Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 19, 2015

ငါ့သားရဲ့ကားကို ငါမောင်းတယ် "I Drive Your Truck"

ငါ့သားရဲ့ကားကို ငါမောင်းတယ်

--------------

စစ်ပွဲကာလအတွင်းမှာ သားတော်မောင်တွေရဲ့ အလောင်းကို ဖခင်တွေကိုမြေမြှပ်ကြရပြီး ငြိမ်းချမ်းနေချိန်မှာတော့ အဖေရဲ့အလောင်းကို သားတွေကမြေမြှပ်ကြရတယ်။ (Herodotus)


ဟုတ်တယ်။ Herodotus ပြောတဲ့စကားက အမှန်ပဲ။ မငြိမ်းချမ်းတဲ့ခေတ်ကာလတွေမှာ သားပျိုးသမီးပျိုတွေက စစ်ထွက်တိုက်ကြရတယ် စစ်ထွက်တိုက်တယ်ဆိုတာ ကိုယ့်အသက်၊ သူ့အသက်အလဲအလှယ်လုပ်ကြရတာပဲ။ သေတဲ့သူ၊ ဒဏ်ရာရသူရ။ သားသမီးတွေကအရင်သေကြရပြီး မိဘတွေပဲကျန်ရစ်တာ။ ဒါပေမယ့် ကျန်ရစ်သူမှာ ပူဆွေးကြရ ဝမ်းနည်းကြရ။ ပူဆွေးသောကရောက်တာချင်းတူတူ ဘယ်ပုံဘယ်နည်းနဲ့ ဖြေသိမ့်ကြတယ်ဆိုတာကတော့ တယောက်နဲ့တယောက်အတော်ကွာတာပေါ့ဗျာ။

ဖြစ်ပုံကဒီလို။

တရက်မှာ သီချင်းရေးဆရာမဖြစ်တဲ့ Connie Harrington ကရေဒီယိုနားထောင်နေတုန်းမှာ အမေရိကန်စစ်တပ်ကစစ်သားငယ်ငယ်လေးတယောက် တိုက်ပွဲကျသွားလို့ ကျန်ရစ်တဲ့သူ့အဖေကို သတင်းထောက်ကနေပြီး မေးတာပါ။ ကျဆုံးသွားတဲ့စစ်သားလေးတွေအတွက်နေ့ထူးနေ့မြတ်ဖြစ်တဲ့ memorial day လို့အမည်ရတဲ့နေ့မှာ အင်တာဗျူးလုပ်တာပါ။ သားတော်မောင်ကို သတိရတဲ့အခါ ခင်များလာလုပ်ပါသလဲတဲ့။ ဖခင်ဖြစ်သူ Paul Monti ကချက်ချင်းပြန်ဖြေပါတယ်။ သားတောင်မောင်ကိုလွမ်းတိုင်း သူ့ကားအဟောင်းလေးကို မြို့အနှံ့လျှောက်မောင်းတယ် တဲ့။ သားတောင်မောင်စီးနေကျကားလေးကို သူမောင်းတိုင်း သူ့သားရဲ့အငွေ့အသက်တွေနဲ့ အလွမ်းဖြေတယ်တဲ့။

ရေဒီယိုမှာ အဲဒီလို အမေးအဖြေလုပ်နေတာကိုကြားတဲ့ သီချင်းရေးဆရာမ Connie ဟာ ကားကိုလမ်းဘေးမှာထိုးရပ်ပြီး ကျဆုံးသွားတဲ့စစ်သားရဲ့အဖေပြောစကားတွေကို မှတ်မိအောင်လို့ဆိုပြီး တွေ့ရာဘောပင်နဲ့ ချက်ချင်းချရေးတယ်။

တေးရေးဆရာမ Connie စိတ်ထိခိုက်ရတဲ့အကြောင်းအချင်းတွေထဲမှာ သူ့အဖေကိုယ်တိုင်ကလဲ စစ်သုံ့ပန်းဖြစ်ခဲ့ဖူးတော့ သူ့အဖေကို သတိရတာလဲပါတယ်။ နောက်တချက်ကတော့ ရေဒီယိုထဲကဇာတ်လမ်းပေါ့။

သီချင်းရေးဖို့လုပ်တိုင်း သူစိတ်ပင်ပမ်းရတယ်။ စာသားတွေချရေးတိုင်း ဖြေမဆည်နိုင်ဖြစ်ပြီး ခဏခဏငိုဖြစ်တော့ သီချင်းရေးတာ အတော်ခရီးမတွင်တာ။ နောက်တော့ အခြားတေးရေး (၂) ယောက်နဲ့ပးပေါင်းရေးဖို့ဖြစ်လာတယ်။ အဲဒီမှာ I Drive Your Truck သီချင်းဟာရုပ်လုံးပေါ်လာတယ်။

ဝမ်းနည်းဖို့ကောင်းတဲ့အကြောင်းအချင်းလေးဟာ Country ဂီတလေးနဲ့အပ်စပ်လွန်းလှတယ်။ သူ့သားတော်မောင်ရဲ့စီးနေကျကားလေးကို သရုပ်ဖော်ထားတာကလဲ အသေးစိပ်နိုင်လွန်းလှတော့ ကျဆုံးသွားတဲ့စစ်သားလေးရဲ့ အငွေ့အသက်တွေကိုယ်ပါခံစားရအောင်စွမ်းဆောင်နိုင်တယ်။ ကားကအတော်လဲဟောင်းသမို့ ဆီကလဲ အလွန်ကြိတ်တာ။ ဖြေမဆည်နိုင်တဲ့ အဖေဟာ လီဗာကိုအဆုံးထိနင်းပြီး သားတော်မောင်အတွက် ဝမ်းနည်းကြေကွဲတယ်။ ကားစက်နှိုးချိန်မှာ သူ့အလိုလိုဖွင့်ပြီးသားဖြစ်တဲ့ ရေဒီယိုကသီချင်းက သားတော်မောင်နားထောင်နေကျ Country ဂီတအသားပေး ရေဒီယိုစတေရှင်။ စိတ်မထိန်းနိုင်လို့ အသံကိုအဆုံးထိမြှင့်ပြီး နားထောင်ပစ်လိုက်တယ်။

သားတော်မောင်ရဲ့ကားကို စိတ်လိုလက်ရမောင်းရင်း သူ့သားများသိရင် ငြိုငြင်မလားလို့လဲ သူစိုးရိမ်မိပြန်တယ်။ တိုးတိုးတိတ်တိတ်သူ ရေရွတ်လိုက်တယ်။ သူ့ကို စိတ်မဆိုးဖို့။

ပြောဖို့မေ့တော့မလို့။ ဆိုတဲ့အဆိုတော်က Lee Brice လို့အမည်ရတဲ့ ကန်းထရီးအဆိုတော်။ အဲဒီတုန်းက သိပ်တော့နာမည်မကြီးသေးပေမယ့် ဒီသီချင်းနဲ့ ကန်းထရီးဂီတမှာ ဆုပေါင်းများစွာရပြီး မှတ်တိုင်တခုစိုက်ထူနိုင်ခဲ့တယ်။

ဆုတံဆိပ်တွေကသိပ်တော့အရေးမကြီးလှဘူး။ ဒါပေမယ့် သားတော်မောင်ကိုလွမ်းဆွတ်လို့ သူ့အရိပ်အငွေ့လေးရှိတဲ့ ကားကိုမောင်းပြီး စိတ်ဖြေတဲ့အဖေတယောက်ရဲ့ခံစားချက်ကိုခင်များစာနာနားလည်တတ်ရင် သူဘာလို့သားတော်မောင်ရဲ့ကားကို မြို့ပတ်ပြီးမောင်းသလဲဆိုတာ ခင်များနားလည်လိမ့်မယ်။

ခင်တဲ့
ကိုဝီ

ဒေါင်းဖို့အတွက် -
http://www.mediafire.com/download/yngymtb8ffbnyvs/LB.rar

"I Drive Your Truck"

Eighty-Nine Cents in the ash tray
Half empty bottle of Gatorade rolling in the floorboard
That dirty Braves cap on the dash
Dog tags hangin’ from the rear view
Old Skoal can, and cowboy boots and a Go Army Shirt folded in the back
This thing burns gas like crazy, but that’s alright
People got their ways of coping
Oh, and I’ve got mine

ဆေးလိပ်ပြာခွက်ထဲက အကြွေစေ့က (၈၉) ပြားတိတိ
သောက်လက်စ Gatorade အချိုရည်ပုလင်းက ကြမ်းပြင်ပေါ်မှာ
dashboard ပေါ်မှာ မင်းရဲ့ညိုညစ်ညစ်ဦးထုပ်
စစ်သားဆွဲကြိုးလေး နောက်ကြည့်မှန်မှာချိတ်ဆွဲထားတယ်
မင်းရဲ့ ဆေးပြင်းလိပ်ဗူး၊ Cowboy Boots စစ်သားတီရှပ်တထည်က နောက်ခုံပေါ်မှာ
မင်းရဲ့ကားအိုကြီး ဆီကတော့ အတော်ကြိတ်တာ။ အေးဆေးပါ။
လူတွေက ပူဆွေးသောကတွေကို ဖြေဖျောက်နည်းကိုယ်စီနဲ့
ငါ့အလှည့်ရောက်တော့
မင်းကိုသတိရတိုင်း မင်းကားကို မြို့အနှံ့ငါမောင်းတယ်။

I drive your truck
I roll every window down
And I burn up
Every back road in this town
I find a field, I tear it up
Til all the pain’s a cloud of dust
Yeah, sometimes I drive your truck

ငါမင်းရဲ့ကားကိုမောင်းတယ်
ကားတံခါးတွေကိုအဆုံးထိချပြီ
လီဗာကိုအသားကုန်နင်းပစ်
မြို့အစွန်က ကွင်းပြင်အကျယ်ကြီးထဲက အသားကုန်မောင်းပစ်တယ်။
နာကျင်တာတွေ ပျောက်လုနီးပါးဖြစ်တဲ့အထိ
မင်းရဲ့ကားကို ငါမောင်းပစ်လိုက်တယ်။

I leave that radio playing
That same ole country station where ya left it
Yeah, man I crank it up
And you’d probably punch my arm right now
If you saw this tear rollin’ down on my face
Hey, man I’m tryin’ to be tough
And momma asked me this morning
If I’d been by your grave
But that flag and stone ain’t where I feel you anyway

ကားထဲကရေဒီယိုကသီချင်းတွေဟာ
မင်းရှိတုန်းက မင်းအမြဲနားထောင်လေ့ရှိတဲ့ ကန်းထရီးရေဒီယိုစတေရှင်ပါပဲ
ရေဒီယိုကို အသံအဆုံးထိမြှင့်လိုက်မိတယ်
ငါငိုနေတာများ မင်းသိခဲ့ရင်
ငါ့လက်မောင်ကို ချစ်စနိုးနဲ့ထိုးမလားမသိဘူ
မနက်ကပဲ မင်းအမေက ငါ့ကိုမေးတယ်
မင်းရဲ့အုတ်ဂူရှိရာကိုရောက်ဖြစ်သလားတဲ့
မင်းအုတ်ဂူပေါ်ကအမေရိကန်အလံလေးရယ် ကျောက်တုံးလေးရယ်က မင်းရဲ့အငွေ့အသက်တွေကို ကိုယ်စားမပြုနိုင်ပါဘူးကွာ။

I drive your truck
I roll every window down
And I burn up
Every back road in this town
I find a field, I tear it up
Til all the pain’s a cloud of dust
Yeah, sometimes I drive your truck

ငါမင်းရဲ့ကားကိုမောင်းတယ်
ကားတံခါးတွေကိုအဆုံးထိချပြီ
လီဗာကိုအသားကုန်နင်းပစ်
မြို့အစွန်က ကွင်းပြင်အကျယ်ကြီးထဲက အသားကုန်မောင်းပစ်တယ်။
နာကျင်တာတွေ ပျောက်လုနီးပါးဖြစ်တဲ့အထိ
မင်းရဲ့ကားကို ငါမောင်းပစ်လိုက်တယ်။

I’ve cussed, I’ve prayed, I’ve said goodbye
Shook my fist and asked God why
These days when I’m missing you this much

ငါဆဲဆိုကြိမ်းမောင်းမိ။ ဘုရားမှာဆုတောင်းမိ။ မင်းကိုနှုတ်ဆက်စကားအကြိမ်ကြိမ်ပြောမိ။
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ပြီး ဘုရားသခင်ကိုငါမေးမိတယ်။
ဒီရက်ပိုင်းမှာ မင်းကို ဘာလို့ခါတိုင်းထက်ပိုပြီးသတိရရနေမိလဲလို့။

I drive your truck
I roll every window down
And I burn up
Every back road in this town
I find a field, I tear it up
Til all the pain’s a cloud of dust
Yeah, sometimes, brother sometimes

ငါမင်းရဲ့ကားကိုမောင်းတယ်
ကားတံခါးတွေကိုအဆုံးထိချပြီ
လီဗာကိုအသားကုန်နင်းပစ်
မြို့အစွန်က ကွင်းပြင်အကျယ်ကြီးထဲက အသားကုန်မောင်းပစ်တယ်။
နာကျင်တာတွေ ပျောက်လုနီးပါးဖြစ်တဲ့အထိ
မင်းရဲ့ကားကို ငါမောင်းပစ်လိုက်တယ်။

I drive your truck
I drive your truck
I hope you don’t mind, I hope you don’t mind
I drive your truck

ငါမင်းရဲ့ကားကိုမောင်းတယ်
ငါမင်းရဲ့ကားကိုမောင်းတယ်
မင်းကားကိုမောင်းလို့ မင်းစိတ်မဆိုးလောက်ပါဘူးနော်
မင်းကားကိုမောင်းလို့ မင်းစိတ်မဆိုးလောက်ပါဘူးနော
ငါမင်းရဲ့ကားကိုမောင်းတယ်။


No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။