship က ကြာရှည် မတည်မြဲနိင်ပါဘူး။
၂။ ရိုးသားမှု ။
အမှန်တရားနှင့် ရိုးသားမှုဟာ Relationship အတွက် အရေးကြီးပါတယ်။ လွဲမှားတဲ့ ရည်ရွယ်ချက်တွေနှင့် လိမ်ညာမှုတွေ ရှိနေခဲ့မယ်ဆိုရင် သင်ဘယ်လောက်ပဲချစ်တယ်ပြောပြော ကြာရှည်ခိုင်မြဲဖို့ဆိုတာ ဖြစ်မလာနိင်ပါဘူး။
၃။ အပြန်အလှန်လေးစားမှု ။
ချစ်သူ တစ်ဦးနဲ့တစ်ဦး ဆုလာဒ်တစ်ခု ရရှိသလို အပြန်အလှန်တန်းဖိုးထား လေးစားပြီး ချစ်မြတ်နိုးခြင်းက သင့် Relationship ကို ပိုမိုခိုင်မြဲစေမှာပါ။
၎။ အချိတ်အဆက် ။
ချစ်သူ နှစ်ဦးစလုံး အချိတ်အဆက်မိဖို့ လိုပါတယ်။ သင့်ချစ်သူ အခုချိန် သူဘယ်လို ခံစားနေရသလဲ ၊ ဘာကိုလိုအပ်နေသလဲ ၊ သူ့မျှော်လင့်ချက်က ဘာလဲ ဆိုတာ သင်သိဖို့ အဆက်အသွယ် အမြဲ ကောင်းမွန်နေမှဖြစ်မှာပါ။
၅။ သစ္စာ ရှိခြင်း ။
သစ္စာရှိခြင်းဟာ Relationship ရဲ့အဓိက အချက်ပါပဲ။ သင့် Relationship ပိုမိုခိုင်မြဲစေချင်ရင် သင့်ချစ်သူကို သစ္စာရှိကြောင်း ပြသလိုက်ပါ။
၆။ ပျော်ရွှင်မှု ။
Relationship တစ်ခုမှာ အမြဲတမ်းမပျော်ရွှင်နိင်တောင် အချိန်တော်တော်များများ ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ ပျော်ရွှင်မှုတွေ ကင်းမဲ့သွားချိန်မှာ သင် (သို့မဟုတ်) သင့်ချစ်သူက ထွက်သွားမှာ အမှန်ပဲ။
၇။ အပေးအယူလုပ်ခြင်း ။
Relationship တစ်ခုမှာ အပေးအယူ ညီဖို့ လိုအပ်ပါတယ်။ တကယ်လိုများ တစ်ယောက်ကပဲ အမြဲ ယူနေပြီး အပေးမရှိခဲ့ဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ အဆုံသတ်သွားမှာပါ။
၈။ လုံခြုံနွေးထွေးမှု ။
သူ့ရဲ့ အပြုအမှုနဲ့ စိတ်သဘောထားတွေက မိမိကို လုံခြုံမှု မရှိစေဘူးလို့ ခံစားလာရရင် Relationship က ပြီးဆုံးသွားမှာပါ။
၉။ လွတ်လပ်ခြင်း ။
တချို့ ချစ်သူတွေ အတူစား အတူသွား အတူတူနေထိုင်နေကြပါတယ်။ သို့သော် ဘယ်လောက်ပဲ ဝါသနာ တူနေပါစေ၊ တခါတလေမှာ တစ်ယောက်တည်း လွတ်လပ်စွာ နေထိုင်ချင်ကြပါတယ်။ အဲတာက နားလည်ပေးသင့်တဲ့ အချက်ဖြစ်ပါတယ်။
၁၀။ စပ်တူပူးပေါင်းဆောင်ရွက်ခြင်း ။
သင်ယောကျာ်းလေးဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သင့်ချစ်သူ မိန်းကလေးရဲ့ အလုပ်ဆိုလဲ ဝင်လုပ်ပေးဖို့ ဝန်မလေးပါနဲ့။ သူ့အလုပ် ကိုယ့်အလုပ် မခွဲဘဲ၊ ပါဝင်လုပ်ဆောင်ခြင်းက သင့် Relationship ကို ပိုမိုခိုင်မြဲစေမှာပါ။
ဒီအရေးပါတဲ့ အချက် ၁၀ ချက်ရှိမှသာ သာယာဖြောင်ဖြူးတဲ့ အချစ်ရေး တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
Credit-love shop
https://achitlwinpyin.net

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။