WORLD AIDS DAY
************************
နှစ်စဉ်နှစ်တိုင်း December လ တစ်ရက်နေ့ဟာ World AIDS Day ဖြစ်ပါတယ်။
.
World AIDS Day ဆို AIDS ရောဂါဝေဒနာခံစားနေရသူတွေကို အားပေးသည့်အနေဖြင့်သာမက AIDS ရောဂါဖြင့်သေဆုံးခဲ့ရသူတွေအ တွက်ပါ အထိမ်းအမှတ်ပြုလုပ်တဲ့နေ့ပဲ ဖြစ်ပါတယ်။
World AIDS Day ဟာ ကမ္ဘာပေါ်မှာပထမဆုံးပြုလုပ်တဲ့  ကျန်းမာရေးနဲ့ဆိုင်တဲ့အထိမ်းအမှတ်နေ့ဖြစ်ပြီး ၁၉၈၈ နှစ်ကစတင်သတ်မှတ်ခဲ့ပါတယ်။
.
စစ်တမ်းတွေအရ UK မှာရှိတဲ့ လူပေါင်း ၁သိန်းကျော်ဟာ HIV ပိုးကူးစက်ခံနေရတယ်လို့သိရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ လူပေါင်း ၃၄ သန်းခန့်ဟာ HIV ရောဂါပိုးကူးစက်ခံနေရပါတယ်။ AIDS ရောဂါဖြစ်စေသော HIV ဗိုင်းရပ်ဟာ ၁၉၈၄ မှစတင်ပေါ်ပေါက်ခဲ့ဗိုင်းရပ် ဖြစ်သော်လည်းပဲ ယနေ့အချိန်ထိလူပေါင်း ၃၅ သန်းကျော်၏အသက်ကိုနုတ်ယူခဲ့ ပြီဖြစ်ပြီး လူ့သမိုင်းမှာ လူအများဆုံးသေဆုံးစေသော ရောဂါတွေထဲကတစ်ခုအပါအ၀င်ဖြစ်ပါတယ်။
.
ယနေ့အချိန်မှာတော့ သိပ္မံပညာရှင်တွေဟာ HIV ပိုးကိုထိန်းချုပ်နိုင်ဖို့ နည်းလမ်းတစ်ချို့ကိုတွေ့ရှိ ခဲ့ပြီဖြစ်ပြီး HIV ပိုးရှိနေသူဝေဒနာရှင်တွေကို ကာကွယ်ပေးမယ့် ဥပဒေတွေလည်းရှိနေပြီဖြစ်ပါတ ယ်။ World AIDS Day ဟာ လူသားတွေနဲ့ နိုင်ငံအသီးသီးကအစိုးရတွေကို HIV ဗိုင်းရပ်ဟာလူသားတွေနဲ့အနီး ဆုံးမှာရှိနေဆဲဖြစ်ပြီး ကုသဖို့နည်းလမ်းတွေရှာဖွေဖို့၊ ပညာပေးအစီအစဉ်တွေတိုးချဲ့လု ပ်ဆောင်ဖို့ သတိရစေမှာဖြစ်တာကြောင့် World AIDS Day ဟာ အလွန်အရေးကြီးသော အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။
.
AIDS ရောဂါဝေဒနာရှင်တွေအခွင့်အရေးကိုလေးစားကြောင်း၊ တစ်သားတည်းရှိကြောင်းပြသတဲ့ အနေနဲ့ ဖဲကြိုအနီလေးတွေကိုတပ်ဆင်ပြီး AIDS ဝေဒနာရှင်တွေကိုကူညီတဲ့အဖွဲ့ အစည်းတွေကို တတ်နိုင်သမျှအလှူငွေများလှူ ဒါန်းခြင်းဖြင့် World AIDS Day ကိုပါဝင်ဆင်နွှဲနိုင်ပါတယ်။
__________
Lin Htet Maw
Focus Youth E-magazine
Source - worldaidsday .org
************************
နှစ်စဉ်နှစ်တိုင်း December လ တစ်ရက်နေ့ဟာ World AIDS Day ဖြစ်ပါတယ်။
.
World AIDS Day ဆို AIDS ရောဂါဝေဒနာခံစားနေရသူတွေကို
World AIDS Day ဟာ ကမ္ဘာပေါ်မှာပထမဆုံးပြုလုပ်တဲ
.
စစ်တမ်းတွေအရ UK မှာရှိတဲ့ လူပေါင်း ၁သိန်းကျော်ဟာ HIV ပိုးကူးစက်ခံနေရတယ်လို့သိရပ
.
ယနေ့အချိန်မှာတော့ သိပ္မံပညာရှင်တွေဟာ HIV ပိုးကိုထိန်းချုပ်နိုင်ဖို့
.
AIDS ရောဂါဝေဒနာရှင်တွေအခွင့်အရေ
__________
Lin Htet Maw
Focus Youth E-magazine
Source - worldaidsday .org

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။