Myanmar Update News Agency - မြန်မာ့သတင်းထူးသတင်းဦးများ added 6 new photos.
ဖုတ် ကို မှုတ်ဖူးသလား
*****************
ဒီတစ်ခါလည်း ဗဟုသုတရရှိစေမည့် အကြောင်းအရာ လေးတစ်ခုကို ပြန်လည်မျှဝေပေးပါ့မယ်။ ဒါကတော့ တကယ်လူသိနည်းတဲ့ ရှားပါးဗဟုသုတပါ ခင်ဗျာ...
အရင်ဆုံး မိတ်ဆွေတို့ကိုမေးကြည့်ပါရစေ...
"မှုတ်ဖူးလား?"
ကလေးဘ၀ကဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း ဒီအကောင်လေးတွေကို ဆံပင်နဲ့ချည်ပြီး ဆော့ကစားခဲ့ဖူးပါတယ်..၀န်ခံပါရစေ..မှုတ်ခဲ့ဖူးပါတယ်...☺
ဒီအကောင်ရဲ့အမည်က"Antlion (or)Sand Dragon "ပုရွက်ခြင်္သေ့(သို့)သဲနဂါးကောင် ဖြစ်ပါတယ်။ ကျွန်တော် တို့ခေါ်ဆိုတာတော့ "ဖုတ်ကောင်(သို့)ဘုတ်ကောင်ဖြစ်ပါတယ်။
ဒီအကောင်တွေကို သာမာန်ကြည့်ခြင်းအားဖြင့် တိရိစ္ဆာန်တစ်ကောင်လို့ ကိုယ်တွေထင်ထားပေမဲ့ တကယ်တမ်းတော့ လူတွေထက် ဥာဏ်များကြပါတယ်။ မတ်သောက် နက်နဲသော ကျင်းများဖွဲ့၍နေတတ်ပြီး သူ့ရဲ့ကျင်းထဲသို့ပြုတ်ကျလာသည့်~ ချော်ကျလာသည့် အကောင်မှန်သမျှ ဖမ်းယူစားသုံးပါတယ်။
"Myrmeleon Formicarius"လို့ခေါ်တဲ့ "ပုစင်း(သို့)ပုဇင်း"ဟာ ဒီအကောင်ကနေတဆင့် ပြောင်းလဲ သွားခြင်းဖြစ်ပါတယ်။ အရမ်း အံသြဖို့လည်း ကောင်းပါတယ်။
တိရိစ္ဆာန် သတ္တ၀ါတိုင်းဟာ သူတို့ဆီမှာ အကောင် အမျိုးအစားလိုက် ကိုယ်ပိုင်စွမ်းအား စွမ်းရည်တွေ ရှိကြပါတယ်။
ဘယ် တိရိစ္ဆာန် သတ္တ၀ါမှ အထင်သေးလျှော့တွက်လို့မရပါ ခင်ဗျာ..
#ဗဟုသုအဖြစ်Shareပေးလိုက်ပါ...copyဖြင့်လည်းကူးယူဖော်ပြခွင့်ပြူပါတယ်...
Credit - Win Min Phyo (ဘ၀ခါးခါး✏)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။