ပညာတတ် ထင်ပေါ် ကျော်ကြား အနုပညာရှင်များ
************************** ***********
ကမ္ဘာ့နိုင်ငံ အသီးသီးမှ အနုပညာရှင်များ၏ ရရှိခဲ့သော ဘွဲ့များနှင့် ၎င်းတို့ ကျွမ်းကျင်စွာ ပြောဆိုနိုင်သော ဘာသာစကားများ အကြောင်းကိုလည်း သိရှိနိုင်စေရန် တင်ပြလိုက်ရပါသည်။
Kevin Costner
************
စွယ်စုံရ အနုပညာရှင်ဟု ဆိုရမည် ဖြစ်သည်။ ဒါရိုက်တာ၊ တီးဝိုင်းခေါင်းဆောင် အဖြစ် ကျော်ကြားသည့် အပြင် ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်မှ rit ဘွဲ့ ရရှိခဲ့သော အနုပညာရှင်တစ်ဦး ဖြစ်သည်။
Natalie Portman
***************
အော်စကာဆုရှင် Natalie Portman သည် ၂ဝ၁၃ ခုနှစ်တွင် Havard တက္ကသိုလ်မှ စိတ်ပညာ အဓိကဖြင့် B.A ဘွဲ့ကို ရရှိခဲ့သည်။ ထို့အပြင် ဟီဘရူး၊ ပြင်သစ်နှင့် ဂျပန် ဘာသာစကား တို့ကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်သည်။
Rowan Atkinson
***************
Mr.Bean အဖြစ် လူသိများပြီး ပရိသတ်များကို မည်ကဲ့သို့ ဖျော်ဖြေရမည်ဆိုသည်ကို သာမက အင်ဂျင်နီယာ ဘာသာရပ် ဆိုင်ရာများကိုလည်း ဟောပြောနိုင်သူ ဖြစ်သည်။ Oxford တက္ကသိုလ်မှ M.A (Electrical Engi-neering) ဘွဲ့ ရရှိထားသူ ဖြစ်သည်။
Hugh Jackman
*************
၂ဝဝ၈ ခုနှစ်တွင် People မဂ္ဂဇင်းမှ ''Sexres Man Alive" အဖြစ် ရွေးချယ် ခံခဲ့ရသည်။ ဆစ်ဒနီ နည်းပညာ တက္ကသိုလ်မှ B.A (Communication) ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။
Arnold Schwarzenegger
*********************
Terminator ဇာတ်လမ်းတွဲများဖြင့် လူသိများ လာခဲ့ပြီး ကာယဗလမောင်နှင့် နိုင်ငံရေးသမား အဖြစ် လူသိ များသည်။ Wisconsin တက္ကသိုလ်မှ Bachelor in Business and International Economic ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။
Jodie Foster
***********
Jodie Foster သည် အော်စကာ ဆုများရှင် မင်းသမီး အဖြစ် ကျော်ကြားသူ ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ယေး (လ်) တက္ကသိုလ်မှ အင်္ဂလိပ် ဘာသာဖြင့် ဘွဲ့ ရရှိခဲ့သည်။ ထို့ပြင် သူမအနေဖြင့် ၁၉၉၇ ခုနှစ်တွင် ထပ်မံ၍ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။
**************************

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။