Thanlay Ko
"ငယ်ကြောက်"
.
အရှေ့တောင်အာရှ ပြိုင်ပွဲတစ်ခုအတွက် မြန်မာဘောလုံးအသင်းကို စခန်းသွင်း လေ့ကျင့်ပေးနေပါတယ်။
အချိန်ကား ညဥ့် ၁၁ နာရီခန့် ရှိပြီဖြစ်သော်လည်း
မြန်မာဘောလုံးသင်း အိပ်ဆောင်တစ်ခုလုံး တစ်ယောက်မှ
မအိပ်ကြသေးဘဲ၊ ဂစ်တာတီးသူကတီး၊ ချက်ထိုးသူကထိုး၊
စကားဝိုင်းဖွဲ့သူကဖွဲ့၊ ဖုန်းပြောသူကပြောနဲ့ အတော်ကြီးကို ဆူညံလို့
နေပါတယ်။
သည်းမခံနိုင်တဲ့အဆုံး အသင်းခေါင်းဆောင်က သူ့အသင်းသားတွေကို ထငေါက်တယ်... ...
"ဟိတ်ကောင်တွေ မနက်အစောထပြီး လေ့ကျင့်ရေး ဆင်းရမှာ၊ ပါးစပ်ပေါက်တွေပိတ်ပြီး ခု အိပ်ကြတော့"
ဘယ်သူမှတောင် သူ့ လှည့်မကြည့်ဘူး၊ ဆူမြဲဆူလျှက်ပဲ။
ဒါနဲ့ တမျိုးပြောင်းပြီး ခြောက်ကြည့်တယ်... ...
"အေး မအိပ်ရင်နေဗျာ၊ ဟိုမှာ နည်းပြကြီး လာနေပြီ"
တစ်ယောက်လားပဲ ခေါင်းထောင်ကြည့်တယ်၊ ကျန်တဲ့လူတွေကတော့ သောင်းကျန်းမြဲပဲ။
နောက်တစ်မျိုး ကြိုးစားကြည့်ပြန်တယ်... ...
"ဟေ့... အသင်းအုပ်ချုပ်သူ လာနေပြီနော်"
မရဘူး။ ဆူနေတုံး။
ဝန်ကြီးနဲ့ခြောက်ကြည့်မယ်ဆိုပြီး... ...
"အားကစားဝန်ကြီး လာနေပြီဟ၊ တိတ်ကြတော့"
ဂစ်တာဝိုင်းကတော့ ခဏတိတ်သွားတယ်၊ ပြီးတော့ ပုံမှန်အတိုင်း ဆူမြဲဆူလျက်။
အသင်းခေါင်းဆောင် အတော်စိတ်ညစ်သွားတယ်။
ဒီကောင်တွေ ဘယ်လိုခြောက်ခြောက် မကြောက်ကြဘူး။
သူတို့ကြောက်တာ ဘာများရှိမလဲလို့ စဉ်းစားကြည့်လိုက်တော့...
ခေါင်းထဲ လက်ကနဲ အကြံရသွားတယ်။
ဒါနဲ့...
လှမ်းအော်လိုက်တယ်... ...
"ဟျောင့်တွေ... ဟိုမှာ ထိုင်းအသင်း လာနေပြီ"
အဲလိုလည်း ဆိုလိုက်ရော...
ကုတင်အောက် ၀င်ပုန်းတဲ့သူက ပုန်း
ဂစ်တာဖွက်တဲ့သူက ဖွက်
မီးပိတ်တဲ့သူက ပိတ်
စောင် ခေါင်းမြီးခြုံ အိပ်သူက အိပ်... နဲ့
အိပ်ဆောင်တခုလုံး အပ်ကျသံကြားလောက်အောင် တိတ်ဆိပ်သွားတော့တယ်။
ဂိုးသမားလေးဆို အကြောက်လွန်ပြီး ခြင်ထောင်ထဲတင် တက်နေလို့ မနည်း နှာနှပ်ယူရသတဲ့။
နောက်ရက်ကျတော့... ...
အသင်းသားတွေကို အလွန်အကျွံခြောက်လှန့်တယ်ဆိုပြီး... အသင်းခေါင်းဆောင်ကို အသင်းကနေ ထုတ်ပယ်လိုက်ပါတော့တယ်။
.
(တားဂ ဂျစ်လို့စထှာနော်၊ ချိပ်ချိုးနဲ့)
.
သန်၎ကို - ပေါက်ကရ၄၀

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။