အသိအမှတ်ပြုခံရခြင်း
=============
ရေးသားသူ - ကိုရင်ကျော်
လယ်သမားတစ်ယောက်ဟာ မြင်းတွေမွေးထားတယ်။ တစ်နေ့တော့ မြင်းတစ်ကောင် နေမကောင်း ဖြစ်တဲ့အတွက် သူက တိရစ္ဆာန်ဆေးကုဆရာဝန်ကို ခေါ်လိုက်တယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်က ပြောတယ်။
“သင့်ရဲ့မြင်းမှာ ဗိုင်းရပ်ဝင်နေတယ်။ ကျွန်တော် သူ့အတွက် ဒီဆေးကို သုံးရက်စာပေးခဲ့မယ်။ သုံးရက်နေလို့မှ ပြန်ကောင်းမလာရင် ကျွန်တော် သူ့ကို လက်လျှော့လိုက်ရမယ်။”
အနီးအနားမှာရှိတဲ့ ၀က်က သူ သူတို့ပြောစကားကို နီးနီးကပ်ကပ်နားထောင်နေတယ်။ ၀က်က မြင်းရဲ့အနားကို ချဉ်းကပ်လာပြီး ပြောတာကတော့ “အားတင်းထားပါ သူငယ်ချင်း။ အိပ်ယာက ထပြီး ရင် ပြန်ပြီး နေကောင်းလာမှာပါ”
ဒုတိယမြောက်နေ့မှာ သူတို့က သူ့ကို ဆေးတိုက်တယ်။ ၀က်ကလာပြီး မြင်းကို ပြောတာကတော့…
“ဖြည်းဖြည်းလာ။ ထလိုက်နော်....ဒါမှမဟုတ် မင်း သေသွားနိုင်တယ်၊ ငါမင်းကို ထူပေးမယ်၊ ကဲ….ထူပြီနော်၊ တစ်….နှစ်….သုံး”
တတိယမြောက်နေ့မှာ တိရစ္ဆာန်ဆေးကုဆရာဝန်က ပြောတယ်။
“ကံမကောင်းပါလား၊ မနက်ဖန်ဆို ကျွန်တော်တို့ သူ့ကို လက်လွှတ်လိုက်ရတော့မယ်။ ဗိုင်းရပ်တွေ ပြန့်နေတယ်။ တခြားမြင်းတွေကို ရောဂါပိုးကူးလိမ့်မယ်”
သူတို့ထွက်သွားပြီးနောက် ၀က်က မြင်းရဲ့အနားကိုကပ်ပြီး ပြောလိုက်တာက-
“ကျေးဇူးပြုပြီး နားထောင်ပါ။ ဒါတွေက အခုဖြစ်ချင်ဖြစ်မယ်။ ဘယ်တော့မှလဲ ဖြစ်မှာမဟုတ်ဘူး၊ ထလိုက်စမ်းပါ။ လာပါကွာ။ မင်းသတ္တိရှိပါတယ်။ လာပါကွာ။ ထလိုက်စမ်းပါ”
မြင်းက နှေးကွေးစွာ တုန့်ပြန်လိုက်တယ်။
“ဟုတ်ပြီ။ ဖြည်းဖြည်း…..တော်တယ်ဟေ့……လာကွာ…တစ်….နှစ်….သုံး….ကောင်းတယ်၊ အခု နဲနဲ မြန်လိုက်ပါဦး….လာဟေ့”
“အကောင်းဆုံးမဖြစ်သေးဘူး….ေ ပြးစမ်းပါ….မြန်မြန်လေးပြေး …..ဟုတ်ပြီကွ…..ဟုတ်ပြီကွ…. မင်းလုပ်နိုင်ပြီ…..မင်းက ချန်ပီယံတစ်ယောက်ပဲ”
မမျှော်လင်ဘဲ သူ့သခင်ပြန်ရောက်လာတယ်။ ကွင်းထဲမှာ ပြေးနေတဲ့ မြင်းကို မြင်သွားတယ်။ အော်ပြောလိုက်တယ်။
“အလွန်ထူးခြားတယ်ဟေ့….ငါ့မြ င်းနေကောင်းလာပြီကွ…....... ပါတီပွဲ ကျင်းပမယ်ဟေ့….........ပါတီ ပွဲအတွက် ၀က်သားဟင်း ချက်ကျွေးမယ်ကွာ”
#သုတဇုန်
=============
ရေးသားသူ - ကိုရင်ကျော်
လယ်သမားတစ်ယောက်ဟာ မြင်းတွေမွေးထားတယ်။ တစ်နေ့တော့ မြင်းတစ်ကောင် နေမကောင်း ဖြစ်တဲ့အတွက် သူက တိရစ္ဆာန်ဆေးကုဆရာဝန်ကို ခေါ်လိုက်တယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်က ပြောတယ်။
“သင့်ရဲ့မြင်းမှာ ဗိုင်းရပ်ဝင်နေတယ်။ ကျွန်တော် သူ့အတွက် ဒီဆေးကို သုံးရက်စာပေးခဲ့မယ်။ သုံးရက်နေလို့မှ ပြန်ကောင်းမလာရင် ကျွန်တော် သူ့ကို လက်လျှော့လိုက်ရမယ်။”
အနီးအနားမှာရှိတဲ့ ၀က်က သူ သူတို့ပြောစကားကို နီးနီးကပ်ကပ်နားထောင်နေတယ်။
ဒုတိယမြောက်နေ့မှာ သူတို့က သူ့ကို ဆေးတိုက်တယ်။ ၀က်ကလာပြီး မြင်းကို ပြောတာကတော့…
“ဖြည်းဖြည်းလာ။ ထလိုက်နော်....ဒါမှမဟုတ် မင်း သေသွားနိုင်တယ်၊ ငါမင်းကို ထူပေးမယ်၊ ကဲ….ထူပြီနော်၊ တစ်….နှစ်….သုံး”
တတိယမြောက်နေ့မှာ တိရစ္ဆာန်ဆေးကုဆရာဝန်က ပြောတယ်။
“ကံမကောင်းပါလား၊ မနက်ဖန်ဆို ကျွန်တော်တို့ သူ့ကို လက်လွှတ်လိုက်ရတော့မယ်။ ဗိုင်းရပ်တွေ ပြန့်နေတယ်။ တခြားမြင်းတွေကို ရောဂါပိုးကူးလိမ့်မယ်”
သူတို့ထွက်သွားပြီးနောက် ၀က်က မြင်းရဲ့အနားကိုကပ်ပြီး ပြောလိုက်တာက-
“ကျေးဇူးပြုပြီး နားထောင်ပါ။ ဒါတွေက အခုဖြစ်ချင်ဖြစ်မယ်။ ဘယ်တော့မှလဲ ဖြစ်မှာမဟုတ်ဘူး၊ ထလိုက်စမ်းပါ။ လာပါကွာ။ မင်းသတ္တိရှိပါတယ်။ လာပါကွာ။ ထလိုက်စမ်းပါ”
မြင်းက နှေးကွေးစွာ တုန့်ပြန်လိုက်တယ်။
“ဟုတ်ပြီ။ ဖြည်းဖြည်း…..တော်တယ်ဟေ့……လ
“အကောင်းဆုံးမဖြစ်သေးဘူး….ေ
မမျှော်လင်ဘဲ သူ့သခင်ပြန်ရောက်လာတယ်။ ကွင်းထဲမှာ ပြေးနေတဲ့ မြင်းကို မြင်သွားတယ်။ အော်ပြောလိုက်တယ်။
“အလွန်ထူးခြားတယ်ဟေ့….ငါ့မြ
#သုတဇုန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။