2017 အတွက်
___________%
ငွေစုပါ ။
တရိပ် ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာဈေးတွေအောက်မှာ အပိုအကုန်မခံဘဲ စုဆောင်းချွေတာထားတာ ဘယ်နည်းနဲ့မှ မမှားနိုင် ပါဘူး။ မလိုအပ်တာတွေ ဝယ်ထားတဲ့သူဟာ တစ်နေ့ကျ လိုအပ်တာတွေ ပြန်ရောင်းရတတ်တယ် ။
အလုပ်ကြိုးစားပါ ။
အကယ်၍ 2007 တုန်းကလို စီးပွားရေးပျက်ကပ် နဲ့ ကြုံလာရင် အလုပ်သမားဦးရေ လျှော့ချတာတွေ ဖြစ်လာနိုင် ပါတယ်။ ကြိုးစားထားတဲ့
ဝန်ထမ်းကို တော့ ဘယ်အလုပ် ရှင် မှ အဆုံးရှုံးမခံပါဘူး ။
ကျန်းမာရေး ဂရုစိုက်ပါ ။
ခြင် တစ်ကောင် ကိုက် ရင် တောင် လူသေနိုင် တဲ့ ခေတ် , ၉၆ ပါးရောဂါကို ငွေပေးပြီး ဝယ်စားနေရတဲ့ကာလမှာ အသက်ကို ဥာဏ်စောင့်ထားလိုက်တာတော့ အ ကောင်းဆုံးပါပဲ ။ ကိုယ်ဖြစ် ကိုယ်ခံဆိုပေမယ့် လူမကျန်းမာရင် စိတ်လည်းမချမ်းသာနိုင် ဘူးလေ ။
စာဖတ်ပါ ။
ဘာကိုမှ မဖတ်ဖြစ် ရင် တောင် သ ဘာဝ ဘေးအန္တရာယ် နဲ့ ပတ်သတ်တာတွေဖတ်ပါ ။ လေ့လာပါ ။ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာတဲ့ သဘာဝအ ခြေ အ နေမှာ မျက်စိဖွင့် နားစွင့် ထားဖို့ က ပိုလိုလာပါပြီ ။ တစ်ခုခုဆို ကြောက်ဖို့ကလွဲပြီး ဘာမှမသိသူဟာ တကယ် ရင် ဆိုင် ရ ရင် အန္တရာယ်နဲ့ ပိုနီးပါတယ် ။
သတိရှိပါ ။
ကိုယ်ကျင့်တရားဆိုတာ အ တော်ပျက်ပြားလာတဲ့ခေတ်အခါမို့ သတိဆိုတာ ပိုတယ် မရှိပါဘူး ။ ကိုယ့်ခင် ပွန်းအ ပေါ်, ကိုယ့်ဇနီးအ ပေါ် , ကိုယ့်သားသမီးအ ပေါ်, ကိုယ့်တပည့်တပန်းတွေအ ပေါ်
တတ်နိုင် သမျှ ဂရုစိုက်ခြင်းဟာ မကြားဝံမနာသာ အိမ်ထောင် ရေးဖောက်ပြန်မှုတွေ , သက်ငယ်မုဒိန်းလို အဖြစ်ဆိုးတွေ , မလိုလားအပ်တဲ့ မူးယစ်ဆေးစွဲတဲ့ ကိစ္စ တွေကို သွယ်ဝှိုက်ပြီးဖြစ်ဖြစ် လျော့ပါးစေနိုင် ပါလိမ့်မယ် ။
စည်းကမ်းရှိပါ ။
ကားဒရိုင် ဘာ က သတ်မှတ်တဲ့ အမြန်နှုန်းပဲ မောင်းတယ် , ဆိုင် ကယ်သမားက ဦးထုပ်ဆောင်းတယ် , ခရီးသည်က ကြိုးတပ်စီးတယ် ။ သတ်မှတ်တဲ့နေရာမှာ ဈေးရောင်းပြီး တားမြစ်တဲ့နေရာမှာ အမှိုက် မချဘူး ။ ရွာ - ရွာစည်းကမ်း အ လျောက် , မြို့ - မြို့စည်းကမ်း အ လျောက် , အုပ်ချုပ်သူ - အုပ်ချုပ်သူ စည်းကမ်းအ လျောက် , အုပ်ချုပ်ခံ - အုပ်ချုပ်ခံ စည်းကမ်းအ လျောက် ကိုယ်စီကိုယ်စီ အရင် က ထက် စည်းကမ်းတွေ ပိုရှိလာကြမယ်ဆိုရင် အမှု အခင်း , အဆူ အပူ ဆိုတာတွေ နည်းလာမှာ အမှန်ပါပဲ ။ခုထိ ပြဿနာတွေ တက် နေကြတယ် ဆိုတာက ခေတ် စနစ် ဆိုတာထက် စည်းကမ်းမဲ့တာက ပိုနေတာ ငြင်းမရပါဘူး ။
မေတ္တာလည်းထားပါ ။
ကိုယ်ချင်းလည်းစာနာပါ ။ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာချင် ရင် တတ်နိုင် သမျှ ရောင့်ရဲပါ ။
ကြိုတွေးပြီး ကြိုမော နေ ရ မယ် မဆိုလိုပေမယ့် တစ်ခုမှ ပြင် ဆင် မထားပြန် ရင် လည်း တစ်ခုခု ဖြစ်လာရင် အခက်ကြုံနိုင် ပါတယ် ။
အနာဂါတ်စာမျက်နှာဆိုတာက ဘာဖြစ်လာမလဲ ဆိုပြီး ကြိုသိနိုင် တာမှ မဟုတ်တာ ။
( နှစ်သစ်မှာ အားလုံး အစစအရာရာ အဆင် ပြေကြပါစေ )
Photo > Ashin Pannavamsa
___________%
ငွေစုပါ ။
တရိပ် ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာဈေးတွေအောက်မှာ အပိုအကုန်မခံဘဲ စုဆောင်းချွေတာထားတာ ဘယ်နည်းနဲ့မှ မမှားနိုင် ပါဘူး။ မလိုအပ်တာတွေ ဝယ်ထားတဲ့သူဟာ တစ်နေ့ကျ လိုအပ်တာတွေ ပြန်ရောင်းရတတ်တယ် ။
အလုပ်ကြိုးစားပါ ။
အကယ်၍ 2007 တုန်းကလို စီးပွားရေးပျက်ကပ် နဲ့ ကြုံလာရင် အလုပ်သမားဦးရေ လျှော့ချတာတွေ ဖြစ်လာနိုင် ပါတယ်။ ကြိုးစားထားတဲ့
ဝန်ထမ်းကို တော့ ဘယ်အလုပ် ရှင် မှ အဆုံးရှုံးမခံပါဘူး ။
ကျန်းမာရေး ဂရုစိုက်ပါ ။
ခြင် တစ်ကောင် ကိုက် ရင် တောင် လူသေနိုင် တဲ့ ခေတ် , ၉၆ ပါးရောဂါကို ငွေပေးပြီး ဝယ်စားနေရတဲ့ကာလမှာ အသက်ကို ဥာဏ်စောင့်ထားလိုက်တာတော့ အ ကောင်းဆုံးပါပဲ ။ ကိုယ်ဖြစ် ကိုယ်ခံဆိုပေမယ့် လူမကျန်းမာရင် စိတ်လည်းမချမ်းသာနိုင် ဘူးလေ ။
စာဖတ်ပါ ။
ဘာကိုမှ မဖတ်ဖြစ် ရင် တောင် သ ဘာဝ ဘေးအန္တရာယ် နဲ့ ပတ်သတ်တာတွေဖတ်ပါ ။ လေ့လာပါ ။ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာတဲ့ သဘာဝအ ခြေ အ နေမှာ မျက်စိဖွင့် နားစွင့် ထားဖို့ က ပိုလိုလာပါပြီ ။ တစ်ခုခုဆို ကြောက်ဖို့ကလွဲပြီး ဘာမှမသိသူဟာ တကယ် ရင် ဆိုင် ရ ရင် အန္တရာယ်နဲ့ ပိုနီးပါတယ် ။
သတိရှိပါ ။
ကိုယ်ကျင့်တရားဆိုတာ အ တော်ပျက်ပြားလာတဲ့ခေတ်အခါမိ
တတ်နိုင် သမျှ ဂရုစိုက်ခြင်းဟာ မကြားဝံမနာသာ အိမ်ထောင် ရေးဖောက်ပြန်မှုတွေ , သက်ငယ်မုဒိန်းလို အဖြစ်ဆိုးတွေ , မလိုလားအပ်တဲ့ မူးယစ်ဆေးစွဲတဲ့ ကိစ္စ တွေကို သွယ်ဝှိုက်ပြီးဖြစ်ဖြစ် လျော့ပါးစေနိုင် ပါလိမ့်မယ် ။
စည်းကမ်းရှိပါ ။
ကားဒရိုင် ဘာ က သတ်မှတ်တဲ့ အမြန်နှုန်းပဲ မောင်းတယ် , ဆိုင် ကယ်သမားက ဦးထုပ်ဆောင်းတယ် , ခရီးသည်က ကြိုးတပ်စီးတယ် ။ သတ်မှတ်တဲ့နေရာမှာ ဈေးရောင်းပြီး တားမြစ်တဲ့နေရာမှာ အမှိုက် မချဘူး ။ ရွာ - ရွာစည်းကမ်း အ လျောက် , မြို့ - မြို့စည်းကမ်း အ လျောက် , အုပ်ချုပ်သူ - အုပ်ချုပ်သူ စည်းကမ်းအ လျောက် , အုပ်ချုပ်ခံ - အုပ်ချုပ်ခံ စည်းကမ်းအ လျောက် ကိုယ်စီကိုယ်စီ အရင် က ထက် စည်းကမ်းတွေ ပိုရှိလာကြမယ်ဆိုရင် အမှု အခင်း , အဆူ အပူ ဆိုတာတွေ နည်းလာမှာ အမှန်ပါပဲ ။ခုထိ ပြဿနာတွေ တက် နေကြတယ် ဆိုတာက ခေတ် စနစ် ဆိုတာထက် စည်းကမ်းမဲ့တာက ပိုနေတာ ငြင်းမရပါဘူး ။
မေတ္တာလည်းထားပါ ။
ကိုယ်ချင်းလည်းစာနာပါ ။ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာချင် ရင် တတ်နိုင် သမျှ ရောင့်ရဲပါ ။
ကြိုတွေးပြီး ကြိုမော နေ ရ မယ် မဆိုလိုပေမယ့် တစ်ခုမှ ပြင် ဆင် မထားပြန် ရင် လည်း တစ်ခုခု ဖြစ်လာရင် အခက်ကြုံနိုင် ပါတယ် ။
အနာဂါတ်စာမျက်နှာဆိုတာက ဘာဖြစ်လာမလဲ ဆိုပြီး ကြိုသိနိုင် တာမှ မဟုတ်တာ ။
( နှစ်သစ်မှာ အားလုံး အစစအရာရာ အဆင် ပြေကြပါစေ )
Photo > Ashin Pannavamsa
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။