Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 21, 2015

လက်ငင်းတန်ဖိုး

လက်ငင်းတန်ဖိုး
=========
တစ်ခါက.. ခြင်္သေ့တစ်ကောင်ဟာ.. ဆာလောင်မွတ်သိပ်လာပါသတဲ့..။ အဲဒီလို ဆာလောင်တာကြောင့်သူဟာ နံနက်ခင်းကတည်းက စတင်ပြီး သားကောင်ဖမ်းဆီးရမိဖို့.. ကြိုးစားခဲ့တယ်။ ဒါပေမယ့်လည်း.. ကံမကောင်း အကြောင်းမလှတာကြောင့် သားကောင်တစ်ကောင်တစ်မြီးမှ ရခဲ့ခြင်းမရှိခဲ့ပဲ ဖြစ်ခဲ့ရသတဲ့..။

အဲဒါနဲ့ ခြင်္သေ့လည်း စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တယ်။ တစ်နေရာအရောက်မှာတော့ သစ်ပင်အောက်မှာ အိပ်ပျော်နေတဲ့ ယုန်ကလေးတစ်ကောင်ကို တွေ့ခဲ့တယ်။ ယုန်ကလေးဟာ အတော်အတန်ဝဖီးတာကြောင့်လည်း ခြင်္သေ့က၀မ်းသာသွားတယ်။ ခြင်္သေ့ဟာ အတွက်တော့ ဒီယုန်ငယ်လေးဟာ လွယ်ကူတဲ့ ညနေစာလည်းဖြစ်တယ်။ ခြင်္သေ့ဟာ တစ်နေကုန်အမဲလိုက်နေရတာကြောင့် မောပန်းနေတဲ့အတွက် ယုန်ကလေးကိုသာ ဖမ်းဆီးစားသောက်မယ်လို့ စိတ်ကူးလိုက်တယ်။ ယုန်ကလေးဟာ သူ့ဝမ်းကို မ၀စေပေမယ့် အဆာပြေလောက်တော့ ဖြစ်ပါတယ်လေလို့ ခြင်္သေ့က တွေးနေပြန်တယ်။ ယုန်ကို ဖမ်းဆီးဖို့အတွက် ခြင်္သေ့ဟာ တစ်ဖြည်းဖြည်းနဲ့ ချဉ်းကပ်လာခဲ့တယ်။ ယုန်ကလေးမနိုးပဲဆက်အိပ်နေမှသာ သူလွယ်လွယ်နဲ့ ဖမ်းဆီးနိုင်မှာပဲဖြစ်တယ်.။

အဲဒီလိုနဲ့ခြင်္သေ့ဟာ ယုန်ကလေးကိုအလွယ်တကူ ဖမ်းဆီးလိုက်နိုင်တဲ့ လက်တစ်ကမ်းအနေအထားအထိ ချဉ်းကပ်မိလာတယ်။ ဒါပေမယ့်လည်း ယုန်လေးကို ဖမ်းဆီးမယ့်အချိန်မှာ သူ့အတွက် ပိုကောင်းတဲ့ဆုလဒ်ကောင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲဒါကတော့ ယုန်ကလေးအိပ်နေတဲ့ သစ်ပင်အနီးအနားကို မြက်စားရင်းတစ်ဖြည်းဖြည်း ချဉ်းကပ်လာတဲ့ ဒရယ်တစ်ကောင်ကို တွေ့လိုက်ရလို့ပဲဖြစ်တယ်။

အဲဒီအခါမှာခြင်္သေ့ဟာ ယုန်ကလေးကို မေ့ပစ်လိုက်ပြီး ဒရယ်ကို လိုက်လံဖမ်းဆီးခဲ့ပြန်တယ်။ ဒါပေမယ့်လည်း တစ်နေကုန် မောပန်းထားတာကတစ်ကြောင်း.. ခြင်္သေ့လာနေတာကို ဒရယ်က ကြိုတင်သိမြင်သွားတာကတစ်ကြောင်းကြောင့် ဒရယ်ဟာ လွတ်သွားခဲ့ပြန်တယ်။ အဲဒီအခါခြင်္သေ့က တစ်ကိုယ်တည်း ဒီလိုပြောတယ်

"ကိစ္စတော့မရှိပါဘူးလေ။ ဒရယ်မရလည်း..ဟိုအိပ်နေတဲ့ယုန်ကိုပဲ ပြန်ဖမ်းစားလိုက်တာပေါ့"

လို့ပြောရင်း.. သစ်ပင်အောက်ကိုပြန်လာခဲ့တယ်။ ဒါပေမယ့် သူ့အတွက်ဝမ်းနည်းစရာတစ်ခုကတော့ ယုန်ကလေးဟာ သစ်ပင်အောက်မှာ မရှိတော့တာပဲဖြစ်တယ်။

ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြတဲ့အကြောင်းအရာကတော့ "လက်ငင်းတန်ဖိုး" ပဲဖြစ်တယ်။ ကျနော်တို့ဟာ ခြင်္သေ့ရဲ့ ဆာလောင်ခြင်းနဲ့တူတဲ့ ဘ၀ရဲ့ လိုအပ်ချက်တွေနဲ့အတူ ဆာလောင်နေတတ်ကြတယ်။ အဲဒီလို ဆာလောင်လာတဲ့အခါ ပစ္စည်းဥစ္စာ၊ စားဖွယ်၊ အတတ်ပညာ စတဲ့ အရာတွေကို ရုန်းကန်လှုပ်ရှားရင်း အလုအယက်ရှာဖွေနေတတ်ကြပြန်တယ်..။ အဲဒီအခါမှာတော့ ကံ၊ ဥာဏ်၊ ၀ီရိယ ညီညွတ်ခြင်းမရှိတဲ့ အခိုက်အတန့်တစ်စုံတစ်ရာနဲ့ ကြုံကြရပြန်တယ်။ အဲဒီလိုကြုံလာကြတဲ့အခါ ခြင်္သေ့သားကောင်မရသလို ကိုယ့်ရဲ့ဘ၀ဟာ အရာရာအစဉ်မပြေ ဖြစ်လာရပြန်တယ်..။ ဒါပေမယ့် အဆိုးထဲကအကောင်းဆိုသလို..ယုန်သူငယ်နဲ့တူတဲ့ အခွင့်အရေးမျိုးလေးတွေ တွေ့လာတတ်သေးတယ်လို့ဆိုတယ်။ အဲဒီလို အခိုက်အတန့်မျိုး ကြုံလာတဲ့အခါမှာတော့ "ငါရည်မှန်းထားသလောက် မဖြစ်လေချင်း၊ ကြိုးစားသလောက် အစဉ်မပြေလေချင်း" ဆိုပြီး မကျေမနပ်ဖြစ်နေကြသေးတယ်..။ အဲဒီလိုဖြစ်လာတဲ့အခါ လက်ငင်းတန်ဖိုးရှိတဲ့ လတ်တလောအခွင့်အရေးကို စွန့်ပစ်ပြီး ပိုမိုကြီးမားတဲ့ ဒရယ်လို အခွင့်အရေးမျိုးနောက်ကို ကောက်ကောက်ပါအောင် လိုက်တတ်ကြတယ်လို့ဆိုတယ်..။ ပိုပြီးကြီးမားတဲ့အခွင့်အရေးဟာ ကိုယ့်ရဲ့အရည်အချင်း၊ ဓနအင်အားနဲ့ လက်လှမ်းမီလောက်ရင်တော့ အကြောင်းတစ်စုံတစ်ရာ မရှိလှပေမယ့်.. လက်လှမ်းမမှီ ဆုံးရှုံးခဲ့ရင်တော့ လတ်တလော ရရှိထားတဲ့ အခွင့်အရေးလေးပါ ရေစုန်မြောတတ်တယ်လို့ဆိုတယ်...။

ကြက်သားဟင်းစားချင်စိတ်ကြောင့် အလိုမကျ စိတ်ဒုက္ခရောက်နေတာထက်စာရင်.. လက်ထဲမှာကိုင်ထားတဲ့ ကြက်ဥကမှ လတ်တလော တစ်နပ်စာထမင်းအတွက် ပိုမိုတန်ဖိုးရှိတာကိုသတိပြုသင့်လှတယ်..။ လက်ငင်းတန်ဖိုးကို သဘောပေါက်သင့်လှတယ်..။

look before you leap ဆိုတဲ့ အင်္ဂလိပ် Idiom စကားလို.. တစ်ခုခုကို ခုန်မကျော်ခင်..ခုန်ရမယ့် အမြင့်နဲ့ အကျယ်အ၀န်းကို အရင်ဆုံးကြည့်သင့်တယ်လို့ဆိုတယ်..။ တစ်ခုခုကို မပြုလုပ်ခင်မှာ ဆင်ခြင်သင့်တယ်လို့ ဆိုလိုတာဖြစ်တယ်.။ တစ်ကယ်လို့ ကျနော်တို့ဟာ ကိုယ့်လက်ထဲမှာရှိတဲ့ အရာရဲ့ လက်ငင်းတန်ဖိုးကို တန်ဖိုးမထားဘဲ.အလွယ်တကူစွန့်လွှတ်ပြီး.. မရသေးတဲ့ အလုပ်အကိုင်၊ ငွေကြေး စတဲ့ အရာနောက်ကို လောဘအလျောက် လိုက်မိတဲ့အခါမှာတော့... အခွင့်အရေးအားလုံးဆုံးရှုံးရတတ်တယ်လို့.. ဆိုလိုတာပဲဖြစ်တယ်.။

မျောက်သစ်ကိုင်းလွတ်ဖြစ်ခြင်းမှ ကင်းဝေးကြပါစေ
(ဖြိုးသုတ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။