နှစ်ကျပ်မပေးကြပါနဲ့
**************
အရှင်ပညာသီရိ (ရမ္မာကျွန်း)
ဇင်ပုံပြင်လေး တစ်ခုရှိပါ တယ်။ ရဟန်းတစ်ပါး မြစ်တစ်ခုကို ကူတို့လှေနဲ့ကူးတယ်။ ကူတို့လှေကို လှော်တာက မိန်းမချောလေး။ လှေလှော်နေတဲ့ ကောင်မလေးကို ရဟန်းက တစ်လမ်းလုံး ငေးကြည့်မိ တာပေါ့။
ကမ်းလည်းရောက်ရော ကောင် မလေးက ကူတို့ခနှစ်ကျပ်တောင်း ရော။ ပုံမှန်ဆို ကူတို့ခက တစ်ကျပ် ရယ်ပါ။ ဒါကြောင့် ရဟန်းတော်က ဘာကြောင့်နှစ်ကျပ်တောင်းရတာ လဲ လို့ မေးလိုက်တယ်။
ကောင်မလေး က "ဘုန်းကြီးဖြစ်ပြီး ငါ့ကိုငမ်းနေလို့" တဲ့။
ဒီဘက်ကမ်းမှာ ကိစ္စပြီးလို့ ရဟန်းတော်လေး ကူတို့နဲ့ပဲ ပြန်လာ တယ်။ ဒီတစ်ခါတော့ လုံးဝမကြည့် မိအောင် ခေါင်းကြီးကိုအတင်းငုံ့ထား တယ်။ ကမ်းလည်းရောက်ရော ကောင်မလေးက နှစ်ကျပ်တောင်း ပြန်ရော။
ဒါနဲ့ ရဟန်းတော်လေးက
"နင့်ကိုငါမကြည့်ဘူးလေ၊ ဘာလို့ နှစ်ကျပ်တောင်းတာလဲ"။
ကောင်မ လေးက "မကြည့်ပေမဲ့ ဘုန်းကြီး ရင်ထဲ ငါရှိနေတယ်၊ ဒါကြောင့် နှစ်ကျပ်တောင်းတာ" တဲ့။
ဒီပုံပြင်လေးရဲ့ဆိုလိုရင်းကို နားလည်ကြမယ်ထင်တယ်။ ရဟန်း တော်လေး ကောင်မလေးကိုကြည့် တုန်းက လှလို့စွဲလမ်းစိတ်နဲ့ကြည့်ခဲ့ တယ်။ မကြည့်ဘဲ ခေါင်းကြီးအတင်း ငုံ့ထားတာကလည်း ကောင်မလေး ပြောသလို စွဲလမ်းနေလို့ပဲ။
စွဲလမ်းမှုဆိုတာ ချစ်လို့စွဲလမ်း သလို၊ မုန်းလို့လည်း စွဲလမ်းတတ် တယ်။ ကိုယ်ချစ်တဲ့လူရဲ့ ကောင်း သတင်းလေးများကြားရင် ဝမ်းသာ လို့၊ သတင်းဆိုးလေးများကြားရင် ဝမ်းနည်းလို့ပေါ့။ ကိုယ့်ရန်သူရဲ့ ကောင်းသတင်းကြားရရင် မကျေမနပ် ဖြစ်လို့၊ ဒုက္ခရောက်တယ်ကြားရင် ဝမ်းတွေသာလို့။ ဒါတွေက ရင်ထဲမှာ သူတို့နဲ့ပတ်သက်ပြီး အချစ်၊ အမုန်း၊ တစ်ခုခုနဲ့ စွဲလမ်းနေတာကိုး။
ကိုယ့်ရန်သူဆိုရင် သူ့နာမည် တောင် မကြားနိုင်ဘူး။ ငါ့ရှေ့မှာ လာမပြောနဲ့လို့ အော်လွှတ်ကြတယ် မို့လား။ ရန်သူကို ရင်ထဲထည့်ထား တာကိုး။
မြတ်စွာဘုရားရှင်က သတိ ပဋ္ဌာနသုတ် ဓမ္မာနုပဿနာခန္ဓာ အပိုင်းမှာ ... "ဣတိ ရူပံ ... ဤအရာသည် ဖောက်ပြန်မှုသဘော ရုပ်ဖြစ်၏" "ဣတိ ရူပဿ သမုဒယော ... ဤသည်ကား ရုပ် ဖြစ်ကြောင်းတည်း (ဝါ) ရုပ်ဖြစ်လာ မှုတည်း" "ဣတိ ရူပဿအတ္ထင်္ဂမော ...ဤသည်ကား ရုပ်ချုပ်ကြောင်း တရား (ဝါ) ရုပ်ချုပ်သွားမှုပေတည်း" ဟု ဟောပါတယ်။
ဘုရားဟောတာ ရှင်းရှင်းလေး။ နဂိုအရှိတရားသဘာဝဟာ ဒီလိုရှိ တယ်လို့ ပြန်ဖော်ပြတာ။ ဘုရားက ထွင်ပြီး ဟောတာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့က ရှိတာကိုမသိဘဲ မရှိတာ ကိုကျတော့ သွားသိနေတယ်။
ရုပ်ဆိုတဲ့သဘာဝက အငြိမ်မရှိ ဘူး။ တင်းမယ်။ ကိုက်မယ်။ နာ မယ်။ ယားမယ်။ ကျင်မယ်။ လှုပ်မယ်။ ဒါတွေက "ငါခန္ဓာအစစ်ပါကွာ" လို့ အချိန်တိုင်းပြောတာက လား။ ဒါကို ခန္ဓာသဘာဝ မူလ အဖြစ် ရှိတရားတွေလို့ မသိတော့၊ သူတို့လာရင် "ငါသမာဓိတော့ ပျက်ပါပြီ။ တရားအားထုတ်ရတာ မကောင်းလိုက်တာ"ဆိုပြီး ဒေါသနဲ့ တွန်းဖယ်တတ်တယ်။ သက်သာ အေးငြိမ်းတဲ့ ပီတိတွေနဲ့ ရုပ်တွေက ချမ်းသာနေတော့ သူ့ကိုလည်း ခန္ဓာ လို့ နှလုံးမသွင်းမိတော့ သာယာမှုနဲ့ ကပ်ငြိပြန်ရော။
ယားတယ်ဆိုတာ ဥပါဒါနက္ခန္ဓာ သူ့သဘာဝက ဘာနာမည်မှ မတပ်လည်း ဖြစ်တာလေးကိုသိနေရ တာပဲ။ "ယား"တယ်ဆိုတဲ့ ပညတ် တပ်လိုက်တာ ခေါ်လို့၊ ပြောလို့ရ အောင် တပ်ပေးထားတာ။ ဒါပေမဲ့ အဲဒီအရှိသဘာဝနဲ့ ပညတ်သဘာဝ ကို ပေါင်းစပ် မသိတတ်လေတော့ "ယား" တယ်လို့ စိတ်က တွေးသိ လိုက်တာနဲ့ အဲဒီယားတယ်ဆိုတဲ့ ပညတ်နောက်မှာ ကိလေသာက ကပ်ပါသွားတယ်။
ယားတယ်၊ ငါယားတယ်၊ ခြင် ကိုက်လို့ယားတယ်၊ ယင်နားလို့ယား တယ်၊ ပေါင်မှာယားတယ်၊ ခေါင်းမှာ ယားတယ် စတဲ့အတွေးတွေက မိမိ တောင် မသိလိုက်ခင်ပါလာပြီး တစ်ခါတည်း ကုတ်ချင်စိတ်ဝင်လာ၊ ကုတ်မိ၊ ဖြစ်ကုန်ရော။ စကားနဲ့ပြော နေရတာတောင် ကြာသေးတယ်။ ဟိုမှာက ကုတ်တောင်ပြီးနေပြီ။
ယားတယ်ဆိုတာက ဘာလဲလို့ သူ့သဘာဝစောင့်ကြည့်နားလည်ရင်
"ယားအောင်ငါလုပ်တာလည်း မဟုတ်ဘူး။ ခန္ဓာသဘာဝအနတ္တမို့ ယားဖို့ဖြစ်လာရင်
မယားအောင် ထိန်းချုပ်ထားလို့မရဘူး။ နဂိုက ယားရုပ်မရှိဘူး။
အခုမှတိုက်ဆိုင်ပြီး ဖောက်ပြန်လာတာ။ ဒါကြောင့် ရုပ် လို့ခေါ်တာ"။
ယားရုပ်ကလေးက ယားနေစဉ် အတွင်းမှာကို အခြေအနေတွေ ဒီဂရီတွေက မတူဘူး။ ရွှေ့နေတယ်။ ပြောင်းနေတယ်။ ဒါဆို အငြိမ် သဘောမရှိ။ အတည်အမြဲသဘော မရှိလို့ပေါ့။ သိပ်မကြာပါဘူး၊ အပြီး ကို ပျောက်ကရော။
ဒါလည်း ဘာမှမတတ်နိုင်လိုက် ပြန်ဘူး။ အဲဒီလို မတတ်နိုင်တဲ့ သဘာဝမို့ အနတ္တရုပ်လို့ ပြောတာ ပေါ့။ အဲဒီယားတာလေးဟာ အစိုင် အခဲသဘောလည်းမရှိဘူး။ ကိုင် ကြည့်လို့လည်းမရဘူး။ ရှိမှန်းတော့ လည်း သိနေရပြန်တယ်။ ဒါပရမတ် မို့လို့ပေါ့။ လှုပ်နေတယ်တဲ့။ အမှန် က မလှုပ်ဘူး။ အဖြစ်နဲ့အပျက် အရမ်းမြန်တော့ ကြားကိုမတွေ့လိုက် ရတာ။ ဖြစ်လာတယ်။ ချုပ်သွား တယ်။ အသစ်ထပ်ဖြစ်လာတယ်။ ချုပ်သွားပြန်တယ်။ အပျက်နဲ့အဖြစ် ရဲ့ကြားကို မတွေ့လိုက်ဘူး။ အဲဒီလို အပျက်နဲ့အဖြစ်က အရမ်းမြန်ပြီး တစ်ဆက်တည်းထင်ကာ လှုပ်နေ တယ်လို့ ခံစားလိုက်ရတာ။
တကယ်တော့ အာရုံဆိုတာ ဒုက္ခသစ္စာ။ ဒါကိုမသိလို့ အချစ် အမုန်းတွေ ဖြစ်ကြတာ။ ဒုက္ခသစ္စာ ဆိုတာက ပရိညေယျတရား။ ပိုင်းခြားသိရမှာသာ ဖြစ်တယ်။ စွန့်မှာမဟုတ်ဘူး။ သား၊ မယား၊ စည်းစိမ်ဆိုတာတွေဟာ အာရုံဆိုတဲ့ ဒုက္ခသစ္စာတရားတွေပါ။ ဒါတွေကို ပိုင်းခြားသိပြီး ဥပေက္ခာနဲ့ နေနိုင် ရမှာ။ ပိုင်းခြားမသိရင်တော့ ဒုက္ခသစ္စာမှန်း မသိဘူး။
ဒုက္ခမှန်းမသိရင် တွယ်တာ စွဲလမ်းပြီပေါ့။ ကိုယ့်စိတ်ကျေနပ် အောင် သား၊ မယား၊ ခင်ပွန်းက လုပ်ပေးနေတုန်းအချိန်မှာတော့ 
သာယာလို့။ ကိုယ့်စိတ် ကျေနပ် အောင် မနေပေးတဲ့အခါကျတော့ ကွဲကွာရတာနဲ့
အမွေပြတ်စွန့်လွှတ် ရတာနဲ့ ဖြစ်ကရော။ ပြတ်ပြီလား ဆိုတော့ ရုပ်သာပြတ်တာ၊
စိတ်က မပြတ်ပါဘူး။ သူ့အကြောင်း ငါ့ရှေ့ လာမပြောနဲ့ဆိုတာ စိတ်မပြတ်သေး
လို့ပေါ့။
နှစ်ကျပ်ပေးနေတယ်နော်။ ရဟန်းတော်လေးဟာ အာရုံကို အာရုံသာဖြစ်သည်လို့ ပိုင်းခြားမသိ ခဲ့ဘူး။ အဆင်းဆိုတဲ့အာရုံကိုမြင်တဲ့
အခါ ဘာကိုမြင်တယ်၊ ငါကမြင် တယ် စသည်ဖြင့် အနုပညတ်တွေ နဲ့
သွားတွေးလိုက်တယ်။ ဒါကြောင့် ဘယ်လိုရှောင်ရှောင် မလွတ်ဘဲ နှစ်ကျပ်ချည်း
ပေးနေရတာ။
ဒါဆို ဒုက္ခမှန်းသိအောင် ဘာ လုပ်ရမလဲ။ မဂ္ဂသစ္စာဘာဝေတဗ္ဗ။ မဂ္ဂသစ္စာဆိုတဲ့ ဘာဝနာပွားပေါ့။ ပွားတော့ ဘာဖြစ်သလဲ။ သမုဒယ သစ္စာ ပဟာတဗ္ဗ။ ဒုက္ခကိုဒုက္ခမှန်း သိရင် တွယ်တာမှုတဏှာ မလာ တော့ဘူး။ ပယ်ပြီပေါ့။ တဏှာ ပယ်လိုက်တော့ ဘာဖြစ်သလဲ။
ငြိမ်းအေးမှုခံစားရတယ်။ ငြိမ်းအေးမှု ဆိုတာ နိဗ္ဗာန်။ နိရောဓသစ္စာ သစ္ဆိကာတဗ္ဗ။ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ။
အာရုံကိုသာ ပိုင်းခြားသိခဲ့ရင် မကြည့်မိအောင်လည်း ရှောင်စရာ မလိုသလို၊ ကြည့်မိအောင်လည်း ဂရု စိုက်နေစရာမလိုဘူး။ ယားတာကို လည်း ကုတ်သင့်ရင်ကုတ်ပေးမယ်၊ မကုတ်သင့်ရင် မကုတ်ဘူး။ ပုံမှန်ပဲ။ ဥပေက္ခာပေါ့။
ဒါအရေးကြီးတယ်။ လောကထဲ မှာ နေနေသမျှတော့ အာရုံတွေက လွတ်ဦးမှာမဟုတ်ဘူး။ ဘယ်လို ရင်ဆိုင်မလဲဆိုတာပဲ လေ့ကျင့်ရမှာ။ ဒီလို လေ့ကျင့်လာရင် အာရုံရဲ့ သဘာဝကို သိလာတယ်။ လူဖြစ်ရင် စားပေး၊ ဝတ်ပေးရမယ်လေ။အာရုံရဲ့ သဘာဝ ဒုက္ခသစ္စာသဘောကို သိနေရင် need နဲ့ want ကို ခွဲခြားသိလာတယ်။ need ကတော့ ရှာရ၊ စားရ၊ သုံးရမှာပဲ။ ဒါဆို နှစ်ကျပ် မကုန်တော့ဘူး။ ဘာလေးနဲ့ စားရမှ၊ ဘာကိုမှဝတ်ရမှ၊ ဘာကားမှ စီးရမှဆိုတာတွေက want တွေပဲ။ လိုချင်တာက တဏှာ။ လိုအပ်တာက ခန္ဓာ့သဘာဝ။
ခန္ဓာဆိုတာ အပေါင်းအစု။ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ရဲ့ အစွဲအလမ်း ခံရလို့ ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်။ ဥပါဒါနက္ခန္ဓာဖြစ်လို့ ဝိပဿနာရဲ့ အာရုံဖြစ်တယ်။ ဝိပဿနာဆိုတာ ကလည်း ထူးထူးဆန်းဆန်း ရှာရှု ရတာမဟုတ်ပြန်ဘူး။ နဂိုသဘာဝ ဆိုတာ ဘာလဲလို့ပြန်စူးစမ်းတာ။
ပြန် စူးစမ်းတယ်ဆိုလို့ သဲသဲမဲမဲကြီး အတင်း ဖြဲရှာနေတာမျိုးလည်း မဟုတ်ပြန်ဘူး။ မြင်သမျှ၊ ကြား သမျှ၊ နံသမျှ၊ စားသမျှ၊ ထိသမျှ ဟာ ဥပါဒါနက္ခန္ဓာတွေ။
ရုပ်တွေဟာ ကံကြောင့်ဖြစ်လာ တာလည်းရှိတော့ ဖြစ်လာပုံတွေက တစ်ယောက်နဲ့တစ်ယောက်တော့ တူမှာမဟုတ်ဘူး။အတိတ်ကုသိုလ် ကံ
မကောင်းခဲ့ရင် ဒီဘဝမှာမကောင်း တဲ့ အာရုံတွေတွေ့မယ်။ ရောဂါလာ ထူမယ်။
ဒီကုသိုလ်ကံထုတ်တဲ့ရုပ် တွေ ဖြစ်လေတော့ သူများ နည်းနည်းတင်းရင် ကိုယ်က
များများတင်းမယ်။ သူများက နည်းနည်းအောင့်ရင် ကိုယ်က များများအောင့်မယ်။
သူများ နည်းနည်းကိုက်ရင် ကိုယ်က များများကိုက်မယ်။သူများနည်းနည်း နာရင် ကိုယ်ကများများနာမယ်။ အတိတ်ကုသိုလ်ကံကောင်းရင် ကောင်းတာမြင်၊ ကောင်းတာစား၊ ကောင်းတဲ့အတွေ့အထိလေးတွေနဲ့ ကြုံမှာပေါ့။ ကျန်းမာရေးတွေ အဆင် ပြေမယ်ပေါ့။
ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ရုပ်ကတော့ ရုပ်ပါပဲ။ ဓာတ် လွန်ကဲတာကို များတာလို့ပြောတယ်၊ ဆိုးတယ်လို့ပြောတယ်။ ဒီတော့ ရောဂါလို့ နာမည်တပ်ပေးလိုက် တယ်။ ရုပ်ပါပဲ၊ ဖောက်ပြန်မှုပဲ၊ ငါမှ မဟုတ်ဘဲ။ ဘုရားက "ရုပ်ဆိုတာ ရောဂါ"ပဲလို့လည်း ဟောသေးတယ်။ ဒါဆို ရောဂါကင်းတဲ့သတ္တဝါဆိုတာ ဘယ်ရှိတော့မလဲ။
လောကမှာပြောကြတယ်။ "တူဖြစ်တုန်းနှံ၊ ပေဖြစ်တုန်းခံ" တဲ့။
ဟုတ်ပေတာပေါ့။ အတိတ်တစ်ခုမှာ ကိုယ်ကတူဖြစ်ခဲ့မှာပေါ့။ အခု ပေဖြစ် နေတော့ ခံနိုင်အောင်ခံပေါ့။ သတ္တဝါ တွေမှာ သံသရာတစ်လျှောက် "တူနဲ့ပေ" တစ်လှည့်စီတော့ ဖြစ်ဖူး ကြမှာချည်းပါပဲ။ တူဘဝကို မသိ တော့ပေမဲ့ ပေဘဝကိုတော့ အခု သိနေကြတယ်။
တူဆိုတာလည်း "ခန္ဓာ"၊ "ပေ" ဆိုတာလည်း "ခန္ဓာ" ပါပဲ။ ဒီသဘာဝလေးကို နှလုံးသွင်း စောင့်ကြည့်နေတာဟာ ဝိပဿနာ ပါ။ ဒါလေးတွေကလည်း အချိန်တိုင်း ဖြစ်နေကြတာမလား။ ဒါဆို နှလုံး သွင်းတတ်ရင် အချိန်တိုင်းဝိပဿနာ ဖြစ်တာပေါ့။
မြတ်စွာဘုရားက အိမ်သာ တက်ရင်း၊ ကျင်ကြီး ကျင်ငယ်စွန့် ရင်းတောင် ရှုပါတဲ့။ လိုအပ်တာက တော့ ... "အပ္ပမာဒေန သမ္ပာ ဒေထ" ပဲပေါ့။ ဒါဟာ သဘာဝကို အရှိနဲ့ကိုက်အောင် လုပ်လိုက်တာပါ။
အဲဒီလို အရှိနဲ့အသိမကိုက်ရင် ကိလေသာတွေနဲ့ စွဲလမ်းသွားတတ် ပါတယ်။ ကဲ ... ကျုပ်တို့သံသရာ ခရီးသွားတွေ ကူတို့ကတော့ ကူးနေ ရဦးမှာပဲ။ မိန်းမချောလေးတွေနဲ့ လည်း တွေ့နေရဦးမှာပဲ။ ကြည့် မလား၊ မကြည့်ဘူးလား။ အဖြေက တော့ ကြည့်ဖို့လိုအပ်ရင် ကြည့် မယ်၊ မလိုအပ်ရင် မကြည့်ဘူး။ အာရုံဟာ အာရုံပဲလေ။ တစ်ကျပ်ပဲ ပေးကြပါဗျာ။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
မှတ်စုကြမ်းမှ မျှဝေပါသည်။
#kazaw
**************
အရှင်ပညာသီရိ (ရမ္မာကျွန်း)
ဇင်ပုံပြင်လေး တစ်ခုရှိပါ တယ်။ ရဟန်းတစ်ပါး မြစ်တစ်ခုကို ကူတို့လှေနဲ့ကူးတယ်။ ကူတို့လှေကို လှော်တာက မိန်းမချောလေး။ လှေလှော်နေတဲ့ ကောင်မလေးကို ရဟန်းက တစ်လမ်းလုံး ငေးကြည့်မိ တာပေါ့။
ကမ်းလည်းရောက်ရော ကောင် မလေးက ကူတို့ခနှစ်ကျပ်တောင်း ရော။ ပုံမှန်ဆို ကူတို့ခက တစ်ကျပ် ရယ်ပါ။ ဒါကြောင့် ရဟန်းတော်က ဘာကြောင့်နှစ်ကျပ်တောင်းရတာ
ကောင်မလေး က "ဘုန်းကြီးဖြစ်ပြီး ငါ့ကိုငမ်းနေလို့" တဲ့။
ဒီဘက်ကမ်းမှာ ကိစ္စပြီးလို့ ရဟန်းတော်လေး ကူတို့နဲ့ပဲ ပြန်လာ တယ်။ ဒီတစ်ခါတော့ လုံးဝမကြည့် မိအောင် ခေါင်းကြီးကိုအတင်းငုံ့ထား တယ်။ ကမ်းလည်းရောက်ရော ကောင်မလေးက နှစ်ကျပ်တောင်း ပြန်ရော။
ဒါနဲ့ ရဟန်းတော်လေးက
"နင့်ကိုငါမကြည့်ဘူးလေ၊ ဘာလို့ နှစ်ကျပ်တောင်းတာလဲ"။
ကောင်မ လေးက "မကြည့်ပေမဲ့ ဘုန်းကြီး ရင်ထဲ ငါရှိနေတယ်၊ ဒါကြောင့် နှစ်ကျပ်တောင်းတာ" တဲ့။
ဒီပုံပြင်လေးရဲ့ဆိုလိုရင်းက
စွဲလမ်းမှုဆိုတာ ချစ်လို့စွဲလမ်း သလို၊ မုန်းလို့လည်း စွဲလမ်းတတ် တယ်။ ကိုယ်ချစ်တဲ့လူရဲ့ ကောင်း သတင်းလေးများကြားရင် ဝမ်းသာ လို့၊ သတင်းဆိုးလေးများကြားရင် ဝမ်းနည်းလို့ပေါ့။ ကိုယ့်ရန်သူရဲ့ ကောင်းသတင်းကြားရရင် မကျေမနပ် ဖြစ်လို့၊ ဒုက္ခရောက်တယ်ကြားရင် ဝမ်းတွေသာလို့။ ဒါတွေက ရင်ထဲမှာ သူတို့နဲ့ပတ်သက်ပြီး အချစ်၊ အမုန်း၊ တစ်ခုခုနဲ့ စွဲလမ်းနေတာကိုး။
ကိုယ့်ရန်သူဆိုရင် သူ့နာမည် တောင် မကြားနိုင်ဘူး။ ငါ့ရှေ့မှာ လာမပြောနဲ့လို့ အော်လွှတ်ကြတယ် မို့လား။ ရန်သူကို ရင်ထဲထည့်ထား တာကိုး။
မြတ်စွာဘုရားရှင်က သတိ ပဋ္ဌာနသုတ် ဓမ္မာနုပဿနာခန္ဓာ အပိုင်းမှာ ... "ဣတိ ရူပံ ... ဤအရာသည် ဖောက်ပြန်မှုသဘော ရုပ်ဖြစ်၏" "ဣတိ ရူပဿ သမုဒယော ... ဤသည်ကား ရုပ် ဖြစ်ကြောင်းတည်း (ဝါ) ရုပ်ဖြစ်လာ မှုတည်း" "ဣတိ ရူပဿအတ္ထင်္ဂမော ...ဤသည်ကား ရုပ်ချုပ်ကြောင်း တရား (ဝါ) ရုပ်ချုပ်သွားမှုပေတည်း" ဟု ဟောပါတယ်။
ဘုရားဟောတာ ရှင်းရှင်းလေး။ နဂိုအရှိတရားသဘာဝဟာ ဒီလိုရှိ တယ်လို့ ပြန်ဖော်ပြတာ။ ဘုရားက ထွင်ပြီး ဟောတာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့က ရှိတာကိုမသိဘဲ မရှိတာ ကိုကျတော့ သွားသိနေတယ်။
ရုပ်ဆိုတဲ့သဘာဝက အငြိမ်မရှိ ဘူး။ တင်းမယ်။ ကိုက်မယ်။ နာ မယ်။ ယားမယ်။ ကျင်မယ်။ လှုပ်မယ်။ ဒါတွေက "ငါခန္ဓာအစစ်ပါကွာ" လို့ အချိန်တိုင်းပြောတာက လား။ ဒါကို ခန္ဓာသဘာဝ မူလ အဖြစ် ရှိတရားတွေလို့ မသိတော့၊ သူတို့လာရင် "ငါသမာဓိတော့ ပျက်ပါပြီ။ တရားအားထုတ်ရတာ မကောင်းလိုက်တာ"ဆိုပြီး ဒေါသနဲ့ တွန်းဖယ်တတ်တယ်။ သက်သာ အေးငြိမ်းတဲ့ ပီတိတွေနဲ့ ရုပ်တွေက ချမ်းသာနေတော့ သူ့ကိုလည်း ခန္ဓာ လို့ နှလုံးမသွင်းမိတော့ သာယာမှုနဲ့ ကပ်ငြိပြန်ရော။
ယားတယ်ဆိုတာ ဥပါဒါနက္ခန္ဓာ သူ့သဘာဝက ဘာနာမည်မှ မတပ်လည်း ဖြစ်တာလေးကိုသိနေရ တာပဲ။ "ယား"တယ်ဆိုတဲ့ ပညတ် တပ်လိုက်တာ ခေါ်လို့၊ ပြောလို့ရ အောင် တပ်ပေးထားတာ။ ဒါပေမဲ့ အဲဒီအရှိသဘာဝနဲ့ ပညတ်သဘာဝ ကို ပေါင်းစပ် မသိတတ်လေတော့ "ယား" တယ်လို့ စိတ်က တွေးသိ လိုက်တာနဲ့ အဲဒီယားတယ်ဆိုတဲ့ ပညတ်နောက်မှာ ကိလေသာက ကပ်ပါသွားတယ်။
ယားတယ်၊ ငါယားတယ်၊ ခြင် ကိုက်လို့ယားတယ်၊ ယင်နားလို့ယား တယ်၊ ပေါင်မှာယားတယ်၊ ခေါင်းမှာ ယားတယ် စတဲ့အတွေးတွေက မိမိ တောင် မသိလိုက်ခင်ပါလာပြီး တစ်ခါတည်း ကုတ်ချင်စိတ်ဝင်လာ၊ ကုတ်မိ၊ ဖြစ်ကုန်ရော။ စကားနဲ့ပြော နေရတာတောင် ကြာသေးတယ်။ ဟိုမှာက ကုတ်တောင်ပြီးနေပြီ။
ယားတယ်ဆိုတာက ဘာလဲလို့ သူ့သဘာဝစောင့်ကြည့်နားလည်ရင
ယားရုပ်ကလေးက ယားနေစဉ် အတွင်းမှာကို အခြေအနေတွေ ဒီဂရီတွေက မတူဘူး။ ရွှေ့နေတယ်။ ပြောင်းနေတယ်။ ဒါဆို အငြိမ် သဘောမရှိ။ အတည်အမြဲသဘော မရှိလို့ပေါ့။ သိပ်မကြာပါဘူး၊ အပြီး ကို ပျောက်ကရော။
ဒါလည်း ဘာမှမတတ်နိုင်လိုက် ပြန်ဘူး။ အဲဒီလို မတတ်နိုင်တဲ့ သဘာဝမို့ အနတ္တရုပ်လို့ ပြောတာ ပေါ့။ အဲဒီယားတာလေးဟာ အစိုင် အခဲသဘောလည်းမရှိဘူး။ ကိုင် ကြည့်လို့လည်းမရဘူး။ ရှိမှန်းတော့ လည်း သိနေရပြန်တယ်။ ဒါပရမတ် မို့လို့ပေါ့။ လှုပ်နေတယ်တဲ့။ အမှန် က မလှုပ်ဘူး။ အဖြစ်နဲ့အပျက် အရမ်းမြန်တော့ ကြားကိုမတွေ့လိုက် ရတာ။ ဖြစ်လာတယ်။ ချုပ်သွား တယ်။ အသစ်ထပ်ဖြစ်လာတယ်။ ချုပ်သွားပြန်တယ်။ အပျက်နဲ့အဖြစ် ရဲ့ကြားကို မတွေ့လိုက်ဘူး။ အဲဒီလို အပျက်နဲ့အဖြစ်က အရမ်းမြန်ပြီး တစ်ဆက်တည်းထင်ကာ လှုပ်နေ တယ်လို့ ခံစားလိုက်ရတာ။
တကယ်တော့ အာရုံဆိုတာ ဒုက္ခသစ္စာ။ ဒါကိုမသိလို့ အချစ် အမုန်းတွေ ဖြစ်ကြတာ။ ဒုက္ခသစ္စာ ဆိုတာက ပရိညေယျတရား။ ပိုင်းခြားသိရမှာသာ ဖြစ်တယ်။ စွန့်မှာမဟုတ်ဘူး။ သား၊ မယား၊ စည်းစိမ်ဆိုတာတွေဟာ အာရုံဆိုတဲ့ ဒုက္ခသစ္စာတရားတွေပါ။ ဒါတွေကို ပိုင်းခြားသိပြီး ဥပေက္ခာနဲ့ နေနိုင် ရမှာ။ ပိုင်းခြားမသိရင်တော့ ဒုက္ခသစ္စာမှန်း မသိဘူး။
ဒုက္ခမှန်းမသိရင် တွယ်တာ စွဲလမ်းပြီပေါ့။ ကိုယ့်စိတ်ကျေနပ် အောင် သား၊ မယား၊ ခင်ပွန်းက လုပ်ပေးနေတုန်းအချိန်မှာတော
နှစ်ကျပ်ပေးနေတယ်နော်။ ရဟန်းတော်လေးဟာ အာရုံကို အာရုံသာဖြစ်သည်လို့ ပိုင်းခြားမသိ ခဲ့ဘူး။ အဆင်းဆိုတဲ့အာရုံကိုမြင်တဲ့
ဒါဆို ဒုက္ခမှန်းသိအောင် ဘာ လုပ်ရမလဲ။ မဂ္ဂသစ္စာဘာဝေတဗ္ဗ။ မဂ္ဂသစ္စာဆိုတဲ့ ဘာဝနာပွားပေါ့။ ပွားတော့ ဘာဖြစ်သလဲ။ သမုဒယ သစ္စာ ပဟာတဗ္ဗ။ ဒုက္ခကိုဒုက္ခမှန်း သိရင် တွယ်တာမှုတဏှာ မလာ တော့ဘူး။ ပယ်ပြီပေါ့။ တဏှာ ပယ်လိုက်တော့ ဘာဖြစ်သလဲ။
ငြိမ်းအေးမှုခံစားရတယ်။ ငြိမ်းအေးမှု ဆိုတာ နိဗ္ဗာန်။ နိရောဓသစ္စာ သစ္ဆိကာတဗ္ဗ။ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ။
အာရုံကိုသာ ပိုင်းခြားသိခဲ့ရင် မကြည့်မိအောင်လည်း ရှောင်စရာ မလိုသလို၊ ကြည့်မိအောင်လည်း ဂရု စိုက်နေစရာမလိုဘူး။ ယားတာကို လည်း ကုတ်သင့်ရင်ကုတ်ပေးမယ်၊ မကုတ်သင့်ရင် မကုတ်ဘူး။ ပုံမှန်ပဲ။ ဥပေက္ခာပေါ့။
ဒါအရေးကြီးတယ်။ လောကထဲ မှာ နေနေသမျှတော့ အာရုံတွေက လွတ်ဦးမှာမဟုတ်ဘူး။ ဘယ်လို ရင်ဆိုင်မလဲဆိုတာပဲ လေ့ကျင့်ရမှာ။ ဒီလို လေ့ကျင့်လာရင် အာရုံရဲ့ သဘာဝကို သိလာတယ်။ လူဖြစ်ရင် စားပေး၊ ဝတ်ပေးရမယ်လေ။အာရုံရဲ့ သဘာဝ ဒုက္ခသစ္စာသဘောကို သိနေရင် need နဲ့ want ကို ခွဲခြားသိလာတယ်။ need ကတော့ ရှာရ၊ စားရ၊ သုံးရမှာပဲ။ ဒါဆို နှစ်ကျပ် မကုန်တော့ဘူး။ ဘာလေးနဲ့ စားရမှ၊ ဘာကိုမှဝတ်ရမှ၊ ဘာကားမှ စီးရမှဆိုတာတွေက want တွေပဲ။ လိုချင်တာက တဏှာ။ လိုအပ်တာက ခန္ဓာ့သဘာဝ။
ခန္ဓာဆိုတာ အပေါင်းအစု။ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ရဲ့ အစွဲအလမ်း ခံရလို့ ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်။ ဥပါဒါနက္ခန္ဓာဖြစ်လို့ ဝိပဿနာရဲ့ အာရုံဖြစ်တယ်။ ဝိပဿနာဆိုတာ ကလည်း ထူးထူးဆန်းဆန်း ရှာရှု ရတာမဟုတ်ပြန်ဘူး။ နဂိုသဘာဝ ဆိုတာ ဘာလဲလို့ပြန်စူးစမ်းတာ။
ပြန် စူးစမ်းတယ်ဆိုလို့ သဲသဲမဲမဲကြီး အတင်း ဖြဲရှာနေတာမျိုးလည်း မဟုတ်ပြန်ဘူး။ မြင်သမျှ၊ ကြား သမျှ၊ နံသမျှ၊ စားသမျှ၊ ထိသမျှ ဟာ ဥပါဒါနက္ခန္ဓာတွေ။
ရုပ်တွေဟာ ကံကြောင့်ဖြစ်လာ တာလည်းရှိတော့ ဖြစ်လာပုံတွေက တစ်ယောက်နဲ့တစ်ယောက်တော့ တူမှာမဟုတ်ဘူး။အတိတ်ကုသိုလ်
ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ရုပ်ကတော့ ရုပ်ပါပဲ။ ဓာတ် လွန်ကဲတာကို များတာလို့ပြောတယ်၊ ဆိုးတယ်လို့ပြောတယ်။ ဒီတော့ ရောဂါလို့ နာမည်တပ်ပေးလိုက် တယ်။ ရုပ်ပါပဲ၊ ဖောက်ပြန်မှုပဲ၊ ငါမှ မဟုတ်ဘဲ။ ဘုရားက "ရုပ်ဆိုတာ ရောဂါ"ပဲလို့လည်း ဟောသေးတယ်။ ဒါဆို ရောဂါကင်းတဲ့သတ္တဝါဆိုတာ ဘယ်ရှိတော့မလဲ။
လောကမှာပြောကြတယ်။ "တူဖြစ်တုန်းနှံ၊ ပေဖြစ်တုန်းခံ" တဲ့။
ဟုတ်ပေတာပေါ့။ အတိတ်တစ်ခုမှာ ကိုယ်ကတူဖြစ်ခဲ့မှာပေါ့။ အခု ပေဖြစ် နေတော့ ခံနိုင်အောင်ခံပေါ့။ သတ္တဝါ တွေမှာ သံသရာတစ်လျှောက် "တူနဲ့ပေ" တစ်လှည့်စီတော့ ဖြစ်ဖူး ကြမှာချည်းပါပဲ။ တူဘဝကို မသိ တော့ပေမဲ့ ပေဘဝကိုတော့ အခု သိနေကြတယ်။
တူဆိုတာလည်း "ခန္ဓာ"၊ "ပေ" ဆိုတာလည်း "ခန္ဓာ" ပါပဲ။ ဒီသဘာဝလေးကို နှလုံးသွင်း စောင့်ကြည့်နေတာဟာ ဝိပဿနာ ပါ။ ဒါလေးတွေကလည်း အချိန်တိုင်း ဖြစ်နေကြတာမလား။ ဒါဆို နှလုံး သွင်းတတ်ရင် အချိန်တိုင်းဝိပဿနာ ဖြစ်တာပေါ့။
မြတ်စွာဘုရားက အိမ်သာ တက်ရင်း၊ ကျင်ကြီး ကျင်ငယ်စွန့် ရင်းတောင် ရှုပါတဲ့။ လိုအပ်တာက တော့ ... "အပ္ပမာဒေန သမ္ပာ ဒေထ" ပဲပေါ့။ ဒါဟာ သဘာဝကို အရှိနဲ့ကိုက်အောင် လုပ်လိုက်တာပါ။
အဲဒီလို အရှိနဲ့အသိမကိုက်ရင် ကိလေသာတွေနဲ့ စွဲလမ်းသွားတတ် ပါတယ်။ ကဲ ... ကျုပ်တို့သံသရာ ခရီးသွားတွေ ကူတို့ကတော့ ကူးနေ ရဦးမှာပဲ။ မိန်းမချောလေးတွေနဲ့ လည်း တွေ့နေရဦးမှာပဲ။ ကြည့် မလား၊ မကြည့်ဘူးလား။ အဖြေက တော့ ကြည့်ဖို့လိုအပ်ရင် ကြည့် မယ်၊ မလိုအပ်ရင် မကြည့်ဘူး။ အာရုံဟာ အာရုံပဲလေ။ တစ်ကျပ်ပဲ ပေးကြပါဗျာ။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
မှတ်စုကြမ်းမှ မျှဝေပါသည်။
#kazaw
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။