ခွေးနိုင်ငံရေး
စက်တင်ဘာ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိုဘားမားနဲ့တွေ့တယ်။
အိမ်ဖြူတော်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကက်ဘိနက်အခန်းထဲမှာ သမ္မတ အိုဘာမားရဲ့ အချစ်တော် ခွေးကြီးနှစ်ကောင်ဖြစ်တဲ့ ဘိုနဲ့ဆန်နီတို့ကို သွားကြည့်ပါတယ်။
သမ္မတကလည်း သူ့ခွေးကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် ချစ်တယ်ဆိုတာ သဘောကျသွားပုံရပါတယ်။ တလေးတစား မိတ်ဆက်ပေးတယ်။ ခေါင်းဆောင်တွေကြားမှာ ဒါလည်း နိုင်ငံရေးတစ်ခုလို့ မှတ်သားဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ေ တာ့ အလွန်အဆင်ပြေတဲ့ သံခင်းတမန်ခင်းလို့လည်း ပြောနိုင်ပါတယ်။
အိုဘားမားရဲ့ ခွေးနှစ်ကောင်ဖြစ်တဲ့ ဘိုနဲ့ ဆန်နီတို့ဟာ ပေါ်တူဂီခွေးမျိုးတွေ။ သူတို့ဆီမှာလည်း ခွေးနှစ်ကောင်နဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့သူတွေ အများကြီးပဲ။ ခွေးနှစ်ကောင်နဲ့ ဓာတ်ပုံတွဲရိုက်ပါရစေလို့ နေ့စဉ်တောင်း ဆိုနေတဲ့ ပြည်သူတွေရဲ့ထံက စာတွေ အများကြီးပဲ။
ကျွန်တော်တို့နိုင်ငံမှာ အငြိမ်းစားယူသွားတဲ့ သမ္မတကြီး ဦးသိန်းစိန်ကလည်း နွားမျိုးကောင်းကြီးတစ်ကောင် မွေးထားတယ်ကြားတယ်။ ဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုတဲ့သူတွေ ရှိကြသလားမသိဘူး။
သမ္မတခွေးနှစ်ကောင်ကို နှစ်စဉ် Easter Egg Roll နေ့ဆိုရင် ပရိသတ်ရှေ့ပွဲထုတ်ပြတယ်။ ခွေးနှစ်ကောင်ကို သမ္မတကတော်က ဆေးရုံတက်နေတဲ့ ကလေးတွေကို အားပေးဖို့အတူခေါ်သွားရင်လည်း ကလေးတွေ အရမ်းကို သဘောကျကြတယ်။
ဒါကိုတာမြောက်ပိုင်းက လူတစ်ယောက်ဆိုရင် သမ္မတခွေးနှစ်ကောင်အနက် တစ်ကောင်ကို ပြန်ပေးဆွဲဖို့ကြိုးစား လို့ အဖမ်းခံလိုက်ရတယ်။
“ဒီနှစ်ကောင်က ကျွန်တော့်ပေါင်ပေါ်လာထိုင်တ ယ်။
သူတို့ကို ပွေ့ဖက်ထားရင် သိပ်သဘောကျတာ။ သူတို့နဲ့ ကြမ်းပြင်ပေါ်
အတူလှဲချပြီး သူတို့မျက်နှာတွေကို နမ်းရတာပျော်စရာပဲ။ နေ့တိုင်း သူတို့နဲ့
အချိန်ပေးပြီး ပြေးတယ်။ သူတို့ သိပ်ပြီးတော့ ချစ်စရာကောင်းပါတယ်။ ရင်ခွင်ထဲ
သူတို့ကို ထည့်ထားပြီး နှိပ်ပေးနေမိတယ်” လို့လည်း အိုဘားမားက
ဂုဏ်ယူပြီးပြောတယ်။
အမေရိကန်သမ္မတလောကမှာ ခွေးချစ်တာခေတ်စားလို့ သမ္မတတွေ အပြိုင်ခွေးမွေးတာလည်း သတိထားမိ တယ်။ သမ္မတဟောင်း ထရူးမင်းဆိုရင် “အိမ်ဖြူတော်မှာ မိတ်ပေါချင်ရင် ခွေးသာခေါ်သွား” လို့တောင် ပြောခဲ့ ဖူးပါတယ်။ သမ္မတဘုရှ်၊ ဘီလ် ကလင်တန်၊ ဂျွန်ဆင်တို့လည်း ခွေးတွေကို အိမ်ဖြူတော်မှာ ခေါ်ထားဖူးတယ်။
အမေရိကန်သမ္မတတွေ ခွေးမွေးတာ နိုင်ငံရေးနဲ့ နည်းနည်း ဆက်စပ်နေပါတယ်။ ခွေးချစ်တဲ့ သမ္မတကြီးဆိုတာ ကို ပြည်သူတွေကလည်း ချစ်ပုံရပါတယ်။ တစ်နည်းပြောရရင် ပင်ကိုယ်စိတ်ရင်းနဲ့ပဲချစ်ချစ်၊ နိုင်ငံရေးကြောင့်ပဲ ချစ်ချစ် ခွေးချစ်တာ အပြစ်မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်သွားပြီး ခွေးလေးတွေကို သွားယုယ အသိအမှတ်ပြုတာကို ဘာပြောရင် ကောင်းမလဲလို့ ချောင်းနေ တဲ့ကောင်တွေဆီက အသံတွေကြားလာရဦးမယ်ထင်တယ်။
သူတို့က အမေရိကန် သွားပြီး ခွေးနဲ့ နှုတ်ဆက်တာကို အပြစ်မြင်မှာပေါ့။ သူတို့
အဘတွေခေတ်က ခွေးဆိုတာ အဝေးကြီးသွားပြီး အထူးမွေးကာ နှုတ်ဆက်စရာမှ မလိုတာ။
(ဓာတ်ပုံ - The White House)
၁၅.၉.၂၀၁၆
စက်တင်ဘာ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိုဘားမားနဲ့တွေ့တယ်။
အိမ်ဖြူတော်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကက်ဘိနက်အခန်းထဲမှာ သမ္မတ အိုဘာမားရဲ့ အချစ်တော် ခွေးကြီးနှစ်ကောင်ဖြစ်တဲ့ ဘိုနဲ့ဆန်နီတို့ကို သွားကြည့်ပါတယ်။
သမ္မတကလည်း သူ့ခွေးကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် ချစ်တယ်ဆိုတာ သဘောကျသွားပုံရပါတယ်။ တလေးတစား မိတ်ဆက်ပေးတယ်။ ခေါင်းဆောင်တွေကြားမှာ ဒါလည်း နိုင်ငံရေးတစ်ခုလို့ မှတ်သားဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ေ
အိုဘားမားရဲ့ ခွေးနှစ်ကောင်ဖြစ်တဲ့ ဘိုနဲ့ ဆန်နီတို့ဟာ ပေါ်တူဂီခွေးမျိုးတွေ။ သူတို့ဆီမှာလည်း ခွေးနှစ်ကောင်နဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့သူတေ
ကျွန်တော်တို့နိုင်ငံမှာ အငြိမ်းစားယူသွားတဲ့ သမ္မတကြီး ဦးသိန်းစိန်ကလည်း နွားမျိုးကောင်းကြီးတစ်ကောင
သမ္မတခွေးနှစ်ကောင်ကို နှစ်စဉ် Easter Egg Roll နေ့ဆိုရင် ပရိသတ်ရှေ့ပွဲထုတ်ပြတယ်။ ခွေးနှစ်ကောင်ကို သမ္မတကတော်က ဆေးရုံတက်နေတဲ့ ကလေးတွေကို အားပေးဖို့အတူခေါ်သွားရင်လည်
ဒါကိုတာမြောက်ပိုင်းက လူတစ်ယောက်ဆိုရင် သမ္မတခွေးနှစ်ကောင်အနက် တစ်ကောင်ကို ပြန်ပေးဆွဲဖို့ကြိုးစား လို့ အဖမ်းခံလိုက်ရတယ်။
“ဒီနှစ်ကောင်က ကျွန်တော့်ပေါင်ပေါ်လာထိုင်တ
အမေရိကန်သမ္မတလောကမှာ ခွေးချစ်တာခေတ်စားလို့ သမ္မတတွေ အပြိုင်ခွေးမွေးတာလည်း သတိထားမိ တယ်။ သမ္မတဟောင်း ထရူးမင်းဆိုရင် “အိမ်ဖြူတော်မှာ မိတ်ပေါချင်ရင် ခွေးသာခေါ်သွား” လို့တောင် ပြောခဲ့ ဖူးပါတယ်။ သမ္မတဘုရှ်၊ ဘီလ် ကလင်တန်၊ ဂျွန်ဆင်တို့လည်း ခွေးတွေကို အိမ်ဖြူတော်မှာ ခေါ်ထားဖူးတယ်။
အမေရိကန်သမ္မတတွေ ခွေးမွေးတာ နိုင်ငံရေးနဲ့ နည်းနည်း ဆက်စပ်နေပါတယ်။ ခွေးချစ်တဲ့ သမ္မတကြီးဆိုတာ ကို ပြည်သူတွေကလည်း ချစ်ပုံရပါတယ်။ တစ်နည်းပြောရရင် ပင်ကိုယ်စိတ်ရင်းနဲ့ပဲချစ်ခ
ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်သွားပြီး ခွေးလေးတွေကို သွားယုယ အသိအမှတ်ပြုတာကို ဘာပြောရင် ကောင်းမလဲလို့ ချောင်းနေ တဲ့ကောင်တွေဆီက အသံတွေကြားလာရဦးမယ်ထင်တယ်။
(ဓာတ်ပုံ - The White House)
၁၅.၉.၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။