(၁)……..ဇာတ်လမ်းလေးအစမှာတော့
ကျွန်တော်ဟာဆင်းရဲချို့တဲ့မိသားစုက ကလေးငယ်လေးတစ်ယောက်ပေါ့။
နပ်မမှန်တဲ့ထမင်း မလောက်မငှတဲ့ထမင်းတွေကြားထဲမှာ ကြီးပြင်းခဲ့ရပေမယ့်
ထမင်းစားချိန်ကိုရောက်တဲ့အခါတိုင်း ကျွန်တော့်ကို ထမင်းတွေပိုထည့်ပေးပြီး ”
များများစားပါသားရယ်..အမေဗိုက်မဆာလို့ပါ” ပြောတာဟာ အမေကျွန်တော့ကို
ပထမဦးဆုံးညာခြင်းပါပဲ။
(၂)……..ကျွန်တော်အရွယ်လေးရလာတော့
ခန္တာကိုယ်ဖွံ့ဖြိုးထွားကျိုင်းရန်အဟာရလိုအပ်တဲ့အရွယ်မို့
အားတဲ့အချိန်လေးမှာ အမေကိုယ်တိုင် မြစ်ထဲသွားပြီးဖမ်းခဲ့တဲ့ ငါးကို
ဟင်းချိုလေး ချက်ကျွေးတုန်းက အသားတွေကို ကျွန်တော့ပန်ကန်ထဲထည့်ပေးပြီး
အသားအနည်းငယ်ကပ်နေတဲ့အရိုးတွေကိုသာ စားနေတဲ့အမေကို
ကျွန်တော်ကအသားတွေခွဲပေးတဲ့အခါမှာ အမေကငြင်းဆန်ပြီး ”သားပဲစားပါသားရယ်..အမေ
အသားငါးသိပ်မကြိုက်လို့ပါ” ဆိုပြီး ၂ ကြိမ်မြောက် အမေ
ကျွန်တော့ကိုညာခဲ့ပြန်ပါတယ်။
(၃)………….ကျွန်တော်ကျောင်းသားအရွယ်ရောက်လာတော့
ကျူရှင်တက်နိုင်ဖို့အတွက် ငွေပိုရရှိရန် စက်ရုံကအထည်တွေကို
အိမ်ပြန်ယူလာပြီး ည ၂ နာရီလောက်ထိ ထိုင်ချုပ်နေတဲ့အမေကို
အိပ်ပါတော့အမေရယ်..နက်ဖြန်လဲ အလုပ်ဆင်းရဦးမှာလို့ ကျွန်တော်ပြောတုန်းက ”
သားအိပ်ပါသားရယ်..အမေအိပ်မငိုက်သေးလို့ပါ” လို့ ပြုံးပြုံးလေးပြန်ပြောခဲ့တာ
၃ ကြိမ်မြောက် ကျွန်တော့ကို အမေညာခဲ့တာပါ။
(၄)………….ကျွန်တော် ၁၀ တန်းစာမေးပွဲဖြေပြီး
နေပူပူမှာ မောမောနဲ့ပြန်လာတုန်းက အဲ့ဒီနေပူပူမှာပဲ အပြေးလေးသွားဝယ်လာတဲ့
ကြံရည်တစ်ခွက်ကို ကျွန်တော့ကိုတိုက်မလို့ယူလာတဲ့ကြံရည်ခွက်ကို
ချွေးလေးတွေစို့လာတဲ့အမေ့အတွက် ကျွန်တော်
တစ်ဝက်ခွဲတိုက်စဉ်က”သားပဲသောက်ပါသားရယ်…အမေရေမငတ်လို့ပါ” ဆိုပြီး
ကျွန်တော့ကို ၄ ကြိမ်မြောက်အမေညာခဲ့ပါတယ်။
(၅)…………….. အချိန်မတန်ခင်ခွဲခွာသွားတဲ့
အဖေမရှိတော့တဲ့နောက်ပိုင်း အိမ်ဘေးနားက စိတ်ကောင်းရှိပြီး အစစအရာရာ
အမေ့ကိုကူညီပြီး အမေ့အပေါ်မေတ္တာရှိနေတဲ့ ဘကြီးဖြိုးကို လက်ထပ်ဖို့
အားလုံးကဝိုင်းပြီးတိုက်တွန်းတုန်းက အမေကကျွန်တော်ကိုကြည့်ပြီး ”ကျမမှာ
ချစ်စရာဒီသားလေးရှိနေပါပြီး..တခြားချစ်စရာမလိုတော့ပါဘူး” ဆိုပြီး
ကျွန်တော့ကို အမေ ၅ ကြိမ်မြောက်ညာခဲ့ပြန်ပါတယ်။
(၆)……………..ဘွဲ့ရပြီးလို့
အလုပ်အကိုင်လေးရှိလာတော့ အချိန်အကြာကြီးပင်ပန်းလာတဲ့အမေကို
ကျွန်တော်ရှာကြွေးပါ့မယ်အနားယူပါတော့လို့ပြောတော့ အမေ ကငြင်းဆန်ခဲ့ပါတယ်။
ရလာတဲ့လခကို အမေ့ကိုပေးတော့ ”သားရဲ့နောင်ရေးအတွက်သိမ်းထားလိုက်ပါသားရယ်…အမေ့မှာ စုဆောင်းထားတာလေးရှိပါသေးတယ်” ဆိုပြီး ကျွန်တော့်ကို အမေ ၆ ကြိမ်မြောက်ညာခဲ့ပြန်ပါတယ်။
ရလာတဲ့လခကို အမေ့ကိုပေးတော့ ”သားရဲ့နောင်ရေးအတွက်သိမ်းထားလိုက်ပါသားရယ်…အမေ့မှာ စုဆောင်းထားတာလေးရှိပါသေးတယ်” ဆိုပြီး ကျွန်တော့်ကို အမေ ၆ ကြိမ်မြောက်ညာခဲ့ပြန်ပါတယ်။
(၇)…………….ဒီလိုနဲ့ရင်ခုန်တက်တဲ့အချိန်
ချစ်သူရည်းစားရပြီး အိမ်ထောင်ပြုတဲ့အခါ ယောက်က္ခမ နဲ့မနေချင်ဘူးလို့
ချစ်သူကပူဆာတော့ စိတ်ညစ်နေတဲ့ကျွန်တော်ကိုကြည့်ပြီး
“သားချစ်သူနဲ့သွားနေလိုက်ပါသားရယ်…တစ်ယောက်ထဲအေးအေးချမ်းချမ်း အမေ
ပိုတောင်ကြိုက်သေး”ဆိုပြီး ပြုံးပြုံးလေးနဲ့ရယ်ပြီး အမေကျွန်တော့အပေါ် ၇
ကြိမ်မြောက်ညာခဲ့ပြန်ပါတယ်။
(၈)……………ဒီလိုနဲ့ အချိန်အတော်ကြာ
ချစ်သူမယားနဲ့ပျော်ပြီး အမေကို မေ့နေတဲ့ကျွန်တော့ဆီကို တစ်နေ့မှာ
မမျှော်လင့်ပဲ အမေဆေးရုံတင်ထားရတယ်ဆိုသော သတင်းရောက်လာပါတယ်။
ကျွန်တော်အပြေးလေး ဆေးရုံကိုရောက်သွားတော့ အရိုးပေါ်အရေတင်သာ ကျန်ရှိတော့တဲ့
ကင်ဆာရောဂါစွဲကပ်နေတဲ့ အမေကို ခုတင်တစ်ခုပေါ်မှာ တွေ့လိုက်ရပါတယ်။
ကျွန်တော်ဝမ်းနည်းကြေကွဲစွာနဲ့ရင်ထဲမှာဆို့တက်လာပါတယ်။
တစ်ကိုယ်လုံးပြန့်နှံ့နေပြီးဖြစ်တဲ့ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့အမေဟာ
ကျွန်တော်ကိုတွေတော့ ကြိုးစားပြီး၇ယ်ပြ ပြုံးပြ ပါသေးတယ်။ ဝမ်းနည်းပြီး
မျက်ရည်ကျနေတဲ့ကျွန်တော်ကိုကြည့်ပြီး
“အမေချစ်တဲ့သား..သားမျက်နှာကိုအမေတွေ့ရတော့ အမေ့ရောဂါတွေ
သက်သာပါပြီးသားရယ်..အမေ မနာတော့ပါဘူး” ဆိုပြီး
ကျွန်တော်ချစ်ရသောအမေတစ်ယောက် ကျွန်တော်ကို ၈
ကြိမ်မြောက်နဲ့နောက်ဆုံးကြိမ်အဖြစ်ညာသွားခဲ့ပါတယ်။နောက်ဆုံးအကြိမ်
ကျွန်တော့်ကို ညာပြီးတဲ့နောက်မှာ ကျွန်တော်အရမ်းချစ်ပြီး
ကျေးဇူးတောင်မဆပ်လိုက်ရသေးတဲ့အမေဟာ ကျွန်တော့်ကို
ထာဝရခွဲခွာသွားခဲ့ပါပြီး။။။။
Credit to: Original Writer
http://kanaung.net/post-no-1292
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။