Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 2, 2017

နှစ်ပေါင်းနှစ်ထောင်ကျော်က လမ်းပြစကားများ

နှစ်ပေါင်းနှစ်ထောင်ကျော်က လမ်းပြစကားများ
+++++++++++++++++++++++++++

ရေးသူ - ဟိန်းထက်

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ခေါမသားတို့၏ ဒီမိုကရေစီသဘော တရား၊ ခေါမသားတို့ညွှန်းသည့် စံပြနိုင်ငံတော်မျိုး ပြန်လည်တည်ရန် ၀ါယမ စိုက်ထုတ်နေသည့် မျက်မှောက်ခေတ်ကာလတွင် ထိုခေါမရွှေ ခေတ်မှခေတ်ပြိုင် ဒဿနပညာရှင်များပို့ချ ခဲ့သောသြ၀ါဒများကို ဋီကာများအဖြစ် လက်ခံ၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအစုံစုံတွင်ပါ ကျင့်ကြံခြင်းက အကျိုးမယုတ်တန်ဟု အချို့ အနောက်တိုင်းပညာရှင်များက ဆိုညွှန်းပြုကြသည်။ မြန်မာနိုင်ငံအတွက်လည်း ထိုသဘောတရားက အံဝင်ပါလေသလား။ ခေါမဒဿနပညာရှင်အချို့၏ အတွေး အမြင်များကို နှိုင်းထိုးချင့်ချိန်အသုံးပြုနိုင်ရန် ဤနေရာတွင် စုစည်းတင်ပြလိုက် သည်။ သူ့ဆေးနှင့် ကိုယ့်အနာ တည့်မတည့်ကား ကာယံကံရှင်၏ ဆင်ခြင် ဥာဏ်နှင့် အဓိကသက်ဆိုင်မည်ဟုထင်ပါသည်။

ဆိုကရေးတီး >> သဘောထားကွဲရဲပါ
---------------------------------------------
ခေါမဒဿနပညာရှင်တို့တွင် နံပါတ် ၁ ဟုသတ်မှတ်ကြသော ဆိုကရေးတီးက ကိုယ်ပိုင်ဥာဏ်၊ ကိုယ့်အတွေးနှင့် လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိသည်ဟု ဆိုခဲ့ သည်။ လူအများစုသည် ဘ၀အချိန်များစွာတွင် အများသူငါလူအုပ်ကြီးနှင့်အတူ တူ အုတ်ရောရော ကျောက်ရောရော၊ ယောင်လည်လည် မျှောလိုက်နေလေ့ရှိ ကြသည်ဟု သူက သတိပေးခဲ့သည်။ ကိုယ်ကျင့်သီလအပြင် အုပ်ချုပ်ရေးကဏ္ဍ တို့တွင် ဤကိစ္စသည် အလွန် အန္တရာယ်ကြီးမားသော လစ်ဟာမှုတစ်ရပ် ဖြစ် သည်ဟု သူကဆိုခဲ့သည်။ အဂတိလိုက်စားမှု၊ ခြစားမှုများ ပေါ်ပေါက်သောအခါ တွင် 'လူတကာ ဒီလိုလုပ်နေကြတယ်' ဟူသောဆင်ခြေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာလေ့ရှိကြသည်။ သို့သော် ကိုယ့်ကိုယ်ကျင့်သီလအတွက် ကိုယ့်မှာသာ တာဝန်ရှိသည်။ ဆိုက ရေးတီးသည် အများနှင့်ချော်လဲရောထိုင် လိုက်မျောသည် ထက် လိပ်ပြာသန့်သန့်နှင့်ဆန့်ကျင်ရေးကို အဓိကထားရွေးချယ်ခဲ့သည်။

သင့်အဖွဲ့အစည်းသင့်လုပ်ငန်းက လွတ်လပ်စွာတွေးခေါ်ဆင်ခြင်မှုကိုခွင့်ပြုပါ သလား။ ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက်မပြုဘဲ အမှန်တရားအတွက် လိပ်ပြာသန့်စွာရပ်တည်ခွင့်ပေးပါသလား။ မန်နေဂျာများကို အကျိုးပြုဝေ ဖန်ထောက်ပြခွင့်ပေးပါသလား။ မဟုတ်ကဟုတ်ကလုပ်နေမှုကို လူကောင်း သူကောင်းတို့က ဆန့်ကျင်၍ရရှိပါသလား။ သို့မဟုတ် ရေငုံနှုတ်ပိတ် ငြိမ်ခံနေရ ပါသလား၊ ရေငုံနုတ်ပိတ်ငြိမ်ခံနေမည်ဆိုလျှင်ကား ဆိုကရေးတီးအဓိကထား ပို့ချခဲ့သမျှနှင့် သွေဖည်သောလမ်းကို လျှောက်နေသည့် အနေအထားသို့ ရောက်နေပေမည်။

အရစ္စတိုတယ် >> ဆန္ဒပြည့်ခွင့်ပေးပါ
---------------------------------------------
အရစ္စတိုတယ်သည် ဒဿနပညာရှင်ကြီးတစ်ယောက် ဖြစ်ရုံသာမကသေး အလွန်တော်သော ဇီဝဗေဒပညာရှင်ကြီးတစ်ဦးလည်းဖြစ်ခဲ့သည်။ သဘာဝ အားဖြင့် လူတို့သည် ဂုဏ်သိက္ခာကိုအလေးထားသည်၊ ဆင်ခြင်ဥာဏ်ပြည့်ဝ သည်၊ လူမှုစိတ်ဓာတ်ရှိပြီး ပျော်ရွှင်မှုကိုနှစ်လိုကြသည်ဟူသောသဘော တရား ကို သူလက်ခံထားခဲ့သည်။ လူတို့၏သဘာဝဆန္ဒဖြည့်ဆည်းနိုင်စေရန် အစိုးရ များ၊ အဖွဲ့အစည်းများက ၀ိုင်းရံဆောင်ရွက်ပေးရမည်ဟု ခံယူခဲ့သည်။

ခေတ်ပေါ်သဘောတရားရေးရာ သမားများဖြစ်သော အက်ဒ၀ပ်ဒီစီနှင့် ရစ်ချက် ရိုင်းတို့၏ Self Determination Theory (ကိုယ့်ကိုယ်ကိုယ်စံသတ်မှတ် သဘောတရား) တွင် အရစ္စတိုတယ်၏ သြဇာကိုတွေ့ရသည်။ အလုပ်တစ်ခုကို အလုပ်သမားများအတွက် အဓိပ္ပာယ်ရှိ သိက္ခာပြည့်စေသော အလုပ်ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါလျှင် ထိုအလုပ်သမားသည် ထိုအလုပ်ပီပြင်စေရန်အတွက် အရိုးကြေကြေ ရေခန်းခန်းဝါယမအထူးစိုက် ထုတ်ဆောင်ရွက်မည်ဟုဆိုသည်။ လူသားတို့သည် အလုပ်အကျွေး ပြုထိုက်သောအရာ၊ ပြုလောက်သောအရာ တန်ဖိုးရှိသည်ဟုယူဆရသောအရာကိုအလို ရှိကြသည်။ အလုပ်သမားတို့၏ ဗီဇမနောကိုစေ့ဆော်နိုင်ပါလျှင် သင့်အလုပ်အောင်မြင်ပြီဟု ယူဆနိုင်သည်။

ပလူတပ်ခ်ျ >> စံပြပုဂ္ဂိုလ်ဖြစ်ပါစေ
----------------------------------------
ရှေးခေါမသမိုင်းပညာရှင်ဖြစ်သလို ပညာရေးသမားတစ်ဦးဖြစ်ခဲ့သော ပလူ တပ်ခ်ျက လူသည် အပေါင်းအသင်း လွန်စွာမင်သော လူမှုသတ္တ၀ါဖြစ်ကြောင်း ကောင်းစွာသဘောပေါက်သည်။ ထိုလူမှုရေးကိုပဓာနထားသော လူသတ္တ၀ါ သည် သူ၏ပတ်ဝန်းကျင်မှလူများ ကိုအစဉ်တစိုက်လေ့လာတုပလေ့ရှိသည်ကို လည်း ကောင်းစွာသဘောပေါက်ခဲ့သည်။ သို့သော် ကံဆိုးစွာပင် လူတို့သည် စံနမူနာဆိုးများပြသသူများထဲတွင်ကြီးပြင်း ရရိုးရှိသည်။ သို့တိုင်အောင် ထိုလူ စားများ နှင့်ကင်းဝေးအောင် ရှောင်တိမ်း၍ရသည်။ ထိုသို့ရှောင်တိမ်းကြရန် အတွက် ယင်းတို့တုပစရာပိုကောင်းသော ပုံရိပ်များကိုပြသ ရန်လိုအပ်သည်။ ပလူတပ်ခ်ျသည် သူ၏စာပေလက်ရာများဖြင့် ထိုသို့သွန်သင်မှုပြုရန် ကြိုးစားခဲ့ သည်။ Parallel Lives အပြိုင်ဘ၀များဟု အမည်ပေးထားခဲ့သော သူ၏စာတမ်း တွင် လူတို့တုပနိုင်စေရန်အတွက် ထင်ရှားကျော်ကြားသော ခေါမနှင့်ရောမ သူရဲကောင်းများဖြစ်သည့် ဆီစီရို၊ ဆီဇာ၊ မဟာအလက်ဇန္ဒြား၊ ပရိကလီ စသော သူတို့ ၏ဘ၀များကို အထုပ္ပတ္တိကောက်ကြောင်း ဆွဲပြခဲ့သည်။

ဤသဘောတရားကို ကုမ္ပဏီအဖွဲ့အစည်းထုံးနှလုံးဖြစ်ပြောရပါလျှင် သင့် အပြောက သင့်အလုပ်လောက်အရေးမပါဟုဆိုရမည်။ သင့်ဝန်ထမ်းများသည် သင့် အပြုအမူကိုစောင့်ကြည့်မည်။ တစ်ပါးသူတို့ကို သင်ဆက်ဆံပုံ၊ လုပ်ငန်းဖိ အားကို သင့်တုံ့ပြန်ပုံ၊ သင့်ကတိ စကားတည်မတည်ကို အခါမလပ်အကဲခတ် မှတ်သားနေလိမ့်မည်။ ထို့နောက် သင်လုပ်သင့်အတိုင်းတုပလိုက်လုပ်ကြလေ မည်။ သင်က ကိုယ်ကျင့်တရားအကြောင်း မိုးပြောချိုးပြောပြောပြီး တကယ့် အချက်ကျလျှင် တက်ပြောင်းလှော်ပါလျှင် သူတို့လည်း အလားတူ လိုက်လံပြု စုပေမည်။

နမူနာကောင်းပြလျှင် နမူနာကောင်းကိုပင်စံအဖြစ်ထား၍ သူတို့လိုက် နာထပ် တူဆောင်ရွက်မည်။ ထို့ပြင် သင်၏ အတော်ဆုံး ၀န်ထမ်းငယ်သည် သင့်စံကို သာလျှင်ပစ်မှတ်ထား ထိုစံကိုမီအောင်၊ သို့မဟုတ် လွန်ကျူးအောင် ၀ါယမစိုက် ထုတ်ပေမည်ဟု ပလူတပ်ခ်ျက သတိပေးခဲ့သည်။ ဤသည်က သဘာဝပင်ဖြစ် သည်။ သင့်အောက် ၀န်ထမ်းကသင့်ကိုပြိုင်၍ သင့်ထက်သာအောင် ကြိုးကုပ် တိုးတက်အောင်ဆောင်ရွက်ရန်၊ အားပေးရန်မှာ သင့်တာဝန်ပင်ဖြစ်သည်။

အီပစ်တီတပ်စ် >> ဒူပေနာပေ ခံနိုင်စိတ်မွေးပါ
-------------------------------------------------------
အီပစ်တီတပ်စ်သည် ရောမတွင် ကျွန်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ နောက်မှ ဒဿနပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။ ထိုဘ၀အနေအထားနှစ်ရပ်လုံး သည် ကမ်းနားသစ်ပင်ဆန်ခဲ့သည်။ ကျေးကျွန်များကို သခင်များကကြိုက် သလိုစော်ကားမော်ကားပြုနိုင် ခဲ့သည်။ သတ်ပစ်နိုင်ခဲ့သည်။ ဒဿနပညာရှင်များ သည်လည်း အချိန်တိုင်းနီးနီးပင် ဧကရာဇ်မင်းအာဏာပိုင်တို့၏ အမျက်သင့်ခံရ လေ့ရှိခဲ့သည်။ အီပစ်တီတပ်စ်ကိုယ်တိုင်သည်ပင် နောက်တွင် နယ်နှင်ဒဏ်ခံခဲ့ရ သည်။

အီပစ်တီတပ်စ်သည် ထိုမလုံခြုံ သောဘ၀ကို လိုက်လျောညီထွေဒဏ်ခံ စွမ်းခဲ့သည်ဟု ဆိုရမည်။ ထိုသို့ဒဏ်ခံစွမ်းရည်အတွက် မည်သည့်အတိုင်း အတာကို သူနိုင်သည်၊ မည်သည့်အတိုင်းအတာကို သူမနိုင်သည်ဟု သူ့ကိုယ် သူ အမြဲမပြတ်သတိပေးလေ့ရှိခဲ့သည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ အတွေး၊ ကျွန်တော်တို့ ယုံကြည်မှု၊ ကျွန်တော်တို့သဘောထားကို ထိန်းချုပ်၍ ရသော်လည်း ထိုမှအပအရာအားလုံးက ကျွန်တော်တို့၏အချုပ်အကိုင်မှ လွတ် ထွက်နေသည့် တစ်ပါးသူတို့၏အမြင်နှင့် အပြုအမူ၊ စီးပွားရေး၊ ရာသီဥတု၊ အနာဂတ် နှင့် အတိတ်ကို ကျွန်တော်တို့စိုးမိုးပဲ့ကိုင်၍ မရချေ။ သင်၏ပိုင်နိုင် စွမ်းမှကင်းမဲ့နေသော အရာကိုသာ သင်အာရုံစိုက်ပါလျှင် သင်သည် အစွမ်းမဲ့ သူ၊ အတတ်အစွမ်းမဲ့သည့် အနေကိုခံစားရမည်မှာမလွဲချေ။ သင်နိုင်ရာကိုသာ အာရုံပြုပါ။ ထိုအခါတွင် သင်သည် ကသောင်းကရမ်း အခြေအနေများပင် အတိုင်းအတာအထိ အလွယ်အချုပ်ပိုင်နိုင်သည်ဟု ခံစားမိပေမည်။

အမေရိကန်တပ်မတော်က ဒေါ်လာ ၁၂၅ သန်းအကုန်ခံ၍ပေးနေသော ဒူပေ နာပေခံ ပစ်တိုင်းထောင်စိတ်ဓာတ်သင်တန်းတွင် အီပစ်တီတပ်၏သဘော တရားကို အခြေခံသောသင်ရိုးများကိုတွေ့ရသည်။ အသည်းအသန် အခြေ အနေကိုကြုံလျှင် တုံ့ပြန်ရမည့် လျှပ်တပြက်နည်းများကို အထူးသင်ကြားပေးမှုပြု သည်။ သာမန်ဝန်ထမ်း၊ သာမန်စီးပွားရေးလုပ်ငန်းတို့တွင် ထိုသဘောတရား တို့က မည်သည့်ဒဏ်ကျသင့် လာလာအရေထူစွာတုံ့ပြန်တတ်စွမ်းစေမည်မှာ အမှန်ပင်။ သင်တတ်စွမ်းသည်ကိုသာ အမှန်အကန်ဆောင်ရွက်သွားလျှင်ပင် အခြေအနေများတိုးတက်မှုရှိလာလေ့ရှိသည်ကို ကြုံရမည်။

#MyanmarB2BManagementMagazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။