Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 5, 2016

#‎Leonardo‬ ( တသက်တာအကောင်းဆုံးသ ရုပ်ဆောင်၁၀၀ထဲကအသက်အငယ်ဆုံးမင်းသား (သို့) လမ်းမပေါ်ကအလေအလွင့်ဆေးသမားတ ယောက်ရဲ့ အတ္ထုပ္ပတ္တိ)

‪#‎Leonardo‬ ( တသက်တာအကောင်းဆုံးသ
ရုပ်ဆောင်၁၀၀ထဲကအသက်အငယ်ဆုံးမင်းသား
(သို့) လမ်းမပေါ်ကအလေအလွင့်ဆေးသမားတ
ယောက်ရဲ့ အတ္ထုပ္ပတ္တိ)
……………………………………………………………
.
.
.
.
.
" လောကမှာလူတယောက်ကို
မွေးလာလို့ မှားတယ်ဆိုတာ
မရှိဘူး။ မွေးဖွားလာပြီးမှသူ
လုပ်တဲ့အရာတွေကြောင့်ပဲ
သေသင့်တဲ့လူတွေဖြစ်လာတာပါ"
၁၉၇၄ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့။
ဆောင်းရာသီအစဖြစ်နေပေမယ့်အဲ့နေ့က
မိုးတွေသည်းသည်းမဲမဲရွာနေတယ်။ ပြသနာက
ယောကျာ်းဖြစ်သူအဝေးရောက်နေချိန်ဆွေမျိုး
သားချင်းမရှိပဲ အမျိုးသမီးတယောက်ကိုယ်ဝန်နဲ့
LAကလမ်းမတနေရာမှာပစ်လဲနေခဲ့တယ်။မြင်တဲ့
သူတွေကဆေးရုံကိုဝိုင်းပို့ပြီးတင်ခဲ့ကြတယ်။
ဗိုက်
ထဲကကလေးအသက်ကိုမကယ်နိုင်လောက်ဘူး
လို့ဆရာဝန်တွေကောက်ချက်ချနေပေမယ့်ဒီက
လေးဟာလောကကြီးထဲကိုရောက်ခဲ့ပါတော့
တယ်။ မိခင်ဖြစ်သူကသားဖြစ်သူကိုသူအရမ်း
ကြိုက်တဲ့မွန်နာလီဇာပန်းချီကားရဲ့ပိုင်ရှင် လီယိုနာ
ဒိုဒါပင်ချီကိုအစွဲပြုပြီး သူ့သားနာမည်ကိုလဲ
Leonardo ပါအောင် Leonardo Wihelm
Dicaprio လို့ပေးခဲ့ပါတော့တယ်။ ဒီကလေးက
တော့တခြားသူမဟုတ်ဘူး နောင်တချိန်ရုပ်ရှင်
လောကမှာ Oscarတွေအကြိမ်ကြိမ်အပေးမခံရ
နာမည်အဖျက်ခံရ ပြသနာများစွာကြားကနေ
၂၁ရာစုရုပ်ရှင်လောကရဲ့ကမ္ဘာ့အတော်ဆုံးသရုပ်
ဆောင်မင်းသား ၁၀ယောက် Hollywood ရဲ့
သက်တမ်းတလျှောက် ထာဝရအကောင်းဆုံး
သရုပ်ဆောင်အယောက်၁၀၀ ထဲအသက်အငယ်
ဆုံးနဲ့ဝင်လာမယ့်သူ လီယိုနာဒို ပါပဲ။
" နာကျင်စရာတိုင်းသာတွေး
ပြီးကြေကွဲပြနေရင်ကျတော့်
မှာမျက်ရည်ဆိုတာလူမှန်းသိ
တတ်စထဲကခမ်းခဲ့တာကြာပီ "
လီယိုနာဒို
လီယိုလို့မိခင်ဖြစ်သူကချစ်စနိုးနဲ့
ခေါ်တဲ့လီယိုနာဒိုဟာ ဖခင်ကာတွန်းရေးဆရာနဲ့
မိခင် လက်ထောက်ရှေ့နေတို့ကနေခက်ခက်ခဲခဲ
နဲ့လောကကြီးထဲကိုဝင်လာခဲ့ပါတယ်။ လီယိုဟာ
အမေရီကန်မဟုတ်ပဲ ဂျာမာန် အီတလီ ရုရှား
အစပ်ပါ။ လီယိုကိုမွေးထဲကဖခင်နဲ့မိခင်ဖြစ်သူ
ဟာအိမ်ထောင်ရေးအဆင်မပြေစပြုခဲ့ပါတယ်။
ဖခင်ရဲ့အရက်စွဲမူကအိမ်ထောင်ရေးကိုထိခိုက်ခဲ့
ပေမယ့်လီယိုကိုတော့ဖခင်ကအရမ်းချစ်ခဲ့ပါတယ်။
လီယိုအသက်၂နှစ်မှာမိခင်နဲ့ဖခင်ဟာတရားဝင်
မကွာရှင်းရသေးပေမယ့်ခွဲနေခဲ့ပါတယ်။ဖခင်ဟာ
သားဖြစ်သူကိုသူသွားလေရာချီပြီးခေါ်သွားတတ်
တယ်။ ဒါကလဲလီယိုအသက်၎နှစ်မှာဖခင်ရဲ့အ
ရက်စွဲမူကြောင့်မတော်တဆဖြစ်မူ၃ခါတိတိဖြစ်ခဲ့
ရပါတယ်။ နောက်ဆုံးမိခင်နဲ့ဖခင်ဟာတရားဝင်
ကွာရှင်းခဲ့ပြီးလီယိုဟာလဲမိခင်ရဲ့တရားနိုင်မူ
ကြောင့်မိခင်ဖက်ကိုပါသွားခဲ့ပါတယ်။မိခင်ဖြစ်သူ
ကလဲဖခင်နဲ့ကွာရှင်းပြီးနောက်အိမ်ထောင်ပြုခဲ့
တယ်။အဲ့ဒီမှာပြသနာက လီယိုဟာဖခင်ဖက်က
ပါလာတဲ့ Adamဆိုတဲ့လင်ပါသားရဲ့နှိပ်စက်ခြင်း
ကိုခံရပါတော့တယ်။ မူလတန်းစတက်ချိန်တွေ
မှာပထွေးဖက်ကပါတဲ့သားနဲ့သူ့ငယ်ချင်းတွေအ
နိုင်ကျင့်မူကြောင့်လီယိုဟာ ဘယ်ဖက်ခြေ
ထောက်ကျိုးခဲ့တဲ့အထိဖြစ်ခဲ့သလို များစွာသည်း
ခံခဲ့ရတယ်။ ဒါပေမယ့်မိခင်ဖြစ်သူကလီယိုကိုဒီ
ပြသနာတွေကနေခွဲဖို့ ၅နှစ်သားမှာပဲအနုပညာ
သင်တန်းကျောင်းတခုကိုအချိန်ပိုငိးပို့လိုက်တယ်။
ဒါကလီယိုရဲ့မွေးရာပါအနုပညာဗီဇကိုပြသဖို့အ
ခွင့်အရေးတခုဖြစ်ခဲ့တာပါပဲ။ သူသင်တန်းကျောင်း
မှာတခါမှအသေအချာလေ့လာမသင်ယူဘူး။
ဒါပေမယ့်သူ့သရုပ်ဆောင်ချက်ကကလေးသရုပ်
ဆောင်နာမည်ကြီးတွေထက်ပိုသာနေတာကိုဆ
ရာကသတိထားမိတယ်။ သိပ်မသင်ခဲ့ရဘူးသူ
သင်တန်းပြေးတယ်။ TVကဇာတ်လမ်းတိုလေး
တွေမှာတခန်းစ၂ခန်းစသူပါရတာကလွဲရင်သိပ်
ကြီးကြီးမားမားမလုပ်ပြနိုင်ခဲ့ဘူး။
" အောင်မြင်မူဆိုတာ
တကယ်တော့အခွံကြီးပါ။
အလုပ်တခုကိုတကယ်
ရူးသွပ်စွာလုပ်တဲ့သူတိုင်းအတွက်
အောင်မြင်မူကမလိုချင်လဲရတဲ့
ဗူးအလွတ်တခုလိုပဲ။
ဒီဗူးအလွတ်ထဲအောင်မြင်မူ
ပြည့်မပြည့်ကကိုယ့်အပေါ်မှာပဲ
မူတည်တယ် "
လီယိုနာဒို
တခါတလေ အဖေရင်းဆီသွားပြီးဖ
ခင်ဆွဲတဲ့ပန်းချီခန်းထဲနေတတ်တဲ့လီယိုဟာတ
ဆက်ထဲမှာပဲ အနုပညာပိုးစဝင်ခဲ့ပါတော့တယ်။
ဒါပေမယ့်ဖခင်ကလီယိုကိုမပြောနဲ့သူ့ဟာသူ
တောင်တပိုင်တနိုင်နေရတဲ့ဘဝဖြစ်လို့သိပ်ဂရု
စိုက်မပေးနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ဖခင်ဖြစ်
သူအရက်ကြောင့်စိတ်ဂယောင်ချောက်ခြားဖြစ်ရာ
ကထိမ်းသိမ်းခံလိုက်ရတယ်။ အဲ့ဒီမှာလီယိုရဲ့ဘဝ
ကစတာပါပဲ။ ပထွေးနဲ့ပထွေးသားကအနိုင်ကျင့်
တဲ့ကြားကနေနောက်ဆုံးသည်းမခံနိုင်တော့ပဲ
ပထွေးသားကိုပုလင်းနဲ့ရိုက်ပြီး အိမ်ကနေပြေး
ခဲ့ပါတော့တယ်။ အလယ်တန်းကျောင်းသားဘဝ
မှာလီယိုဟာ အရက်စစွဲပါတော့တယ်။Echo
Park ဆိုတဲ့အမေရိကန်ကစရိုက်ဆန်ဆန်နေရာ
တခုမှာ လီယိုဟာအချိန်ကုန်ခဲ့ပြီးသူ၁၃နှစ်သား
မှာမူးရစ်ဆေးစစွဲလာပါတော့တယ်။ ကျောင်းပါမ
သွားတော့ပဲ အချိန်ပြည့်လမ်းမပေါ်ကအလေအ
လွင့်တသိုက်နဲ့ဆေးချအရက်သောက်တယ်။ရဲ
တွေနဲ့တွေ့ရင်ပြေးတယ်။ နောက်ဆုံးဆေးပါ
ရောင်းတဲ့အထိ ငယ်ဘဝကကြမ်းတမ်းခဲ့တယ်။
ရန်ဖြစ်တယ် ပြေးတယ်။ ညဖက်တွေလမ်းသရဲ
Showတွေမှာအချိန်ကုန်တယ်။ ဒီလိုအဖြစ်ကို
မိခင်ဖြစ်သူကသိသွားတယ်။ ဒါကြောင့်လီယိုကို
ခေါ်ပြီး John Ward ဆိုတဲ့ဇာတ်လမ်းတွဲဒါ
ရိုက်တာသူငယ်ချင်းတယောက်ဆီမှာအပ်ခဲ့ပါ
တော့တယ်။ ဒါကလီယိုဇာတ်လမ်းတွဲမှာစပါဖို့
ဖြစ်လာခဲ့တာပါပဲ။ John ကလီယိုရဲ့သရုပ်
ဆောင်ချက်ကိုသိပ်ကြိုက်တယ်။ ဒီတော့သူတာ
ဝန်ယူရတဲ့ Drama ဇာတ်လမ်းတွဲဖြစ်တဲ့
The New Lessie မှာလီယိုကိုထည့်ခဲ့တယ်။
ဒါပေမယ့်အရံနေရာကပဲLeo ပါခဲ့တယ်။ အဲ့တုန်း
ကလီယို အသက်၁၅နှစ်ပဲရှိသေးတယ်။ ဒုတိယ
ဇာတ်လမ်းတွဲက The Outsiders ။ဒီဇာတ်
လမ်းတွဲအပြီးမှာတော့ လီယိုကိုရုပ်ရှင်ကားကြီး
မှာပါဝင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။
" ယုံကြည်လို့လုပ်တဲ့
အလုပ်တိုင်းမှာနောင်တ
နဲ့အရှုံးဆိုတာမရှိဘူး။ "
လီယိုနာဒို
‪#‎Critters3‬
…………………
ဒီကားကသိပ္ပံHorrorကားဖြစ်တဲ့
အပြင်ပါဝင်တဲ့သူတွေကလဲ Aimee Brooks
တို့ Don Keith Opper တို့လိုနာမည်ရအနုပ
ညာရှင်တွေ။ ဒါပေမယ့်လီယိုဟာဒီကားမှာဒုတိ
ယဇာတ်ဆောင်နေရာကနေပါဝင်ခဲ့ပါတယ်။
၁၉၉၁ခုနှစ် ဒီဇင်ဘာလမှာ Critters3ကိုရုံတင်
ခဲ့ပြီးအောင်မြင်မူကတော့မရခဲ့ပါဘူး။ဒါပေမယ့်
ဒီကားမှာလီယိုရဲ့သရုပ်ဆောင်ချက်ကို ချီးကျူးခဲ့
တာက ဂျက်စပဲရိုးကြီးပါပဲ။ Johnny Deppက
လီယိုဒီလောကထဲစဝင်ထဲက တချိန်မှာအထင်က
ရမင်းသားတယောက်ဖြစ်လာမယ်လို့ ပြောကြား
ခဲ့မူပါပဲ။ ဒီကားက SAWလိုပဲစာအုပ်မှာတင်ပြသ
နာများစွာတက်ခဲ့ပြီး၁၈နှစ်အောက်မဖတ်ရတဲ့အ
ထိတားမြစ်ခဲ့တဲ့စာအုပ်ပါ။ (Saw ကတော့သိ
ကြမှာပါ ဇာတ်ကြမ်းလဲဖြစ်သလိုစာအုပ်ဟာယ
နေ့အထိရောင်းချခွင့် နိုင်ငံ၃၀မှာအပိတ်ခံထားခဲ့ရ
တဲ့စာအုပ်တအုပ်ပါ။ )လီယိုကိုတကယ်တမ်းစ
တင်ခဲ့တာက Critter3တော့မဟုတ်ဘူး။
Critter3ရှေ့မှာ Roseanne ဆိုတဲ့တကားမှာ
အရံအနေနဲ့ပါခဲ့တယ်။ ဒါပေမယ့်Critters3
ထွက်ပြီးမှတရားဝင်ပြသခဲ့တာပါ။မအောင်မြင်
ဘူး။
Poison Ivy - 1992
This Boy's Life - 1993
What's Eating Gilbert Grape - 1993
The Quick and the Dead - 1995
၎ကားအထိလီယိုဟာရိုက်ခွင့်ရခဲ့တယ်။ဒါပေမယ့်
အမေရီကန်မှာလောက်ပဲလူသိခဲ့သလိုအောက်
တန်းကမင်းသားအနေအထားလောက်ပဲလူသိ
များခဲ့တယ်။ ဒီအချိန်မှာလီယိုက Johnny
Deppရဲ့သရုပ်ဆောင်သင်ပြမူတွေကိုလိုက်နာ
ခဲ့တယ်။ ရှေ့ကWhat's Eating Gilbert
Grape မှာလဲ Johnny နဲ့အတူတွဲဖက်သရုပ်
ဆောင်ခဲ့ဖူးတော့သူက Johnnyဆီကအနုပညာ
သင်ကြားမူတွေများစွာကိုရခဲ့တယ်။ ဒီလိုနဲ့လီယို
ကိုလူသိများဖို့ဖြစ်လာခဲ့တဲ့ကားတကားကိုရိုက်
ခွင့်ရခဲ့ပါတော့တယ်။ ဒီကားကThe
Basketball Diaries ပါပဲ။ ဒီကားမှာလီယို
ဟာဆေးသမားတယောက်အဖြစ်သရုပ်ဆောင်
ရသလို အကျိုးဆက်က လီယိုဟာHollywood
ကအသက်အငယ်ဆုံးခေါင်းဆောင်မင်းသားဖြစ်
လာခဲ့တာပါပဲ။ အမြတ်ငွေ၃သန်းနီးပါးပဲရခဲ့ပေ
မယ့်ဒီကားကြောင့် လီယိုဟာရုပ်ရှင်လောကကြား
လူသိများစေခဲ့ပါတယ်။
" တခုခုကိုလုပ်ပြီးရင်နောင်တမရ
ဖို့ပဲကျတော်တွေးတယ်။ကျတော်
အမှားတွေအများကြီးလုပ်ခဲ့တယ်။
ကိုယ့်ကိုယ်ကိုလဲအယုံအကြည်မဲ့ခဲ့
တယ်။ ဒါပေမယ့်ဖြစ်ပါ့မလားလို့တော့
တခါမှမတွေးဖြစ်ဘူး။ "
လီယိုနာဒို
အဲ့ဒီနောက်Total Eclipse ကိုထပ်
ရိုက်တယ်။ အောင်မြင်မူကြီးကြီးမားမားမရခဲ့ပေ
မယ့်ဒီကားက လီယို့ကိုနာမည်ကြီးစာအုပ်တအုပ်
ရဲ့ရုပ်ရှင်ကားကြီးမှာပါဝင်ဖို့ဖြစ်လာခဲ့တယ်။ဒီကား
ကတော့ ရိုမီယိုနဲ့ဂျူးလီးယက်ပါပဲ။ ဒီကားကိုလူ
ရွေးတော့မင်းသားနေရာခေါင်းစားနေချိန်မှာပဲ
ဒါရိုက်တာ Baz ကလီယို့ကိုခေါ်ယူပြီးစမ်းသရုပ်
ဆောင်ခဲ့ရာကလီယိုနဲ့ရိုက်ဖို့ဖြစ်လာခဲ့တယ်။
ဒါပေမယ့်ထုတ်လုပ်ရေးက၁၅သန်းပဲအကုန်ကျ
ခံမူကြောင့် ဒီကားကိုဒါရိုက်တာစိတ်တိုင်းကျရိုက်
ခွင့်မရခဲ့ပါဘူး။ ၁၉၉၆ခုနှစ်နိုဝင်ဘာလမှာရုံတင်
လာချိန်မှာတော့ ဒီကားဟာရုံတင်ဝင်ငွေဒေါ်လာ
၁၄၇သန်းအထိရရှိခဲ့ပါတယ်။ လီယိုဟာလဲ
Best Actor ဆုရခဲ့သလို ဒီကားဟာGolden
Bear Award / Academy Award /
Dirtector Award တွေပါရရှိခဲ့ပါတယ်။တနှစ်
ထဲမှာပဲ Marvin's Room ကိုရုံတင်ခဲ့ပေမယ့်
ဒီDramaကားကတော့အရှုံးပေါ်ခဲ့တယ်။ရိုမီယို
နဲ့ဂျူးလိယက်ရဲ့အောင်မြင်မူကဒီလောက်နဲ့မပြီး
သွားဘူး။ လီယိုကိုရုပ်ရှင်သမိုင်းမှာယနေ့ချိန်ထိ
သမိုင်းတွင်စေမယ့်ကားတကားမှာပါမင်းသား
လုပ်ဖို့ဖြစ်လာခဲ့တယ်။ ဒါကတော့ အကုန်သိကြ
တဲ့ ၁၉၉၇ခုနှစ်ဝန်းကျင် မြန်မာမှာတိပ်နဲ့ကြည့်ရ
တဲ့ဗီဒီယိုခေတ်မှာပါလူသိများစေခဲ့တဲ့ Titanic
ကားကြီးပါပဲ။ ထုတ်လုပ်သူရော စာရေးဆရာ
ပါဖြစ်တဲ့ James Cameronကြီးကဒီကားကို
ထုတ်လုပ် ရေးသားခဲ့ပြီး သူကိုယ်တိုင်ဒါရိုက်တာ
လုပ်ခဲ့ပါတယ်။ Titanic ကိုရိုက်ဖို့ပင်လယ်အတု
ပုံစံရေကန်ကြီးတခုလုပ်ခဲ့သလို ဒီကားအတွက်
ရေစုပ်စက်များစွာနဲ့လှိုင်းအတုတွေ Croma
တွေအပြင် Setting တွေပါအများအပြားသုံး
ခဲ့ပါတယ်။ ဒေါ်လာသန်း၂၀၀အထိအကုန်ကျခံခဲ့
ရသလို ထိခိုက်ဒဏ်ရာရတဲ့သူ၅၀အထိရှိခဲ့ပါ
တယ်။ တကယ့်ဖြစ်ရပ်မှန်ကားတကားဖြစ်တာနဲ့
အညီပါဝင်သူတယောက်ချင်းစီကလဲဝါရင့်ဇာတ်
ပို့တွေချည်းပါပဲ။ Titanic ကားကိုလီယိုဟာသူ
ငယ်ချင်းဖြစ်သူကိတ်ဝင်းစလက်နဲ့တွဲဖက်သရုပ်
ဆောင်ခဲ့သလို ဒီကားကလီယိုရော ကိတ်ဝင်းစ
လက်အတွက်ပါရုပ်ရှင်လောကထဲအထင်ကရ
ဖြစ်စေဖို့စတင်ခဲ့တဲ့ကားတကားပါပဲ။ Titanic
ဟာရုံတင်ဝင်ငွေသန်း၂ထောင့်၁ရာကျော်အထိ
ရခဲ့သလိုရုပ်ရှင်သမိုင်းရဲ့ရုံတင်ဝင်ငွေအမြင့်ဆုံး
ရုပ်ရှင်ကားကြီးအဖြစ်ယနေ့ထိစံချိန်တင်ထားတဲ့
ကားကြီးတကားဖြစ်ပါတယ်။ Titanic ဟာ
Academy ၁၄ဆု Oscarဇကာတင်အများ
ဆုံးရုပ်ရှင် (ယနေ့ထိ ) Best Picture Best
Director ဆုအပြင် ရုပ်ရှင်လောကရဲ့ Highest
Grossing အဖြစ်သမိုင်းဝင်ခဲ့ပါတယ်။ လီယိုကို
Oscar ဆုရမယ်လို့တကမ္ဘာလုံးကအားပေးခဲ့
ကြပေမယ့်သူအပေးမခံခဲ့ရပါဘူး။
" ဆုရရမရရ ကျတော်အကောင်းဆုံး
လုပ်ခဲ့ပြီးပြီ။ ဒီအတွက်ကျတော်အ
ရေးမပါတဲ့အရာတွေကြောင့်ခံစား
ဖြစ်မှာမဟုတ်ဘူး "
လီယိုနာဒို
Titanic ကားကြီးအပြီးမှာတော့လီယိုဟာ
တကမ္ဘာလုံးရဲ့အသိအမှတ်ပြုခြင်းကိုခံခဲ့ရသလို
Hollywoodရုပ်ရှင်လောကထဲ အသက်ငယ်
ငယ်နဲ့ထိပ်တန်းမင်းသားစာရင်းမှာဝင်ခဲ့ပါပြီ။
Titanic ကားဟာအကယ်ဒမီ၁၄ဆု Oscarဆု
တွေအပြင်ဆုပေါင်း၁၈၂ဆုထိရရှိခဲ့သလို လီယိုက
တော့Best Actorဆုတခုပဲကြီးကြီးမားမားရခဲ့
ပေမယ့် Titanicကားမှာတကမ္ဘာလုံးအလေး
ပေးခြင်းကိုခံရတဲ့ဇာတ်ကောင်တယောက်ဖြစ်ခဲ့
ပါတယ်။ Titanic ကားအပြီးမှာတော့လီယိုကို
ရှေးခေတ်ဆန်တဲ့ The Man in the Iron
Mask ကားနဲ့ထပ်မြင်တွေ့လာရပါတယ်။ဒီကား
က Action Dramaကားဖြစ်တာနဲ့အညီလီယို
ဟာDrama အပြင် Actionကိုပါပိုင်နိုင်တဲ့မင်း
သားတယောက်အဖြစ်ကမ္ဘာကျော်စေခဲ့ပါတယ်။
The Man in the Iron Mask ကားကို
၁၉၉၈ခုနှစ်မတ်လမှာရုံတင်ခဲ့ပြီး ၃၅သန်းရင်းပြီး
၁၈၃သန်းအထိရခဲ့တဲ့ကားတကားဖြစ်ပါတယ်။
The Man in the Iron Mask အပြီးမှာတော့
လီယိုကို Hollywood ရဲ့ Top 5မင်းသားထဲပါ
ဖို့ဖြစ်လာတဲ့
Celebrity -1998
The Beach - 2000
Don's Plum 2001
Catch Me If You Can - 2002
Gangs of New York - 2002
The Aviator - 2004
The Departed 2006 ကားတွေတနှစ်တ
ကားနှုန်းထွက်လာခဲ့ပါတော့တယ်။ ဒီအချက်ကို
သုံးသပ်ရရင် Hollywoodရဲ့ဝင်ငွေအရဆုံးမင်း
သားတွေတောင်တနှစ်ကိုတကားပဲရိုက်နိုင်သလို
အာရှကတချို့နိုင်ငံကရုပ်ရှင်မင်းသားအများစုရဲ့
တနှစ်ရုပ်ရှင် ၂ကား၃ကား ဗီဒီယိုကား၂၀နီးပါး
နှုန်းနဲ့တော့ကွာဟလွန်းပါရဲ့။
" ဘဝရဲ့အမှတ်တရတွေအများကြီးမှာ
နာကျင်စရာတွေကိုပိုမှတ်မ်တတ်ကြတယ်
ဒါပေမယ့်ပြန်တွေးကြည့်ရင်ဒီနာကျင်စရာ
တွေကကျေးဇူးတင်စရာတွေဖြစ်နေတတ်
တယ် "
လီယိုနာဒို
တရက် Edward Zwick ဆိုတဲ့ဒါ
ရိုက်တာကလီယိုကို phဆက်တယ်။ လီယိုနဲ့
Edward Zwick ကရင်းနှီးပေမယ့်ရုပ်ရှင်နယ်
ပယ်ထက်ပြင်ပနယ်ပယ်မှာပဲပိုတွေ့ဖြစ်ကြသူတွေ
ပါ။ သူကားတကားကိုရိုက်ဖို့စီစဉ်နေတယ်။နည်း
နည်းပင်ပန်းမယ်။လီယိုခဗျားရိုက်မလားလို့စကား
စတော့ လီယိုကလက်ခံလိုက်တယ်။ ဒီကားကို
ရိုက်ဖို့ ၉လတိတိLocation ရွေးကြသလိုဒီကား
ဟာစက်အဖွဲ့တခုလုံး လုံခြုံရေးအရအာမခံချက်မ
ရှိတဲ့အာဖရိကသူပုန်နယ်မြေထဲမှာသွားရိုက်ခဲ့တဲ့
Blood Diamomd ကားကြီးပါပဲ။စာရေးဆရာ
Charles Leavitt ကလဲဒီစာအုပ်ကြောင့်ဝေ
ဖန်မူများစွာခံခဲ့ရသလို ကမ္ဘာကြီးကို အာဖရိကရဲ့
ကလေးစစ်သား၂သိန်းကျော်အသုံးချခံနေရမူကို
ဓာတ်ပုံ နေရာအထောက်အထားနဲ့တကွချပြခဲ့လို့
လုပ်ကြံခံရတဲ့အထိကြုံခဲ့ရတဲ့စာအုပ်ပါ။လီယိုအဖို့
ရော Edward Zwick အဖို့ပါဒီကားကတာဝန်
ကြီးသလို အခက်အခဲများစွာလဲကြုံခဲ့ရတဲ့ကားပါ။
Blood Diamond မှာတော့ လီယိုဟာနဂိုကား
တွေလိုခပ်ချောချောကောင်လေးတယောက်မ
ဟုတ်တော့ပဲ ယောကျာ်းပီသတဲ့စစ်သားတ
ယောက် လူလည်တယောက်အသွင်အပြင်နဲ့
Hounson နဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့ပါ
တယ်။ ၂၀၀၆ခုနှစ်ဒီဇင်ဘာလမှာ Blood
Diamond ကိုရုံတင်ခဲ့ပြီးရုံတင်ဝင်ငွေသန်း
၁၇၀ကျော်အထိရရှိခဲ့ပါတယ်။ ဒီကားမှာလီယိုရော
Hounson ရောဟာBest Actor ဆုတွေရခဲ့
သလို တောင်အာဖရိကရဲ့ကလေးသူငယ်တွေ
ညှင်းပန်းနှိပ်စက်ခံနေရမူကို မီးမောင်းထိုးပြနိုင်
ခဲ့ပါတယ်။ လီယိုဟာ တနှစ်တကားနှုန်းပါပဲ
The 11th Hour - 2007
Body of Lies - 2008
Revolutionary Road - 2008
Shutter Island - 2010
Hubble - 2010
Inception - 2010
J. Edgar - 2011
Django Unchained - 2012
The Great Gatsby-2013
The Wolf of Wall Street - 2013
ကားတွေထွက်ခဲ့သလို အောင်မြင်မူများစွာလဲရရှိ
ခဲ့ပါတယ်။ ဒါပေမယ့် လီယို Oscar တခါမှမရ
ခဲ့ဘူး။ ၅ကြိမ်တိတိသူရမယ်လို့တကမ္ဘာလုံးက
ထင်ကြေးပေးခဲ့ပေမယ့်သူ့ဘဝမှာOscarတဆု
ပဲကျန်တော့တယ် မရခဲ့တာ။ ဒီပြသနာကလဲကြီး
တယ်။ လီယိုကအမေရီကန်သားမဟုတ်လို့မပေး
တာလားဆိုတဲ့မေးခွန်းတွေထပ်တလဲလဲမေးကြ
တယ်။ လီယိုကလဲတခြားဆုတွေဆိုသူတလေးတ
စားတက်ယူတယ် စကားပြောယဉ်ကျေးတယ်။
Oscar ဆိုတာနဲ့သူသရော်တယ်။ တခါမှအထင်
တကြီးမပြောဘူး။

" ကိုယ့်ကိုမကောင်းပြောတိုင်းသာ
တုံ့ပြန်ရရင် ပါးစပ်တွေကနားရမှာ
တောင်မဟုတ်ဘူး။ ဘာမှမလုပ်တဲ့
သူကိုဘယ်သူမှအရေးတယူလုပ်
ဝေဖန်မှာမဟုတ်ဘူး။ ဒါကြောင့်
ခဗျားအလုပ်ကြီးကြီးလုပ်လေ
လူများများဝေဖန်တာခံရလေပဲ "
လီယိုနာဒို
" လီယို ငါတို့ ကနေဒါကိုတနှစ်လောက်
သွားရမယ် မင်းပြင်ဆင်ထားတော့။ "

လီယိုရဲ့ဆရာလိုဖြစ်နေတဲ့ဒါရိုက်တာကြီး
Alejandro G. Iñárritu ရဲ့အင်္ဂလန်ကနေph
တခုကို လီယိုကြားကြားချင်းအံ့သြသွားတယ်။
ဒီအချိန်မှာလီယိုက သူငယ်ချင်းဖြစ်သူကိတ်ဝင်း
စလက်နဲ့ iph ရဲ့ ဘုရင်ကြီး Steve Jobs အ
ကြောင်းရိုက်မယ့်ရုပ်ရှင်ကားကိုလက်ခံထားချိန်။
Alejandro G. Iñárritu ကတော်ရုံသူ့ကို
ခုလိုphဆက်ပြောလေ့မရှိဘူး။ သူသေချာမေး
တယ်။ Alejandro G. Iñárritu က
" မင်းဘဝအတွက်အကြီးမားဆုံးအလုပ်တခုကို
ငါနဲ့အတူ လုပ်ရလိမ့်မယ် " ဆိုတဲ့စကားနဲ့အတူ
လီယိုယာ ကနေဒါကိုသွားရိုက်မယ့်ကားကိုလက်
ခံခဲ့ပြီး Steve Jobs ကားကိုဖျက်ခဲ့ရပါတယ်။
မုဆိုးကားဆိုတာကလွဲရင်သူတွေးထားတာက
သာမာန်ပဲ။ တကယ်တမ်းရိုက်တော့မှတကယ့်
နှင်းတောထဲမှာ ဘာlightingမှမပါပဲသဘာဝ
lightingကိုအသားပေးပြီးအများဆုံးရိုက်မယ့်
ကားဖြစ်နေတယ်။ ဒီကားကတော့တခြားကား
မဟုတ်ဘူး လီယိုကို Oscarဆုမပေးချင်လဲပေး
ရဖို့ဖြစ်လာတဲ့ ရုပ်ရှင်သမိုင်းမှာအခက်ခဲဆုံးရိုက်
ကူးရတဲ့ကား၅၀ထဲပါဝင်ခဲ့တဲ့ The Revenant
ကားကြီးပါပဲ။
" Iñárritu တော်တော်ဆိုးတဲ့ဒါရိုက်တာ
ပါ။ ကျတော့်အနုပညာသက်တမ်းတ
လျှောက်မှာ Iñárritu လိုစေ့စပ်တဲ့
နားလည်ရခက်တဲ့ ဒါရိုက်တာတခါမှမ
တွေဖူးခဲ့ဘူး "
လီယိုဟာ ဖခင်ကွယ်လွန်ပြီးထဲကဆေး
ဖြတ်ခဲ့သလိုအသားလဲမစားတော့တဲ့သက်သက်
လွတ်သမားပါ။ ဒါပေမယ့်The Revenant
ကားမှာသူဟာဒီစောင့်ထိန်းမူကိုချိုးခဲ့ရတဲ့အထိ
အသားစိမ်းစားအစစ်ကိုစားခဲ့ရသလို ပြင်ဆင်မူ
ထိခိုက်မူများစွာလဲရှိခဲ့ပါတယ်။Iñárrituကလီ
ယိုကိုမရမကခေါ်ခိုင်း တခြားကားတွေဖျက်ခိုင်း
ပြီးခေါ်ယူရိုက်ကူးခဲ့သလို လီယိုကလဲသူငယ်ချင်း
ုဖြစ်သူ Hardy ကိုမရမကခေါ်ယူပြီးတွဲဖက်သ
ရုပ်ဆောင်ခိုင်းခဲ့ပါတယ်။ ဒီကားရဲ့ပြသနာတွေက
Cameraman တွေဟာအချိန်၅လကြာရိုက်
ကူးလာချိန်မှာစိတ်ဓာတ်ကျမူတွေကျန်းမာရေး
ထိခိုက်မူတွေကြောင့်ထွက်ခဲ့သလို လီယိုဟာလဲ
စိတ်ကျန်းမာရေးဆရာဝန်ပါခေါ်ယူခဲ့ရပါတယ်။
အသားတုကိုစားဖို့အဖွဲ့သားတွေကအကြံပေးပေ
မယ့် တကယ်ပီပြင်မူကိုလုပ်ပြချင်တဲ့လီယိုက
တော့အသားစစ်ကိုစားခဲ့မူတွေ မြင်းအတုရဲ့ခန္တာ
ကိုယ်အစားထိုးဖို့လုပ်ခဲ့ပေမယ့်အစစ်ကိုသုံးခဲ့တာ
တွေ ရိုက်ကူးနေစဉ်မတော်တဆမူကြောင့်မျက်
လုံးထိခိုက်မူ မေးရိုးအက်မူတွေအထိဖြစ်ခဲ့သလို
လီယိုဟာ ဒီကားကို ၉လခွဲကြာရိုက်ကူးခဲ့ရပြီး
နောက်တလတိတိဆေးကုသမူခံယူခဲ့ရပါတယ်။
(၁ပတ်တကားရိုက်ကူးနေတဲ့နယ်ပယ်တချို့မှာ
ဒီလိုကားမျိုးကိုအတုယူသင့်တယ်လို့ကျတော်မြင်
မိတယ်။) The Revenant ကလီယိုဘဝမှာ
အခက်ခဲဆုံးကားဖြစ်သလို ဘာဘာစကား၎မျိုး
အထိရိုက်ကူးနေရင်းသင်ယူခဲ့ရပါတယ်။ဒီကား
ကြောင့် လီယိုဟာအဆုတ်ရောင်မူကိုကာကွယ်
ဖို့ နှင်းတောထဲဆေးအခါ ၆၀ အထိ၉လအ
တွင်းထိုးခဲ့ရသလို ဒီကားမှာလီယိုရဲ့ကြိုးပမ်းမူက
ရုပ်ရှင်လောကတခုလုံးအံ့သြခဲ့ရပါတယ်။ ၉လ
ကြာရိုက်ကူးအပြီး ရုံတင်လာချိန်မှာတော့ဒေါ်လာ
သန်း ၅၃၃သန်းဆိုတဲ့ရုံတင်ငွေနဲ့အတူ Golden
Globe Awards ၃ဆု BAFTA Awards
၅ဆု Best Actor/Director/Camera
ဆုတွေအပြင် တကားလုံး Best Movieဆု
တွေပါရရှိခဲ့ပါတယ်။ လီယို Oscar ရသွားချိန်
ဟာတကမ္ဘာလုံးရဲ့ Oscarဆုပေးပွဲအပေါ်မကျေ
နပ်ချက်တွေကိုလျော့သွားစေတာပါပဲ။ ဒါပေမယ့်
လီယိုဟာဆုပေးပွဲအပြီးနားနေခန်းမှာတော့ဒီ
Oscarဆုကြီးကိုခြေထောက်နားချထားခဲ့ပြီး
Gameတောင်ဆော့နေခဲ့လေရဲ့။ Oscarကသူ့
အတွက်အဲ့လိုဆုပါလို့သရော်ခဲ့မူကလဲလီယိုရဲ့
၅ဆုအထိရရမယ့် Oscarနှစ်တိုင်းလွဲမူရဲ့မကျေ
နပ်ချက်ကိုပြသခဲ့တာပါပဲ။ဒီကားကရတဲ့တခြား
ရွှေကမ္ဘာလုံးဆုရဲ့ငွေကြေးကိုလီယိုကလှူတန်း
ပစ်ခဲ့သလို ဒီကားကရတဲ့အနုပညာကြေး၃ပုံ၂ပုံ
ကိုလဲလီယိုဟာလှူတန်းပစ်ခဲ့ပါတယ်။ ငလျင်
ဒဏ်သင့်ပြည်သူတွေကိုဒေါ်လာတသန်းကမ္ဘာ့
တိရစ္ဆာန်ကာကွယ်ရေးကိုဒေါ်လာတသန်းအာ
ဖရိကကလေးသူငယ်ပညာသင်ရေးကိုဒေါ်လာ
၅သိန်း အာရှသစ်တောစောင့်ရှောက်ရေးကို
ဒေါ်လာတသိန်းတလထဲမှာလီယိုလှူပစ်ခဲ့ပါ
တယ်။
" ကဲလူဖြူ (အမေရိကန်ကိုရည်ညွှန်း)
တွေအတွက်ပေးတယ်လို့သိခဲ့တဲ့ဆုပေးပွဲကို
ကျတော်တက်လာပြီ ( ရယ်လျက် ) "
လီယိုနာဒို (Oscar ဆုပေးပွဲ )
" ဘက်လိုက်မူတွေကို အဆုံးသတ်ဖို့အတွက်
မျိုးဆက်သစ်တွေအတွက်ကြီးမားတဲ့အခွင့်အ
လမ်းတခုဖြစ်ခဲ့ပါပြီ "
Iñárritu ( ဒါရိုက်တာ )

………………
" ကျတော်Oscar ဆုကိုသိပ်စိတ်မဝင်
စားဖြစ်ဘူး။ အပြစ်လဲမတင်ပါဘူး ။
ကျတော် Oscar မရသေးတာဟာ
ကျတော်ဒီထက်အများကြီးကြိုးစားဖို့
လိုသေးတယ်လို့ ကျတော့်ကို
အသိပေးလိုက်တာပါပဲ "
လီယိုနာဒို
( Oscar မရခင်စကား )
တချိန်ကဆေးသမား ထောင်၆လကျဖူးသူ
မူးရစ်ဆေးရောင်းသူ အပေအတေ ဒုစရိုက်သမား
ဆိုးသွမ်းလူငယ် မိတကွဲဖတကွဲဘဝကနေ
မင်းသားဖြစ်လာခဲ့တယ်။ မင်းသားဖြစ်လာတော့
လဲHollywood ရုပ်ရှင်လောကသားတွေကြား
အနှိမ်ခံရမူများစွာခံခဲ့ရတယ်။ ဒါပေမယ့်ယနေ့
အချိန်မှာတော့ လီယိုနာဒိုဆိုတဲ့လူတယောက်
ယာ ဆုပေါင်း၂၀၀ကျော်ဇကာတင်ခံခဲ့ရသူ
OSCAR ၅ဆုရမလိုနဲ့လွဲခဲ့သူ ဆုပေါင်း၈၀
ကျော်ပိုင်ဆိုင်ထားသူ ကမ္ဘာ့အမြင့်ဆုံးရုပ်ရှင်ဆု
တွေရွှေကမ္ဘာလုံးဆုတွေ Oscarဆုတွေကိုပိုင်
ဆိုင်ခဲ့သူဖြစ်နေပါပြီ။ ဒါ့အပြင် လီယိုဟာရုပ်ရှင်
ကား၃၇ကားနဲ့ သရုပ်ဆောင်ကြေးသန်း၂၂၀
ကျော်ကိုရရှိထားတဲ့မင်းသားတယောက်ဖြစ်ပါ
တယ်။ လီယိုဟာရုပ်ရှင်ရိုက်ကွင်းမတော်တ
ဆမူ ၇၀ကျော် ငါးမန်းအကိုက်ခံရမူတခါ
လေယာဉ်စက်ချို့ယွင်းမူတခါ လေထီးမတော်တ
ဆချို့ယွင်းမူတခါကြုံခဲ့ရတာတောင်အသက်မ
သေတဲ့ ကံကောင်းသူလဲဖြစ်နေပြန်ပါတယ်။ဒါ့အ
ပြင် ၂၀၁၅ခုနှစ်မှာတင်လီယိုလှူတန်းခဲ့တဲ့ငွေ
ကြေးဟာဒေါ်လာသန်း၄၀ကျော်ထိရှိခဲ့သလို
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
ဒေါ်လာ၁၅သန်းအထိလှူတန်းခဲ့တဲ့ပရဟိတသ
မားစစ်စစ်ကြီးလဲဖြစ်သူပါ။
" ကျတော် Oscar ရတော့ ကိတ်
(ကိတ်ဝင်းစလက် ) ငိုပါလေရော။
အေးပေါ့လေ သူကကျတော်ဆုမရ
တိုင်းphဆက်ပီးဟာသပြောတတ်
တဲ့သူငယ်ချင်းဆိုးကိုး။ သူနဲ့တော့
Titanic လိုအမှတ်တရနောက်တကား
လောက်ထပ်ရိုက်ခွင့်ရချင်ပါသေးတယ်။"
လီယိုနာဒို
နာမည်တွေအကြိမ်ကြိမ်အဖျက်ခံရသူ
Oscar တွေအကြိမ်ကြိမ်လွဲသူ ငယ်ဘဝကြမ်း
တမ်းသူ လမ်းဘေးဆေးသမားဘဝကနေ
ယနေ့အချိန်မှာတော့ လီယိုဟာ တသက်တာ
အကောင်းဆုံးသရုပ်ဆောင် ၁၀၀မှာNo.16
အထိသတ်မှတ်ခြင်းခံထားခဲ့ရပါပြီ။
Ref : Twitter
Hollywood Stars
Village in the Voice
BIAQ Blog ( Japan )
ထက်ဝန
[ Metal Review ရေးသူသာဖြစ်တဲ့အတွက်
ဒီလိုMovieဖက်ကအထင်ကရမင်းသားတ
ယောက်ကိုရေးသားရာမှာလိုအပ်ချက်များရှိနိုင်
ပါတယ်။ ဒါကြောင့်လီယိုရဲ့Fanများနားလည်ပေး
ဖို့မျော်လင့်ပါတယ်။ ]

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။