"' ဝေး"
မေ့လိုက်ပါတော့မယ်
နောင်တမဲ့တဲ့ သင်ခန်းစာတွေနဲ့
မင်းနဲ့ ပတ်သက်ဖူးတဲ့အတိတ်တွေကို
တခမ်းတနား သိမ်းထားမိတာ
တစ်ခုလေးပဲ
အရင်လိုပါပဲ
နေ့ခင်းဆိုလည်း သတိတရ
ကြယ်ရောင်မရှိတဲ့ ညတွေမှာတောင်
ဝေဝါးမသွားတဲ့ မင်းပုံရိပ်တွေ
ငါ့တစ်ကိုယ်စာ ကောင်းကင်မှာ
တောက်ပနေဆဲပဲ
ခါတိုင်းလိုပဲ မင်းကိုလွမ်းရင်
မျက်လုံးတွေကို မှိတ်ထားလိုက်တယ်
မပိုင်ဖူးတဲ့ အပြုံးလက်လက်တွေကို တွေ့ရတယ်
တိတ်တိတ်ဆိတ်ဆိတ်နေကြည့်လို က်တယ်
မင်းရဲ့ စကားသံတွေကို ကြားနေရဆဲပဲလေ
မပိုင်ဆိုင်နိုင်တိုင်း မေ့လိုက်ရအောင်
ငါက အပေါ်ယံချစ်ခဲ့တာမှ မဟုတ်ဘဲကွယ်
မင်းပေးခဲ့တဲ့ မစို့မပို့ မျှော်လင့်ချက်တွေနဲ့
မေတ္တာမှန်ရင် ရောင်ပြန်ဟပ်တယ်ဆိုတဲ့ စကားကို
တရိုတသေ သိမ်းထားလိုက်တယ်
ဥပက္ခောတွေနဲ့ပဲ မင်းနေပါ
ငါ့ဘဝနဲ့ ငါပဲ
ရှိပါစေ....
DEVIL
Credit## Devilxnx Story
မေ့လိုက်ပါတော့မယ်
နောင်တမဲ့တဲ့ သင်ခန်းစာတွေနဲ့
မင်းနဲ့ ပတ်သက်ဖူးတဲ့အတိတ်တွေကို
တခမ်းတနား သိမ်းထားမိတာ
တစ်ခုလေးပဲ
အရင်လိုပါပဲ
နေ့ခင်းဆိုလည်း သတိတရ
ကြယ်ရောင်မရှိတဲ့ ညတွေမှာတောင်
ဝေဝါးမသွားတဲ့ မင်းပုံရိပ်တွေ
ငါ့တစ်ကိုယ်စာ ကောင်းကင်မှာ
တောက်ပနေဆဲပဲ
ခါတိုင်းလိုပဲ မင်းကိုလွမ်းရင်
မျက်လုံးတွေကို မှိတ်ထားလိုက်တယ်
မပိုင်ဖူးတဲ့ အပြုံးလက်လက်တွေကို တွေ့ရတယ်
တိတ်တိတ်ဆိတ်ဆိတ်နေကြည့်လို
မင်းရဲ့ စကားသံတွေကို ကြားနေရဆဲပဲလေ
မပိုင်ဆိုင်နိုင်တိုင်း မေ့လိုက်ရအောင်
ငါက အပေါ်ယံချစ်ခဲ့တာမှ မဟုတ်ဘဲကွယ်
မင်းပေးခဲ့တဲ့ မစို့မပို့ မျှော်လင့်ချက်တွေနဲ့
မေတ္တာမှန်ရင် ရောင်ပြန်ဟပ်တယ်ဆိုတဲ့ စကားကို
တရိုတသေ သိမ်းထားလိုက်တယ်
ဥပက္ခောတွေနဲ့ပဲ မင်းနေပါ
ငါ့ဘဝနဲ့ ငါပဲ
ရှိပါစေ....
DEVIL
Credit## Devilxnx Story

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။