လူငယ်တွေပွဲလယ်တင့်စေချင်လို့ (လူထုစိန်ဝင်း)
========================
အသိုက်ပြန်ချိန်
သူတို့နိုင်ငံတွေမှာ ခရစ်္စမတ်ပွဲတော် ဆိုတာ ရပ်ဝေးတစ်နယ်တစ်ကျေး
ရောက် နေကြတဲ့ သားသမီးတွေ မိဘတွေရှိရာ အသိုက်အမြုံကို ပြန်ကြ တဲ့အချိန်ဖြစ် တယ်။ မိဘတွေအတွက်၊ ညီအစ်ကို မောင်နှမတွေအတွက်၊ ခင်ရာမင်ရာမိတ် သင်္ဂဟတွေအတွက် သတိရလက်ဆောင် တွေ ကိုယ်စီကိုယ်င၀ယ်ကြရတယ်။ ဒါ့ အပြင်
ကုန်တိုက်ကြီးတွေကလည်း နှစ် ဟောင်းက မော်ဒယ်ဟောင်း၊ ပစ္စည်း ဟောင်းတွေ နေရာမှာ မော်ဒယ်သစ်၊ ပစ်္စည်းသစ်တွေ တင်ဖို့ရာအတွက် အဟောင်းတွေကို လျှော့ဈေးနဲ့ရောင်း ထုတ်တဲ့ "year
end sales" တို့ "garage sales" တို့ ဆိုတာမျိုးတွေလုပ်ကြတယ်။ အဲဒါကြောင့် ဒီဇင်ဘာလတစ်လလုံး ဈေးဝယ်သူတွေ တိုးမပေါက်အောင် စည်းကားနေလေ့ရှိတယ်။
နှစ်ချုပ်ရှင်းတမ်းလုပ်
ကုန်တိုက်တွေက နှစ်ဟောင်းက ပစ်္စည်းဟောင်းတွေကို ရှင်းထုတ်
သလို လူတွေလည်း နှစ်ဟောင်းကမကောင်းတဲ့ အရာမှန်သမျှ ရှင်းထုတ်ပြီး နှစ်သစ်ကို အသစ်အသစ်တွေနဲ့ ကြိုဆိုကြသင့်တယ်။ အထူးသဖြင့် လူငယ်တွေအနေနဲ့ နှစ်ချုပ် ရှင်းတမ်းအလုပ်ကို မဖြစ် မနေလုပ်ကြဖို့ တိုက်တွန်းချင်တယ်။ ဒီခေတ်က ပညာ ခေတ်ဖြစ်တာနဲ့
အညီ ပညာတတ်တွေ ပေါများတယ်။ ““မြင်မြင်သမျှပါမောက်္ခ၊ တွေ့သမျှလူပါရဂူ””ဆိုတဲ့ စာချိုးတောင် ပေါ်လာရလောက်အောင်ကိုပေါတယ်။ ဘွဲ့တစ်ခုလောက်များ စကားထဲထည့်ပြော မနေနဲ့၊ နောက်မြီးတွေတစ်သီကြီးနဲ့ လူတွေ ပေါမှပေါပဲ။
သုံးသပ်ကြည့်ဖို့လို
““စူ့ထက် စူလူစွမ်းကောင်း””ချည်းဖြစ်
နေတဲ့ ခေတ်မှာ ““အေးဆေးပဲ””လုပ်နေလို့ မရတော့ဘူး။ ““ဓားမနောက်ပိတ်ခွေး””
ဖြစ်သွားမှာ သေချာတယ်။ ထကြွလုံ့လနဲ့ ၀ီရိယစိုက်ထုတ်ပြီး
မရပ်မနားကြိုးစားပြီး ဆည်းပူးနေမှ လူတန်းစေ့ရုံလောက်ရှိနိုင် တာဖြစ်တယ်။
လူတန်းစေ့ရုံလောက်မက ဖြစ်ချင်ရင်တအားကြီးကို ကြိုးစားရလိမ့် မယ်။
နှစ်ချုပ်ရှင်းတမ်းလုပ်ပြီး တစ်နှစ်တာ အတွင်း ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပါ။ တက်တက်ကြွကြွကြိုးစားအားထုတ်မှု
ပြုလုပ်ခဲ့တဲ့ အချိန်တွေနဲ့ ဒူးကလေးနန့်ပြီး အေးအေးဆေးဆေး
စားလိုက်အိပ်လိုက် အချိန်တွေ ဘယ်ဘက်ကများနေသလဲ ဆိုတာ သုံးသပ်ကြည့်ဖို့
လိုအပ်ပါတယ်။ နှစ်သစ်မှာ ဘယ်ဟာတွေယူသွားပြီး ဘယ် ဟာတွေ
ချန်ထားပစ်ခဲ့မလဲဆိုတာ ဆုံးဖြတ်ရပါမယ်။
အချိန်ဇယားနဲ့ကြိုးစား
နှစ်သစ်အဓိဋ္ဌာန်ပြုတဲ့ အလေ့အထ လူငယ်တိုင်းမှာရှိစေချင်တယ် ။
ကျောင်း သားဖြစ်ရင် တစ်နေ့ဘယ်နှနာရီစာကျက် မယ်၊ အပန်းဖြေမှုနဲ့
အားကစားလှုပ်ရှားမှု ဘယ်လောက်လုပ်မယ်၊ ကျောင်းတာဝန်၊ အိမ်တာဝန်တွေကို
ဘယ်လိုဝင်ကူမယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတွေချပြီး စာကြည့် စားပွဲနားက နံရံမှာ ရေးကပ်ထားသင့် တယ်။ မပျက်မကွက်လိုက်နာနိုင်အောင်
လည်း ကြိုးစားလုပ်ဆောင်ရမယ်။ ကျောင်းသားဘ၀လွန်မြောက်ခဲ့ သူတွေကလည်း
ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့အတွက် စနစ်တကျအချိန် ဇယားဆွဲပြီး
ကြိုးစားအားထုတ်သင့်တယ်။ ရည်မှန်းချက်ကို မရောက်မချင်း နာရီတိုင်း၊
နေ့ရက်တိုင်း အချည်းနှီးအလဟဿ ကုန်ဆုံးသွားတာမျိုး လုံးဝမရှိစေသင့်ဘူး။
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သွား လာလည်ပတ်တာ၊ လက်ဖက်ရည်ဆိုင်ထိုင် တာမျိုးတွေ မလုပ်ရတော့ဘူးလားလို့ မေးစရာရှိတယ်။
တွေ့သမျှလူပါရဂူခေတ်
လုပ်ရပါတယ်၊ လူငယ်သဘာဝ ပျော်ပျော်ပါးပါးနေမှလည်း သဘောဝကျ ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာတွေဟာ အလုပ်တွေ ဆတက်ထမ်းပိုး တိုးပြီးကြိုးစား လုပ်ကိုင်နိုင်ဖို့အတွက် ခန်္ဓာကိုယ်နဲ့ ဦးနှောက်ကို အနားပေးအပန်းဖြေတဲ့ သဘောလို့ မှတ်ယူရပါမယ်။ ပြီးရင် လုပ်စရာရှိတာတွေကို အားကြိုးမာန်တက် ဆက်လက်လုပ်ဆောင်ရပါမယ်။ ဦးတည် ရည်မှန်းချက်မရှိဘဲ အလုပ်ချိန်မှာ အလုပ်လုပ်၊ စားချိန်စား၊ အိပ်ချိန်အိပ်၊ အိမ်ထောင်သားမွေးပြုတဲ့အချိ န်ပြုဆိုတဲ့ ဘ၀မျိုးနဲ့ပဲ စခန်းသွားနေရင်တော့ ဒီခေတ် ကြီးမှာ လူတစ်လုံးသူတစ်လုံးဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ဒီခေတ်က ပညာ ခေတ်၊ တွေ့သမျှလူပါရဂူခေတ်။
လူ့အဖိုးတန်
နှစ်သစ်အဓိဋ္ဌာန်ပြုတဲ့အခါမှာ လက်တွေ့လုပ်နိုင်တာမျိုးကို ပဲ
ပြုပါလို့ အကြံပေးချင်တယ်။ နေ့စဉ်တစ်နေ့ကို ငါးနာရီစာကျက်မယ်လို့
အဓိဋ္ဌာန်ပြုထား ပြီး တကယ်လက်တွေ့ကျတော့ သုံးနာရီပဲ ကျက်နိုင်တယ်ဆိုတာမျိုးက
မကောင်းဘူး။ ကိုယ်ချတဲ့ အဓိဋ္ဌာန်ကို ကိုယ်ပြန်ဖျက်ရင် အဓိဋ္ဌာန်ဆိုတာ
အဓိပ်္ပာယ်မရှိတော့ဘူး။ သုံးနာရီပဲ ကျက်နိုင်ရင် သုံးနာရီလို့ အဓိဋ္ဌာန်ပြုပါ။
မပျက်မကွက်လိုက်လုပ် တာကို အကျင့်ဖြစ်နေပါစေ။ အဓိဋ္ဌာန် ဆိုတာ မြဲရတယ်။
ဆုံးဖြတ်ချက်ဆိုတာ ခိုင်မာရတယ်။ ကတိဆိုတာတည်ရတယ်။ ဒါမှ လူသူလေးစားတဲ့
““လူ့အဖိုးတန်””ဖြစ် လာနိုင်တယ်။
ပွဲလယ်တင့်စေချင်တယ်
အဓိဋ္ဌာန်တွေပြုလိုက်၊ ဖျက်လိုက်၊ ဆုံဖြတ်ချက်တွေချလိုက်၊ ကတိတွေပေး လိုက်၊ ချိုးဖောက်လိုက်လုပ်နေရင် ဘယ်သူ ကမှ ကိုယ့်ကိုယုံကြည်လေးစားမှာ မဟုတ် တော့ဘူး။ ကြာရင်ကိုယ့်ကိုယ်ကိုယ်တောင်
မယုံတော့ဘူး။ တစ်ခုခုလုပ်မယ်ကြံလိုက် တိုင်း ဖြစ်မှဖြစ်ပါ့မလား၊
လုပ်မှလုပ်နိုင်ပါ့ မလား၊ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယ စိတ်တွေ ၀င်လာတယ်။
နောက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလုံးဝ ပျောက် ဆုံးသွားပြီး
အားငယ်စိတ်တွေ၊ ကြောက် စိတ်တွေ ၀င်လာတယ်။ နောက်ဆုံးတော့
ရည်မှန်းချက်ပန်းတိုင်လုံးဝ ပျောက်ဆုံး သွားတယ်။ လူငယ်တွေ အဲဒီလို မဖြစ်စေ ချင်ဘူး။ ပညာခေတ်မှာ ပညာရဲရင့်ပွဲလယ် တင့်စေချင်ပါတယ်။
လူထုစိန်ဝင်း
========================
အသိုက်ပြန်ချိန်
သူတို့နိုင်ငံတွေမှာ ခရစ်္စမတ်ပွဲတော် ဆိုတာ ရပ်ဝေးတစ်နယ်တစ်ကျေး
ရောက် နေကြတဲ့ သားသမီးတွေ မိဘတွေရှိရာ အသိုက်အမြုံကို ပြန်ကြ တဲ့အချိန်ဖြစ် တယ်။ မိဘတွေအတွက်၊ ညီအစ်ကို မောင်နှမတွေအတွက်၊ ခင်ရာမင်ရာမိတ် သင်္ဂဟတွေအတွက် သတိရလက်ဆောင် တွေ ကိုယ်စီကိုယ်င၀ယ်ကြရတယ်။ ဒါ့ အပြင်
ကုန်တိုက်ကြီးတွေကလည်း နှစ် ဟောင်းက မော်ဒယ်ဟောင်း၊ ပစ္စည်း ဟောင်းတွေ နေရာမှာ မော်ဒယ်သစ်၊ ပစ်္စည်းသစ်တွေ တင်ဖို့ရာအတွက် အဟောင်းတွေကို လျှော့ဈေးနဲ့ရောင်း ထုတ်တဲ့ "year
end sales" တို့ "garage sales" တို့ ဆိုတာမျိုးတွေလုပ်ကြတယ်။ အဲဒါကြောင့် ဒီဇင်ဘာလတစ်လလုံး ဈေးဝယ်သူတွေ တိုးမပေါက်အောင် စည်းကားနေလေ့ရှိတယ်။
နှစ်ချုပ်ရှင်းတမ်းလုပ်
ကုန်တိုက်တွေက နှစ်ဟောင်းက ပစ်္စည်းဟောင်းတွေကို ရှင်းထုတ်
သလို လူတွေလည်း နှစ်ဟောင်းကမကောင်းတဲ့ အရာမှန်သမျှ ရှင်းထုတ်ပြီး နှစ်သစ်ကို အသစ်အသစ်တွေနဲ့ ကြိုဆိုကြသင့်တယ်။ အထူးသဖြင့် လူငယ်တွေအနေနဲ့ နှစ်ချုပ် ရှင်းတမ်းအလုပ်ကို မဖြစ် မနေလုပ်ကြဖို့ တိုက်တွန်းချင်တယ်။ ဒီခေတ်က ပညာ ခေတ်ဖြစ်တာနဲ့
အညီ ပညာတတ်တွေ ပေါများတယ်။ ““မြင်မြင်သမျှပါမောက်္ခ၊ တွေ့သမျှလူပါရဂူ””ဆိုတဲ့ စာချိုးတောင် ပေါ်လာရလောက်အောင်ကိုပေါတယ်။
သုံးသပ်ကြည့်ဖို့လို
““စူ့ထက် စူလူစွမ်းကောင်း””ချည်းဖြစ်
အချိန်ဇယားနဲ့ကြိုးစား
နှစ်သစ်အဓိဋ္ဌာန်ပြုတဲ့ အလေ့အထ လူငယ်တိုင်းမှာရှိစေချင်တယ်
တွေ့သမျှလူပါရဂူခေတ်
လုပ်ရပါတယ်၊ လူငယ်သဘာဝ ပျော်ပျော်ပါးပါးနေမှလည်း သဘောဝကျ ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာတွေဟာ အလုပ်တွေ ဆတက်ထမ်းပိုး တိုးပြီးကြိုးစား လုပ်ကိုင်နိုင်ဖို့အတွက် ခန်္ဓာကိုယ်နဲ့ ဦးနှောက်ကို အနားပေးအပန်းဖြေတဲ့ သဘောလို့ မှတ်ယူရပါမယ်။ ပြီးရင် လုပ်စရာရှိတာတွေကို အားကြိုးမာန်တက် ဆက်လက်လုပ်ဆောင်ရပါမယ်။ ဦးတည် ရည်မှန်းချက်မရှိဘဲ အလုပ်ချိန်မှာ အလုပ်လုပ်၊ စားချိန်စား၊ အိပ်ချိန်အိပ်၊ အိမ်ထောင်သားမွေးပြုတဲ့အချိ
လူ့အဖိုးတန်
နှစ်သစ်အဓိဋ္ဌာန်ပြုတဲ့အခါမှာ
ပွဲလယ်တင့်စေချင်တယ်
အဓိဋ္ဌာန်တွေပြုလိုက်၊ ဖျက်လိုက်၊ ဆုံဖြတ်ချက်တွေချလိုက်၊ ကတိတွေပေး လိုက်၊ ချိုးဖောက်လိုက်လုပ်နေရင် ဘယ်သူ ကမှ ကိုယ့်ကိုယုံကြည်လေးစားမှာ မဟုတ် တော့ဘူး။ ကြာရင်ကိုယ့်ကိုယ်ကိုယ်တောင
လူထုစိန်ဝင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။