"Grit"
ဒေါက်တာ Angela Lee Duckworth ဟာ အမေရိကန်၊ပင်ဆယ်ဗေးနီးယားတက္ကသို်လ် က စိတ်ပညာ ပါမောက္ခပါ။ဟားဗာဒ်တက္ကသို်လ် က Neruobiology ဘာသာနဲ့ဘွဲ့ ရခဲ့ပြီး ပင်ဆယ်ဗေးနီးယားတက္ကသို်လ်က
စိတ်ပညာဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ ရခဲ့ သူပါ။သူမဟာ အောင်မြင်မှုနဲ့ဆိုင်တဲ
့သုတေသနတွေ၊ Grit ဇွဲသတ္တိနဲ့ဆိုင်တဲ့ သုတေသနတွေ ကို
တစို်က်မတ်မတ်လုပ်နေသူ ဖြစ်ပါတယ်။ ၂၀၁၃ မှာ MacArthur Fellowship
ဆုရခဲ့ပါတယ်။
အခု “Key to Success? Grit”(အောင်မြင်မှုအတွက်သော့ ချက်) ဆိုတဲ့ သူမရဲ့ TED Talk မှာ ဟောပြောမှုကို ဝေမျှပေးလိုက်ပါတယ်။အတွေးေ ကာင်း တခုရပါလိမ့်မယ်...
“ကျမ အသက်၂၇ နှစ်ရောက်တော့ စီမံခန့်ခွဲမှုအတိုင်ပင်ခံ အလုပ်ကနေ
ကျမလုပ်ချင်တဲ့ စာသင်ကြားဘက်ကို ပြောင်းခဲ့ပါတယ်။ နယူးယောက်မြို့ က
အစိုးရကျောင်းတစ်ခုမှာ ၇တန်းကျောင်းသားတွေကို သင်္ချာသင်ရတာပါ။
ဆရာမတစ်ယောက် အနေနဲ့  ကျောင်းသားတွေ အတွက် သင်္ချာ ဥာဏ်စမ်းတွေ အိမ်စာပေး
ပြီး သူတို့ ဆီက အဖြေတွေရတော့ ကျမ ပြန်စစ်၊အမှတ်တွေပေးရတာပေါ့ ။အဲဒီမှာ
သူတို့ ရတဲ့ ရလာဒ်တွေကို ကြည့် ပြီး ကျမ အံအားသင့် သွားရတယ်။ ဘာဖြစ်လို
့လဲ ဆိုတော့ အတော်ဆုံးနဲ့ အညံ့ ဆုံး ကျောင်းသားတွေရဲ့  ခြားနားချက်ဟာ IQ
တခုထဲမဟုတ်ဘူးဆိုတာတွေ့ ရလို့ ပါပဲ။
ဒီကီစ္စကို ကျမဆက်စဉ်းစားဖြစ်ခဲ့တယ်..တ ကယ်တော
့ကလေးတွေ အတွက်သင်္ချာဟာခက်ကောင်း ခက်မှာပေါ့ ။ ဒါပေမယ့် သိပ်တော့ လဲ
အခက်ကြီးတော့ မဟုတ်ပါဘူး။ သူတို့ ကြိုးကြိုးစားစားနဲ့ 
ဇွဲရှိရှိသာလုပ်ရင် ကျောင်းသားတိုင်း ဒီသင်္ချာပုစ္ဆာတွေကို
ကောင်းကောင်းတွက်တက်မယ်လို့ ကျမ ယုံကြည်ပါတယ်။
ဒီလိုနဲ့ နှစ်ပေါင်းများစွာ စာသင်ကြားတဲ့အတွေ့ အကြုံကနေကျမသိလိုက်တာ ပညာရေးမှာ ကျမတို့ တကယ်လို အပ်တာက ကျောင်းသားတွေရဲ့လေ့လာသင်ကြားပုံကို
စိတ်ပညာရှုဒေါင့် ကနေ ကောင်းကောင်း နားလည်ဖို့ ဆိုတာပါပဲ။ လောလောဆယ်က
ပညာရေးမှာ “ထူးချွှန်တယ်။ တော်တယ်” ဆိုတာကို တိုင်းတာနိုင်တဲ့တခုတည်း သော
ကျမတို့ သိတဲ့နည်းက IQ ပါ။ ဒါပေမယ့်  ကျောင်းမှာရော၊ဘ၀ထဲမှာပါ တကယ်
ထူးချွှန်အောင်မြင်ဖို့ အတွက် (စာသင်ခန်းထဲမှာ လွယ်လွယ်ကူကူ နဲ့လျှင်လျှင်
မြန်မြန် သင်ယူနိုင်တဲ့ စွမ်းရည် ဖြစ်တဲ)့ IQ ထက် ပိုကောင်းတာ
ရှိလိမ့်အုန်းမယ်။အဲဒါ ဘာလဲ..ဆိုတာ ကျမ သိချင်လာပါတယ်။
ဒီ အတွေးကြောင့် ပဲ ကျမဟာ စာသင်ခန်းက ထွက်ပြီး စိတ်ပညာရှင်တစ်ယောက် ဖြစ်ဖို့  တက္ကသိုလ် ပြန်တက်ခဲ့တာပါ။
ကျမဟာ ဘယ်လိုအရည်အချင်းမျိုး၊ဘယ် လိုစိတ်ဓါတ်မျိုးက
ဘ၀မှာ အောင်မြင်မှုတွေ ရစေသလဲ ဆိုတဲ့ မေးခွန်းအတွက် လူအမျိုးမျိုးကို
အခြေအနေအမျိုးမျိုးမှာ သုတေသနတွေလုပ်ခဲ့ပါတယ်။ လုငယ်လူကြီး
အမြောက်အများကို ခက်ခဲတဲ့မေးခွန်းတွေပေးပြီး လေ့လာခဲ့တာပါ။ဝက်စ်ပွိုင့် စစ်တက္ကသို်လ်က ဗိုလ်လောင်းတွေကို သုတေသနလုပ်ခဲ့တယ်။ လေ့ကျင့် ရေးကျောင်းကသင်တန်းသားတွေ၊
ခက်ခဲတဲ့ နေရာမှာ ရောက်နေတဲ့ ကျောင်းဆရာတွေ နဲ့ ကုမ္ဗဏီက ၀န်ထမ်းတွေ..
လူပေါင်းအမြောက်အများကို ကျမတို့ သုတေသန လုပ်ခဲ့ကြပါတယ်။ ဘယ်လိုမတူတဲ
့အခြေအနေမှာ ဖြစ်ဖြစ၊်အောင်မြင်မှုကို ဖြစ်စေတဲ့ အကြောင်းတရားကတော့ 
တစ်ခုထဲဆိုတာက်ို ကျမတို့ သုတသနတွေကနေ တွေ့ ရှိခဲ့ကြတယ်။ အဲဒါက Social
Intelligence မဟုတ်ဘူး။အဲဒါက ရုပ်ရည်ချောမောတာ၊ ကျန်းမာရေးကောင်းတာ
မဟုတ်ဘူး။ အဲဒါက IQ မဟုတ်ပါဘူး။ အဲဒီ အရည်အချင်းက Grit ပါ။
Grit ဆိုတာ ကိုယ့် ဘ၀ရဲ့ ရည်မှန်းချက်တွေအတွက်ဘယ်လောက်ပဲ အခက်အခဲတွေ ရှိပါစေ..ဇွဲရှိရှိ၊ စိတ်အားထက်ထက်သန်သန်ုလုပ် တာ မျိုး ကို ပြောတာပါ။ အခက်အခဲတွေ ဘယ်လောက်ရှိရှိ အံကြိတ်ခံတာရင်း၊ဒုက္ခတွေကို
ခါးစည်းခံရင်း ကိုယ်ရည်မှန်းချက် ကို ရောက်ကိုရောက်ရမယ်ဆိုတဲ
့စိတ်ဓါတ်။ လှေခွက်ချည်းကျန် အလံမလှဲ ဘူး ဆိုတဲ့စိတ်ဓါတ်မျိုးပေါ
့။ကိုယ်ရဲ့ဘ၀ရည်မှန်းချက်ကို မျှော်မှန်းပြီး တရက်ထဲ၊
တပါတ်ထဲ၊တလထဲမဟုတ်ပဲ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ..ဇွဲရှိရှိ၊
စိတ်ပါလက်ပါ လုပ်တတ်တဲ့ အရည်အချင်းမျိုးပါ။ တကယ်တော့ ဘ၀ကို
တာတိုပြေးပွဲလို့ မမြင်ပဲ မာရသွန် တခုလို သဘောထားပြီးကြိုးစားတာမျိုး ပါပဲ..
(မှတ်ချက်။Grit ကို စိတ်ပညာမှာတော့  perseverance and passion for long-term goals လို့  အဓိပ္ဗါယ်ဖွင့်ပါတယ်။ မြန်မာစာအဖွဲ့အဘိဓာန်မှာသတ္တိ စိတ်ဓာတ်ကြံခိုင်ခြင်း လို့ ဆိုပြီး သာလွန်အဘိဓာန်မှာတော့ ဇွဲသတ္တိ လို့  အဓိပ္ဗါယ်ဖွင့်  ထားတာတွေ့ ရပါတယ်။)
ဒီတွေ့ ရှိချက်ပေါ် မူတည်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က ချီကာဂိုက အစိုးရကျောင်းတွေမှာ အဲဒီ စိတ်ဓါတ်၊အဲဒီအရည်အချင်း နဲ့ ပါတ်သက်ပြီး ကျမ စပြီး လေ့လာပါတယ်။ အထက်တန်းကျောင်းသား ထောင်ပေါင်းများစွာကို ဒီလို စိတ်ဓါတ်၊အရည်အချင်း နဲ့  ပါတ်သက်တဲ့ မေးခွန်းလွှာတွေကို မေးခဲ့ပြီး သူတို့ ရဲ့ အောင်မြင်မှုတွေကို ကျမ စောင့်ကြည့် လေ့လာခဲ့တာပါ။ ဒီ“ဇွဲသတ္တိ ကောင်းတယ် ဆိုတဲ့  အရည်အချင်း (Grit)” နဲ့ အောင်မြင်မှုတွေ ဆက်စပ်နေတယ်ဆိုတဲ့ အမှန်တရားကို ၀က်စ်ပွိုင့်  စစ်တက္ကသို်လ်နဲ့  သင်တန်းကျောင်းတွေမှာသာမကဘူး။ ဒီအထက်တန်း ကျောင်းသားထောင်ပေါင်း များစွာမှာလဲ တွေ့ ခဲ့ ရတာပါပဲ။
ဒါနဲ့ နေ့တိုင်းလိုလို မိဘတွေ၊ဆရာတွေကကျမကို မေးကြတယ်..သူတို့ ရဲ့ကလေးတွေကို ဒီလို ဇွဲရှိရှိ၊ စိတ်အားသန်သန်ု နှစ်ပေါင်းများစွာ ကြိုးစားအောင် ဘယ်လို လုပ်ရမလဲ..တဲ့။ကျမ ရိုးရိုးသားသားဖြေပါတယ်. ကျမ မသိပါဘူးလို့ (ရယ်သံများ)။ ဒါပေမယ့် ကျမသေချာသိတာတော့ ရှိတယ်..Talent ဥာဏ်ကောင်းရုံသက်သက်၊ “ဇ” ရှိရုံသက်သက်ဟာ ဒီလို ဇွဲရှိရှိ၊ စိတ်အားသန်သန်ု ရှိတဲ့ စိတ်ဓါတ်ကို မဖြစ်ပေါ်စေတာပါ။ ကျမတို့ ရဲ့ သုတေသနတွေ့ ရှိချက်တွေကနေ အံ့ သြစရာတွေ့ ရတာက..IQ မြင့် တယ်၊ ဥာဏ်ကောင်းတယ်ဆိုတဲ့သူ အမြောက်အများဟာ သူတို့ ဘ၀မှာ ဇွဲရှိရှိ မလုပ်ကြတာပါပဲ။ တကယ်တော့ ..ဇွဲရှိရှိ၊ စိတ်အားသန်သန်ု လုပ်တဲ့ စိတ်ဓါတ်Grit နဲ့  IQ မြင့် တယ်၊ ဥာဏ်ကောင်းတယ် ဆိုတာရဲ့ အဆက်အစပ်ကို မတွေ့ ရတာပါပဲ။ တခါတလေပြောင်းပြန် အချိုးကျတာတောင် တွေ့ ရပါသေးတယ်။
ကျမသိသလောက် ဒီနေ့ အချိန်အထိ ကလေးတွေကို ဒီဇွဲသတ္တိကောင်းတယ် ဆိုတဲ့ စိတ်ဓါတ်၊အရည်အချင်း ရှိအောင် ပျိုးထောင်နို်င်တဲ့ နည်း ကတော့ Growth Mindset ဆိုတဲ့ နည်းပါ။ စတန်းဖို့ ဒ်တက္ကသို်လ် က Dr Carol Dweck ရဲ့နည်းပေါ့ ။သူက သင်ယူနိုင်တဲ့ စွမ်းရည်ဟာ ပုံသေရှိတာ မဟုတ်ဘူး။ကြိုးစားမှုနဲ့ အတူ ပြောင်းလဲနိုင်တယ်လို့  ယုံကြည်တယ်။ သူသက်သေပြခဲ့တာရှိတယ်..ကလေး တွေကို ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ အကြောင်း၊ အခက်အခဲတွေ ရှိရင် ဦးနှောက်က ဘယ်လို ပြောင်းလဲသွားတယ်၊ကြီးထွားလာတယ်..
ဆိုတဲ့အကြောင်းကို လေ့လာခိုင်းပါတယ်။ ပြီးတော့ အဲဒီကလေးတွေကို သူမ
စောင့် ကြည့် ခဲ့ပါတယ်။ အဲဒီကလေးတွေ ဟာ ရှုံးနိမ့်မှု၊ဆုံးရှုံး နဲ့ တွေ
့တဲ့အခါ ပိုပြီး ဇွဲ ရှိရှိ လုပ်တတ်ကြတာတွေ့ ရတယ်တဲ့။ ဘာဖြစ်လို
့လဲဆိုတော့ ရှုံးနိမ့် မှု၊ဆုံးရှုံးမှု ဆိုတာ အမြဲ ဖြစ်နေလိမ့် လို
့သူတို့ မယုံကြည် လို့ ပါတဲ့။
ဒါကြောင့် Growth Mindset နည်းဟာ“ဇွဲသတ္တိ ကောင်းတယ်ဆိုတဲ့ အရည်အချင်း (Grit)” ကို ပျိုးထောင်ဖို့  တော်တော်ကောင်းတဲ့ နည်းတခုပါ။ အခုအချိန်အထိ ကျမတို့ သိတာဒီလောက်ပါပဲ။ဒီထက် ကျမတို့ သိဖို့ လိုပါတယ်။ ကျမတို့ မှာ ပိုကောင်းမွန်တဲ့ စိတ်ကူးတွေ၊ စမ်းသပ်မှုတွေ လိုပါတယ်။ ပြီးရင် ကျမတို့ လုပ်ရပ် အောင်မြင်မှု ရှိမရှိ ဆိုတာကို တိုင်းတာဖို့ လိုပါတယ်။ ကျမတို့ အနေနဲ့  ဒီအလုပ်တွေ လုပ်ရင်း အရှုံးတွေနဲ့ ရင်ဆိုင်ဖို့  စိတ်အားထက်သန်နေရပါမယ်။ကျမတို
့အမှားတွေလုပ်ဖို့  စိတ်အားထက်သန်နေရမယ်။ အဲဒီ အရှုံးတွေ၊အမှားတွေကနေ
သင်ခန်းစာယူပြီး အလုပ်သစ်တွေပြန်စဖို့ စိတ်အားထက်သန်နေရပါမယ်။ တနည်းပြောရ
ရင်တော့  ကလေးတွေမှာ “ဇွဲသတ္တိ ကောင်းတယ်ဆိုတဲ့ အရည်အချင်း(Grit)”ကို
ပျိုးထောင်ပေးဖို့  ကျမတို့ လဲ ဇွဲရှိရှိ၊စိတ်အားထက်ထက်သန် သန်လုပ်ကြ ဖို့ လိုမယ်လေ။
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး...
ဒေါက်တာ Angela Lee Duckworth ဟာ အမေရိကန်၊ပင်ဆယ်ဗေးနီးယားတက
အခု “Key to Success? Grit”(အောင်မြင်မှုအတွက်သော့
“ကျမ အသက်၂၇ နှစ်ရောက်တော့ စီမံခန့်ခွဲမှုအတိုင်ပင်ခံ
ဒီကီစ္စကို ကျမဆက်စဉ်းစားဖြစ်ခဲ့တယ်..တ
ဒီလိုနဲ့ နှစ်ပေါင်းများစွာ စာသင်ကြားတဲ့အတွေ့ အကြုံကနေကျမသိလိုက်တာ ပညာရေးမှာ ကျမတို့ တကယ်လို အပ်တာက ကျောင်းသားတွေရဲ့လေ့လာသင်ကြ
ဒီ အတွေးကြောင့် ပဲ ကျမဟာ စာသင်ခန်းက ထွက်ပြီး စိတ်ပညာရှင်တစ်ယောက် ဖြစ်ဖို့  တက္ကသိုလ် ပြန်တက်ခဲ့တာပါ။
ကျမဟာ ဘယ်လိုအရည်အချင်းမျိုး၊ဘယ်
Grit ဆိုတာ ကိုယ့် ဘ၀ရဲ့ ရည်မှန်းချက်တွေအတွက်ဘယ်လေ
(မှတ်ချက်။Grit ကို စိတ်ပညာမှာတော့  perseverance and passion for long-term goals လို့  အဓိပ္ဗါယ်ဖွင့်ပါတယ်။ မြန်မာစာအဖွဲ့အဘိဓာန်မှာသတ္တိ စိတ်ဓာတ်ကြံခိုင်ခြင်း လို့ ဆိုပြီး သာလွန်အဘိဓာန်မှာတော့ ဇွဲသတ္တိ လို့  အဓိပ္ဗါယ်ဖွင့်  ထားတာတွေ့ ရပါတယ်။)
ဒီတွေ့ ရှိချက်ပေါ် မူတည်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က ချီကာဂိုက အစိုးရကျောင်းတွေမှာ အဲဒီ စိတ်ဓါတ်၊အဲဒီအရည်အချင်း နဲ့ ပါတ်သက်ပြီး ကျမ စပြီး လေ့လာပါတယ်။ အထက်တန်းကျောင်းသား ထောင်ပေါင်းများစွာကို ဒီလို စိတ်ဓါတ်၊အရည်အချင်း နဲ့  ပါတ်သက်တဲ့ မေးခွန်းလွှာတွေကို မေးခဲ့ပြီး သူတို့ ရဲ့ အောင်မြင်မှုတွေကို ကျမ စောင့်ကြည့် လေ့လာခဲ့တာပါ။ ဒီ“ဇွဲသတ္တိ ကောင်းတယ် ဆိုတဲ့  အရည်အချင်း (Grit)” နဲ့ အောင်မြင်မှုတွေ ဆက်စပ်နေတယ်ဆိုတဲ့ အမှန်တရားကို ၀က်စ်ပွိုင့်  စစ်တက္ကသို်လ်နဲ့  သင်တန်းကျောင်းတွေမှာသာမကဘူ
ဒါနဲ့ နေ့တိုင်းလိုလို မိဘတွေ၊ဆရာတွေကကျမကို မေးကြတယ်..သူတို့ ရဲ့ကလေးတွေကို ဒီလို ဇွဲရှိရှိ၊ စိတ်အားသန်သန်ု နှစ်ပေါင်းများစွာ ကြိုးစားအောင် ဘယ်လို လုပ်ရမလဲ..တဲ့။ကျမ ရိုးရိုးသားသားဖြေပါတယ်. ကျမ မသိပါဘူးလို့ (ရယ်သံများ)။ ဒါပေမယ့် ကျမသေချာသိတာတော့ ရှိတယ်..Talent ဥာဏ်ကောင်းရုံသက်သက်၊ “ဇ” ရှိရုံသက်သက်ဟာ ဒီလို ဇွဲရှိရှိ၊ စိတ်အားသန်သန်ု ရှိတဲ့ စိတ်ဓါတ်ကို မဖြစ်ပေါ်စေတာပါ။ ကျမတို့ ရဲ့ သုတေသနတွေ့ ရှိချက်တွေကနေ အံ့ သြစရာတွေ့ ရတာက..IQ မြင့် တယ်၊ ဥာဏ်ကောင်းတယ်ဆိုတဲ့သူ အမြောက်အများဟာ သူတို့ ဘ၀မှာ ဇွဲရှိရှိ မလုပ်ကြတာပါပဲ။ တကယ်တော့ ..ဇွဲရှိရှိ၊ စိတ်အားသန်သန်ု လုပ်တဲ့ စိတ်ဓါတ်Grit နဲ့  IQ မြင့် တယ်၊ ဥာဏ်ကောင်းတယ် ဆိုတာရဲ့ အဆက်အစပ်ကို မတွေ့ ရတာပါပဲ။ တခါတလေပြောင်းပြန် အချိုးကျတာတောင် တွေ့ ရပါသေးတယ်။
ကျမသိသလောက် ဒီနေ့ အချိန်အထိ ကလေးတွေကို ဒီဇွဲသတ္တိကောင်းတယ် ဆိုတဲ့ စိတ်ဓါတ်၊အရည်အချင်း ရှိအောင် ပျိုးထောင်နို်င်တဲ့ နည်း ကတော့ Growth Mindset ဆိုတဲ့ နည်းပါ။ စတန်းဖို့ ဒ်တက္ကသို်လ် က Dr Carol Dweck ရဲ့နည်းပေါ့ ။သူက သင်ယူနိုင်တဲ့ စွမ်းရည်ဟာ ပုံသေရှိတာ မဟုတ်ဘူး။ကြိုးစားမှုနဲ့ အတူ ပြောင်းလဲနိုင်တယ်လို့  ယုံကြည်တယ်။ သူသက်သေပြခဲ့တာရှိတယ်..ကလေး
ဒါကြောင့် Growth Mindset နည်းဟာ“ဇွဲသတ္တိ ကောင်းတယ်ဆိုတဲ့ အရည်အချင်း (Grit)” ကို ပျိုးထောင်ဖို့  တော်တော်ကောင်းတဲ့ နည်းတခုပါ။ အခုအချိန်အထိ ကျမတို့ သိတာဒီလောက်ပါပဲ။ဒီထက် ကျမတို့ သိဖို့ လိုပါတယ်။ ကျမတို့ မှာ ပိုကောင်းမွန်တဲ့ စိတ်ကူးတွေ၊ စမ်းသပ်မှုတွေ လိုပါတယ်။ ပြီးရင် ကျမတို့ လုပ်ရပ် အောင်မြင်မှု ရှိမရှိ ဆိုတာကို တိုင်းတာဖို့ လိုပါတယ်။ ကျမတို့ အနေနဲ့  ဒီအလုပ်တွေ လုပ်ရင်း အရှုံးတွေနဲ့ ရင်ဆိုင်ဖို့  စိတ်အားထက်သန်နေရပါမယ်။ကျမတ
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး...
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။