သဘာဝတရား၏ ဥပဒေသ (Law of Seeds)
-------------------------- ---------------------
ပန်းသီးပင်တစ်ပင်ရှိတယ်လို့
ဆိုကြပါစို့....။ အဲဒီပန်းသီးပင်မှာ ပန်းသီးအလုံးပေါင်း
ငါးရာသီးနေကြတယ်...။ ပန်းသီးတစ်လုံးစီမှာ အညှောက်ပေါက်ပြီး ပန်းသီးပင်အဖြစ်
ဖွံ့ဖြိုးကြီးထွားနိုင်တဲ့ မျိုးစေ့ပေါင်း ဆယ်စေ့စီ..ပါတယ်။
ပန်းသီးတစ်ပင်လုံးစာတွက်ကြည့်ရင်တော့ မျိုးစေ့တွေအများကြီးပဲဖြစ် မယ်။ အဲဒီမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။
"ဒါဆို ပန်းသီးပင်တွေအများကြီး ဖြစ်လာရမှာပေါ့၊ မျိုးစေ့တိုင်းအပင်ဘာလို့မြ ဖစ်တာလဲ?"
အဲဒါကတော့ law of seeds (မျိုးစေ့တွေရဲ့ဥပဒေသ) ပဲဖြစ်တယ်။ သဘာဝတရားရဲ့ လှပလွန်းတဲ့ သဘောတရားဖြစ်သလို ကျနော်တို့ကို သတိပေးထားတဲ့သင်ခန်းစာတစ်ခု လည်းပဲဖြစ်နေပြန်တယ်။
"မျိုးစေ့အများစုဟာ အပင်တွေ ဖြစ်လာကြမှာမဟုတ်ဘူး" ဆိုတဲ့ ဥပဒေသပဲဖြစ်တယ်။
ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ၊ အောင်မြင်မှုပန်းတိုင်တွေဟာလ ည်း ပန်းသီးစေ့လေးတွေနဲ့ အလားသဏ္ဍာန်တူတယ်။ ကြိုးစားအားထုတ်မှုတိုင်းက ကောင်းသောရလဒ် ရရှိမှာမဟုတ်ဘူးလို့ဆိုလိုချင်တာဖြစ်တယ်။
"အလုပ်တစ်ခုကိုရဖို့ အကြိမ် (၂၀) လောက် အင်တာဗျူးဖြေကောင်းဖြေရမယ်"
"အလုပ်သမား (၄၀) လောက်ကို အင်တာဗျူးပြီးမှ အလုပ်သမားကောင်း (၁)ယောက်ကို ရရှိကောင်း ရရှိလိမ့်မယ်"
"အိမ်၊ ကား၊ ဖုန်စုတ်စက်၊ ရေခဲသေတ္တာ စတဲ့ရောင်းကုန်တစ်ခုတစ်လေကိုရောင်းရဖို့ လူပေါင်း (၅၀) ယောက်ကို စကားပြောကောင်း ပြောရလိမ့်မယ်။"
"သူငယ်ချင်းပေါင်းထောင်ကျော်ရှိလည်း၊ မိတ်ဆွေစစ် တစ်ယောက် ရချင်မှ ရမယ်"
အဲဒီအချက်ဟာ သဘာဝရဲ့ဥပဒေသ law of seeds ပဲဖြစ်တယ်။
ကျနော်တို့ဟာ အဲဒီ law of seeds ကို သဘောပေါက်ထားရင်တော့ အောင်မြင်မှုမရတိုင်းမှာ စိတ်ပျက်အားငယ်မိမှာ မဟုတ်တော့ဘူးလို့ဆိုတယ်။ သဘာဝတရားရဲ့သင်ခန်းစာဟာ ကျနော်တို့ရဲ့လက်တွေ့ဘ၀ထဲမှာလည်း ကွက်တိမှန်ကန်နေတာကို သဘောပေါက်သင့်တယ်။ လက်တွေ့ကျင့်သုံးသင့်လှတယ်။
အောင်မြင်တဲ့ပုဂ္ဂိုလ်တွေတော င်မှ
မကြာခဏပဲ ကျရှုံးတဲ့အခိုက်အတန့်တွေက ပိုများတယ်လို့ဆိုတယ်။
တကယ်တန်းအားဖြင့် အောင်မြင်သူတွေဟာ့  မျိုးစေ့တွေ
ပိုမိုစိုက်ပျိုးသူများသာလျ င်ဖြစ်တယ်။ အကြိမ်များများ မျိုးစေ့ချပြီးမှသာ အောင်မြင်မှုအသီးအပွင့် တစ်ကြိမ်ကို ရရှိကြသူများဖြစ်တယ်။ အကြိမ်ကြိမ်ကြိုးစားသူများသာလျင်ဖြစ်တယ်။
တစ်ခါတစ်လေမှာ ကျနော်တို့တွေရဲ့ မျှော်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ ကျဆုံးကုန်ကြတယ်။
- လောကကြီးက ဒီလိုဆိုရင်ကောင်းမှာပဲ
- လူတွေက ဒါမျိုးလေးဆို အစဉ်ပြေမယ်နော်
- သူငယ်ချင်းတွေက ငါ့ကို ဒီလောက်တော့နေရာပေးသင့်ပါတယ်
- ငါဒီလောက်တောင်လုပ်ပေးတာတော င် ငါ့အပေါ်ကောင်းသင့်ပါတယ်
- သူအချိန်မီ ရောက်သင့်တယ်၊ ရောက်မလာဘူး၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ
- ငါဒီလောက်ကြိုးစားထားတာတောင် မန်နေဂျာက အသိအမှတ်မပြုပါလား။ ချီးမွမ်းစကားလေးတော့ ပြောသင့်တယ်။
- ငါမွေးနေ့လေးတော့ သူမှတ်မိသင့်တာပေါ့။
အဲဒီ "သင့်" တွေဟာ သင့်ရဲ့ မျှော်လင့်ချက်။ သင်ကိုယ်တိုင်ချမှတ်ထားတဲ့ ဥပဒေဖြစ်ပါတယ် တစ်နည်းအားဖြင့် (သင့်ရဲ့ ဥပဒေ) ဖြစ်တဲ့အတွက် သဘာဝတရားရဲ့ ဥပဒေသ law of seeds နဲ့ တော့ ထပ်တူကျနိုင်မှာမဟုတ်ပါဘူး။ သဘာဝတရားဟာ လူတစ်ယောက်ရဲ့မျှော်လင့်ချက်အတိုင်း ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ မျှော်လင့်ချက်ကသာ သဘာဝတရားရဲ့ ဥပဒေသအတိုင်း ပြောင်းလဲယူကြရမှာဖြစ်တယ်။
ကျနော်တို့ရဲ့ မျှော်လင့်ချက် လိုအင်တွေ တော်တော်များများကတော့ သဘာဝရဲ့ စည်းမျဉ်းအတိုင်းလိုက်နာကြမှာ အသေအချာပဲဖြစ်တယ်။ တစ်နည်းအားဖြင့် မျှော်လင့်ချက်တွေဟာ သဘာဝမကျတဲ့အခါ၊ စိတ်ဆင်းရဲမှုတွေ ဖြစ်လာမယ်လို့ ဆိုလိုတာပဲဖြစ်တယ်။
"ကိုယ်ပိုင်ကားစီးချင်တယ်၊ ကြိုးစားမယ်၊ ဒါပေမယ့် မရှိလည်းဖြစ်တယ်"
"ဟန်းန်ဆက်အသစ်လေးကို လိုချင်တယ်၊ ပိုက်ဆံကြိုးစားစုမယ်၊ ဒါပေမယ့် မရလည်းဖြစ်နေတာပဲ"
"ငါ့ကိုအရေးတယူ ရှိသင့်တယ်။ ငါသာအောင်မြင်နေရင် သူဒီလိုဘယ်နေလိမ့်မလဲ၊ ငါကြိုးစားမယ်"
"ဒီလူ ယဉ်ယဉ်ကျေးကျေးပြောသင့်တယ်၊ ဒါပေမယ့် မဆဲရင်တောင် တော်ပါပြီ"
စတဲ့ positive thinking နဲ့ ခွန်အားကို ရယူသင့်တယ်လို့ဆိုလိုတာဖြစ် တယ်။
အတိုချုပ်အားဖြင့်တော့
သဘာဝရဲ့ဥပဒေသကို ကိုယ့်ရဲ့စိတ်ကူးနဲ့ ထပ်တူကျအောင်ကြိုးစားသင့်သလို၊ အကြိမ်ကြိမ်ကျရှုံးခြင်းကြုံ လာတိုင်း Law of Seeds ကို ဆင်ခြင်ပြီး၊ နောက်တစ်ကြိမ်အတွက် အသင့်ပြင်သင့်လှတယ်။
အောင်မြင်မှုအသီးအပွင့်များရ ရှိကြပါစေ
(ဖြိုးသုတ)
--------------------------
ပန်းသီးပင်တစ်ပင်ရှိတယ်လို့
"ဒါဆို ပန်းသီးပင်တွေအများကြီး ဖြစ်လာရမှာပေါ့၊ မျိုးစေ့တိုင်းအပင်ဘာလို့မြ
အဲဒါကတော့ law of seeds (မျိုးစေ့တွေရဲ့ဥပဒေသ) ပဲဖြစ်တယ်။ သဘာဝတရားရဲ့ လှပလွန်းတဲ့ သဘောတရားဖြစ်သလို ကျနော်တို့ကို သတိပေးထားတဲ့သင်ခန်းစာတစ်ခု
"မျိုးစေ့အများစုဟာ အပင်တွေ ဖြစ်လာကြမှာမဟုတ်ဘူး" ဆိုတဲ့ ဥပဒေသပဲဖြစ်တယ်။
ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ၊ အောင်မြင်မှုပန်းတိုင်တွေဟာလ
"အလုပ်တစ်ခုကိုရဖို့ အကြိမ် (၂၀) လောက် အင်တာဗျူးဖြေကောင်းဖြေရမယ်"
"အလုပ်သမား (၄၀) လောက်ကို အင်တာဗျူးပြီးမှ အလုပ်သမားကောင်း (၁)ယောက်ကို ရရှိကောင်း ရရှိလိမ့်မယ်"
"အိမ်၊ ကား၊ ဖုန်စုတ်စက်၊ ရေခဲသေတ္တာ စတဲ့ရောင်းကုန်တစ်ခုတစ်လေကိ
"သူငယ်ချင်းပေါင်းထောင်ကျော
အဲဒီအချက်ဟာ သဘာဝရဲ့ဥပဒေသ law of seeds ပဲဖြစ်တယ်။
ကျနော်တို့ဟာ အဲဒီ law of seeds ကို သဘောပေါက်ထားရင်တော့ အောင်မြင်မှုမရတိုင်းမှာ စိတ်ပျက်အားငယ်မိမှာ မဟုတ်တော့ဘူးလို့ဆိုတယ်။ သဘာဝတရားရဲ့သင်ခန်းစာဟာ ကျနော်တို့ရဲ့လက်တွေ့ဘ၀ထဲမှ
အောင်မြင်တဲ့ပုဂ္ဂိုလ်တွေတော
တစ်ခါတစ်လေမှာ ကျနော်တို့တွေရဲ့ မျှော်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ ကျဆုံးကုန်ကြတယ်။
- လောကကြီးက ဒီလိုဆိုရင်ကောင်းမှာပဲ
- လူတွေက ဒါမျိုးလေးဆို အစဉ်ပြေမယ်နော်
- သူငယ်ချင်းတွေက ငါ့ကို ဒီလောက်တော့နေရာပေးသင့်ပါတယ
- ငါဒီလောက်တောင်လုပ်ပေးတာတော
- သူအချိန်မီ ရောက်သင့်တယ်၊ ရောက်မလာဘူး၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ
- ငါဒီလောက်ကြိုးစားထားတာတောင
- ငါမွေးနေ့လေးတော့ သူမှတ်မိသင့်တာပေါ့။
အဲဒီ "သင့်" တွေဟာ သင့်ရဲ့ မျှော်လင့်ချက်။ သင်ကိုယ်တိုင်ချမှတ်ထားတဲ့ ဥပဒေဖြစ်ပါတယ် တစ်နည်းအားဖြင့် (သင့်ရဲ့ ဥပဒေ) ဖြစ်တဲ့အတွက် သဘာဝတရားရဲ့ ဥပဒေသ law of seeds နဲ့ တော့ ထပ်တူကျနိုင်မှာမဟုတ်ပါဘူး။
ကျနော်တို့ရဲ့ မျှော်လင့်ချက် လိုအင်တွေ တော်တော်များများကတော့ သဘာဝရဲ့ စည်းမျဉ်းအတိုင်းလိုက်နာကြမ
"ကိုယ်ပိုင်ကားစီးချင်တယ်၊ ကြိုးစားမယ်၊ ဒါပေမယ့် မရှိလည်းဖြစ်တယ်"
"ဟန်းန်ဆက်အသစ်လေးကို လိုချင်တယ်၊ ပိုက်ဆံကြိုးစားစုမယ်၊ ဒါပေမယ့် မရလည်းဖြစ်နေတာပဲ"
"ငါ့ကိုအရေးတယူ ရှိသင့်တယ်။ ငါသာအောင်မြင်နေရင် သူဒီလိုဘယ်နေလိမ့်မလဲ၊ ငါကြိုးစားမယ်"
"ဒီလူ ယဉ်ယဉ်ကျေးကျေးပြောသင့်တယ်၊
စတဲ့ positive thinking နဲ့ ခွန်အားကို ရယူသင့်တယ်လို့ဆိုလိုတာဖြစ်
အတိုချုပ်အားဖြင့်တော့
သဘာဝရဲ့ဥပဒေသကို ကိုယ့်ရဲ့စိတ်ကူးနဲ့ ထပ်တူကျအောင်ကြိုးစားသင့်သလ
အောင်မြင်မှုအသီးအပွင့်များရ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။