Ye Min added 3 new photos.Follow
မနေ့ ကပွဲမှာ ကိုယ်တိုင်မြင်မှ ဒေါ်စုကို လူတွေက ဘာကြောင့် သဲသဲလှုပ်ချစ်ကြလဲ..အရမ်းလေးစားကြလဲဆိုတာ သိလိုက်ရတယ်...အဓိကသူ့မျက်နှာမှာ မေတ္တာတွေ ပြည့်လွှမ်းနေပြီး ပြောတဲ့စကားတွေဟာက စေတနာနဲ့ မေတ္တာပေါ်မှာပဲ အခြေခံသွားတယ်...
အမှိုက်ပြစ်တဲ့ ကိစ္စကို တစ်ယောက်က ကြိမ်ဒဏ် အပစ်ပေးဖို့ အကြံပေးတော့
ကျမဒါမျိုးမလုပ်နိုင်ဘူးတဲ့.... အမှားလုပ်ခဲ့တဲ့လူကို အမှန်ပြန်ပြင်ဖို့
အခွင့်အရေး ပေးသင့်တယ်တဲ့...ဘယ်လောက် မေတ္တာပြည့်ဝတဲ့ စကားလဲလို့...
ဒီလိုမေတ္တာတရားကို အခြေခံလို့ အာဏာရူး အာဏာရှင်တွေနဲ့ စေ့စပ်ညှိနိုင်းလို့ ရတာပါ.. ဒေါ်စုနဲ့ အကြိမ်ပေါင်းများစွာတွေ့ပြီး မေတ္တာတရား ကူးစက်ပြီး သူမဟာ ငါတို့ ဒုက္ခရောက်အောင် မလုပ်လောက်ဖူးဆိုတဲ့ ယုံကြည့်စိတ်ဝင်လာတာကြောင့် တစ်ကြောင်း ဥပဒေကြောင်းအရ သူတို့ကိုယ်သူတို့ လုံခြုံအောင် လုပ်ပီးတာက တစ်ကြောင်း တဖြည်းဖြည်း ပူးပေါင်း ဆောင်ရွက်လို့ရလာတာလို့ ထင်ပါတယ်...
အခုဆိုရင် ဒေါ်စုဟာ ဝန်ကြီးဌာန ၃ ခုလောက်သာ ထိလို့မရပေမယ်... ပြည်သူနဲ့ ဆိုင်တဲ့ ပညာရေး စီးပွားရေး ကျမ်းမာရေး တို့ကို သူမ သဘောကျ စီမံနိုင်နေပါပြီ...
နောက်ပြီး အမျိုးဘာသာ သာသနာကို သာမန် ဗုဒ္စဘာသာဝင်ထက် ပိုပြီးလေးစားလိုက်နာတာပါ...
သူမကို တစ်ယောက်က နေ့စဉ်စည်းကမ်းရှိအောင် ဘယ်လိုနေရမလဲ မေးတဲ့အခါ...စည်းကမ်းရှိဖို့အတွက် ဆရာတော်ကြီးတပါး မိန့်ကြားဖူးတဲ့ ဝီရိယလေးပါး အကြောင်းကို ဝေမျှလေ့ရှိကြောင်း အဲဒီ့အဆုံးအမနဲ့သာ စည်းကမ်းရှိဖို့ကြိုးစားကြောင်း ပြောသွားပါတယ်။ ဘုရား တရားတော်များနဲ့ သံဃာတော် များရဲ့ အဆုံးအမကို နေ့စဉ်ဘဝမှာပါ လက်တွေ့ ကျင့်သုံးနေတာပါ။
တစ်ယောက်က အင်္ဂလိပ်လို မေးတဲ့အခါ မေးတဲ့သူကို လေးစားတဲ့ အနေနဲ့ အင်္ဂလိပ်လို ဖြေသွားပေမဲ့ ဒုတိယတစ်ယောက်က အင်္ဂလိပ်လို မေးတဲ့အခါ မြန်မာတွေကို မြန်မာလိုပဲ မေးစေချင်တယ်တဲ့။ မြန်မာလိုပြန်ဖြေမှပဲ အားရတယ်ဆိုပြီး မြန်မာ စကားနဲ့ စာပေအပေါ် ဘယ်လောက် အလေးထားကြောင်း ပြောသွားပါတယ်။
နောက်ပြီး ပြည်ပရောက်နေတဲ့ ကိုယ့်ရင်သွေးတွေကို မြန်မာနိုင်ငံကို မမေ့အောင် သင်ကြားပေးဖို့ တိုက်တွန်းသွားတယ်။ ဒီလောက်ကိုယ့်အမျိုးဘာသာ နဲ့ နိုင်ငံကို လေးစားတဲ့ ခေါင်းဆောင်ကို သူမဦးဆောင်ရင် နိုင်ငံဟာ ဘာသာခြားတိုင်းပြည်ဖြစ်သွားနိုင်တယ်ဆိုပြီး သွေးထိုးနေတဲ့ မျိုးနှစ်တွေနဲ့ သူတို့အာဘော်မိနေတဲ့ ပိန်းဥတွေကို အရမ်းစိတ်ပျက်မိပါတယ်။
ကျနော်ကိုယ်တိုင်လည်း ဒီပွဲကို မတက်ခင်က လက်ရှိအစိုးရ လုပ်ပုံအချို့ကို အားမရပါဘူး။ အားမရဘူးဆိုရင် ကိုယ်ဘယ်နေရာက တိုင်းပြည်အတွက် အကျိုးရှိအောင် ဝင်လုပ်နိုင်လဲ စဉ်းစားပါတဲ့ ဝင်လုပ်ဖို့လဲ ဖိတ်ခေါ်ပါတယ်တဲ့။ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့်တော့ တိုင်းပြည်အကျိုးရှိအောင် ဘာမြူမှုန်တစ်စက်မှ မလုပ်ဖူးသေးပါဘူး။ ဒါကြောင့် အပြောတွေလျော့ပြီး ကိုယ်ဘာလုပ်ပေးနိုင်မလဲ စဉ်းစားမယ်။ လုပ်နိုင်မဲ့နေရာက ဝင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချမိပါတယ်။
ဒီပွဲကို တက်လိုက်တဲ့အတွက် ဒေါ်စုအပေါ်ထားမိတဲ့ တချို့သံသယတွေ ကင်းပါးသွားပြီး ချစ်ခင်လေးစားမှု ပိုတိုးလာပါတယ်။
နောက်တစ်ခုက နောက်နှစ် ၂၀ ကြာရင် စင်ကာပူမှီရမှာ မဟုတ်ဘူး သာရမယ်ဆိုတဲ့ ရဲရဲတောက်စကားကို သူတို့ခေါင်းဆောင်တွေရှေ့ သူတို့မြေပေါ်မှာ ပြောသွားတာပါ။ အမျိုးသမီး ဖြစ်ပေမဲ့ ဘယ်လောက် သတ္တိရှိတဲ့ ခေါင်းဆောင်လဲ။ ဟိုအဘတွေဆို ၅ နှစ်နဲ့ စင်ကာပူကိုမှီ ရမယ်ဆိုတဲ့ စကားကို ကိုယ့်တိုင်းပြည်မှာ လူပိန်းကြိုက် မရဲတရဲ ပြောသွားတာပါ အပုံကြီး ကွာပါတယ်။
အခုလူတွေက ပန်းတိုင်ပျောက်နေတယ်။ ဒီအတွက် ခေါင်းဆောင်က ရေရှည် ပန်းတိုင်ချပေးလိုက်တာပါ။ နောက်အနှစ် ၂၀ ဆို သူမရှိချင်မှ ရှိတော့မှာပါ။ ဒါကိုသူလဲသိမှာပါ။ ဒါပေမယ့် နိုင်ငံသားတွေဟာ ငါတို့ စင်ကာပူထက်သာအောင်လုပ်ရမယ်ဆိုတဲ့ အတွေးတွေ ဖြစ်လာမယ် အားတွေဖြစ်လာမယ်။ ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားကြမယ်။ အဲဒီကမှတဆင့် နိုင်ငံပါတိုးတက်လာမှာပေါ့။ တကယ်တော့ ကျနော်တို့ တိုးတက်ထွန်းကားဖို့ အရေးကြီးတဲ့ Natural resources ပြည်စုံပြီးသားဖြစ်ပီး နဲ့ Human Resources လူ့သဘာဝ အရင်းအမြစ်ကိုသာ တစိုက်မတ်မတ် ထွန်းကား တိုးတက်အောင် လုပ်ဖို့တော့ လိုပါတယ်။
ဒီလိုတိုးတက်လာရင်း တစ်ယောက်စကား တစ်ယောက်နားထောင်ကြမယ် ညီညီညွတ်ညွတ် ကြိုးစားကြမယ်ဆို နောက်အနှစ် ၂၀ မှာ ဘာလို့စင်ကာပူကို မကျော်နိုင်ရမှာလဲဗျာ။
Photo by Ye Myo
ရဲမင်း
2 Dec 2016

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။