မူဝါဒ ၁၂ ရပ်နှင့် ၅၁ သန်း၏မျှော်လင့်ချက်
************************** *********************
အစိုးရက သက်တမ်း လေးလကြာ ဇူလိုင် ၂၉ ရက်တွင် အများမျှော်လင့်နေသည့် စီးပွားရေးမူဝါဒကို ထုတ်ပြန်လိုက်သည်။ ဆယ်စုနှစ်များစွာ အာဏရှင်စနစ်အောက်တွင် စီးပွားရေးချွတ်ခြုံကျခဲ့သည့် ဤနိုင်ငံအတွက် ပထမဆုံးအရပ်သားစစ်စစ်အစိုးရ တစ်ရပ်၏ စီးပွားရေးပြုပြင်ပြောင်းလဲ မှုနိဒါန်းက စိတ်ဝင်စားစရာကောင်းသည်။
.
ထုတ်ပြန်ချက်တွင် အချက် ၁၂ ချက်ပါဝင်သည်။ ပွင့်လင်းမြင်သာပြီး အင်အားတောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေးစနစ်ပေါ်ပေါက်ဖို့၊ နိုင်ငံပိုင်စီးပွားရေးလုပ် ငန်းများ(SOEs) ကို ပြုပြင်ပြောင်းလဲဖို့၊ အသေးစားနှင့်အလတ်အားလုပ်ငန်းများ(SMEs)ကို ပံ့ပိုးဖို့၊ လူ့အရင်းအမြစ်များမွေးထုတ်ေ ပးဖို့၊ အခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ဖို့၊ eGovernment စနစ်ပေါ်ပေါက်ဖို့ စသည်ဖြင့် နံပါတ် ၁ မှ ၄ အထိဖော်ပြထားသည်။ အလုပ်အကိုင်အခွင့်အလမ်းဖန် တီးပေးဖို့၊ ဘက်စုံညီမျှသည့်စီးပွားရေးစ နစ်
ကိုဖော်ဆောင်ဖို့၊ ပုဂ်ဂလိကကဏ္ဍမြှုင့်တင်ဖို့၊ ငွေကြေးတည်ငြိမ်မှုရှိဖို့
စသည်ဖြင့် နံပါတ် ၅ မှ ၈ အထိဖော်ပြထားသည်။ နံပါတ် ၉ မှ ၁၂ တွင်မူ
သဘာဝတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းဖို့၊
အကျိုးသက်ရောက်မှုရှိပြီး မျှတသည့်အခွန်စနစ်ကို ထူထောင်ဖို့၊
အသိဥာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြဌာန်းဖို့ စသည်ဖြင့် ဖော်ပြပါရှိသည်။
.
အချက် ၁၂ ချက်က မြန်မာပြည်အတွက်လိုအပ်နေသော စီးပွားရေးပြုပြင်ပြောင်းလဲ မှုအတွက်
ခြုံငုံမိသည့်တိုင် ယေဘုယျဆန်လွန်းသည်။ အားမနာတမ်းပြောရလျှင် လွန်ခဲ့သည့်
တစ်လလောက်ကတည်းက ထွက်မည်ဟုပြောခဲ့သည့် မူဝါဒကို ဖုတ်ပူမီးတိုက်ထုတ်ပြန်လို က်သလိုဖြစ်နေသည်။ ထုတ်ပြန်ချက်တွင် တိတိကျကျအသေးစိတ်ဖော်ပြထာြး ခင်းမရှိ။
ရွေးကောက်ပွဲမတိုင်မီက ထုတ်ပြန်ခဲ့သည့် ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ
စီးပွားရေးကဏ္ဍဆိုင်ရာ အချက်အလက်များကပင် ပိုမိုအသေးစိတ်ကျသေးသည်။
ဝေဖန်သူတော်တော်များများကလည်း
ဤအချက်ကို ထောက်ပြကြသည်။ နယူးယောက်အခြေစိုက် Wall Street ဂျာနယ်ကြီးကတော့
“မြန်မာအစိုးရက တိကျသေချာမှုမပါရှိသည့် စီးပွားရေးမူဝါဒပန်းတိုင်များကို ထုတ်ပြန်” ဟု သတင်းခေါင်းစဉ်တပ်ကာ ရေးသားဖော်ပြလိုက်သည်။
.
ဦးစားပေးမောင်းနှင်မည့် စီးပွားရေးမော်ဒယ်က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုကဏ္ဍတို့ကို ချိန်ခွင်လျှာညီမျှသည့် ပုံစံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ချက်ပါ နံပါတ် ၆ အရသိရသည်။ ဤအချက်က နိုင်ငံစီးပွားရေးကို
အဓိကကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးကိုအခြေပြုကာ ပြုပြင်ပြောင်းလဲသင့်သည်၊
အကျိုးအမြတ်ပိုများသည့် စက်မှုကဏ္ဍကိုအခြေတည်သင့်သည်၊ မြန်ဆန်သည့် အိုင်တီကို
အခြေတည်သင့်သည် စသည့် သဘောထားအမြင်များကို ကြားညှိလိုက်သလိုဖြစ်သွားသည်။
.
မည်သို့ဆိုစေ လက်ရှိမြန်မာပြည်၏ အခြေအနေက ကဏ္ဍပေါင်းစုံအတွက် အလားအလာကောင်းများရှိနေပါသည်။ အထူးသဖြင့် အရှေ့တောင်အာရှတွင် လယ်ယာမြေပိုင်ဆိုင်မှုအများ ဆုံးနိုင်ငံစာရင်းတွင်ပါဝင် သည့်နိုင်ငံ၊ တစ်ချိန်က အရှေ့တောင်အာရှ၏ ဆန်တင်ပို့်မှုအများဆုံးနိုင်ငံဖြစ်သည့် မြန်မာတွင် လယ်ယာစိုက်ပျိုးရေးမှ အကျိုးစီးပွားများစွာ ဖော်ထုတ်နိုင်ဖို့ရှိပါသည်။ စက်မှုကဏ္ဍဆိုလျှင်လည်း လုပ်ခလစာသက်သာသည့် လုပ်သားအင်အား၊ မဟာဗျူဟာကျသည့် အထူးစီးပွာရေးဇုန်(SEZ)များ
လို အရင်းအမြစ်များကြောင့် အလားအလာကောင်းများ ပိုင်ဆိုင်ထားပါသည်။
သို့သော် ယင်းကဏ္ဍနှစ်ခုလုံးတွင် စိန်ခေါ်မှုများကလည်း ဒုနှင့်ဒေးရှိနေသည်။
စိုက်ပျိုးရေးတွင် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်တို့အပြင်
ယခုနောက်ပိုင်း ရာသီဥတုဖောက်ပြန်မှုကပါ စိန်ခေါ်မှုအဖြစ်
ကြီးကြီးမားမားရှိနေသည်။ စိန်ခေါ်မှုနှင့် စွန့်စားမှုများကြောင့်ပင်
လယ်ယာကဏ္ဍသည် ယခုထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနည်းဆုံးဝင်ရောက်သည့် ကဏ္ဍဖြစ်နေသည်။
.
စက်မှုကဏ္ဍဆိုလျှင်လည်း ဖွံ့ဖြိုးတိုးတက်ဖို့ အတော့်ကိုကြိုးစားရဦးမည့်အ ခြေအနေဖြစ်သည်။ ဤကဏ္ဍအတွက် အရေးတကြီးလိုအပ်သည့် လျှပ်စစ်လို အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုအားနည်းချက်များက
အဓိကအဟန့်အတားဖြစ်နေသည်။ အစိုးရက လျှပ်စစ်ရရှိဖို့အတွက် အဖြေရှာနေသော်ငြား
လျှပ်စစ်စီမံကိန်းများ၊ အထူးသဖြင့် ကျောက်မီးသွေးနှင့်
ရေအားလျှပ်စစ်စီမံကိန်းများ မှာ
အချို့က ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသလို အချို့လည်း အဖြေရှာဖို့အတွက်
ရပ်တန့်ထားရသည်။ အခြားတစ်ဖက်တွင်လည်း အထူးစီးပွားရေးဇုန်များ အမှန်တကယ်
အကောင်အထည်ပေါ်လာဖို့က ကာလအတော်ကြာဦးမည်ဖြစ်သည်။ ပထမဦးဆုံး
အကောင်အထည်ဖော်သည့် သီလ၀ါအထူးစီးပွားရေးဇုန်တစ် ခုသာ စက်ရုံအချို့စတင်လည်ပတ်နေသေးသည်။ လွန်ခဲ့သည့် သုံးလေးနှစ်လောက်ကတည်းက စတင်ကြိုးပမ်းခဲ့သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ဆက်လက်အကောင်အထည်ဖော်မှုမရှိ သေးသလို ထားဝယ်အထူးစီးပွားရေးဇုန်၏အ လားအလာကလည်း ရေရာသေချာမှုမရှိသေးပေ။
.
အစိုးရသစ်အနေဖြင့် အလုပ်အကိုင်ဖန်တီးရေးကို စီးပွားရေးမူဝါဒ၏ အခြေခံဖြစ်ရမည်ဟု ဆုံးဖြတ်ထားသည်မှာ လက်ရှိမြန်မာနိုင်ငံ၏လိုအပ် ချက်နှင့် ကိုက်ညီသည်ဆိုသော်လည်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်ဖို့ဆိုသည်မှာလည်း စီးပွားရေးကဏ္ဍ အသီးသီး တိုးတက်နေဖို့၊ အလုပ်ဖြစ်နေဖို့လိုသည်။
.
ဆိုခဲ့သလို မြန်မာပြည်၏ စီးပွားရေးအခြေအနေက အခွင့်အလမ်းများသလို စိန်ခေါ်မှုလည်းများသည်။ အင်အားချည့်နဲ့နေသည့် ဤယန္တရားကို အစိုးရသစ် ဘယ်လိုမောင်းနှင်မလဲဆိုသည်က စိတ်ဝင်စားစရာကောင်းသည်။ တစ်ဆက်တည်းတွင် အစိုးရသစ်အနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲ မှုကို ဘယ်လောက်ထိ အာရုံစိုက်မလဲဆိုသည်ကလည်း စဉ်းစားစရာဖြစ်နေသည်။
.
ပြည်ထောင်စုတစ်ဝန်းလုံး၌ တတ်နိုင်သမျှ ညီတူညီမျှဖွံ့ဖြိုးမှုရရှိရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးကို အခြေခံသည့် စီးပွား ရေးမူဝါဒကို အကောင်အထည်ဖော်သွားမည်ဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ
ရှင်းလင်းပြောကြားခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ အစိုးရသစ်၏
ပထမဆုံးငါးလတာသက်တမ်းကို ပြန်ကြည့်လျှင်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုက နံပါတ် ၁ ဦးစားပေးဖြစ်သည်မှာ ထင်ရှားသည်။ ငြိမ်းချမ်းရေးဆိုင်ရာကြိုး ပမ်းမှုအဖြစ် ၂၁ ရာစုပင်လုံညီလာခံကို ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့ သည်အထိ တစိုက်မတ်မတ်လုပ်နေပြီး ရခိုင်အရေးဆိုလျှင်လည်း ထဲထဲဝင်ဝင်စတင်ဆောင်ရွက်နြေ ပီဖြစ်သည်။
.
လက်ရှိမြန်မာနိုင်ငံ၏အခြေအ နေအရ ငြိမ်းချမ်းရေးအပါအ၀င် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုများ
အရေးတကြီးဆောင်ရွက်ရမည်မှာ သံသယဖြစ်စရာမလို။ သို့သော် နိုင်ငံရေးနှင့်
စီးပွားရေးတို့ကြား အညမညသဘောတရားကလည်း မေ့ထား၍မရသော အချက်ဖြစ်သည်။
နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို အကောင်အထည်ဖော်နိုင်မည်ဖြစ် သလို စီးပွားရေးဖွံ့ဖြိုးတိုးတက် မှလည်း
နိုင်ငံရေးတည်ငြိမ်မှုကို ရရှိပါလိမ့်မည်။ ရွေးချယ်တင်မြှောက်ထားသည့်
အစိုးရအပေါ် ၅၁ သန်း၏ မျှော်လင့်ချက်က ကြီးမားသည်။ ယင်းမျှော်လင့်ချက်ထဲတွင်
လူမှုစီးပွားတိုးတက်ပြောင်းလဲရေးသည်လည်း ထိပ်ဆုံးကပါသည်။ ဤနေရာတွင် စီးပွားရေးသုတေသီ တစ်ဦးပြောတာကို ကိုးကားချင်သည်။
.
“ငြိမ်းချမ်းရေးကို ဆက်ပြီးထိန်းနိုင်အဖို့တွက် ဖွံ့ဖြိုးရေးနဲ့ပဲထိန်းမှရမ ယ်။
နိုင်ငံရေး အဖြေရှာတာလည်း ကောင်းပါတယ်။ ဒါကတော့ ကျွန်တော်ဘာမှသံသယမရှိဘူး။
သို့သော်လည်းပဲ အဲဒီနေရာတွေမှာ ဖွံ့ဖြိုးရေးကိုလုပ်တာနောက် ကျရင် ငြိမ်းချမ်းရေးကို ပြန်ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုလေးတော့ရှိတယ်”။
.
အစိုးရသစ်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးကို တစ်ခုပြီးမှ တစ်ခုလုပ်ခြင်းထက် နှစ်ခုစလုံးကို တစ်ပြိုင်တည်းလုပ်မှသာ ဟန်ချက်ညီမည်ဟု ကျွမ်းကျင်သူတော်တော်များများက
တိုက်တွန်းကြပါသည်။ ထို့အတွက် အစိုးရအဖွဲ့အတွင်း တာဝန်ခွဲဝေမှုလို
စီမံခန့်ခွဲမှုမှန်ကန်ရေးက အရေးကြီးလာသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ် ဂိုလ်က နိုင်ငံရေးကို ထဲထဲဝင်ဝင်ဦးဆောင်တာဝန်ယူေ နချိန်တွင် စီးပွားရေးနှင့်ပက်သက်သည့် ပြည်ထောင်စုဝန်ကြီးများ နှင့် အခြားတာဝန်ယူထားသူများ၊ ဌာနများ တက်ကြွမှသာ ခရီးတွင်ပါလိမ့်မည်။
.
လက်ရှိအခြေအနေအရ စီးပွားရေးမူဝါဒထုတ်ပြန်မှုေ နာက်ဆက်တွဲအဖြစ် သက်ဆိုင်ရာကဏ္ဍအလိုက် မဟာဗျူဟာ၊ နည်းဗျူဟာ မူဝါဒသေးစိတ်ကို ဆက်လက်ရေးဆွဲထုတ်ပြန်ဖို့လိုအပ်နေသေးသလို ထုတ်ပြန်ပြီးလျှင်လည်း လက်တွေ့ကျကျ ပီပီပြင်ပြင်အကောင်အထည်ဖော် ဖို့လိုသည်။ စီးပွားရေးသုတေသီ လည်းဖြစ်၊ သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေးလည်းဖြစ်ခဲ့သည့် ဒေါက်တာဇော်ဦးကတော့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာ နည်းဗျူဟာ၊ အစိုးရဟောင်း၏ သင်ခန်းစာနှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။
.
“လက်တွေ့ပါတဲ့ မူဝါဒ၊ မဟာဗျူဟာ၊ နည်းဗျူဟာနဲ့ လုပ်ငန်းစဉ်ဖော်တဲ့အခါကျရင် တော့
Sequencing ဆိုတဲ့ ဘယ်ဟာပြီးရင် ဘာလုပ်မလဲဆိုတဲ့ဟာကတော့ အရေးကြီးတယ်။
အရင်က တချို့ဟာတွေက Sequencing မမှန်ခဲ့လို့ လယ်ယာစိုက်ပျိုးရေးမှာလည်း ကျွန်တော်တို့အားနည်းခဲ့တာေ တွ ရှိတယ်။ ငွေရေးကြေးရေးကိစ္စတွေမှာလည်း
အားနည်းခဲ့တာတွေရှိတယ်။ အဲဒါတွေက အသေးစိတ်လုပ်ကြပြီဆိုရင် မဟာဗျူဟာ၊
နည်းဗျူဟာနဲ့ လုပ်ငန်းစဉ်ကောင်းတွေတော့ ထွက်လာလိမ့်မယ်လို့ ထင်ပါတယ်။
အဲဒီအဆင့်ကျမှပဲ ကျွန်တော်တို့က ပိုပြီးသုံးသပ်မှာ”။
.
ပြန်ချုပ်ရလျှင် အစိုးရအနေဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရဖို့ အပါအ၀င်
စီးပွားရေးကို ကဏ္ဍပေါင်းစုံ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ဖို့အတွက်
စီးပွားရေးမူဝါဒနှင့်အတူ ကတိပြုလိုက်ပြီဖြစ်သည်။ သို့သော်
မည်သို့မည်ပုံအကောင်အထည်ဖော်မည်လဲဆိုသည်နှင့် မည်သို့မည်ပုံ အကောင်အထည်ပေါ်လာမလဲဆိုသည်ကေ တာ့ စောင့်ကြည့်ရဦးမည်ဖြစ်သည်။
သေချာသည့်အရာတစ်ခုကို ထပ်ပြောရလျှင် ၅၁ သန်းသည် သူတို့၏
လူမှုစီးပွားအာမခံချက်အတွက် ပြည်သူ့အစိုးရအပေါ်တွင် မျှော်လင့်ချက်ကြီးမားစွာ
ထားရှိနေသည်။
.
ဟိန်းဇော်
#B2BAnalysis
**************************
အစိုးရက သက်တမ်း လေးလကြာ ဇူလိုင် ၂၉ ရက်တွင် အများမျှော်လင့်နေသည့် စီးပွားရေးမူဝါဒကို ထုတ်ပြန်လိုက်သည်။ ဆယ်စုနှစ်များစွာ အာဏရှင်စနစ်အောက်တွင် စီးပွားရေးချွတ်ခြုံကျခဲ့သည
.
ထုတ်ပြန်ချက်တွင် အချက် ၁၂ ချက်ပါဝင်သည်။ ပွင့်လင်းမြင်သာပြီး အင်အားတောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေးစနစ်ပေါ်ပေါက်ဖ
.
အချက် ၁၂ ချက်က မြန်မာပြည်အတွက်လိုအပ်နေသော
.
ဦးစားပေးမောင်းနှင်မည့် စီးပွားရေးမော်ဒယ်က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုကဏ္ဍတို့ကို ချိန်ခွင်လျှာညီမျှသည့် ပုံစံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်
.
မည်သို့ဆိုစေ လက်ရှိမြန်မာပြည်၏ အခြေအနေက ကဏ္ဍပေါင်းစုံအတွက် အလားအလာကောင်းများရှိနေပါသည
.
စက်မှုကဏ္ဍဆိုလျှင်လည်း ဖွံ့ဖြိုးတိုးတက်ဖို့ အတော့်ကိုကြိုးစားရဦးမည့်အ
.
အစိုးရသစ်အနေဖြင့် အလုပ်အကိုင်ဖန်တီးရေးကို စီးပွားရေးမူဝါဒ၏ အခြေခံဖြစ်ရမည်ဟု ဆုံးဖြတ်ထားသည်မှာ လက်ရှိမြန်မာနိုင်ငံ၏လိုအပ်
.
ဆိုခဲ့သလို မြန်မာပြည်၏ စီးပွားရေးအခြေအနေက အခွင့်အလမ်းများသလို စိန်ခေါ်မှုလည်းများသည်။ အင်အားချည့်နဲ့နေသည့် ဤယန္တရားကို အစိုးရသစ် ဘယ်လိုမောင်းနှင်မလဲဆိုသည်က
.
ပြည်ထောင်စုတစ်ဝန်းလုံး၌ တတ်နိုင်သမျှ ညီတူညီမျှဖွံ့ဖြိုးမှုရရှိရန
.
လက်ရှိမြန်မာနိုင်ငံ၏အခြေအ
.
“ငြိမ်းချမ်းရေးကို ဆက်ပြီးထိန်းနိုင်အဖို့တွက်
.
အစိုးရသစ်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးကို တစ်ခုပြီးမှ တစ်ခုလုပ်ခြင်းထက် နှစ်ခုစလုံးကို တစ်ပြိုင်တည်းလုပ်မှသာ ဟန်ချက်ညီမည်ဟု ကျွမ်းကျင်သူတော်တော်များမျ
.
လက်ရှိအခြေအနေအရ စီးပွားရေးမူဝါဒထုတ်ပြန်မှုေ
.
“လက်တွေ့ပါတဲ့ မူဝါဒ၊ မဟာဗျူဟာ၊ နည်းဗျူဟာနဲ့ လုပ်ငန်းစဉ်ဖော်တဲ့အခါကျရင်
.
ပြန်ချုပ်ရလျှင် အစိုးရအနေဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရဖို
.
ဟိန်းဇော်
#B2BAnalysis

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။