ဂျက်မားဟာ တရုတ်ပြည်မှာအချမ်းသာဆုံးသူဌေးကြီးဖြစ်သလို အလီဘာဘာGroup ကိုတည်ထောင်သူလည်းဖြစ်ပါတယ်။သူ့ ကိုအာရှတိုက်ရဲ့ဘီဂိတ်လို့ လည်းထင်ရှားပါတယ်။သင်ဟာ သင့်ဘဝကြီးကိုမကျေမနပ်ဖြစ်နေတာ ဂျက်မားသိသွားရင် သူဘာပြောလိမ့်မယ်ထင်လဲ?သူအကြံပေးချက်လေးတွေကိုကြည့်ရအောင်
💰သင့်အတွက်ကောင်းတဲ့အလုပ်ကိုရှာမတွေ့ ဘူးဆိုရင် သင့်ဘာသာဖန်တီးလိုက်ပါ-ဂျက်မား
စောဒကတတ်နေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး-ဂျက်မား။ပြီးသူက , " အောင်မြင်တဲ့သူတိုင်းဟာ အနာဂတ်ကိုအကောင်းဆုံးပုံဖော်နိုင်သူတွေပါ, သူတို့ ဟာကျန်နေတဲ့ပြဿနာတွေကိုအမြဲဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ဘာအနာဂတ်ရည်မှန်းချက်မရှိဘဲနဲ့ တော့စောဒကတတ်မနေပါနဲ့ ။အမြဲတမ်းအကောင်းမြင်စိတ်ထားပါ" လို့ ဆုံးမထားပါတယ်
💰လူတွေ စောဒကတတ်နေတဲ့  အပြစ်ပြောနေကြတဲ့အခွင့်အရေးကိုတွေ့ အောင်ရှာပါ
ဒါဟာဂျက်မားကိုယ်တိုင်လုပ်ခဲ့တဲ့အရာပါဘဲ။သူဟာလုပ်ငန်းရှင်တွေဟာ သူတို့ ရဲ့ကုန်ပစ္စည်းတွေကိုပြည်ပကိုရောင်းမထူတ်နိုင်ဘူးလို့ ပြောခဲ့တာကိုတွေ့ ခဲ့တယ်။ပြီးတော့ ဂျက်မားဟာ အင်တာနက်ကိုအသုံးပြူပြီးဒီပြဿနာကိုဖြေရှင်းခဲ့ပါတယ်။
💰သင်ဘာလုပ်ချင်တာလဲဆိုတာသေချာသိပါ။ပြီးရင် သင်ယုံကြည်တဲ့အရာတွေကိုအဖွဲ့ အစည်း team အလိုက်လူပ်ဆောင်ပါ
ဂျက်မားက, " သင့်ရင်းနှီးမြှပ်နှံသူတွေဘယ်လိုထင်လဲဆိုတာအရေးမကြီးပါဘူး, သင့်မိဘတွေဘယ်လိုထင်တယ်, သင့်မိတ်ဆွေတွေဘယ်လိုထင်လဲဆိုတာအရေးမကြီးပါဘူး။သင့်ကိုယ်သင်ယုံကြည်မှူရှိရမယ်။သင်လုပ်မယ့်အရာကိုသင်ရော သင့်အဖွဲ့ ကောယုံကြည်ရမယ်။ပြီးနေ့ ရော ညရောကြိုးစားရမယ်" လို့ ရှင်းပြဖူးပါတယ်
💰အောင်မြင်ဖို့ အဓိကသော့ချက်ကတော့ ဆန်းသစ်တီထွင်နိုင်စွမ်းရှိရမယ်။အလုပ်ကြိုးစားရမယ်
ဆန်းသစ်တီထွင်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချတော့မယ်ဆိုရင် အရမ်းအရေးကြီးပါတယ်။သင်အရာတစ်ခုကိုဘယ်လိုဆန်းသစ်မလဲ? ဘယ်လိုကွဲပြားအောင်လုပ်မလဲဆိုတာ စဉ်းစားပါ။
💰သင့်ရဲ့စီးပွားရေးပုံစံဟာ တစ်စုံတယောက်ကိုကူညီဖို့ ဆိုတဲ့အကြောင်းအရာပေါ်မှာအခြေခံရပါမယ်။သင့်ရဲ့customer တွေ သင့်ရဲ့လုပ်ငန်း, ပစ္စည်းတွေနဲ့ ပတ်သတ်ပြီးကျေနပ်တယ် ပျော်တယ်ဆိုမှသင်ဟာအောင်မြင်တယ်လို့ ဆိုနိုင်မှာပါ
အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ ပစ္စည်းတွေကိုပြည်ပကိုရောင်းပေးတဲ့အတွက် ဂျက်မားကိုကျေးဇူးတင်ကြတယ်။လက်ရှိအလီဘာဘာမှာ ဈေးဝယ်သူပေါင်းတစ်နေ့ ကို သန်း၁၀၀ကျော်ပါတယ်။ဒီရောင်းဝယ်ရေးကနေဒေါ်လာသန်း၅၀ဟာ လုပ်ငန်းသေးတွေအတွက်အမြတ်စွန်းရကြပါတယ်
💰အခွင့်အရေးမရှိတော့ဘူးလို့ မထင်ပါနဲ့ 
ဂျက်မားက အခွင့်အရေးဆိုတာအမြဲတမ်းရှိတယ်။ရှာဖွေတတ်ဖို့ ဘဲလိုတာပါလို့ ဆိုပါတယ်။
💰သင်စီးပွားရေးတစ်ခုစတင်လုပ်ကိုင်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ တပြိုင်နက် သင်ပုံမှန်ဝင်ငွေဆုံးရှုံးရတော့မယ်ဆိုတာသိထားဖို့ လိုပါတယ်
နေရာတိုင်းမှာစွန့် လွှတ်မှုဆိုတာရှိစမြဲပါ။သင့်လုပ်ငန်းဝင်ငွေမရှိတဲ့အချိန်တွေလည်းရှိမှာပါဘဲ။ဒါပေမယ့်အမြဲတမ်းတော့ဟူတ်မှာမဟုတ်ပါဘူး။ဂျက်မားက, " ယနေ့ ကခက်ခဲတယ်, မနက်ဖြန်ဆိုပိုပြီးခက် ခဲဦးမယ်, ဒါပေမယ့်သဘက်ခါဆိုရင်တော့ အရာရာဟာကိုယ့်အတွက်ပန်းခင်းလမ်းဘဲ" လို့ ပြောဖူးပါတယ်။
ဂျက်မားဟာ တကယ်တော်တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။သူပြောတဲ့စကားတွေ, သတိပေးချက်တွေ, လမ်းပြမှုတွေက အများကြီး စီးပွားရေးလုပ်ကိုင်သူတွေအတွက်ဗဟုသုတရစေသလို စိတ်ခွန်အားလည်းဖြစ်စေပါတယ်။
#JackMa
#Toptenteam

စောဒကတတ်နေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး-ဂ

ဒါဟာဂျက်မားကိုယ်တိုင်လုပ်ခ

ဂျက်မားက, " သင့်ရင်းနှီးမြှပ်နှံသူတွေဘ

ဆန်းသစ်တီထွင်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချတော

အသေးစားစီးပွားရေးလုပ်ငန်းရ

ဂျက်မားက အခွင့်အရေးဆိုတာအမြဲတမ်းရှိ

နေရာတိုင်းမှာစွန့် လွှတ်မှုဆိုတာရှိစမြဲပါ။သင
ဂျက်မားဟာ တကယ်တော်တဲ့ပုဂ္ဂိုလ်တစ်ဦးပ
#JackMa
#Toptenteam
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။