အကန်းတို့၏ “ရွာ”
အပိုင်း(၁)
ကျနော်နေသောရွာသည် အတော်ပင်ကြီးမာ၏၊ ကျနော်၏ရွာတွင် လူပေါင်းစုံ ပစ္စည်းအမယ်စုံ အားလုံးရှိသည်။အားလုံးရ၏။ ကျနော်တို့ရွာတွင် မှူးချုပ်ကြီးဆိုသူက အုပ်ချုပ်ကာ မှူးကြီး၏ အောက်တွင် စစ်တပ် ရဲတပ်ဖွဲ့ တရားရုံး နှင့် အုပ်ချုပ်ရေးယန္တများ အစုံလင်ရှိပြီး ပညာရေး စီးပွါးရေး မြေပေါ်ကုန်သွယ်ရေး အပြင် တရွာလုံးမသိအောင် မြေအောက်ကုန်သွယ်ရေးသည်လဲ အလွန်ထွန်းကား၏။
ကျနော့်ရွာအကြောင်း ပြောမည်ဆိုလျှင် ရွာ၏သမိုင်းအကျဉ်းကလေးလည်း ထည့်ပြောကာမှ အဆင်ပြေပေမည်။
ကျနော်တို့ရွာ၏သမိုင်းသက်တမ်းကား
အလွန်ကြီးမား ရှည်လျားသောကြောင့် အရှေ့နောက် တောင်မြောက် မင်းပေါင် ၂၈၅
မင်းတောင် အုပ်ချုပ်ခဲ့သည်။ အချို့မင်းဘုရင်များက
ဘာသာရေးကိုင်းရှိုင်းကြသောေ ကြာင့် ကျနော့ရွာအား “ဓမ္မသတ်” ဟုခေါ်သော ဘာသာရေးအဆုံးမတို့၏အတိုင်း မင်းကျင့်တရားကောင်းများဖြင့်
အုပ်ချုပ်ခဲ့၏။ ထို့နောက် ကျနော်တို့ရွာသည် ရွာ၏ အနောက်ဘက်မှ
ကျူးကျော်လာသော သူများ၏လက်အတွင်းသို့ကျကာ ထိုကျူးလာသူတို့မှ
ကျနော်တို့ရွာသူ ရွာသားများအား မည်သို့သော အကြောင်းကိစ္စနှင့်မဆို “ရာဇသတ်”
ဥပဒေဟုခေါ်သော ရာဇ၀တ်မှုကျူးလွန်သောသူများ အဖြင့် သတ်မှတ် အုပ်ချုပ်ခဲ့လေ၏။
ကျနော်တို့ရွာသူ ရွာသားများ ဘယ်သောအခါမှ ငုံ့မခံပါ ရရာလက်နက်ဖြင့် ဖြစ်ချင်ရာဖြစ် နေရာအနှံ့ သူပုန်ထကာ ထတိုက် ကြ၏။ နောက်ဆုံး အရှုံးများစွာဖြင့် ကျနော်တို့ရွာအားအုပ်ချုပ်ေ သာ အနောက်ဘက်သားများ ထွက်ခွါလက်လွှတ်ပေးသွားခဲ့ကြ သည်။ ကျနော်တို့တရွာလုံး ပျော်မဆုံး ၊မော်မဆုံးဖြစ်ခဲ့ပါ၏။
ကျနော်တို့၏ ပျော်ရွှင်မှုကား ကြာမြင့်စွာမခံစားလိုက်ကြရပါ
၊ကျနော်တို့ ရွာသားထဲမှ မျက်လုံးအစုံကန်းနေသူများ ဖြစ်လင့်ကစား
၎င်းတို့မှာ သြဇာတချို့ ရှိနေလေတော့ ကျနော်တို့ ရွာအား
အုပ်ချုပ်ရေးအာဏာကိုရယူကာ အုပ်ချုပ်လိုက်ကြလေသည်။
အဆိုပါ အကန်းများ တက်လာသောအခါ ကျနော်တို့ရွာသားများက အကန်းတို့အုပ်ချုပ်ရေးအား ဆန့်ကျင်သူများရှိလာခဲ့ကြလေ သည်။
ထိုအခါ အုပ်ချုပ်ရေး အာဏာရနေကြသော အကန်းများက ပထမဆုံး ဆန့်ကျင်သူ
တော်လှန်သူများကို ဖမ်းဆီးကာ ၄င်းတို့၏ မျက်လုံးများအား ပုံစံမျိုးစုံဖြင့်
မျက်လုံးအစုံပေါင်းများစွာအား အပြီးပိုင် ထိုးဖေါက်ပြကာဆက်လက်အုပ်ချု ပ်လေသည်။
ထိုအုပ်ချုပ်ရေးစနစ်သည် မည်သည့်နေရာတွင်မှ မရှိသော အုပ်ချုပ်ရေးစနစ်တခုအဖြင့် ဇဗ္ဗူ လက်ယျာ တောင်ကျွန်းတွင် အထူးထင်ရှားသောအုပ်ချုပ်ရေး စနစ်ဖြစ်လေ၏။ အုပ်ချုပ်ရေး၏ သမိုင်းတွင်သော အမည်နာမမှာ( ပါးစပ်သတ်) အုပ်ချုပ်ရေးဟု အမည်တွင်လေသည်။
အကြောင်းမှာ ရေးဆွဲပြဌာန်းသော ဥပဒေထက်ပင် အစွမ်းထက်မြက်သော ပါးစပ်ဖြင့် အမိန့်ပေးခေစခိုင်း မောင်းနှင်သော အုပ်ချုပ်ရေးတခုဖြစ်သည်။
ထို့ကြောင့် ကျနော်တို့ရွာ၏ သမိုင်းအား အသေခြာလေ့လာပါသော် ရွာ၏ စတင်ဖြစ်ပေါ်မှုမှ ယခုအချိန်ထိ အုပ်ချုပ်ရေးစနစ် (၃)မျိုးအခိုင်မာ ထွန်းကားကြောင်းတွေ့နိုင်သည်။
(၁) ဓမ္မသတ်ဖြင့် အုပ်ချုပ်သော ဓမ္မစီရင်ရေးစနစ်
(၂) ၇ာဇသတ်ဖြင့် အုပ်ချုပ်သော ရာဇ၀တ်မှု ပုဒ်ထီးပုဒ်မဖြင့် စီရင်အုပ်ချုပ်သောစနစ်
(၃) ပါစပ်ဖြင့်ပြောဆို အမိန့်ပေး ညွန်ကြားသော ပါးစပ်သပ် အုပ်ချုပ်ရေးစနစ် ဖြစ်ကြ၏
ကျနော်တို့ရွာက ရွာသားများ၏ ဇွဲကလည်းမခေပါ၊ မျက်လုံးများ အလုံးစုံ ဖေါက်ခံထားကြရလင့်ကစား မှီရာ မိရာများဖြင့် ဆက်လက်တော်လှန်ကြပြန်လေသည်။
ကျနော်အပါဝင် ကျနော်တို့ရွာသားများသည် မျက်လုံးမမြင်ကြသော်ငြား
အကြားအာရုံအထိတွေ့ အာရုံ အနံ့အာရုံသုံးပါးဖြင့် ဇွဲမလျော့ပဲ
ဆက်တိုက်ကြလေသသောအခါ အုပ်ချုပ်သူ အကန်းကြီးများ က မျက်စေ့ကန်းနေသော
ခွေးများကိုအကြီးအကျယ်မွေြး မူကာ ကျနော်တို့နှင့် ထိပ်တိုက် ရှူးတိုက် ကိုက်ခိုင်းကာ အနိုင်ကျင့်အုပ်ချုပ်ရေးယန္တ ယားထွင်လာခဲ့လေသည်။
ကျနော်တို့ရွာတွင် အုပ်ချုပ်သူအကန်းကြီးများ မွေးမြူထားသော ခွေးများတွင် အမျိုးစား(၄)မျိုးရှိလေ၏။
(၁) အနံ့ကြောင့် အကောင်းအဆိုးမသိပဲ ဟောင်သောခွေး
(၂) အာရုံကြောင့် ရန်သူမိတ်ဆွေ မခွဲခြားပဲဟောင်သောကိုက်သော ခွေး
(၃) အမိန့်တစုံတခု၏ အသံကြောင့် အမှားအမှန် မခွဲခြားပဲ ဟောင်သော ကိုက်သောခွေး
(၄) ဘာမှမသိပဲ ရှိရှိသမျှ ကြားကြားသမျှ တို့အား ဟောင်သော ကိုက်သော ခွေး တို့ဖြစ်ကြ၏။
မည်မျှပင် ခွေးစိမ်း ခွေမဲများက သောင်းကျန်းနေသနည်းဟုမေးလျှ င် ရွာလမ်းတလျောက်လူစည်ကားသော အရပ်မှ ရွာ၏ လူနေကျဲကျဲဖြစ်သော အလျှိုချောင်များပါမကျန်လော က်အောင်ပင် မျက်ကန်းခွေးများကြက်ပျံမကျ များပြားစွာ လှည့်လည်ကြက်စားကြသည်။
ရွာသူ ရွာသားများအဖို့ကလည်း မျက်ကန်းခွေးများ အား ရှောင်ရင်းတိမ်းရင်းဖြင့် စမ်းစမ်း သွားလာကြ၇သည်။ အခန့်မသင့်ပါသော် မျက်ကန်းခွေးများက ၀င်တိုက်ခြင်းခံရပြီး ခွေးကန်းများ၏ ကိုက်ဆွဲဝါးမျိုခြင်းများလည်း ခံကြရသည်။ အကြောင်းမှာ ရွာသူရွာသားများအားလုံးသည်လ ည်း မျက်လုံးအစုံး ထိုးဖေါက်ခံထားရသောကြောင့်၎ င်း ခွေးများအားလုံးသည်လည်း မျက်လုံး အစုံကန်းနေကြသောကြောင့်ဖြစ် ၍ ကျနော်တို့၏ရွာတွင် ခွေးကိုက်ခံရသောသူများအလွန် များပြားပြီး ခွေးကိုက်ခြင်း မခံရဘူးသေးသောသူ မရှိသလောက်ရှားပါးသော ရွာဖြစ်နေသည်။
ဆက်လက်တင်ပြပါမည်
ဂိုလ်ရှယ်လေး
အပိုင်း(၁)
ကျနော်နေသောရွာသည် အတော်ပင်ကြီးမာ၏၊ ကျနော်၏ရွာတွင် လူပေါင်းစုံ ပစ္စည်းအမယ်စုံ အားလုံးရှိသည်။အားလုံးရ၏။ ကျနော်တို့ရွာတွင် မှူးချုပ်ကြီးဆိုသူက အုပ်ချုပ်ကာ မှူးကြီး၏ အောက်တွင် စစ်တပ် ရဲတပ်ဖွဲ့ တရားရုံး နှင့် အုပ်ချုပ်ရေးယန္တများ အစုံလင်ရှိပြီး ပညာရေး စီးပွါးရေး မြေပေါ်ကုန်သွယ်ရေး အပြင် တရွာလုံးမသိအောင် မြေအောက်ကုန်သွယ်ရေးသည်လဲ အလွန်ထွန်းကား၏။
ကျနော့်ရွာအကြောင်း ပြောမည်ဆိုလျှင် ရွာ၏သမိုင်းအကျဉ်းကလေးလည်း ထည့်ပြောကာမှ အဆင်ပြေပေမည်။
ကျနော်တို့ရွာ၏သမိုင်းသက်တမ
ကျနော်တို့ရွာသူ ရွာသားများ ဘယ်သောအခါမှ ငုံ့မခံပါ ရရာလက်နက်ဖြင့် ဖြစ်ချင်ရာဖြစ် နေရာအနှံ့ သူပုန်ထကာ ထတိုက် ကြ၏။ နောက်ဆုံး အရှုံးများစွာဖြင့် ကျနော်တို့ရွာအားအုပ်ချုပ်ေ
ကျနော်တို့၏ ပျော်ရွှင်မှုကား ကြာမြင့်စွာမခံစားလိုက်ကြရပ
အဆိုပါ အကန်းများ တက်လာသောအခါ ကျနော်တို့ရွာသားများက အကန်းတို့အုပ်ချုပ်ရေးအား ဆန့်ကျင်သူများရှိလာခဲ့ကြလေ
ထိုအုပ်ချုပ်ရေးစနစ်သည် မည်သည့်နေရာတွင်မှ မရှိသော အုပ်ချုပ်ရေးစနစ်တခုအဖြင့် ဇဗ္ဗူ လက်ယျာ တောင်ကျွန်းတွင် အထူးထင်ရှားသောအုပ်ချုပ်ရေး
အကြောင်းမှာ ရေးဆွဲပြဌာန်းသော ဥပဒေထက်ပင် အစွမ်းထက်မြက်သော ပါးစပ်ဖြင့် အမိန့်ပေးခေစခိုင်း မောင်းနှင်သော အုပ်ချုပ်ရေးတခုဖြစ်သည်။
ထို့ကြောင့် ကျနော်တို့ရွာ၏ သမိုင်းအား အသေခြာလေ့လာပါသော် ရွာ၏ စတင်ဖြစ်ပေါ်မှုမှ ယခုအချိန်ထိ အုပ်ချုပ်ရေးစနစ် (၃)မျိုးအခိုင်မာ ထွန်းကားကြောင်းတွေ့နိုင်သည
(၁) ဓမ္မသတ်ဖြင့် အုပ်ချုပ်သော ဓမ္မစီရင်ရေးစနစ်
(၂) ၇ာဇသတ်ဖြင့် အုပ်ချုပ်သော ရာဇ၀တ်မှု ပုဒ်ထီးပုဒ်မဖြင့် စီရင်အုပ်ချုပ်သောစနစ်
(၃) ပါစပ်ဖြင့်ပြောဆို အမိန့်ပေး ညွန်ကြားသော ပါးစပ်သပ် အုပ်ချုပ်ရေးစနစ် ဖြစ်ကြ၏
ကျနော်တို့ရွာက ရွာသားများ၏ ဇွဲကလည်းမခေပါ၊ မျက်လုံးများ အလုံးစုံ ဖေါက်ခံထားကြရလင့်ကစား မှီရာ မိရာများဖြင့် ဆက်လက်တော်လှန်ကြပြန်လေသည်။
ကျနော်တို့ရွာတွင် အုပ်ချုပ်သူအကန်းကြီးများ မွေးမြူထားသော ခွေးများတွင် အမျိုးစား(၄)မျိုးရှိလေ၏။
(၁) အနံ့ကြောင့် အကောင်းအဆိုးမသိပဲ ဟောင်သောခွေး
(၂) အာရုံကြောင့် ရန်သူမိတ်ဆွေ မခွဲခြားပဲဟောင်သောကိုက်သော
(၃) အမိန့်တစုံတခု၏ အသံကြောင့် အမှားအမှန် မခွဲခြားပဲ ဟောင်သော ကိုက်သောခွေး
(၄) ဘာမှမသိပဲ ရှိရှိသမျှ ကြားကြားသမျှ တို့အား ဟောင်သော ကိုက်သော ခွေး တို့ဖြစ်ကြ၏။
မည်မျှပင် ခွေးစိမ်း ခွေမဲများက သောင်းကျန်းနေသနည်းဟုမေးလျှ
ရွာသူ ရွာသားများအဖို့ကလည်း မျက်ကန်းခွေးများ အား ရှောင်ရင်းတိမ်းရင်းဖြင့် စမ်းစမ်း သွားလာကြ၇သည်။ အခန့်မသင့်ပါသော် မျက်ကန်းခွေးများက ၀င်တိုက်ခြင်းခံရပြီး ခွေးကန်းများ၏ ကိုက်ဆွဲဝါးမျိုခြင်းများလည
ဆက်လက်တင်ပြပါမည်
ဂိုလ်ရှယ်လေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။