စင်္ကာပူမှာ အနေကြာလာ လေလေ ...
ရင့်ကျက်မှု သည်းခံနိုင်စွမ်း ပိုများလာ လေလေ ... ?
လူမျိုးမတူ ဘာသာခြား ... အယူအဆ လွဲ .. တဲ့
သူတွေ နဲ့ ဆက်ဆံ ပေါင်းသင်းတာ ကြာလာသောအခါ..
ဒေါသဖြစ်နေ ပေမယ့်.......
မပေါက်ကွဲအောင် ထိန်းတတ်လာတယ်....
ဝမ်းနည်းနေပေမယ့်......
မျက်ရည်မကျအောင် ထိန်းတတ်လာတယ်...
မယုံပေမယ့် တဖက်သားစကားကို .. လိုက်လျောညီထွေ
ခေါင်းလေးငြိမ့်လို့ နားထောင်ပေးတတ်လာတယ်....
စိတ်မပါတဲ့အခါလဲ ကိုယ့် တာဝန် ဝတ္တရားရှိတာကို
ကျေပွန်အောင် ဆောင်ရွက်တတ်လာတယ်...
ကိုယ့် လိုချင်ဆန္ဒ ပြောချင်ပေမယ့် အချိန်အခါ
ကြည့်ပြီးမှ ပြောတတ်လာတယ်.....
မဟုတ်ပဲနဲ့ အစွပ်စွဲခံရတဲ့အခါ အပြုံးမပျက်
ကိုယ့်ဘာသာကိုယ် ရင်ဆိုင် ဖြေရှင်းတတ်လာတယ်.....
အသားလွတ်လာ ရန်စလာခဲ့ရင်လည်း ......
ခပ်ဟဟလေး လှောင်ရယ်နေ တတ်လာတယ်....
အကြောင်းမရှိပဲ လာပြီးချိုးနှိမ်ရင်လည်း ....!!
ပြုံးပြုံးလေး သူမျက်လုံးကိုပြန်ကြည့် တတ်လာတယ်....
အထီးကျန်နေတဲ့အခါ....အတွေးေ တွကို
အစွန်းမရောက်ဖို့ သတိထားတတ်လာတယ်...!
ပျော်စရာကြုံရင် ချစ်သူခင်သူတွေကို
ဝေမျှပေးဖို့ သတိရ တတ်လာတယ်.....!
ဝမ်းနည်းစရာကြုံရင်တော့ ... တိတ်တဆိတ်လေး
ငိုကြွေးလို့ .... ခံနိုင်ရည်တွေရှိ တတ်လာတယ် ....!
တကယ်တော့....
နိုင်ငံခြား ရောက်လာသူ တော်တော် များများ ဟာ
ရင့်ကျက်မှု တွေ ရှိလာ ခဲ့တယ် ...!
သည်းခံ နိုင်စွမ်း မြင့်မား လာခဲ့တယ် ....!
ဟန်ဆောင် အပြုံးတု တပ်လာနိုင် ခဲ့တယ် ....!
ကိုယ်ချင်းစာတရား ပိုမို သိမြင် လာခဲ့တယ် ......!
စိတ် သဘောထား ကြီးမြင့် လာတတ်တယ် ..... !!
ဒါပေမဲ့ ......
လူတွေ ကတော့ .. စက်ရုပ် ဆန်တဲ့ ချစ်ခြင်းမေတ္တာမဲ့
စက်ရုပ်လူသားတွေ ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီလေ ....!!!!
Credit >>> original upload ( အမည်မသိ ခေတ်စာဆို )

အထီးကျန်နေတဲ့အခါ....အတွေးေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။