Than Win added 2 new photos.
ဇီကာ ZIKA
16-1-2016
ဇီကာ ZIKA လို့  နံမည်ပေးထားတဲ့ ရောဂါပိုးတမျိုးဟာ ခြင်ကိုက်ရာကနေ
ရောဂါ ကူးဆက်တာဖြစ်ပါတယ်၊ ကမ္ဘာ့ ရာသီဥတု အပူချိန်မြင့်တက် လာရာကနေ ရေပြင်မှာ ပေါက်ဖွားလာတဲ့ ခြင်မျိုးဆက်သစ် တမျိုးမှာ တွေ့ ရတဲ့ ရောဂါပါ။
အများဆုံတွေ့ ရတဲ့ နိုင်ငံတွေကတော့ Africa, Southeast Asia and the
Pacific Islands,အာဖရိက အရှေ့ တောင်အာရှ နဲ့  ပစိဖိတ်
သမုဒ္ဒရာထဲကကျွန်းနိုင်ငံလေးတွေကနေယခုလက်တင်အမေရိကအထိ ပြန့် နှံ
့လာနေပြီဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကအရေးပေါ်သတိပေးချက်တွေထုတ်ပြန်
နေရပါပြီ။
Aedes mosquitoes
ကမ္ဘာဆေးပညာလောကက နာမည်ပေးထားတဲ့ အေဒီး (ခြင်ရဲ့ ကိုယ်ပေါ်တွင် အမဲအစက်များ တွေ့ ရမည်) ဆိုတဲ့ ခြင်ကနေ ရောဂါ သယ်လာတာပါ ။မြန်မာနိုင်ငံမှာ အများဆုံးတွေ့ ရတဲ့ ခြင်ကျားနဲ့ ဆင်ပေမယ့် ယခုခြင်က ကျားသစ်လို ကိုယ်ပေါ်မှာ အမဲစက်လေးတွေ တွေ့ ရပါတယ်။
ဇီကာပိုးဟာ ခြင်ကိုက်ပြီး နှစ်ရက်နေ ၇ရက်အတွင်း ရောဂါဖြစ်ပွားလာပါတယ်။
ဌက်ဖျားထက်ပိုဆိုးတာကကိုယ်ပူတာခေါင်းကိုက်တာထက် နောက်ဆက်တွဲ ဝေဒနာ တွေပါ တိုးလာပါလိမ့်မယ်။
Sympthom ရောဂါလလဏာ
(၁) မျက်လုံးမှာသွေးကြောအမျှင်တွေတန်းလာတာတွေ့ ရမယ်။
(၂)တကိုယ်လုံး မိတ်လို အင်ပြင်လိုအဖုအပိန့် တွေထွက်မယ်။
(၃)နှခမ်းခြောက် ပြီး ရှာမှာသွေးစက်ဖုတွေလိုတွေ့ ရမယ်။
(၄)အရိုးအဆစ်တွေယောင်လာမယ်။
(၅)ခြေဖျားလက်ဖျားတွေကို ကိုင်ပြီး ဖိလိုက်ရင် သွေးကွက်တွေလို ဖြစ်
သွားတာတွေ့ ရပါမယ်။
အာရှကိုပြန်လာနေတဲ့ ဇီကာပိုးဟာ ထိုင်း စင်္ကာပူ မလေးရှားနိုင်ငံတွှေ
မှာ ရောက်နေပြီဖြစ်လို့  မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်စရာ သတ်ထား
စောင့်ကြည်ရပါမယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ လသာသားအရွယ်ခလေးငယ်တွေနဲ့  သက်
ကြီးရွယ်အိုတွေကို အဆိုပါရောဂါပိုးရှိတဲ့ ခြင်ကိုက်ရင် အချိန်မှီဆေးရုံမတင်နိုင်
ခဲ့ပါက အသက်အန္တရယ် စိုးရိမ်ရပါတယ်။
ကုသခြင်းနိုင်ငံတကာဆေးရုံတွေမှာတော့အဆိုပါရောဂါအတွက်ကုသနိုင်ဘို့  ဆေးဝါးတွေဖြန့် ဖြူးပေးထားပါတယ်၊
ခြင်ကိုက်ပြီးဆိုရင် ဆေးဝါးနဲ့ အလှမ်းဝေးနေတဲ့သူတွေအတွက်၊
ကြက်သွန်နီတခြမ်းစိတ်ပြီး ပွတ်ပေးကပ်ပေးခြင်း လုပ် နိုင်ပါတယ် ကြက်သွန်နီအတွင်းက ဓါတ်တမျိုးဟာ ဟာ ရောဂါပိုးနဲ့ အဆိပ်ကို ကာကွယ်ပေး နိုင်ပါတယ်။
တဇောင်းလက်ပါတ် အဆီကိုလိမ်းခြင်း၊သံပရာခြမ်းနဲ့  ဌက်ပျောသီး အခွံဖြင့် ပွတ်ပေးတာဟာလည်း ခြင်းကိုက်ရာမှ ဖြစ်လာတဲ့ ယားနာအဖု အပိန့် တွေကိုသက်သာစေတယ်လို့ နိုင်ငံတကာကျန်းမာရေးစာစောင်တွေ မှာဖေါ်ပြထားပါတယ်။
ဇီကာ ရောဂါမဖြစ်အောင် ကာကွယ်ခြင်း
ခြင်ကိုက်မခံကြဘို့ ဟာအဓိကဖြစ်ပါတယ်။
နေအိမ်တွေ -ကျောင်းစာသင်ခန်းတွေမှာ ခြင်တွေအောင်းမနေနိုင်အောင် ခြင်ဆေးဖြန်း ရှင်းပစ်ခြင်းနဲ့ မိမိနေထိုင်ရာပါတ်ဝန်းကျက်မှာ ရေရှိတဲ့နေရာတွေမှာ ခြင်တွေပေါက်ဖွားနေတာတွေကို ရှင်းပါ၊ခြင်ဟာ အမှောင်ကြိုက်လို အိမ်ကို အလင်းရောင် ရရှိအောင် လုပ်ဆောင်ထားရပါလိမ့်မယ်၊ ခလေးလူကြီး အားလုံးခြင်ထောင်နဲ့ အိပ်တာဟာအကောင်ဆုံးကာကွယ်နည်းဖြစ်
ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ဟံကြည်မေ
Social Action for Women - SAW
Phyu San ဖေ့ဘွတ်မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။