မှားယွင်းတဲ့ ကွန်ဒုံးအသုံးပြုပုံ ၁၅ ခု
ကွမ်ဒွမ် ဝတ်တာက လွယ်နေမှာပါ။ ဒါပေမယ့် သင် အဲဒါကို မှန်မှန်ကန်ကန် ဝတ်ပါရဲ့လား။ မဝတ်မိဖို့ များပါတယ်။ အင်ဒီယာနာ တက္ကသိုလ်ဟာ ကွမ်ဒွမ် အသုံးပြုမှုအကြောင်း လေ့လာမှု အခါ ၅၀ လုပ်ခဲ့ပါတယ်။ ၁၆ နှစ်ကြာ စုဆောင်းရရှိတဲ့ အချက်အလက်တွေကို တွက်ကြည့်ရာမှာ အမှားတွေ တစ်လှေကြီးတွေ့ရပါတယ်။ စုံတွဲတွေအကြားမှာ အတွေ့ရအများဆုံး ကွန်ဒွမ် မှားယွင်းအသုံးပြုမှု ၁၅ ခုကို ဖော်ပြလိုက်ပါတယ်။
၁. သုံးတာ နောက်ကျတာ
လူတွေရဲ့ ၁၇ ရာနှုန်းကနေ ၅၁ ရာနှုန်းထိဟာ လိင်ကိစ္စစပြီးမှ ကွန်ဒွမ် အသုံးပြုကြပါတယ်။
၂. စောစော ချွတ်မိတာ
၁၄ ရာနှုန်းကနေ ၄၅ ရာနှုန်းထိရှိတဲ့ လူတွေဟာ လိင်ကိစ္စ မပြီးသေးခင် ကွန်ဒွမ်ကို ချွတ်တတ်ကြပါတယ်။
၃. မသုံးခင် ကွန်ဒွမ်ကို လုံးဝ အလိပ်ဖြေလိုက်တာ
၂.၁ ရာနှုန်းကနေ ၂၅.၃ ရာနှုန်းအထိ ယောက်ျားတွေဟာ ကွန်ဒွမ်ကို မတပ်ဆင်ခင် လုံးဝ အလိပ်ဖြေတတ်ကြပါတယ် တဲ့။ ဘယ်လိုများဝင်အောင်ထည့်သလဲေ တာ့ မသိပါ။
၎. ထိပ်မှာ နေရာမရှိတာ
ကွန်ဒွမ်ထိပ်မှာ သုတ်ရည်ပြည့်ဖို့ နေရာချန်မထားတတ်တဲ့ လူဦးရေက ၂၄.၃ ရာနှုန်းကနေ ၄၅.၇ ရာနှုန်းထိ ရှိပါတယ်။
၅. လေမထွက်သွားတာ
မိန်းမတွေရဲ့ ၄၈ ရာနှုန်းနဲ့ ယောက်ျားတွေရဲ့ ၄၂ ရာနှုန်းဟာ ကွန်ဒွမ်ဝတ်အပြီး ကိစ္စမစခင် ထိပ်ဖူးမှာ ဝင်နေတဲ့ လေကို ညှစ်ထုတ်ဖို့ မေ့တတ်ကြပါတယ် တဲ့။
၆. ပြောင်းပြန် ကွမ်ဒွမ်များ
၎ ရာနှုန်းကနေ ၃၀.၄ ရာနှုန်းထိ ရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ကွန်ဒွမ်ကို အင်္ဂါပေါ်မှာ ပြောင်းပြန်စွပ်ချ၊ ပြီးတော့မှ အတည့်ပြန်လှန်ပြီး ပြန်ဝတ် အသုံးပြုကြပါတယ် တဲ့။ အဲ့ဒါမကောင်းပါဘူး။ ကွန်ဒွမ်အပြင်သားကို သင့်အရည်တွေ ထိမိသွားရင် သူမ ကိုယ်ဝန် ရနိုင်ပါတယ်။
၇.ကွန်ဒွမ်မသုံးခင် အလိပ်ဖြေဖို့ မေ့လျော့ခြင်း
၁၁.၂ ရာနှုန်း မိန်းမတွေနဲ့ ၈.၈ ရာနှုန်း ယောက်ျားတွေဟာ ကွန်ဒွမ်ကို လုံးဝ အဆုံးထိ အလိပ်ဖြေသုံးလေ့ မရှိပါဘူး။
၈. ထက်ရှတဲ့ အရာတွေနဲ့ ဖောက်ခြင်း
၂.၁ ရာနှုန်းကနေ ၁၁.၂ ရာနှုန်းထိရှိတဲ့ သူတွေဟာ ကွန်ဒွမ်အိတ်ကို ကတ်ကြေး၊ ဓားတို့နဲ့ ဖောက်လေ့ရှိပါတယ်။ ဖောက်တဲ့ ပစ္စည်းက အိပ်ကို ဖြတ်နိုင်ရင် ကွန်ဒွမ်ကိုလဲ ဖြတ်နိုင်မှာပါ။
၉. မသုံးခင် စစ်ဆေးမကြည့်ခြင်း
ကွန်ဒွမ် ဖောက်ပြီးနောက်မှာ ၈၂.၇ ရာနှုန်း မိန်းမတွေနဲ့ ၇၄.၅ ရာနှုန်း ယောက်ျားတွေဟာ မသုံးခင် စစ်ဆေးကြည့်ဖို့ မေ့နေတတ်ပါတယ်။ အရင်ဆုံး အိတ်ကို ဖောက်မထားတာ သေချာအောင် စစ်ပါ။ ပြီးရင် Date အောက်နေမနေ ကြည့်ပါ။ အလိပ်ဖြေတဲ့အခါလဲ တစ်ခုခု မှားနေမနေ သေချာကြည့်ပါ။
၁၀. ချောဆီ မသုံးတာ
၁၆ ရာနှုန်းကနေ ၂၅.၈ ရာနှုန်းထိရှိတဲ့ လူတွေဟာ ကွန်ဒွမ်တွေကို ချောဆီမပါပဲ သုံးတတ်ကြပါတယ်။ သင်က အကြာကြီး ဆက်ဆံမယ်ဆို ချောဆီမပါရင် ကွန်ဒွမ် ပြဲသွားမှာပါ။
၁၁. ချောဆီမှားသုံးတာ
၃.၂ ရာနှုန်း မိန်းမတွေနဲ့ ၄.၇ ရာနှုန်း ယောက်ျားတွေဟာ ရော်ဘာ ကွမ်ဒွမ်တွေကို ဆီကို အခြေခံထားတဲ့ ချောဆီတွေနဲ့ သုံးကြပါတယ်။ အဲဒါဟာ ရော်ဘာ ကို အားနည်းစေပြီး ပေါက်သွားတတ်စေပါတယ်။
၁၂. ဆွဲထုတ်တာ မမှန်တာ
၃၁ ရာနှုန်းသော ယောက်ျားတွေနဲ့ ၂၇ ရာနှုန်းသော မိန်းမတွေဟာ သုတ်ရည်ထုတ်အပြီးမှာ ကွန်ဒွမ်ကို မချွတ်တတ်ကြပါဘူး။ အဲဒါက တွဲလောင်းတွဲလောင်း ထားရမယ့် အရာ မဟုတ်ပါဘူး။
၁၃. ပြန်သုံးတာ
၁.၄ ရာနှုန်းကနေ ၃.၃ ရာနှုန်းထိ လူတွေဟာ ကွန်ဒွမ်တစ်ခုကို နှစ်ခေါက်လောက် ပြန်သုံးကြပါတယ် တဲ့။
Credit to Original Writer
ကွမ်ဒွမ် ဝတ်တာက လွယ်နေမှာပါ။ ဒါပေမယ့် သင် အဲဒါကို မှန်မှန်ကန်ကန် ဝတ်ပါရဲ့လား။ မဝတ်မိဖို့ များပါတယ်။ အင်ဒီယာနာ တက္ကသိုလ်ဟာ ကွမ်ဒွမ် အသုံးပြုမှုအကြောင်း လေ့လာမှု အခါ ၅၀ လုပ်ခဲ့ပါတယ်။ ၁၆ နှစ်ကြာ စုဆောင်းရရှိတဲ့ အချက်အလက်တွေကို တွက်ကြည့်ရာမှာ အမှားတွေ တစ်လှေကြီးတွေ့ရပါတယ်။ စုံတွဲတွေအကြားမှာ အတွေ့ရအများဆုံး ကွန်ဒွမ် မှားယွင်းအသုံးပြုမှု ၁၅ ခုကို ဖော်ပြလိုက်ပါတယ်။
၁. သုံးတာ နောက်ကျတာ
လူတွေရဲ့ ၁၇ ရာနှုန်းကနေ ၅၁ ရာနှုန်းထိဟာ လိင်ကိစ္စစပြီးမှ ကွန်ဒွမ် အသုံးပြုကြပါတယ်။
၂. စောစော ချွတ်မိတာ
၁၄ ရာနှုန်းကနေ ၄၅ ရာနှုန်းထိရှိတဲ့ လူတွေဟာ လိင်ကိစ္စ မပြီးသေးခင် ကွန်ဒွမ်ကို ချွတ်တတ်ကြပါတယ်။
၃. မသုံးခင် ကွန်ဒွမ်ကို လုံးဝ အလိပ်ဖြေလိုက်တာ
၂.၁ ရာနှုန်းကနေ ၂၅.၃ ရာနှုန်းအထိ ယောက်ျားတွေဟာ ကွန်ဒွမ်ကို မတပ်ဆင်ခင် လုံးဝ အလိပ်ဖြေတတ်ကြပါတယ် တဲ့။ ဘယ်လိုများဝင်အောင်ထည့်သလဲေ
၎. ထိပ်မှာ နေရာမရှိတာ
ကွန်ဒွမ်ထိပ်မှာ သုတ်ရည်ပြည့်ဖို့ နေရာချန်မထားတတ်တဲ့ လူဦးရေက ၂၄.၃ ရာနှုန်းကနေ ၄၅.၇ ရာနှုန်းထိ ရှိပါတယ်။
၅. လေမထွက်သွားတာ
မိန်းမတွေရဲ့ ၄၈ ရာနှုန်းနဲ့ ယောက်ျားတွေရဲ့ ၄၂ ရာနှုန်းဟာ ကွန်ဒွမ်ဝတ်အပြီး ကိစ္စမစခင် ထိပ်ဖူးမှာ ဝင်နေတဲ့ လေကို ညှစ်ထုတ်ဖို့ မေ့တတ်ကြပါတယ် တဲ့။
၆. ပြောင်းပြန် ကွမ်ဒွမ်များ
၎ ရာနှုန်းကနေ ၃၀.၄ ရာနှုန်းထိ ရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ကွန်ဒွမ်ကို အင်္ဂါပေါ်မှာ ပြောင်းပြန်စွပ်ချ၊ ပြီးတော့မှ အတည့်ပြန်လှန်ပြီး ပြန်ဝတ် အသုံးပြုကြပါတယ် တဲ့။ အဲ့ဒါမကောင်းပါဘူး။ ကွန်ဒွမ်အပြင်သားကို သင့်အရည်တွေ ထိမိသွားရင် သူမ ကိုယ်ဝန် ရနိုင်ပါတယ်။
၇.ကွန်ဒွမ်မသုံးခင် အလိပ်ဖြေဖို့ မေ့လျော့ခြင်း
၁၁.၂ ရာနှုန်း မိန်းမတွေနဲ့ ၈.၈ ရာနှုန်း ယောက်ျားတွေဟာ ကွန်ဒွမ်ကို လုံးဝ အဆုံးထိ အလိပ်ဖြေသုံးလေ့ မရှိပါဘူး။
၈. ထက်ရှတဲ့ အရာတွေနဲ့ ဖောက်ခြင်း
၂.၁ ရာနှုန်းကနေ ၁၁.၂ ရာနှုန်းထိရှိတဲ့ သူတွေဟာ ကွန်ဒွမ်အိတ်ကို ကတ်ကြေး၊ ဓားတို့နဲ့ ဖောက်လေ့ရှိပါတယ်။ ဖောက်တဲ့ ပစ္စည်းက အိပ်ကို ဖြတ်နိုင်ရင် ကွန်ဒွမ်ကိုလဲ ဖြတ်နိုင်မှာပါ။
၉. မသုံးခင် စစ်ဆေးမကြည့်ခြင်း
ကွန်ဒွမ် ဖောက်ပြီးနောက်မှာ ၈၂.၇ ရာနှုန်း မိန်းမတွေနဲ့ ၇၄.၅ ရာနှုန်း ယောက်ျားတွေဟာ မသုံးခင် စစ်ဆေးကြည့်ဖို့ မေ့နေတတ်ပါတယ်။ အရင်ဆုံး အိတ်ကို ဖောက်မထားတာ သေချာအောင် စစ်ပါ။ ပြီးရင် Date အောက်နေမနေ ကြည့်ပါ။ အလိပ်ဖြေတဲ့အခါလဲ တစ်ခုခု မှားနေမနေ သေချာကြည့်ပါ။
၁၀. ချောဆီ မသုံးတာ
၁၆ ရာနှုန်းကနေ ၂၅.၈ ရာနှုန်းထိရှိတဲ့ လူတွေဟာ ကွန်ဒွမ်တွေကို ချောဆီမပါပဲ သုံးတတ်ကြပါတယ်။ သင်က အကြာကြီး ဆက်ဆံမယ်ဆို ချောဆီမပါရင် ကွန်ဒွမ် ပြဲသွားမှာပါ။
၁၁. ချောဆီမှားသုံးတာ
၃.၂ ရာနှုန်း မိန်းမတွေနဲ့ ၄.၇ ရာနှုန်း ယောက်ျားတွေဟာ ရော်ဘာ ကွမ်ဒွမ်တွေကို ဆီကို အခြေခံထားတဲ့ ချောဆီတွေနဲ့ သုံးကြပါတယ်။ အဲဒါဟာ ရော်ဘာ ကို အားနည်းစေပြီး ပေါက်သွားတတ်စေပါတယ်။
၁၂. ဆွဲထုတ်တာ မမှန်တာ
၃၁ ရာနှုန်းသော ယောက်ျားတွေနဲ့ ၂၇ ရာနှုန်းသော မိန်းမတွေဟာ သုတ်ရည်ထုတ်အပြီးမှာ ကွန်ဒွမ်ကို မချွတ်တတ်ကြပါဘူး။ အဲဒါက တွဲလောင်းတွဲလောင်း ထားရမယ့် အရာ မဟုတ်ပါဘူး။
၁၃. ပြန်သုံးတာ
၁.၄ ရာနှုန်းကနေ ၃.၃ ရာနှုန်းထိ လူတွေဟာ ကွန်ဒွမ်တစ်ခုကို နှစ်ခေါက်လောက် ပြန်သုံးကြပါတယ် တဲ့။
Credit to Original Writer
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။