Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 5, 2016

အလွန်ထူးဆန်းသော စကားတစ်ခွန်းကို ဆိုခဲ့ပါတယ်

တစ်ခါက..
ကြံ့ဖွတ်ပါတီဝင် ရွေး/ကော်ဥက္ကဌ ဦးတင်အေးဟာ ရုပ်ရှင်ဂီတ အနုပညာရှင်များနဲ့တွေ့ဆုံတဲ့ ပွဲတစ်ခုမှာ အလွန်ထူးဆန်းသော
စကားတစ်ခွန်းကို ဆိုခဲ့ပါတယ်

အဲဒါကတော့..
"ကျနော်တို့ ကောင်းမည်ထင်၍ လုပ်ခဲ့ရာမှ တိုင်းပြည်ကြီး ဆင်းရဲသွားရပါတယ်"ဆိုတဲ့
သမိုင်းဝင် စကားကြီးပါပဲ

အဲဒီကားကြောင့် မီဒီယာမှာရော ဖေ့စ်ဘွတ်ယူဇာတွေကြားမှာပါ
ဝေဖန်သံတွေ ညံခဲ့ပါတယ်

ဦးတင်အေးပြောပုံက
တိုင်းပြည်ကြီး ဆင်းရဲသွားတာ မှန်ပေမယ့် မိမိတို့မှ ကောင်းစေချင်သည့်စေတနာနဲ့
လုပ်ခဲ့ခြင်းသာဖြစ်တဲ့အတွက်
လုပ်ရပ်တွေမှားခဲ့ရင်တောင် အဲဒါဟာ စေတနာအမှားမျှသာ ဖြစ်ပါတယ်လို့ ပြောလိုရင်းပါ

တွေ့နေကြ မြင်နေကြ
စစ်ဗိုလ်ရင့်မာကြီးတွေရဲ့
အမှားဝန်မခံတတ်တဲ့
လှီးလွှဲလီဆယ် လုပ်ကြံပြောဆို တတ်တဲ့မြောက်များစွာသော စောက်ကျင့်တွေထဲက တစ်ခုပါပဲ

ခက်တာက
တိုင်းပြည်ကြီးဆင်းရဲလို့
ဦးတင်အေးတို့ပါ လိုက်ဆင်းရဲနေရင်
ပြဿနာမရှိပေမယ့်
တိုင်းပြည်ကြီးဆင်းရဲလို့
ဦးတင်အေးတို့
အများကြီး လိုက်မချမ်းသာကြရင်
ပြဿနာမရှိပေမယ့်

တိုင်းပြည်တော့ဆင်းရဲတယ်
အုပ်ချုပ်သူ လူတန်းစားတွေကတော့
တစ်ယောက်ပြီးတစ်ယောက် ချမ်းသာသွားကြတယ်ဆိုရင်...

ဒီတိုင်းပြည် ဆင်းရဲတဲ့ကိစ္စမှာ စေတနာအမှားချည်းကြောင့်
မဟုတ်ဘဲ
မတော်လောဘနဲ့ ခိုးခဲ့တာတွေ
ကြောင့်လည်း ပါလိမ့်မယ်

ထားတော့...
ချေးခြောက်ကို ရေနူးမနေတော့ဘူး

သန်းရွှေလက်က ထွက်တဲ့ စစ်ဗိုလ်မှန်သမျှ
ရင်ဘတ်မှာ သံမှိုနှက်ထားသလို
"ငါသည် တိုင်းပြည်နှင့်လူမျိုးအပေါ် အရိုးကြေကြေ အရေခမ်းခမ်း ရွပ်ရွပ်ချွံချွံ ခိုးပါမည်"ဆိုတဲ့ သစ္စာအဓိဌာန်က ပါလာပြီးသားမို့
ထူးပြီးပြောမနေတော့ဘူး

အခုပြောချင်တာက
အနားယူတော်မူသွားကြတဲ့ ဘဘတွေရဲ့အငြိမ်းစားပင်စင်လစာကိစ္စ

၂၀၁၁ ခုနှစ် မတ်လ ၃၁ရက်နေ့
ကစပြီး ပင်စင် ဦးစီးဌာနကနေ
ဦးသန်းရွှေရဲ့ပင်စင်လစာကို သိန်း၁၀၀နဲ့
မောင်အေးကိုတော့ သိန်း၈၀လို့ သတ်မှတ်ခဲ့ကြောင်း သိရတယ်
နောက်ပြီး ဦးသန်းရွှေရဲ့ ဂရယ်ဂျူတီကြေး
ခေါ် နိုင်ငံရေးဆုငွေက ကျပ်သိန်းပေါင်း
၂၃၀၀လို့သိရတယ်

နောက်ပြီး လွန်ခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ဦးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်ကြီး ၆၉ ဦးရဲ့ အိမ်အကူ ထမင်းချက် ဥယျာဉ်ခြံလုပ်သား အပါအ၀င် ၀န်ထမ်းများ ထောက်ပံ့ကြေးအတွက်
ကျပ်သန်းပေါင်း ၁၆၉ဒသမ ၅၆သန်း ပေးဖို့ လွှတ်တော်က ခွင့်ပြုခဲ့တယ်လို့ သိရတယ်

ဆင်းရဲတဲ့တိုင်းပြည်အဖို့တော့
ဒါဟာ အလွန်အင်မတန်များပြားလှတဲ့
ငွေပမာဏတွေပဲ ဖြစ်ပါတယ်

အာဏာရှိစဉ်ကတည်းက ခိုးချင်သလို
ခိုးခဲ့လို့ အနားယူချိန်မှာ
သူဌေးသူကြွယ်တွေ ဖြစ်ကုန်ပြီ ဖြစ်တဲ့ အာဏာရှင်ဟောင်းတွေအနေနဲ့
ဒီလောက် သုံးမကုန် ဖြုန်းမကုန်အောင်
ချမ်းသာသွားကြပြီ ဖြစ်နေပါလျှက်

သူတောင်းစားပါးစပ်က ထမင်းလုတ်ကို
အတင်းကော်ထုတ် ယူနေသလို
နိုင်ငံတကာအကူအညီနဲ့ ဖုတ်လှိုက်
ဖုတ်လှိုက် အသက်ဆက်နေရတဲ့
တိုင်းပြည်ဆီက မတန်တဆ ငွေပမာဏတွေကို လိုတဲ့အချိန်မှာ လိုသလို စိတ်ကြိုက် ထုတ်ယူနေနိုင်ရက်ကြသေးတာ
အရမ်းအံ့သြမိပါတယ်

ပွင့်ပွင့်လင်းလင်းပြောရရင်
ဦးသန်းရွှေတို့ မောင်အေးတို့ရဲ့
တိုင်းပြည်အပေါ် လုပ်ဆောင် ခဲ့တဲ့
လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး
ထိုက်တန်တဲ့ ပင်စင်လစာက
တစ်လ သိန်း၁၀၀ မဟုတ်ပါဘူး
တစ်လသိန်း၈၀လည်း မဖြစ်သင့်ဘူး

အထိုက်တန်ဆုံးက
နားထင်ကို ကျည်တစ်တောင့်စီ
ပစ်သွင်းပေးတဲ့
"လားပင်စင်"မျိုးသာဖြစ်သင့်ပါတယ်

လှိုင်းထန်လေထန် မုန်တိုင်းကြားမှာ
ဝမ်းတွေပေါက်လို့ ရေတွေဝင်ပြီး
မြုပ်ခါနီးနီးဖြစ်နေတဲ့ မြန်မာ့ သင်္ဘောကြီးထဲမှာ
သန်းရွှေတို့ မောင်အေးတို့
သိန်းစိန်တို့ တင်အေးတို့လို စစ်ဗိုလ်လူထွက်
အရာရှိဆိုး ဆိုတာတွေဟာ

သင်္ဘောမမြှုပ်အောင် ပင်လယ်ထဲ
ပစ်ချခဲ့သင့်တဲ့ အလွန်လေးလံပြီး ဘာတန်ဖိုးမှလည်း မရှိတဲ့ ဝန်ထုပ်ဝန်ပိုးကြီးများသာ ဖြစ်ပါတယ်လို့
ထင်မြင်ယူဆမိပါကြောင်း..။

(ပင်စင်လစာအချက်အလက်ကို
တစ်ပိုင်းတစ်စပဲ စခရင်ရှော့ ယူထားရတဲ့ ရေးသူမမှတ်မိတော့တဲ့ ပိုစ့်တစ်ခုက ယူပါတယ် အဲဒီမမှတ်မိတော့တဲ့ရေးသူကိုလည်းခွက်ဒစ်ပေးပါတယ် တော်ကြာ စောက်ဆရာကြီးတွေက ငါသူခိုးပါ ဆိုတဲ့စာ ကိုယ့်လည်ပင်းမှာ လာဝိုင်းချိတ်နေဦးမယ် ဖာ့ခ်!)
Credit သာဂိ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။