Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 8, 2016

အဓမ္မကျင့်ဘို့ သုံးကြတဲ့ ဆေးတွေ

 
 
အဓမ္မကျင့်ဘို့ သုံးကြတဲ့ ဆေးတွေ
----

ဒီဆေးမျိုးတွေကို ပေးပြီး လုပ်ချင်ရာ လုပ်လို့ရတာမို့ Rape drugs ခေါ်တယ်။ Rufies လို့လဲ အရပ်စကားနဲ့ ခေါ်တယ်။ စားစရာ နဲ့ သောက်စရာထဲ မသိအောင် ထည့်ပေးတယ်။ Disoriented ဘယ်ရောက်လို့ ရောက်နေမှန်း မသိတော့ဘူး။ Unconscious သတိ လက်လွတ် ဖြစ်မယ်။ အဓမ္မကျင့်လို့အထိ ရတယ်။
Date drug လို့လဲ ခေါ်ကြသေးတယ်။ ဘာလို့လဲဆိုတော့ သူများနိုင်ငံတွေမှာ ယောက်ျားနဲ့ မိန်းမ သမီးရည်းစား မဟုတ်ဘဲလဲ သဘောတူ ရက်ချိန်းပေးပြီး တွေ့ကြတဲ့ဓလေ့ရှိတယ်။ ဖို-မ ဆက်ဆံမှုကို သဘောမတူရင် ဆေးသုံးပြီး အဓမ္မကျင့်ဘို့ ဒီဆေးမျိုးတွေ သုံးနိုင်လို့ပါ။ Date drug, Date rape drug လို့ ခေါ်တာ တယ်တော့ မှန်မယ် မထင်ပါ။ (ဒိတ်) လုပ်ပါတယ် ဆိုကတည်းက အဆုံးတိုင် စခန်းသွားမယ် ဆိုတာ မသိ မရှိနိုင်ပါ။ ဒီလိုဆေးမျိုး သုံးရတယ်ဆိုတာ (ဒိတ်) အဆင့် မရောက်သူတွေကိုသာ လုပ်ဘို့လိုမှာ ဖြစ်ပါတယ်။ Clubs (ကလပ်) တို့ Pubs (ပတ်ပ်) မှာ ထိုင်ရင်း လူချင်း မရင်းနှီးသူကို တမင်တကာ ကိုယ်လုပ်ချင်ရာလုပ်ဘို့သာ ဆေးလိုပါလိမ့်မယ်။
Types of drugs ဆေးအမျိုးအစားတွေမှာ အများဆုံးသုံးကြတာ (၄) မျိုး ရှိတယ်။
1. Alcohol အရက်၊
2. Gamma-hydroxybutyrate (GHB)
3. Benzodiazepines (Flunitrazepam, Rohypnol, Roofies) နဲ့
4. Ketamine (ကက်တမင်း) တွေ ဖြစ်ကြတယ်။

Alcohol အရက်
အများဆုံး သုံးတယ်။ ဝယ်လို့လဲ လွယ်သလား မမေးနဲ့။ တိုက်ရင် ငြင်းမဲ့သူလဲ ရှားတယ်။ အရက်တန်ခိုးကြောင့် မူးနေတဲ့ မိန်းကလေးက မငြင်းဆန်ဘူးဆိုပေမဲ့ တရားဥပဒေအရ သဘောတူချက်ဟာ အရက်စွမ်းအောက်မှာ ရယူတာလို့ ငြင်းနိုင်တယ်။

Gamma-hydroxybutyrate (GHB)
GHB/GBL/1,4 BDO လို့လဲ ခေါ်တယ်။ အရက်သတ္ကိနဲ့ ဆင်တယ်။ ဆေးမိသူက ဆေးမှန်းမသိဘူး။ ရေထဲ ဖျော်လိုက်ရင် ဆေးပါမှန်း မသိဘူး။ အရောင်၊ အနံ့ မသိနိုင်ဘူး။ နဲနဲတော့ ငန်တယ်။ ဆေးကို များများပေးရတယ်။ 1.8 - 2.7 grams လောက်ဆို စိတ်ပြေ လက်ပျောက်လောက်ဘဲ ဖြစ်မယ်။
GHB ဆေးကို Bedtime Scoop, Cherry Meth, Easy Lay, Energy Drink, G, Gamma 10, Georgia Home Boy, G-Juice, Gook, Goop, Great Hormones, Grievous Bodily Harm (GBH), Liquid E, Liquid Ecstasy, Liquid X, PM, Salt Water, Soap, Somatomax နဲ့ Vita-G နာမည်တွေနဲ့ ရောင်းတယ်။
GHB ဆေးကို Liquid အရည်၊ Powder အမှုံ့၊ Pill ဆေးလုံးအဖြစ် လာတယ်။ ၁၅ မိနစ်ဆို အစွမ်းပြတယ်။ ၃-၄ နာရီကြာခံတယ်။ ဆေးစွမ်းပြင်းတယ်။
• Relaxation အားလုံးပြော့ခွေလာမယ်၊
• Drowsiness အိပ်ချင်မယ်၊
• Dizziness မူးဝေမယ်၊
• Nausea ပျို့မယ်၊
• Problems seeing မျက်စိ ကောင်းကောင်း မမြင်တော့ဘူး၊
• Loss of consciousness (black out) သတိလက်လွတ်ဖြစ်မယ်၊
• Seizures တက်နိုင်တယ်၊
• Can't remember what happened while drugged ဘာဖြစ်လို့ ဖြစ်ခဲ့တယ်ဆိုတာ မသိစေဘူး။
• Problems breathing အသက်ရှူရတာ ခက်မယ်၊
• Tremors လက်တုံနေမယ်၊
• Sweating ခွေးထွက်မယ်၊
• Vomiting အန်မယ်၊
• Slow heart rate နှလုံးခုန်တာနှေးမယ်၊
• Dream-like feeling အိပ်မက်မက်နေသလိုဖြစ်မယ်၊
• Coma သတိလစ်မယ်၊
• Death သေနိုင်တယ်။
Benzodiazepines
စိုးရိမ်စိတ်ကဲသူတွေ၊ ထိန်းမရအောင် စိတ်ထနေသူတွေ၊ လုံးဝအိပ်မရသူတွေကို ပေးတဲ့ဆေးမျိုး ဖြစ်တယ်။ Flunitrazepam (Rohypnol) ဆေးဟာ အဲဒီအမျိုးအစားဖြစ်တယ်။ Benzodiazepines midazolam နဲ့ Temazepam ဆေးတွေသုံးပြီး မတရား ပြုကျင့်ကြတာ များတယ်။
အစားထိုး ဝင်လာတဲ့ဆေးတွေက Clonazepam (Klonopin, Rivotril) နဲ့ Alprazolam (Xanax) တွေ ဖြစ်တယ်။ နာမည်အမျိုးမျိုး ရှိတယ်။ Circles, Forget Pill, LA Rochas, Lunch Money, Mexican Valium, Mind Erasers, Poor Man's Quaalude, R-2, Rib, Roach, Roach-2, Roches, Roofies, Roopies, Rope, Rophies, Ruffies, Trip-and-Fall, Whiteys တွေ ဖြစ်တယ်။
Rohypnol ဆေးက ဆေးလုံးဖြစ်တယ်။ မိနစ် ၃ဝ ဆိုရင် သတ္ကိပြပြီး နာရီအများကြီးထိ သက်ရောက်နိုင်တယ်။ အရက်မူးနေသူလို ဖြစ်လာမယ်၊ မတ်တတ် ကောင်းကောင်း မရပ်နိုင်တော့ဘူး၊ စကားပြောတာ လေးလာမယ်။ ပြော့ခွေကျသွားမယ်။ ပျို့-အန်ချင်မယ်။ ခြေတွေလက်တွေ လှုတ်ရတာ သိပ်အားနည်းလာမယ်။ အိပ်ချင်မယ်။ သွေးဖိအားကျမယ်။ ဗိုက်အောင့်မယ်။ ဘာဖြစ်လို့ ဖြစ်ခဲ့တယ် ဆိုတာ မသိစေဘူး။ အသက်ရှူတာထိခိုက်မယ်၊ သတိလုံးဝလစ်သွားမယ်။ အရက်နဲ့ရောမယ်၊ ဆေးလဲ များမယ် ဆိုရင် သေဆုံးနိုင်တယ်။အမှုဖြစ်ရင် ဆီးအရင်စစ်ဆေးရတယ်။ တခါတလေ သွေးပါစစ်မယ်။ အဖြေထုတ်တာမှာ အမှားပါတတ်တယ်။
Ketamine ဆေးကို Black Hole, Bump, Cat Valium, Green, Jet, K, K-Hole, Kit Kat, Psychedelic Heroin, Purple, Special K နဲ့ Super Acid လို့ ခေါ်ကြသေးတယ်။ အမှန်က ဆေးရုံ-ဆေးခန်းတွေမှာ မေ့ဆေး ထိုးဆေးအဖြစ် သုံးရတဲ့ဆေး ဖြစ်ပါတယ်။
Ketamine ဆေးက အရည်နဲ့ အမှုံ့လာတယ်။ သက်ရောက်တာ သိပ်မြန်တယ်။ လှုတ်ရှားလို့ မရတော့ဘူး၊ ဘာဖြစ်လို့ ဖြစ်ခဲ့တယ်ဆိုတာ မသိစေဘူး။
• Distorted perceptions of sight and sound အသံတွေ မြင်တာတွေကို ခွဲခြားမရဘူး၊
• Lost sense of time and identity အချိန်လဲ မသိတော့ဘူး၊ ဘယ်သူဘယ်ဝါလဲ မခွဲတတ်တော့ဘူး၊
• Out of body experiences ကိုယ်ထဲက အပြင်ရောက်နေသလိုဖြစ်မယ်၊
• Dream-like feeling အိပ်မက်မက်နေသလိုဖြစ်မယ်၊
• Feeling out of control ဘာမှအထိန်းမရှိတော့ဘူး၊
• Impaired motor function လှုတ်ရှားမှုတွေ အားနည်းမယ်၊
• Problems breathing အသက်ရှူရခက်မယ်၊
• Convulsions တက်နိုင်တယ်၊
• Vomiting အန်မယ်၊
• Memory problems မှတ်ဥာဏ်မေ့မယ်၊
• Numbness ထုံနေမယ်၊
• Loss of coordination ထိန်းညှိနိုင်စွမ်းမဲ့မယ်၊
• Aggressive or violent behavior ကြမ်းတမ်းစိတ် ဝင်မယ်၊
• Depression စိတ်ကျမယ်၊
• High blood pressure သွေးဖိအား တက်မယ်၊
• Slurred speech စကား ကောင်းကောင်း ပြောမရဘူး။

ဒေါက်တာတင့်ဆွေ (၂၅-၁ဝ-၂ဝ၁၁)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။