မိုးရေထဲလမ်းလျှောက်ခြင်း - ဒဂုန်တာရာ
************************** *******
မိုးရေထဲဘဲ
မသဲမကွဲ၊သို့သော်ရဲရဲ
မခွဲနိုင်ဘူး၊ သွားကြဦးစို့
ပြေးလူးတဘက်၊ညွက်ကွေးပက်၍
လက်လက်လွန့်လိပ်၊ပုလဲမြိတ်တို့
ရိပ်ရိပ်ပြေးလိုက်၊ဝေ့တိုးရိုက်သည်
မှောင်မိုက်ထဲမှ ၀ိုးတ၀ါး...။
အမှောင်ထက်မှ
လက်ကနဲရှက်၊လျှပ်တပြက်မှာ
သစ်ခက်ရှုံ့ထစ်၊ကုက္ကိုမြစ်မူ
အဆစ်ခေါင်းပြတ်၊ဒေါင့်မှာညပ်သည်
တွယ်ကပ်မျောညိ၊မြင်မိမိကား
ရေညှိမှိုပွင့်ကလေးပင်...။
တိုက်ကြိုတိုက်ကြား
မနားခိုဘူး၊ခြေဦးတည့်ရာ
ရေမှာဒလဟော၊မျောသွားပစေ
မိုးရေလှိုင်းကြား၊ကွဲမသွားေ အာင်
အပါးတိုးဖက်၊မိုးပက်သည့်ထဲ
မြဲမြဲလက်ကို ကိုင်ထားငဲ့ ...။
လမ်းဆုံးမှာသာ
ရှိုက်ကာစိုးရွံ့၊ပခုံးတွန့် မိ
မြူးကွန့်လျှပ်ပြက်၊မှောင်တ ၀က်မှာ
ဟိုဘက်ကမ်းပါး၊ရောက်သွားပစေ
မိုးသက်လေပက်၊အေးစက်စက်မှာ
မောင့်လက်နွှေးက၊နွေးလိမ့်မည်။
ဒဂုန်တာရာ (တာရာမဂ္ဂဇင်း၊၁၉၄၉)
**************************
မိုးရေထဲဘဲ
မသဲမကွဲ၊သို့သော်ရဲရဲ
မခွဲနိုင်ဘူး၊ သွားကြဦးစို့
ပြေးလူးတဘက်၊ညွက်ကွေးပက်၍
လက်လက်လွန့်လိပ်၊ပုလဲမြိတ်တ
ရိပ်ရိပ်ပြေးလိုက်၊ဝေ့တိုးရ
မှောင်မိုက်ထဲမှ ၀ိုးတ၀ါး...။
အမှောင်ထက်မှ
လက်ကနဲရှက်၊လျှပ်တပြက်မှာ
သစ်ခက်ရှုံ့ထစ်၊ကုက္ကိုမြစ်မူ
အဆစ်ခေါင်းပြတ်၊ဒေါင့်မှာညပ
တွယ်ကပ်မျောညိ၊မြင်မိမိကား
ရေညှိမှိုပွင့်ကလေးပင်...။
တိုက်ကြိုတိုက်ကြား
မနားခိုဘူး၊ခြေဦးတည့်ရာ
ရေမှာဒလဟော၊မျောသွားပစေ
မိုးရေလှိုင်းကြား၊ကွဲမသွားေ
အပါးတိုးဖက်၊မိုးပက်သည့်ထဲ
မြဲမြဲလက်ကို ကိုင်ထားငဲ့ ...။
လမ်းဆုံးမှာသာ
ရှိုက်ကာစိုးရွံ့၊ပခုံးတွန့်
မြူးကွန့်လျှပ်ပြက်၊မှောင်တ
ဟိုဘက်ကမ်းပါး၊ရောက်သွားပစေ
မိုးသက်လေပက်၊အေးစက်စက်မှာ
မောင့်လက်နွှေးက၊နွေးလိမ့်မည
ဒဂုန်တာရာ (တာရာမဂ္ဂဇင်း၊၁၉၄၉)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။