ထွက်မပြေးသော ဘင်္ဂါလီတို့၏ လျှို့ဝှက်ချက်
~~~~~~~~~~~~~~~~
မောင်တောဟုဆိုသည်နှင့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ သမိုင်းနှင့်ချီ ရှုပ်ထွေး နက်နဲပြီး မဖြေရှင်းနိုင်သေးသည့် ပြဿနာ သောင်းခြောက်ထောင်ဖြင့် ဒေသဟု ပြေးမြင်ယောင်မည်ဖြစ်သည်။
ထို့အတူ ယင်းဒေသရှိ လူ့ အသိုင်းအ၀ိုင်း ကြားတွင်လည်း အပြန်အလှန် မယုံကြည်မှုများ၊ သံသယများက ကြီးစိုးနေသည်။
သို့သော် နယ်စပ်မောင်တော ဒေသတွင် မတူကွဲပြားသော်လည်း အကြမ်းဖက်မှု များကို တူညီစွာဆန့်ကျင်ရင်း ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သည့် ကျေးရွာအချို့လည်း ရှိနေသည်။
ဦးကာလာ (အမည်လွှဲ) တို့ မိသားစု နေထိုင်သည့် ရွှေဇားကျေးရွာသည် ခြောက်နှစ် အတွင်းဆူပူ အကြမ်းဖက်မှု သုံးကြိမ်ဖြစ်ပွားခဲ့သော မောင်တော ဒေသတွင် လက်ရှိအချိန်ထိ ပြဿနာ တစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်ခဲ့သည့် ကျေးရွာ တစ်ရွာဖြစ်သည်။
ရွှေဇားကျေးရွာသည် မောင်တောမြို့ပေါ် ရပ်ကွက်များနှင့် တစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဘင်္ဂါလီလူမျိုးများ အတူနေထိုင်ကြကာ လူဦးရေ တစ်သောင်းငါး ထောင်ကျော်ရှိသည်။ ယင်းအုပ်စု တွင် ပါဝင်သည့် အောင်ဗလ တိုင်းရင်းသားကျေးရွာ၌ တိုင်းရင်းသား ဦးရေ ရှစ်ရာခန့်သာ နေထိုင်လျက် ရှိပြီး အခြားသည် ဘင်္ဂါလီလူမျိုး များဖြစ်သည်။
မောင်တောဒေသရှိ ဘင်္ဂါလီလူမျိုး အများစုသည် ပြီးခဲ့သည့် ဩဂုတ်အတွင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ နောက်ပိုင်းဘင်္ဂလားဒေ့ရှ်အပါ အ၀င် အခြား ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
တစ်ဖက်နိုင်ငံ မှ ဘင်္ဂါလီလူမျိုးများက တိမ်းရှောင်ရန် ညွှန်ကြားခြင်း၊
လုံခြုံရေးစိုး ရိမ်ခြင်းနှင့် တိုင်းရင်းသားအချို့၏
ခြိမ်းခြောက်မှုများကြောင့် တိမ်းရှောင်ခြင်း ဖြစ်ကြောင်းဆိုသည်။
သို့သော် ရွှေဇားကျေးရွာအုပ်စုမှ ဘင်္ဂါလီ လူမျိုးများသည် လက်ရှိအချိန်ထိ တိမ်းရှောင်ခြင်း မရှိဘဲ အခြား တိုင်းရင်းသားများနှင့်အတူ အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး ပြဿနာမဖြစ်ပွားစေရန် ထိန်းသိမ်းနေထိုင်ကြသည်။
ပြဿနာဖြစ်ပွားမှုမရှိခြင်း၊ နေရပ်ပြောင်းရွှေ့ နေထိုင်မှုမရှိ ခြင်း၏ အကြောင်းရင်းသည် ကျေး ရွာအုပ်စုတာဝန်ခံ (ကျေးရွာ အုပ်ချုပ်ရေးမှူး) နှင့်ရပ်မိရပ်ဖများက အကြမ်းဖက်သမားများနှင့် အကြမ်းဖက် လိုသူများကို လက်မခံ၍ဖြစ်သည်ဟု ဦးကာလာက ဆို သည်။
‘‘ကျွန်တော်တို့ရွာက အစွန်းရောက် အကြမ်းဖက်သမား မရှိဘူး။ အဲဒါကို ကျွန်တော်တို့ ရွာတာဝန်ခံတွေက တာဝန် ယူထားတယ်။ ပြဿနာလည်း မရှိဘူး။ ပြဿနာ မဖြစ်အောင်နဲ့ ဘာမှ မဖြစ်အောင်နေဖို့ ထိန်းသိမ်းထားပါတယ်။ အခုပြေးတဲ့သူတွေ တော်တော်များများက အကြမ်းဖက် လုပ်ရပ်နဲ့ ဆက်စပ်နေသူတွေလို့ ယေဘုယျပြောလို့ရပါတယ်’’
မောင်တောတွင် ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ ၈ ရက်ကဖြစ်ပွားခဲ့ သည့် ဆူပူ အကြမ်းဖက်မှုကြောင့် မြို့ပေါ် တိုင်းရင်းသား ရပ်ကွက်နှစ်ခု အပါအ၀င် ကျေးရွာ ၁၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်းဖြစ်စဉ်ကြောင့် တိုင်းရင်းသားနှင့် ဘင်္ဂါလီ ဦးရေ ၂၀ သေဆုံးခဲ့ပြီး လူနေအိမ် ၅၀၀ ခန့် ဆုံးရှုံးခဲ့သည်။
ထို့အပြင် ၂၀၁၆ အောက်တို ဘာ ၉ ရက်တွင် ကျီးကန်းပြင်ရွာရှိ နယ်ခြားစောင့် ရဲဌာနချုပ်နှင့် ငါးခူရ၊ ကိုးတန်ကောက် ရဲစခန်းများကို အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့က အကြမ်းဖက်စီးနင်းတိုက်ခိုက်
ခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီး နောက် အချိန် တစ်နှစ်ပင်မပြည့် သေးမီ
၂၀၁၇ ဩဂုတ် ၂၅ ရက် တွင် မောင်တောဒေသရှိ ရဲစခန်းသုံးဆယ်ကျော်ကို အာဆာ (ARSA)
အကြမ်းဖက်သမားများက ထပ်မံ တိုက်ခိုက်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်မှုများ
ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် အကြမ်း
ဖက်သမားများ၊ အကြမ်းဖက်မည့် လုပ်ရပ်များ အပေါ် အားပေးသူများနှင့်
အကြမ်းဖက်လိုသူများသည် ၎င်းတို့ နေအိမ်တွင် ဆက်လက် မနေထိုင်ဝံ့တော့ဘဲ
ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအ၀င် အခြား ဒေသများသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂါလီလူမျိုးရပ်မိရပ်ဖများ က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာ ၅ ရက် နောက်ပိုင်းတွင် ထိတွေ့ တိုက်ခိုက်မှုများ နှင့် နယ်မြေရှင်းလင်းမှုများ မရှိတော့သော်လည်း မွတ်စလင် အများအပြား နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေသည့် အကြောင်းရင်းကို သိလိုကြောင်း စက်တင်ဘာ ၁၉ ရက်မိန့်ခွန်းတွင် ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများနှင့် မထွက်ပြေးဘဲ မောင်တောဒေသတွင် ကျန်ရှိနေသူများ၏ ကွာခြားချက်ကို မောင်နီရွာနေထိုင်သူ အေနာမူလာက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
‘‘ရိုးရိုးတွေးရင်တော့ အဖြေက ရှင်းနေ ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကို ပြေးတဲ့ သူတွေက အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ မိသားစုဝင်တွေပါ။ ကျန်ခဲ့တဲ့သူတွေက အကြမ်းဖက် အားမပေး ဘဲ ကျန်နေတဲ့သူတွေပါ’’ ဟု အေနာမူလာက ဆိုသည်။
ယင်းသို့ အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်စပ်မှု ရှိနေသူများ ဒေသတွင်းမှ ထွက်ခွာ သွားခြင်းသည်ပင် အေးချမ်းစွာ နေထိုင်လိုသည့် ဘင်္ဂါလီများအတွက် အခွင့်ကောင်း တစ်ခုဖြစ်သည်ဟုလည်း ဦးကာလာက မှတ်ချက်ပြုသည်။
သို့သော် အကြမ်းဖက်လိုသူများ၏ အန္တရာယ်က အေးချမ်းစွာ နေထိုင်လိုသည့် ဘင်္ဂါလီများကို ခြိမ်းခြောက်နေသည်ဟု ရွှေဇားအုပ်စုဂုံနားရွာမှ အသက် (၅၉) နှစ် အရွယ်ဦးရှော်ရှီးအာမတ်ကပြော သည်။
‘‘ကျွန်တော်တို့ အပိုင်းမှာတော့ ထွက်ပြေးတဲ့သူ မရှိပါဘူး။ တချို့ ရွာတွေမှာတော့ ထွက်ပြေးတဲ့သူရှိပါတယ်။ တချို့ကအကြမ်း ဖက်အန္တရာယ်ကို ကြောက်လို့ ပြေးတာရှိသလို ကျန်တာက ဘာကြောင့်ပြေးသလဲ မသိပါဘူး။ ဆူ တဲ့သူ၊ အကြမ်းဖက်ချင်တဲ့သူတွေ အဲဒီရွာတွေမှာ ရှိချင်ရှိမယ်။ ကျွန်တော်တို့ ဘက်မှာတော့ မရှိပါဘူး’’ ဟု ဦးရှော်ရှီးအာမတ်ကဆိုသည်။
၂၀၁၆ အောက်တိုဘာ တိုက်ခိုက်မှု နောက်ပိုင်းတွင် အကြမ်းဖက်သမား အချို့သည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ကျေးရွာရှိ လူလေးဦးကို သတ်ဖြတ်ခဲ့သည်ဟု ရွှေဇားကပ္ပ ကောင်းကျေးရွာ တာဝန်ခံ (၅၄) နှစ်အရွယ် ဦးမော်နီအာမတ်က ပြောသည်။ ‘‘၂၀၁၂ တုန်းကရော၊ ၂၀၁၆ အောက်တိုဘာ တုန်းကပါ ရွှေဇားမှာ ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ ဒီအကြမ်းဖက်ဖြစ်စဉ်မတိုင်မီ
အရင်လတုန်းက အစွန်းရောက် အကြမ်းဖက်သမားတွေ ရောက်လာပြီး ကျွန်တော်တို့ဆီမှာ
လူလေးယောက် အသတ်ခံရတယ်။ တခြား ကျေးရွာ အုပ်စုတွေ ထဲမှာလည်း အစွန်းရောက်
အကြမ်းဖက်သမားတွေ ရှိတယ်။ အခြား ကျေးရွာတွေက လာလုပ်တာပါ။ အစိုးရနဲ့
ပေါင်းလို့ဆိုပြီး အသတ်ခံရတာပါ’’ ဟု ဦးမော်နီအာမတ်ကဆိုသည်။
အစိုးရ၏ တရားဝင်ထုတ်ပြန် ချက်များအရ ၂၀၁၆ အောက်တို ဘာနောက်ပိုင်း မောင်တောဒေသ တွင် အရပ်သား ၈၀ ခန့် အသတ်ခံ ခဲ့ရပြီး ၃၀ ကျော် ဖမ်းဆီးခံခဲ့ရ သည်။
ထို့အပြင် အကြမ်းဖက်သမား များသည် ဒေသတွင်းရှိ အစွန်း ရောက် ဘင်္ဂါလီ လူငယ်များကို စည်းရုံးသိမ်းသွင်းကာ ဒေသနေသူ များအသွင်ယူ၍ အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်သည်ဟု ဘင်္ဂါလီလူမျိုး ရပ်မိရပ်ဖများက ပြောသည်။ ယင်းကဲ့သို့ လုပ်ရပ်များ ကြောင့် အပြန်အလှန် မယုံကြည် မှုများကို တိုးပွားစေခဲ့ကြောင်း ဒေသခံ တိုင်းရင်းသား အချို့က ထောက်ပြသည်။
ရွှေဇားကျေးရွာ အုပ်စုတွင် ပဋိပက္ခများ မဖြစ်ပွားခဲ့သော်လည်း အောင်ဗလ တိုင်းရင်းသားကျေးရွာမှ ရွာခံ အများစုသည် ပြီးခဲ့သည့် ဆူပူ အကြမ်းဖက်မှု သုံးကြိမ် စလုံးတွင် လုံခြုံရေး အခြေအနေ စိုးရိမ်မှုများကြောင့် မြို့ပေါ်ရှိ စုရပ် ကယ်ဆယ်ရေးစခန်းများသို့ ရှောင်တိမ်း ခဲ့သည်။
ထို့အပြင် ရခိုင်မျိုးနွယ်စုဝင် မြို တိုင်းရင်းသားများနှင့် ဟိန္ဒူ ဘာသာဝင်များ အသတ်ခံရခြင်း ကလည်း ဒေသခံ တိုင်းရင်းသားများအပေါ် စိုးရိမ်မှု တိုးပွားစေသည်။ ဘင်္ဂါလီများနှင့် နီးကပ်စွာ နေထိုင် နေသည့် တိုင်းရင်းသားများအဖို့ စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်နေသည်ဟု ဒေသခံ အများစုက တညီတညွတ်တည်း ပြောကြသည်။ ထို့ကြောင့် စက်တင်ဘာ ၂၆ ရက်က မောင်တောမြို့ မြို့မ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေး၌ မောင်တော ဒေသ တစ်ခုလုံးရှိ ဘင်္ဂါလီလူမျိုးများအား ဌာနေ တိုင်းရင်းသားများ နှင့် အလှမ်းဝေးသည့် နေရာများတွင် သီးခြား ထားရှိပေးရေး အတွက် တောင်းဆိုရန် ဆုံးဖြတ်ခဲ့ သည်။
‘‘ဒေါ်အောင်ဆန်းစုကြည် ခဏခဏ စပြောနေတဲ့ တရားဥပဒေစိုးမိုးမှု ရှိအောင်ပေါ့။ ဒီမှာရှိတဲ့ တိုင်းရင်းသား ကျေးရွာတွေပဲဖြစ်ဖြစ်၊ ဘင်္ဂါလီ ရွာတွေပဲ ဖြစ်ဖြစ် တရားဥပဒေ စိုးမိုးမှုအောက်မှာ ရှိနေမှ ဒီဧရိယာကို ထိန်းချုပ်နိုင်မှာ။ ဒီဒေသမှာရှိတဲ့ လူနည်းစုဖြစ်နေတဲ့ ဒေသခံ တိုင်းရင်းသားတွေ၊ ဟိန္ဒူ ဘာသာဝင်တွေနဲ့ ပတ်သက်ပြီး တော့ လုံခြုံစိတ်ချတဲ့ ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးရမယ်။ လွယ်တော့ မလွယ်ဘူးပေါ့ဗျာ။ အဲဒီလို အခြေအနေ ရောက်အောင် အချိန် ယူပြီး ဖြေရှင်းနိုင်မှသာ ဒီဒေသဟာ တည်ငြိမ် အေးချမ်းတယ်လို့ ပြောလို့ရတယ်။ တစ်ဖက်ကလည်း ဒီဘင်္ဂါလီ မွတ်စလင်တွေဟာ အစွန်းရောက် ARSA တွေရဲ့ အောက်မှာ ရောက်နေတဲ့ ဘင်္ဂါလီ မွတ်စလင်တွေထဲကနေ အလယ် အလတ် လမ်းစဉ်ဖြစ်တဲ့သူ မတူတဲ့ ဘာသာဝင်တွေနဲ့ အတူတကွ နေထိုင်နိုင်တဲ့ လူတွေကို စည်းရုံး သိမ်းသွင်းပြီးတော့ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ အတူတကွနေထိုင်နိုင် တဲ့ အခြေအနေတစ်ရပ်ဖြစ်အောင် ဖန်တီးနိုင်ဖို့ လိုမယ်လို့ ထင်တယ်။ ဒီပြဿနာကို ဖြေရှင်းတဲ့ အခါမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဘက်က မန်းဒိတ် (Mandate) ပေးထားတဲ့ ကိုယ်စားလှယ်တွေရော၊ ဒီ ဘင်္ဂါလီဘက်က အလယ်အ လတ်ဖြစ်တဲ့ လူတွေ၊ မန်းဒိတ်ပေး ထားတဲ့ လူတွေရော ပါဝင်ပြီးတော့ ဖြေရှင်းဖို့ လိုအပ်မယ်လို့ ထင်ပါတယ်’’ ဟု အကြံပြုသည်။
အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း၊ ဒေသအခြေအနေ မတည်ငြိမ်ခြင်းများက မောင်တောဒေသရှိ လူ့အသိုင်းအ၀ိုင်း အားလုံးကို ထိခိုက်စေခဲ့သည်။
ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပါက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသဖြင့် မူလကပင် နိုင်ငံတွင်း ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသနေထိုင်သူများကို စား ၀တ်နေရေး အခက်အခဲကြုံတွေ့ စေခဲ့သည်။
ဦးကာလာသည် မောင်တော မြို့မဈေးကြီးတွင် အထည်အရောင်းဆိုင် တစ်ဆိုင် ဖွင့်လှစ် ထားသဖြင့် ပြဿနာ ဖြစ်ပွားလျှင် ဈေးဆိုင်ကို ပိတ်ထားရပြီး စီးပွားရေး ထိခိုက်နစ်နာသဖြင့် ပြဿနာ မဖြစ်ပွားရေး အတွက် အမြဲ ဆုတောင်းသည်ဟု ဖွင့်ဟသည်။ ‘‘ကျွန်တော်တို့ အဖေအမေ လက်ထက် ကတည်းက ဒီမှာပဲ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လာတယ်။ တော်တော် များများလည်း သူ့အလုပ်နဲ့သူ အဆင်ပြေ ကြတယ်။ တချို့ဘင်္ဂါလီတွေက တိုင်းရင်းသားတွေထက် အလုပ် အဆင်ပြေကြတယ်။ ဘာလို့ ပြဿနာ လုပ်ချင်ရမှာလဲ’’ ဟု ဦးကာလာက ဆိုသည်။
မောင်တောခရိုင်တွင် အဓိက စီးပွားရေး လုပ်ငန်းသည် လယ်ယာ စိုက်ပျိုးရေးနှင့် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းဖြစ်ပြီး လယ်မြေ ဧက ၁၅၅,၀၀၀ ကျော် ရှိသည့် အနက် ဘင်္ဂါလီများ ပိုင်ဆိုင်သော ဧကပေါင်း ၁၂၅,၀၀၀ ကျော်ရှိသည်။ အလားတူ ရေငန်ပုစွန်မွေးကန် ဧက တစ်သောင်း ငါးထောင်ကျော် ရှိသည့်အနက် ဘင်္ဂါလီများ လက်ဝယ်တွင် ဧက ကိုးထောင်ကျော် ရှိနေကြောင်း ဌာနဆိုင်ရာ အချက်အလက်များ တွင် ဖော်ပြထားသည်။
အောင်ဗလကျေးရွာဒေသခံ ဒေါ်လှဘုက ဒေသ အခြေအနေ နှင့် ပတ်သက်၍ သူ၏ အမြင်ကို ယခုလိုပြောသည်။ ‘‘၂၀၁၂ မဖြစ် ခင်ရော၊ ဖြစ်ပြီးနောက်ရော ကျွန်မတို့ အတူနေထိုင်ခဲ့တာပဲ၊ သူတို့ ရွာတွေသွားပြီး အထည်တွေ ရောင်းတယ်။ ယောက်ျားတွေ ဆိုရင်လည်း ငါးရှာ၊ ဖားရှာ သွားခဲ့ ကြတာပဲ။ ဈေးတွေမှာ ဆိုရင်လည်း သူတို့ရောင်းတာ ကိုယ်ဝယ်စား၊ ကိုယ်တို့ရောင်းတာ သူတို့ ၀ယ်စားပါပဲ၊ နောက်ပိုင်းမှာတော့ ဘင်္ဂါလီ တွေက ရန်လိုမှု များလာတယ်’’
ပြီးခဲ့သည့် ၂၀၁၂ က ဖြစ်ပွားခဲ့သည့် ပြဿနာသည် ဘင်္ဂါလီများက ရခိုင် အမျိုးသမီးငယ်တစ်ဦးကို စော်ကားရာမှ စတင်ဖြစ်ပွားခဲ့သော်လည်း ၂၀၁၆ အောက်တိုဘာ ၉ ရက်နှင့် ၂၀၁၇ သြဂုတ် ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာသည် ရခိုင်နှင့် ဘင်္ဂါလီအကြား ဖြစ်ပွားခဲ့သည့် ပြဿနာ မဟုတ်ကြောင်း မောင်တော မြို့မိ၊ မြို့ဖများက ပြောသည်။ အဆိုပါ ဖြစ်စဉ်များသည် လုံခြုံရေးစခန်းများကို အကြမ်းဖက်လိုသူများက စတင်စီးနင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ် လာသည့် ပြဿနာများဖြစ်သည်ဟု မြို့မိ၊ မြို့ဖများက ဆိုသည်။ ‘‘သူတို့နဲ့ ဘာမှပြဿနာမရှိဘူး။ နောက်တော့ သူတို့ (ဘင်္ဂါလီ) ပြဿနာ လုပ်တယ်၊ ရန်လိုမှုတွေ များလာတယ်၊ ရခိုင် မဟုတ်တော့ဘူး။ မြို၊ သက်၊ ဒိုင်းနက်၊ ခမီနဲ့ ဟိန္ဒူတွေပါ အသတ်ခံလာရတယ်။ ဘာကြောင့် ဒီလိုရန်လိုမှုတွေ ဖြစ်လာတယ်။ ဘယ်သူတွေက ကြိုးကိုင် လှုပ်ရှား နေတယ် ဆိုတာ မသိတော့ဘူး’’ ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောသည်။
လက်ရှိတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မောင်တောခရိုင်ရှိ ဘင်္ဂါလီမိသားစု ဝင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းဌာနများကမူ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သူ ငါးသိန်းကျော်ရှိကြောင်းဆို သည်။
ထွက်မပြေးဘဲ မောင်တောဒေသ တွင် ကျန်ရစ်ခဲ့သူ မိသားစု အချို့ကိုလည်း
တိမ်းရှောင်လာရန် တစ်ဖက်နိုင်ငံ ဘက်တွင် ရောက်ရှိနေသူများက စည်းရုံးမှုများ
ရှိနေသည်။ သို့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက စားသောက်ရေး အပါအဝင်
လုံခြုံရေးများကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု တွေ့ဆုံညှိနှိုင်းမှုများ
ပြုလုပ်နေသည်။
ဘင်္ဂါလီ လူမျိုးရပ်မိ၊ ရပ်ဖအချို့ကလည်း တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခြင်းမပြုဘဲ အေးချမ်းစွာ နေထိုင်နိုင်ရန် တာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက်သင့်ကြော င်း အကြံပြုသည်။
‘‘တရားမဝင် တစ်ဖက်နိုင်ငံကို သွားပြီး ဒုက္ခပေါင်းများစွာနဲ့ နေရမယ့် အတူတူ၊ ကိုယ့်ရွာမှာ ကိုယ် အေးအေးချမ်းချမ်း နေထိုင်ပြီးတော့ အကြမ်းဖက်သမား နှိမ်နှင်းရေး လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင် ပေးလိုက်ရင် ပြဿနာက ရှင်းနေပါပြီ။ အခုလည်း အကြမ်းဖက်လိုသူတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ သိသာ ထင်ရှားနေတာပဲ’’ ဟု ဦးမော်နီအာမတ် ကဆိုသည်။
မောင်တောဒေသမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေသည့် ဘင်္ဂါလီများကိစ္စနှင့် ပတ်သက်၍ ကုလအပါအဝင် နိုင်ငံတကာ၏ ဖိအားသည် ဒီမိုကရေစီ သက်တမ်း နုနယ်သေးသည့် မြန်မာနိုင်ငံ အတွက် ကြီးမားသောအန္တရာယ်ကို ရင်ဆိုင် နေရခြင်းဖြစ်သည်။
‘‘အစိုးရ သက်တမ်းက ၁၈ လတောင် မပြည့်သေးဘူး ဆိုတာပါပဲ။ ဒီလကုန်တော့ ၁၈ လ ပြည့်မှာပါ။ ၁၈ လ ဆိုတဲ့ အချိန်က ကျွန်မတို့ အနေနဲ့ အများ မျှော်လင့်ထားတဲ့ အရာတွေအားလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ဖို့နဲ့ အခက် အခဲတွေ အားလုံးကို ကျော်လွှားဖို့ ဆိုတာ အလွန် တိုတောင်းတဲ့ကာ လဖြစ်ပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
နိုင်ငံတကာ ဖိအားအောက်တွင် အစိုးရက ပြဿနာဖြေရှင်းရန် ကြိုးပမ်းနေသည့် မောင်တောဒေသ၌ ဦးကာလာတို့လို မည်သည့်အရပ်မှ ထွက်ပြေး တိမ်းရှောင်ခြင်း မရှိဘဲ အကြမ်းဖက်မှုကို ဆန့်ကျင်ကာ အေးချမ်းစွာ နေထိုင်လိုသော ဘင်္ဂါလီ လူမျိုးများလည်း ရှိနေသည်။ ဦးကာလာကမူ သူ၏ ဆုံးဖြတ်ချက်ကို အောက်ပါအတိုင်း ပြောသည်။
‘‘ဘယ်မှမသွားဘူး၊ ဒီမှာပဲ အေးအေးချမ်းချမ်းနေမယ်’’
ဒေါ်အောင်ဆန်းစုကြည်ကမူ သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ သံတမန်များအား မိန့်ခွန်း ပြောကြားခဲ့ရာ ‘‘ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင် အများစုဟာ တစ်ဖက်ကို ထွက်မပြေးဘဲ ကျန်ရှိနေတယ် ဆိုတာကို လူတွေ သိပ်မသိကြပါဘူး။ မွတ်စလင် ကျေးရွာတွေရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ဟာ ဘယ်မှမပြေးဘဲ ရှိနေကြပါသေးတယ်။ ဘာဖြစ်လို့ ဒီလိုမျိုး နေရစ်ခဲ့ကြတယ် ဆိုတာကို ကျွန်မတို့ သိချင်ပါ တယ်။ ဒီအချက်ဟာ ကျွန်မတို့ ဆက်ပြီး ထည့်သွင်း စဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်နေတဲ့ တစ်နေရာတည်းကို မကြည့်ဘဲ ဘာပြဿနာမှ မဖြစ်ဘဲ ရှိနေကြတဲ့ နေရာတွေကိုလည်း ကြည့်မြင်တတ်ဖို့ လိုပါတယ်။ ကျန်တဲ့ နေရာတွေမှာတော့ ဘာဖြစ်လို့ ပြဿနာတွေ မဖြစ်အောင် ရှောင်ရှားနိုင်ကြရတာလဲ။ ဒါကြောင့် သံတမန် အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းတွေနဲ့ သင့်မြတ်စွာ ပေါင်းစည်း နေထိုင်နိုင်ကြတဲ့ မွတ်စလင်တွေကို ကျွန်မတို့နဲ့အတူ လေ့လာကြည့်ဖို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်’’။။
(မှတ်ချက်။ သတင်းရင်းမြစ်များ၏ လုံခြုံရေး အတွက် ဘင်္ဂါလီများ၏ အမည်များကို အမည်လွှဲထားပါသည်။)
===========
7Day News Journal
~~~~~~~~~~~~~~~~
မောင်တောဟုဆိုသည်နှင့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ သမိုင်းနှင့်ချီ ရှုပ်ထွေး နက်နဲပြီး မဖြေရှင်းနိုင်သေးသည့် ပြဿနာ သောင်းခြောက်ထောင်ဖြင့် ဒေသဟု ပြေးမြင်ယောင်မည်ဖြစ်သည်။
ထို့အတူ ယင်းဒေသရှိ လူ့ အသိုင်းအ၀ိုင်း ကြားတွင်လည်း အပြန်အလှန် မယုံကြည်မှုများ၊ သံသယများက ကြီးစိုးနေသည်။
သို့သော် နယ်စပ်မောင်တော ဒေသတွင် မတူကွဲပြားသော်လည်း အကြမ်းဖက်မှု များကို တူညီစွာဆန့်ကျင်ရင်း ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သည့် ကျေးရွာအချို့လည်း ရှိနေသည်။
ဦးကာလာ (အမည်လွှဲ) တို့ မိသားစု နေထိုင်သည့် ရွှေဇားကျေးရွာသည် ခြောက်နှစ် အတွင်းဆူပူ အကြမ်းဖက်မှု သုံးကြိမ်ဖြစ်ပွားခဲ့သော မောင်တော ဒေသတွင် လက်ရှိအချိန်ထိ ပြဿနာ တစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်
ရွှေဇားကျေးရွာသည် မောင်တောမြို့ပေါ် ရပ်ကွက်များနှင့် တစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဘင်္ဂါလီလူမျိုးများ အတူနေထိုင်ကြကာ လူဦးရေ တစ်သောင်းငါး ထောင်ကျော်ရှိသည်။ ယင်းအုပ်စု တွင် ပါဝင်သည့် အောင်ဗလ တိုင်းရင်းသားကျေးရွာ၌ တိုင်းရင်းသား ဦးရေ ရှစ်ရာခန့်သာ နေထိုင်လျက် ရှိပြီး အခြားသည် ဘင်္ဂါလီလူမျိုး များဖြစ်သည်။
မောင်တောဒေသရှိ ဘင်္ဂါလီလူမျိုး အများစုသည် ပြီးခဲ့သည့် ဩဂုတ်အတွင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ နောက်ပိုင်းဘင်္ဂလားဒေ့ရှ်အပါ
သို့သော် ရွှေဇားကျေးရွာအုပ်စုမှ ဘင်္ဂါလီ လူမျိုးများသည် လက်ရှိအချိန်ထိ တိမ်းရှောင်ခြင်း မရှိဘဲ အခြား တိုင်းရင်းသားများနှင့်အတူ
ပြဿနာဖြစ်ပွားမှုမရှိခြင်း၊ နေရပ်ပြောင်းရွှေ့ နေထိုင်မှုမရှိ ခြင်း၏ အကြောင်းရင်းသည် ကျေး ရွာအုပ်စုတာဝန်ခံ (ကျေးရွာ အုပ်ချုပ်ရေးမှူး) နှင့်ရပ်မိရပ်ဖများက အကြမ်းဖက်သမားများနှင့် အကြမ်းဖက် လိုသူများကို လက်မခံ၍ဖြစ်သည်ဟု ဦးကာလာက ဆို သည်။
‘‘ကျွန်တော်တို့ရွာက အစွန်းရောက် အကြမ်းဖက်သမား မရှိဘူး။ အဲဒါကို ကျွန်တော်တို့ ရွာတာဝန်ခံတွေက တာဝန် ယူထားတယ်။ ပြဿနာလည်း မရှိဘူး။ ပြဿနာ မဖြစ်အောင်နဲ့ ဘာမှ မဖြစ်အောင်နေဖို့ ထိန်းသိမ်းထားပါတယ်။ အခုပြေးတဲ့သူတွေ တော်တော်များများက အကြမ်းဖက် လုပ်ရပ်နဲ့ ဆက်စပ်နေသူတွေလို့ ယေဘုယျပြောလို့ရပါတယ်’’
မောင်တောတွင် ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ ၈ ရက်ကဖြစ်ပွားခဲ့ သည့် ဆူပူ အကြမ်းဖက်မှုကြောင့် မြို့ပေါ် တိုင်းရင်းသား ရပ်ကွက်နှစ်ခု အပါအ၀င် ကျေးရွာ ၁၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်းဖြစ်စဉ်ကြောင့် တိုင်းရင်းသားနှင့် ဘင်္ဂါလီ ဦးရေ ၂၀ သေဆုံးခဲ့ပြီး လူနေအိမ် ၅၀၀ ခန့် ဆုံးရှုံးခဲ့သည်။
ထို့အပြင် ၂၀၁၆ အောက်တို ဘာ ၉ ရက်တွင် ကျီးကန်းပြင်ရွာရှိ နယ်ခြားစောင့် ရဲဌာနချုပ်နှင့် ငါးခူရ၊ ကိုးတန်ကောက် ရဲစခန်းများကို အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့က အကြမ်းဖက်စီးနင်းတိုက်ခိုက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာ ၅ ရက် နောက်ပိုင်းတွင် ထိတွေ့ တိုက်ခိုက်မှုများ နှင့် နယ်မြေရှင်းလင်းမှုများ မရှိတော့သော်လည်း မွတ်စလင် အများအပြား နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများနှင့် မထွက်ပြေးဘဲ မောင်တောဒေသတွင် ကျန်ရှိနေသူများ၏ ကွာခြားချက်ကို မောင်နီရွာနေထိုင်သူ အေနာမူလာက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
‘‘ရိုးရိုးတွေးရင်တော့ အဖြေက ရှင်းနေ ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကို ပြေးတဲ့ သူတွေက အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ မိသားစုဝင်တွေပါ။ ကျန်ခဲ့တဲ့သူတွေက အကြမ်းဖက် အားမပေး ဘဲ ကျန်နေတဲ့သူတွေပါ’’ ဟု အေနာမူလာက ဆိုသည်။
ယင်းသို့ အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်စပ်မှု ရှိနေသူများ ဒေသတွင်းမှ ထွက်ခွာ သွားခြင်းသည်ပင် အေးချမ်းစွာ နေထိုင်လိုသည့် ဘင်္ဂါလီများအတွက် အခွင့်ကောင်း တစ်ခုဖြစ်သည်ဟုလည်း ဦးကာလာက မှတ်ချက်ပြုသည်။
သို့သော် အကြမ်းဖက်လိုသူများ၏ အန္တရာယ်က အေးချမ်းစွာ နေထိုင်လိုသည့် ဘင်္ဂါလီများကို ခြိမ်းခြောက်နေသည်ဟု ရွှေဇားအုပ်စုဂုံနားရွာမှ အသက် (၅၉) နှစ် အရွယ်ဦးရှော်ရှီးအာမတ်ကပြေ
‘‘ကျွန်တော်တို့ အပိုင်းမှာတော့ ထွက်ပြေးတဲ့သူ မရှိပါဘူး။ တချို့ ရွာတွေမှာတော့ ထွက်ပြေးတဲ့သူရှိပါတယ်။ တချို့ကအကြမ်း ဖက်အန္တရာယ်ကို ကြောက်လို့ ပြေးတာရှိသလို ကျန်တာက ဘာကြောင့်ပြေးသလဲ မသိပါဘူး။ ဆူ တဲ့သူ၊ အကြမ်းဖက်ချင်တဲ့သူတွေ အဲဒီရွာတွေမှာ ရှိချင်ရှိမယ်။ ကျွန်တော်တို့ ဘက်မှာတော့ မရှိပါဘူး’’ ဟု ဦးရှော်ရှီးအာမတ်ကဆိုသည်။
၂၀၁၆ အောက်တိုဘာ တိုက်ခိုက်မှု နောက်ပိုင်းတွင် အကြမ်းဖက်သမား အချို့သည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ကျေးရွာရှိ လူလေးဦးကို သတ်ဖြတ်ခဲ့သည်ဟု ရွှေဇားကပ္ပ ကောင်းကျေးရွာ တာဝန်ခံ (၅၄) နှစ်အရွယ် ဦးမော်နီအာမတ်က ပြောသည်။ ‘‘၂၀၁၂ တုန်းကရော၊ ၂၀၁၆ အောက်တိုဘာ တုန်းကပါ ရွှေဇားမှာ ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ ဒီအကြမ်းဖက်ဖြစ်စဉ်မတိုင်မီ
အစိုးရ၏ တရားဝင်ထုတ်ပြန် ချက်များအရ ၂၀၁၆ အောက်တို ဘာနောက်ပိုင်း မောင်တောဒေသ တွင် အရပ်သား ၈၀ ခန့် အသတ်ခံ ခဲ့ရပြီး ၃၀ ကျော် ဖမ်းဆီးခံခဲ့ရ သည်။
ထို့အပြင် အကြမ်းဖက်သမား များသည် ဒေသတွင်းရှိ အစွန်း ရောက် ဘင်္ဂါလီ လူငယ်များကို စည်းရုံးသိမ်းသွင်းကာ ဒေသနေသူ များအသွင်ယူ၍ အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်သည်ဟု ဘင်္ဂါလီလူမျိုး ရပ်မိရပ်ဖများက ပြောသည်။ ယင်းကဲ့သို့ လုပ်ရပ်များ ကြောင့် အပြန်အလှန် မယုံကြည် မှုများကို တိုးပွားစေခဲ့ကြောင်း ဒေသခံ တိုင်းရင်းသား အချို့က ထောက်ပြသည်။
ရွှေဇားကျေးရွာ အုပ်စုတွင် ပဋိပက္ခများ မဖြစ်ပွားခဲ့သော်လည်း အောင်ဗလ တိုင်းရင်းသားကျေးရွာမှ ရွာခံ အများစုသည် ပြီးခဲ့သည့် ဆူပူ အကြမ်းဖက်မှု သုံးကြိမ် စလုံးတွင် လုံခြုံရေး အခြေအနေ စိုးရိမ်မှုများကြောင့် မြို့ပေါ်ရှိ စုရပ် ကယ်ဆယ်ရေးစခန်းများသို့ ရှောင်တိမ်း ခဲ့သည်။
ထို့အပြင် ရခိုင်မျိုးနွယ်စုဝင် မြို တိုင်းရင်းသားများနှင့် ဟိန္ဒူ ဘာသာဝင်များ အသတ်ခံရခြင်း ကလည်း ဒေသခံ တိုင်းရင်းသားများအပေါ် စိုးရိမ်မှု တိုးပွားစေသည်။ ဘင်္ဂါလီများနှင့် နီးကပ်စွာ နေထိုင် နေသည့် တိုင်းရင်းသားများအဖို့ စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်နေသည်ဟု ဒေသခံ အများစုက တညီတညွတ်တည်း ပြောကြသည်။ ထို့ကြောင့် စက်တင်ဘာ ၂၆ ရက်က မောင်တောမြို့ မြို့မ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေး၌ မောင်တော ဒေသ တစ်ခုလုံးရှိ ဘင်္ဂါလီလူမျိုးများအား ဌာနေ တိုင်းရင်းသားများ နှင့် အလှမ်းဝေးသည့် နေရာများတွင် သီးခြား ထားရှိပေးရေး အတွက် တောင်းဆိုရန် ဆုံးဖြတ်ခဲ့ သည်။
‘‘ဒေါ်အောင်ဆန်းစုကြည် ခဏခဏ စပြောနေတဲ့ တရားဥပဒေစိုးမိုးမှု ရှိအောင်ပေါ့။ ဒီမှာရှိတဲ့ တိုင်းရင်းသား ကျေးရွာတွေပဲဖြစ်ဖြစ်၊ ဘင်္ဂါလီ ရွာတွေပဲ ဖြစ်ဖြစ် တရားဥပဒေ စိုးမိုးမှုအောက်မှာ ရှိနေမှ ဒီဧရိယာကို ထိန်းချုပ်နိုင်မှာ။ ဒီဒေသမှာရှိတဲ့ လူနည်းစုဖြစ်နေတဲ့ ဒေသခံ တိုင်းရင်းသားတွေ၊ ဟိန္ဒူ ဘာသာဝင်တွေနဲ့ ပတ်သက်ပြီး တော့ လုံခြုံစိတ်ချတဲ့ ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးရမယ်။ လွယ်တော့ မလွယ်ဘူးပေါ့ဗျာ။ အဲဒီလို အခြေအနေ ရောက်အောင် အချိန် ယူပြီး ဖြေရှင်းနိုင်မှသာ ဒီဒေသဟာ တည်ငြိမ် အေးချမ်းတယ်လို့ ပြောလို့ရတယ်။ တစ်ဖက်ကလည်း ဒီဘင်္ဂါလီ မွတ်စလင်တွေဟာ အစွန်းရောက် ARSA တွေရဲ့ အောက်မှာ ရောက်နေတဲ့ ဘင်္ဂါလီ မွတ်စလင်တွေထဲကနေ အလယ် အလတ် လမ်းစဉ်ဖြစ်တဲ့သူ မတူတဲ့ ဘာသာဝင်တွေနဲ့ အတူတကွ နေထိုင်နိုင်တဲ့ လူတွေကို စည်းရုံး သိမ်းသွင်းပြီးတော့ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ အတူတကွနေထိုင်နိုင် တဲ့ အခြေအနေတစ်ရပ်ဖြစ်အောင် ဖန်တီးနိုင်ဖို့ လိုမယ်လို့ ထင်တယ်။ ဒီပြဿနာကို ဖြေရှင်းတဲ့ အခါမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဘက်က မန်းဒိတ် (Mandate) ပေးထားတဲ့ ကိုယ်စားလှယ်တွေရော၊ ဒီ ဘင်္ဂါလီဘက်က အလယ်အ လတ်ဖြစ်တဲ့ လူတွေ၊ မန်းဒိတ်ပေး ထားတဲ့ လူတွေရော ပါဝင်ပြီးတော့ ဖြေရှင်းဖို့ လိုအပ်မယ်လို့ ထင်ပါတယ်’’ ဟု အကြံပြုသည်။
အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း၊ ဒေသအခြေအနေ မတည်ငြိမ်ခြင်းများက မောင်တောဒေသရှိ လူ့အသိုင်းအ၀ိုင်း အားလုံးကို ထိခိုက်စေခဲ့သည်။
ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပါက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသဖြင့် မူလကပင် နိုင်ငံတွင်း ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသနေထိုင်သူများကို စား ၀တ်နေရေး အခက်အခဲကြုံတွေ့ စေခဲ့သည်။
ဦးကာလာသည် မောင်တော မြို့မဈေးကြီးတွင် အထည်အရောင်းဆိုင် တစ်ဆိုင် ဖွင့်လှစ် ထားသဖြင့် ပြဿနာ ဖြစ်ပွားလျှင် ဈေးဆိုင်ကို ပိတ်ထားရပြီး စီးပွားရေး ထိခိုက်နစ်နာသဖြင့် ပြဿနာ မဖြစ်ပွားရေး အတွက် အမြဲ ဆုတောင်းသည်ဟု ဖွင့်ဟသည်။ ‘‘ကျွန်တော်တို့ အဖေအမေ လက်ထက် ကတည်းက ဒီမှာပဲ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လာတယ်။ တော်တော် များများလည်း သူ့အလုပ်နဲ့သူ အဆင်ပြေ ကြတယ်။ တချို့ဘင်္ဂါလီတွေက တိုင်းရင်းသားတွေထက် အလုပ် အဆင်ပြေကြတယ်။ ဘာလို့ ပြဿနာ လုပ်ချင်ရမှာလဲ’’ ဟု ဦးကာလာက ဆိုသည်။
မောင်တောခရိုင်တွင် အဓိက စီးပွားရေး လုပ်ငန်းသည် လယ်ယာ စိုက်ပျိုးရေးနှင့် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းဖြစ်ပြီး လယ်မြေ ဧက ၁၅၅,၀၀၀ ကျော် ရှိသည့် အနက် ဘင်္ဂါလီများ ပိုင်ဆိုင်သော ဧကပေါင်း ၁၂၅,၀၀၀ ကျော်ရှိသည်။ အလားတူ ရေငန်ပုစွန်မွေးကန် ဧက တစ်သောင်း ငါးထောင်ကျော် ရှိသည့်အနက် ဘင်္ဂါလီများ လက်ဝယ်တွင် ဧက ကိုးထောင်ကျော် ရှိနေကြောင်း ဌာနဆိုင်ရာ အချက်အလက်များ တွင် ဖော်ပြထားသည်။
အောင်ဗလကျေးရွာဒေသခံ ဒေါ်လှဘုက ဒေသ အခြေအနေ နှင့် ပတ်သက်၍ သူ၏ အမြင်ကို ယခုလိုပြောသည်။ ‘‘၂၀၁၂ မဖြစ် ခင်ရော၊ ဖြစ်ပြီးနောက်ရော ကျွန်မတို့ အတူနေထိုင်ခဲ့တာပဲ၊ သူတို့ ရွာတွေသွားပြီး အထည်တွေ ရောင်းတယ်။ ယောက်ျားတွေ ဆိုရင်လည်း ငါးရှာ၊ ဖားရှာ သွားခဲ့ ကြတာပဲ။ ဈေးတွေမှာ ဆိုရင်လည်း သူတို့ရောင်းတာ ကိုယ်ဝယ်စား၊ ကိုယ်တို့ရောင်းတာ သူတို့ ၀ယ်စားပါပဲ၊ နောက်ပိုင်းမှာတော့ ဘင်္ဂါလီ တွေက ရန်လိုမှု များလာတယ်’’
ပြီးခဲ့သည့် ၂၀၁၂ က ဖြစ်ပွားခဲ့သည့် ပြဿနာသည် ဘင်္ဂါလီများက ရခိုင် အမျိုးသမီးငယ်တစ်ဦးကို စော်ကားရာမှ စတင်ဖြစ်ပွားခဲ့သော်လည်း ၂၀၁၆ အောက်တိုဘာ ၉ ရက်နှင့် ၂၀၁၇ သြဂုတ် ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာသည် ရခိုင်နှင့် ဘင်္ဂါလီအကြား ဖြစ်ပွားခဲ့သည့် ပြဿနာ မဟုတ်ကြောင်း မောင်တော မြို့မိ၊ မြို့ဖများက ပြောသည်။ အဆိုပါ ဖြစ်စဉ်များသည် လုံခြုံရေးစခန်းများကို အကြမ်းဖက်လိုသူများက စတင်စီးနင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ် လာသည့် ပြဿနာများဖြစ်သည်ဟု မြို့မိ၊ မြို့ဖများက ဆိုသည်။ ‘‘သူတို့နဲ့ ဘာမှပြဿနာမရှိဘူး။ နောက်တော့ သူတို့ (ဘင်္ဂါလီ) ပြဿနာ လုပ်တယ်၊ ရန်လိုမှုတွေ များလာတယ်၊ ရခိုင် မဟုတ်တော့ဘူး။ မြို၊ သက်၊ ဒိုင်းနက်၊ ခမီနဲ့ ဟိန္ဒူတွေပါ အသတ်ခံလာရတယ်။ ဘာကြောင့် ဒီလိုရန်လိုမှုတွေ ဖြစ်လာတယ်။ ဘယ်သူတွေက ကြိုးကိုင် လှုပ်ရှား နေတယ် ဆိုတာ မသိတော့ဘူး’’ ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောသည်။
လက်ရှိတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မောင်တောခရိုင်ရှိ ဘင်္ဂါလီမိသားစု ဝင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းဌာနများကမူ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သူ ငါးသိန်းကျော်ရှိကြောင်းဆို
ဘင်္ဂါလီ လူမျိုးရပ်မိ၊ ရပ်ဖအချို့ကလည်း တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခြင်းမပြုဘဲ အေးချမ်းစွာ နေထိုင်နိုင်ရန် တာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက်သင့်ကြော
‘‘တရားမဝင် တစ်ဖက်နိုင်ငံကို သွားပြီး ဒုက္ခပေါင်းများစွာနဲ့ နေရမယ့် အတူတူ၊ ကိုယ့်ရွာမှာ ကိုယ် အေးအေးချမ်းချမ်း နေထိုင်ပြီးတော့ အကြမ်းဖက်သမား နှိမ်နှင်းရေး လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင် ပေးလိုက်ရင် ပြဿနာက ရှင်းနေပါပြီ။ အခုလည်း အကြမ်းဖက်လိုသူတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ သိသာ ထင်ရှားနေတာပဲ’’ ဟု ဦးမော်နီအာမတ် ကဆိုသည်။
မောင်တောဒေသမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေသည့် ဘင်္ဂါလီများကိစ္စနှင့် ပတ်သက်၍ ကုလအပါအဝင် နိုင်ငံတကာ၏ ဖိအားသည် ဒီမိုကရေစီ သက်တမ်း နုနယ်သေးသည့် မြန်မာနိုင်ငံ အတွက် ကြီးမားသောအန္တရာယ်ကို ရင်ဆိုင် နေရခြင်းဖြစ်သည်။
‘‘အစိုးရ သက်တမ်းက ၁၈ လတောင် မပြည့်သေးဘူး ဆိုတာပါပဲ။ ဒီလကုန်တော့ ၁၈ လ ပြည့်မှာပါ။ ၁၈ လ ဆိုတဲ့ အချိန်က ကျွန်မတို့ အနေနဲ့ အများ မျှော်လင့်ထားတဲ့ အရာတွေအားလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ဖို့နဲ့ အခက် အခဲတွေ အားလုံးကို ကျော်လွှားဖို့ ဆိုတာ အလွန် တိုတောင်းတဲ့ကာ လဖြစ်ပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
နိုင်ငံတကာ ဖိအားအောက်တွင် အစိုးရက ပြဿနာဖြေရှင်းရန် ကြိုးပမ်းနေသည့် မောင်တောဒေသ၌ ဦးကာလာတို့လို မည်သည့်အရပ်မှ ထွက်ပြေး တိမ်းရှောင်ခြင်း မရှိဘဲ အကြမ်းဖက်မှုကို ဆန့်ကျင်ကာ အေးချမ်းစွာ နေထိုင်လိုသော ဘင်္ဂါလီ လူမျိုးများလည်း ရှိနေသည်။ ဦးကာလာကမူ သူ၏ ဆုံးဖြတ်ချက်ကို အောက်ပါအတိုင်း ပြောသည်။
‘‘ဘယ်မှမသွားဘူး၊ ဒီမှာပဲ အေးအေးချမ်းချမ်းနေမယ်’’
ဒေါ်အောင်ဆန်းစုကြည်ကမူ သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ သံတမန်များအား မိန့်ခွန်း ပြောကြားခဲ့ရာ ‘‘ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင် အများစုဟာ တစ်ဖက်ကို ထွက်မပြေးဘဲ ကျန်ရှိနေတယ် ဆိုတာကို လူတွေ သိပ်မသိကြပါဘူး။ မွတ်စလင် ကျေးရွာတွေရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ဟာ ဘယ်မှမပြေးဘဲ ရှိနေကြပါသေးတယ်။ ဘာဖြစ်လို့ ဒီလိုမျိုး နေရစ်ခဲ့ကြတယ် ဆိုတာကို ကျွန်မတို့ သိချင်ပါ တယ်။ ဒီအချက်ဟာ ကျွန်မတို့ ဆက်ပြီး ထည့်သွင်း စဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်နေတဲ့ တစ်နေရာတည်းကို မကြည့်ဘဲ ဘာပြဿနာမှ မဖြစ်ဘဲ ရှိနေကြတဲ့ နေရာတွေကိုလည်း ကြည့်မြင်တတ်ဖို့ လိုပါတယ်။ ကျန်တဲ့ နေရာတွေမှာတော့ ဘာဖြစ်လို့ ပြဿနာတွေ မဖြစ်အောင် ရှောင်ရှားနိုင်ကြရတာလဲ။ ဒါကြောင့် သံတမန် အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းတွေနဲ့ သင့်မြတ်စွာ ပေါင်းစည်း နေထိုင်နိုင်ကြတဲ့ မွတ်စလင်တွေကို ကျွန်မတို့နဲ့အတူ လေ့လာကြည့်ဖို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်’’။။
(မှတ်ချက်။ သတင်းရင်းမြစ်များ၏ လုံခြုံရေး အတွက် ဘင်္ဂါလီများ၏ အမည်များကို အမည်လွှဲထားပါသည်။)
===========
7Day News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။