ကြောက်ရွံ့ခြင်းနှင့် ချစ်ခြင်း
=================
တစ်ခါက ဗီရတ်ဆင်း လို့အမည်ရတဲ့ ရက်စက်တဲ့ဘုရင်တစ်ပါးရှိပါသ တဲ့..။
တိုင်းသူပြည်သားများဟာ သူ့ရဲ့ ရက်စက်မှုကို အင်မတန်မှ ပဲ ကြောက်ကြရတယ်။
မကျေနပ်လို့ တော်လှန်မိတဲ့သူတွေကိုလည်း ရက်စက်စွာ သတ်ဖြတ်တတ်လို့
တော်လှန်ပုန်ကန်ဝံ့သူဆိုလို့  တစ်ဦးတစ်ယောက်မှ မရှိဘူး..။
ဘုရင်ကြီးရဲ့ ဘေးနားမှာလည်း အမှန်တရားကို ချပြ၀ံ့သူရယ်လို့ မရှိတော့ဘဲ မင်းလိုလိုက် မင်းကြိုက်ဆောင် ဖော်လံဖားအမတ်များသာလျင် ရှိတော့သတဲ့။ တိုင်းသူပြည်သားများဟာ ဘုရင်ကြီးကို ချစ်လှကြောင်း၊ တိုင်းပြည်မှာ ဆန်ရေစပါး ကြွယ်ဝကြောင်း၊ ရာသီဥတုကောင်းမွန်ကြောင်း၊ သူခိုးသူဝှက် ကင်းစင်ကြောင်း၊ အခြားသော ပြည်ထောင်များက ဘုရင်ကြီးရဲ့ တိုင်းပြည်ကို ရိုသေခန့်ညားရကြောင်းစတဲ့ စကားတွေကို နေ့တိုင်းပဲ တင်လျှောက်နေတာကြောင့် ဘုရင်ကြီးဟာ သူ့ကိုယ်သူလည်း အင်မတန် သွေးနားထင်ရောက်နေခဲ့ပြန်တယ်။
ဘုရင်ကြီး ဗီရတ်ဆင်းမှာတော့ သူအင်မတန်ချစ်တဲ့ ခွေးတစ်ကောင်လည်းရှိတယ်။ ဘုရင်ကြီးဟာ သူ့ရဲ့ ခွေးကို အရာအားလုံးထက်ပိုပြီးချစ်တယ်။
တစ်နေ့တော့ ဘုရင်ကြီးရဲ့ ခွေးဟာ ရုတ်တရက်ပဲ သေသွားခဲ့ပါသတဲ့။ ဘုရင်ကြီးဟာ သူ့ခွေးအတွက် အင်မတန်မှ စိတ်သောကရောက်ခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့ ခွေးအတွက် ရည်စူးပြီး အင်မတန်ကြီးကျယ်တဲ့ ခွေးဈာပနတစ်ခု စီရင်ကျင်းပဖို့အတွက် အမိန့်ထုတ်ပြန်လိုက်တယ်။
နောက်တစ်နေ့မနက်မှာတော့ ဘုရင်ကြီးရဲ့ ခွေးဈာပနကို ဘုရင့်နန်းရင်ပြင်မှာ ချိမ့်ချိမ့်သဲစည်ကားစွာကျင်းပခဲ့တယ်။
တိုင်းသူပြည်သားတွေအားလုံး မလာမနေရ တက်ရောက်ငိုကြွေးကြရတယ်။
မငိုကြွေးရင်လည်း ရာဇ၀တ်သင့်ကြမှာကို ကြောက်ကြရတဲ့အတွက်ဖြစ်တယ်။
ဘုရင်ကြီးဟာ တိုင်းသူပြည်သားတွေရဲ့ ငိုကြွေးနေမှုကို မြင်တဲ့အခါ ပိုပြီး
ဘ၀င်မြင့်လာပြန်တယ်။ တိုင်းသူပြည်သားတွေဟာ သူ့ခွေးသေတာတောင် ဒီလောက်
ဝမ်းနည်းနေရင် သူ့အပေါ်ဆို ပိုပြီးချစ်ကြလိမ့်မယ်လို့ ထင်မြင်လာတယ်။ သူဟာ
ကမ္ဘာပေါ်မှာ အကြော်ကြားဆုံးဘုရင်ပဲလို့ ကြွေးကြော်လိုက်တယ်။
နောက်ရက်အနည်းငယ်အကြာမှာတော့ 
ဘုရင်ကြီး ဗီရက်ဆင်းဟာ ရုတ်တရက် နတ်ရွာစံခဲ့တယ်။ ဒါပေမယ့် သူ့ဈာပနကိုတော့
သူ့ရဲ့ တော်ဝင်မိသားစုကလွဲပြိး၊ ဘယ်တိုင်းသူပြည်သားကမှ တက်ရောက်ခြင်း
မရှိဘူး။
========
ဒီပုံပြင်လေးက ကျနော်တို့ကို သတိပေးထားတာတွေရှိတယ်။ လူတစ်ယောက်ဟာ စည်းစိမ်းချမ်းသာ၊ ဒါမှမဟုတ် အာဏာရဲ့အရှိန်အ၀ါကြောင့် မောက်မာရိုင်းစိုင်းပြီး၊ ထင်ရာလုပ်ခဲ့ကောင်းလုပ်ခဲ့လိမ့်မယ်။
အဲဒီလို ထင်ရာစိုင်းခြင်းတွေကို မလွန်ဆန်နိုင်တဲ့အတွက်
သူ့ရဲ့လက်အောက်ငယ်သား၊ ပြည်သူပြည်သားတွေဟာ သည်းခံကြိတ်မှိတ်ပြီးနေခဲ့ရ မယ်။
ဒါပေမယ့် အဲဒီလို သည်းခံခြင်းဟာ "ချစ်လို့၊ ကြည်ညိုလို့"
သည်းခံနေခြင်းမဟုတ်ဘဲ "ကြောက်ရွံ့ခြင်း၊" ကြောင့်သာ
သည်းခံနေကြရတာဖြစ်တယ်လို့ဆိုတယ်။
တစ်ခါတစ်ရံမှာလည်း အာဏာနဲ့ ငွေကြေးစည်းစိမ်တွေဟာ ကိုယ်တိုင်ရေးတဲ့သမိုင်းကြောင်းကို
ပြောင်းလဲပစ်ဖို့ မစွမ်းသာဘူးဆိုတာကို သဘောပေါက်သင့်တယ်။
အာဏာစည်းစိမ်ကြောင့်သာ ကိုယ့်ဘေးနားက မိတ်ဆွေ၊ အခြွေအရံ၊ တွေ
ဝိုင်းဝိုင်းလည်နေတတ်ပေမယ့်
အာဏာစည်းစိမ် မရှိတော့တဲ့အခါမှာတော့ ကိုယ့်ပြုခဲ့တဲ့ ကောင်းခြင်း၊
မကောင်းခြင်းပေါ်မူတည်ပြီး ပတ်ဝန်းကျင်ရဲ့ ရောင်ပြန်ဟတ်မှုတွေကို မလွဲမသွေ
ကြုံကြရမှာဖြစ်တယ်။
No man is rich enough to buy back his past. ဆိုတဲ့စကားလို ဘယ်လောက်ပဲ စည်းစိမ်ချမ်းသာပြည့်စုံနေပါစေ၊ ကိုယ်ပြုမူမိခဲ့တဲ့သမိုင်းေ ကြာင်းကို ပြောင်းလဲနိုင်လောက်အောင်တော့ မချမ်းသာဘူးလိုဆိုလိုတာဖြစ် ပါတယ်။ တစ်နည်းအားဖြင့် မေတ္တာတရားဟာ အာဏာ၊ စည်းစိမ် နဲ့ ရောင်ပြန်မဟပ်ဘူးလို့ဆိုလို ရင်းဖြစ်တယ်။
သမိုင်းကြောင်းလှလှ ရေးခြယ်နိုင်ကြပါစေ-
(ဖြိုးသုတ)
https://web.facebook.com/ ko.phyo.3363
=================
တစ်ခါက ဗီရတ်ဆင်း လို့အမည်ရတဲ့ ရက်စက်တဲ့ဘုရင်တစ်ပါးရှိပါသ
ဘုရင်ကြီးရဲ့ ဘေးနားမှာလည်း အမှန်တရားကို ချပြ၀ံ့သူရယ်လို့ မရှိတော့ဘဲ မင်းလိုလိုက် မင်းကြိုက်ဆောင် ဖော်လံဖားအမတ်များသာလျင် ရှိတော့သတဲ့။ တိုင်းသူပြည်သားများဟာ ဘုရင်ကြီးကို ချစ်လှကြောင်း၊ တိုင်းပြည်မှာ ဆန်ရေစပါး ကြွယ်ဝကြောင်း၊ ရာသီဥတုကောင်းမွန်ကြောင်း၊ သူခိုးသူဝှက် ကင်းစင်ကြောင်း၊ အခြားသော ပြည်ထောင်များက ဘုရင်ကြီးရဲ့ တိုင်းပြည်ကို ရိုသေခန့်ညားရကြောင်းစတဲ့ စကားတွေကို နေ့တိုင်းပဲ တင်လျှောက်နေတာကြောင့် ဘုရင်ကြီးဟာ သူ့ကိုယ်သူလည်း အင်မတန် သွေးနားထင်ရောက်နေခဲ့ပြန်တယ
ဘုရင်ကြီး ဗီရတ်ဆင်းမှာတော့ သူအင်မတန်ချစ်တဲ့ ခွေးတစ်ကောင်လည်းရှိတယ်။ ဘုရင်ကြီးဟာ သူ့ရဲ့ ခွေးကို အရာအားလုံးထက်ပိုပြီးချစ်တယ
တစ်နေ့တော့ ဘုရင်ကြီးရဲ့ ခွေးဟာ ရုတ်တရက်ပဲ သေသွားခဲ့ပါသတဲ့။ ဘုရင်ကြီးဟာ သူ့ခွေးအတွက် အင်မတန်မှ စိတ်သောကရောက်ခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့ ခွေးအတွက် ရည်စူးပြီး အင်မတန်ကြီးကျယ်တဲ့ ခွေးဈာပနတစ်ခု စီရင်ကျင်းပဖို့အတွက် အမိန့်ထုတ်ပြန်လိုက်တယ်။
နောက်တစ်နေ့မနက်မှာတော့ ဘုရင်ကြီးရဲ့ ခွေးဈာပနကို ဘုရင့်နန်းရင်ပြင်မှာ ချိမ့်ချိမ့်သဲစည်ကားစွာကျင
နောက်ရက်အနည်းငယ်အကြာမှာတော
========
ဒီပုံပြင်လေးက ကျနော်တို့ကို သတိပေးထားတာတွေရှိတယ်။ လူတစ်ယောက်ဟာ စည်းစိမ်းချမ်းသာ၊ ဒါမှမဟုတ် အာဏာရဲ့အရှိန်အ၀ါကြောင့် မောက်မာရိုင်းစိုင်းပြီး၊ ထင်ရာလုပ်ခဲ့ကောင်းလုပ်ခဲ့လ
တစ်ခါတစ်ရံမှာလည်း အာဏာနဲ့ ငွေကြေးစည်းစိမ်တွေဟာ ကိုယ်တိုင်ရေးတဲ့သမိုင်းကြေ
No man is rich enough to buy back his past. ဆိုတဲ့စကားလို ဘယ်လောက်ပဲ စည်းစိမ်ချမ်းသာပြည့်စုံနေပ
သမိုင်းကြောင်းလှလှ ရေးခြယ်နိုင်ကြပါစေ-
(ဖြိုးသုတ)
https://web.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။