Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 19, 2015

ထူးဆန်းသောခြေရာများ

ထူးဆန်းသောခြေရာများ
=============
တစ်ခါက အလွန်ရိုးအပြီး အကြားအမြင်ဗဟုသုတနည်းတဲ့ သူတွေနေထိုင်တဲ့ရွာတစ်ရွာရှိပါသတဲ့..။ ရွာသားတွေဟာ ဗဟုသုတနည်းတဲ့အတွက် သူတစ်ဖက်သားပြောတာကိုလည်း အလွယ်တကူပဲ ယုံတတ်ကြတယ်။ အဲဒီလို သူတို့ရဲ့ ရိုးအမှုကို အခွင့်ကောင်းယူပြီး ဆရာလုပ်နေတဲ့ ပညာရှိ လို့အမည်တတ်ထားတဲ့ ဂုရုတစ်ဆူလည်း သူတို့ရွာမှာရှိတယ်။


ရွာသားတွေဟာ ပြသနာတစ်စုံတစ်ရာဖြစ်တိုင်း သူတို့ယုံကြည်အားကိုးတဲ့ ဂုရုကြီးရဲ့ အဆုံးအဖြတ်နဲ့ အဆုံးအမကို ခံလေ့ရှိတယ်။ ဂုရုပညာရှိကလည်း ရွာသားတွေကို ဟုတ်တာရော မဟုတ်တာရော အဖြီးအဖျန်းလေးနဲ့ ဆုံးမလေ့ရှိတယ်။ ရွာသားတွေကတော့ ဂုရုကြီးပြောသမျှဆိုရင် ဘာမဆို အဟုတ်ထင်ပြီး ပညာရှိပီသပါပေတယ် လို့ အမြဲတမ်းပဲ ချီးမွမ်းလေ့ရှိတယ်။
ကလေးတွေကို ဆိုဆုံးမရင်တောင် ဂုရုကြီးက အဆုံးအမက ဘယ်လိုရှိတယ်၊ ညာလိုရှိတယ်လို့ ညွှန်းဆိုပြီးဆုံးမရတဲ့အထိပဲ။

တစ်နေ့တော့ရွာသားတစ်ယောက်ဟာ သူ့တဲရှေ့က ဗွက်တောထဲမှာ အင်မတန်ကြီးမားတဲ့ ခြေရာကြီးတစ်ခုကိုတွေ့ခဲ့ပါသတဲ့။
"အောင်မငှီး.. ကြီးလိုက်တဲ့ခြေရာကြီးဟ၊ ဒါမျိုးတစ်ခါမှ မမြင်ဖူးဘူး၊ ဟေ့ သာအေးတို့၊ ဖိုးတေတို့၊ အောင်ဘုတို့၊ မဲကြီးတို့ လာကြည့်ကြပါအုန်းဟ"
လို့ အော်ဟစ်ခေါ်လိုက်တယ်။

အဲဒီအခါ ရွာထဲကလူတွေလည်း ၀ိုင်းဝန်းရောက်ရှိလာပြီး ကြီးမားလှတဲ့ခြေရာကြီးကို တစ်ယောက်တစ်ပေါက် ၀ိုင်းဝန်းဝေဖန်ကြတယ်။
"သချိုင်းက တစ္ဆေ ဖုတ်သဘက်တွေများလား၊ ဖျား..ဖျား"
"ဘယ်ကလာ.. ဘီလူးခြေရာကွ၊ ဘီလူးခြေရာ"
"သရဲပါကွ"
"သဘက်လည်းဖြစ်နိုင်တယ်"
"ဘီလူးဆိုရင်၊ လူခြေထောက်လိုခြေရာမျိုးဖြစ်မှာပေါ့ကွ၊ အခုက အ၀ိုင်းကြီး၊ မင်းတို့လို ငတုံးတွေထင်ရာပြောနေမယ့်အစား၊ ဂုရုကြီးကိုသွားပင့်တာမှ အဖြေမှန်သိရအုံးမယ်၊ လာကြ လာကြ၊ ဂုရုကြီးကို သွားပင့်ကြမယ်"
ရွာသားတွေဟာ အဲဂလို တစ်ယောက်တစ်ပေါက်ပြောဆိုညင်းခုန်ရင် ပညာရှိက၀ိကြီးကို သွားပင့်ကြတယ်။ ဂုရုကြီးရောက်ရှိလာတဲ့အခါ ရွာသားတွေက လမ်းရှဲပေးကြတယ်။ ပညာရှိကြီးက ခြေရာကို အနီးကြည့်ကြည့်၊ အဝေးကြည့်ကြည့် ကြော်ငြာထဲကလို.. အနီးကပ်ကြည့်တယ်၊ အဝေးကနေ လှမ်းကြည့်တယ်၊ လေးဘက်ကုန်းပြီး သုံးသပ်တယ် ပြီးတော့ တစ်ဖက်ခြောက်ပင်စီလောက်ပေါက်နေတဲ့ မုတ်ဆိတ်မွှေးကို အသာအယာပွတ်သတ်ပြီးဒီလိုပြောတယ်။
"မင်းတို့တော်တော်ညံ့ကြတာကို၊ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတွေးကြည့်ကြပေါ့ကွ၊ တစ်ကယ်တော့ အဲဒါတွေက သမင်ခြေရာတွေကွ"
အဲဒီလိုပြောလိုက်တော့ ရွာသားတွေက အကုန်အံ့သြကုန်ကြတယ်။
"ဟာ"
"ဟင်"
"ဟယ်"
"ဘယ်လို"
ဂုရုကြီးကဆက်ပြောတယ်-

"မင်းတို့အံ့သြမယ်ဆိုလည်း၊ အံ့သြစရာပေါ့လေ၊ တကယ်တော့ သမင်တွေက သူတို့ခြေထောက်မှာ ကျောက်တုံးဝိုင်းဝိုင်းကြီးတွေကို ချည်ပြီး မင်းတို့ကို ကျီစားနေတာကွ၊ သေချာမှတ်ထားကြ၊ နောက်တစ်ခါ ဒါမျိုးတွေ့ရင် သမင်ခြေရာပဲလို့ အတတ်သိလိုက်ကြ"
လို့ ဆုံးမတယ်။ ရွာသားတွေလည်း

"သြော်.... ဒီလိုကိုး...၊ တော်တော်နောက်တဲ့သမင်တွေပဲ၊ ဂုရုကြီး ပညာရှိပါပေတယ်"
လို့ဝိုင်းဝန်းချီးမြောက်ကြတယ်။
အဲဒီလိုနဲ့ နောက်တစ်နေ့မှာလည်း ရွာသားတွေအိပ်မောကျနေတုန်း၊ သူတို့ရွာနားက ဆင်အုပ်ဖြတ်သွားပြန်တယ်။ နောက်တစ်နေ့မှာလည်း ရွာသားတွေက ဆင်ခြေရာတွေကို တွေ့ကြပြန်တယ်။ ဒါပေမယ့် သူတို့ အံ့သြခြင်းတော့မဖြစ်တော့ဘူး။ သမင်တွေက သူတို့ကို ထပ်ပြီး ကျီစားပြန်ပြီလို့ သူတို့ ထင်နေကြပြန်တယ်။
--------------------------------
ဒီပုံပြင်လေးဟာ အိန္ဒိယ ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒီပုံပြင်လေးက ကျနော်တို့ကို "ဗဟုသုတ" နည်းခြင်းအကြောင်းကို ပြောပြနေတယ်။
တစ်ခါတရံမှာတော့ ကျနော်တို့ဟာ တစ်စုံတစ်ရာဆုံးဖြတ်စရာ၊ ရွေးချယ်စရာ၊ ဆင်ခြင်သုံးသပ်စရာတွေ ပေါ်လာတတ်ကြတယ်။ အဲဒီလို အခိုက်အတန့်မှာတော့ ဗဟုသုတအကြားအမြင် ပြည့်စုံတဲ့သူတွေဟာ. ကိုယ့်ဥာဏ်စွမ်းဥာဏ်စနဲ့ ဆုံးဖြတ်နိုင်လေ့ရှိတယ်။ ဗဟုသုတ နည်းပါးတဲ့သူတွေကျပြန်တော့ ကိုယ့်ထက် အကြားအမြင်များတယ်လို့ ထင်ရတဲ့သူတွေကို အားကိုးအားထား ပြုကြရတယ်။ အားကိုးအားထားပြုတဲ့သူဟာ မှန်ကန်တဲ့လမ်းကြောင်းကို သိမြင်သူ၊ စိတ်ကောင်းရှိသူ၊ ဥာဏ်ပညာရှိသူ ဖြစ်ရင်တော့ ကိုယ့်အတွက် မထိခိုက်နိုင်ပေမယ်၊ ညာဝါးဖြီးဖျန်းသူ တစ်ယောက်ဖြစ်ရင်တော့ နစ်နာသူဟာ မိမိကိုယ်တိုင်ပဲဖြစ်လာမှာ သေချာတယ်လို့ဆိုတယ်။

တစ်ခါတစ်ရံမှာ အမှန်တရားတစ်ချို့တစ်ဝက်ကို လိမ်ညာမှုတွေနဲ့ ရောထွေးပြီးပြောတတ်တဲ့ ဂုရုကြီးလို လူစားမျိုးတွေကိုလည်း ကျနော်တို့ပတ်ဝန်းကျင်မှာတွေ့ကြရမှာ ဧကန်ပဲဖြစ်တယ်။ ဂုရုကြီးဟာ ရွာသားတွေရဲ့ ကြည်ညိုမှုကို ဟုတ်တာရော မဟုတ်တာရော ရောထွေးပြီး လိမ်ညာယူတတ်သလိုမျိုး၊ half-truth message တွေပေးပြီး လိမ်ညာတတ်တဲ့ဝါဒဖြန့်သမားတွေဟာလည်း ရှိနေတတ်ကြသေးတယ်။
သူတို့တွေဟာ လူကြည်ညိုမှုနဲ့ ဂုဏ်သိက္ခာအတွက် ဒါမှမဟုတ် စည်းစိမ်ဥစ္စာ တစ်စုံတစ်ရာအတွက် အမှန်တရားသကာရည်တွေ လိမ်းကြံထားတဲ့ လိမ်ညာမုသားတွေကို ပြောကြမှာပဲဖြစ်တယ်။ အဲဒီလို လှည့်ဖျားခြင်းကို ရင်ဆိုင်ရတဲ့အခါမျိုးမှာ ဗဟုသုတနဲ့ အကြားအမြင်ဟာ ကိုယ့်အတွက် အင်မတန်ခိုင်ခန့်တဲ့ သံချပ်ကာဝတ်စုံဖြစ်သလို၊ အင်မတန်ထက်မြတဲ့ ဓါးတစ်လက်လဲဖြစ်ပြန်တယ်။
ဗဟုသုတအကြားအမြင်များကြပါစေ

(ဖြိုးသုတ) https://web.facebook.com/ko.phyo.3363

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။