Htet Wa Na feeling thoughtful.
#ငါသူခိုးပါ
……………
* ငါသူခိုးပါ။
ဒါပေမယ့်
သစ်တောနဲ့သစ်ပင်
ဆိုတဲ့စကားလုံးကို
ကဗျာနဲ့စာအုပ်ထဲပဲ
ကျန်တော့တဲ့အထိ
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
သယံဇာတနဲ့ကျောက်တွင်း
တွေကို လူ့အသက်ပေါင်းများစွာ
စတေးခံတူးပစ်ခဲ့တဲ့အထိတော့
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ဧရာဝတီကိုအကျဉ်းတန်စေတဲ့
အထိတော့ မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
မိတ္ထီလာမြို့တမြို့စာသစ်တောကို
ခိုးသွားတဲ့သူခိုးတွေကို
၈ရက်နဲ့လွှတ်ပေးရလောက်တဲ့အထိတော့
မတော်ပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
တနိုင်ငံလုံးကမ္ဘာ့အဆင်းရဲဆုံး
အဆင့် ၁၁ရောက်တဲ့အထိတော့
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ကမ္ဘာ့လူကုန်ကူးမူအများဆုံးနိုင်ငံ
ဖြစ်တဲ့အထိတော့
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ကိုယ့်နိုင်ငံသားတွေ
သူများနိုင်ငံအထိသွား
ကျွန်ခံနေရတဲ့အထိတော့
ငါမခိုးခဲ့ဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
Hollywood Bollywood
ရုပ်ရှင်ကားတွေကို
ကိုယ်တိုင်ခံစားရိုက်ကူးသည်
ဆိုပြီး ဗြောင်လိမ်ပြတဲ့ထိတော့
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ငါငတ်လို့ငါခိုးမိတယ်။
ငါသာကျောင်းတက်ခွင့်ရရင်
ငါသာထမင်းနပ်မှန်ခဲ့ရင်
ငါနေတဲ့နိုင်ငံသာငါ့အပေါ်ကောင်းခဲ့ရင်
ငါသူခိုးဖြစ်မှာမဟုတ်ဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ငါခိုးခဲ့တာ
ငါ့တနေ့တာအတွက်ပါ။
ခဗျားတို့ခိုးခဲ့တာက
အနာဂတ်ကြီးတခုလုံးပါ။
ဒီအတွက် ခဗျားတို့လည်ပင်းမှာရော
" ငါသူခိုးပါ " ဆိုတဲ့ဆိုင်းဘုတ်ကို
မချိတ်သင့်ဘူးလား?
ထက်ဝန
ဒါပေမယ့်
သယံဇာတနဲ့ကျောက်တွင်း
တွေကို လူ့အသက်ပေါင်းများစွာ
စတေးခံတူးပစ်ခဲ့တဲ့အထိတော့
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ဧရာဝတီကိုအကျဉ်းတန်စေတဲ့
အထိတော့ မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
မိတ္ထီလာမြို့တမြို့စာသစ်တောကို
ခိုးသွားတဲ့သူခိုးတွေကို
၈ရက်နဲ့လွှတ်ပေးရလောက်တဲ့အထိတော့
မတော်ပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
တနိုင်ငံလုံးကမ္ဘာ့အဆင်းရဲဆုံး
အဆင့် ၁၁ရောက်တဲ့အထိတော့
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ကမ္ဘာ့လူကုန်ကူးမူအများဆုံးနိုင်ငံ
ဖြစ်တဲ့အထိတော့
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ကိုယ့်နိုင်ငံသားတွေ
သူများနိုင်ငံအထိသွား
ကျွန်ခံနေရတဲ့အထိတော့
ငါမခိုးခဲ့ဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
Hollywood Bollywood
ရုပ်ရှင်ကားတွေကို
ကိုယ်တိုင်ခံစားရိုက်ကူးသည်
ဆိုပြီး ဗြောင်လိမ်ပြတဲ့ထိတော့
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ငါငတ်လို့ငါခိုးမိတယ်။
ငါသာကျောင်းတက်ခွင့်ရရင်
ငါသာထမင်းနပ်မှန်ခဲ့ရင်
ငါနေတဲ့နိုင်ငံသာငါ့အပေါ်ကောင်းခဲ့ရင်
ငါသူခိုးဖြစ်မှာမဟုတ်ဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ငါခိုးခဲ့တာ
ငါ့တနေ့တာအတွက်ပါ။
ခဗျားတို့ခိုးခဲ့တာက
အနာဂတ်ကြီးတခုလုံးပါ။
ဒီအတွက် ခဗျားတို့လည်ပင်းမှာရော
" ငါသူခိုးပါ " ဆိုတဲ့ဆိုင်းဘုတ်ကို
မချိတ်သင့်ဘူးလား?
ထက်ဝန
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။