"၁၅ နှစ်သက်တမ်းကို ပြန်ကြည့်မယ် ဆိုရင် နောင်တရစရာ မကျန်ခဲ့ဘူး ဆိုသူ အဲလက်စ် ၏ ဂီတခရီးလမ်း"
ဂီတလောက ထဲမှာ ဂီတသက်တမ်း ၁၅ နှစ်ကျော် ရှိပြီး ပရိသတ်တွေရဲ့ ပါးစပ် ဖျားမှာ သူ့သီချင်းတွေက အမြဲ ရှင်သန်နေတဲ့သူ တစ်ယောက် ရှိပါတယ်။ အဲဒါကတော့ အသည်းကွဲ မျက်ရည် ပိုင်ရှင် အဲလက်စ် ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂီတလောကထဲ မှာ အောင်မြင် ကျော်ကြားမှု ကို မှန်မှန်ရယူခဲ့သူ တေးသံရှင် အဲလက်စ်ရဲ့ ဖြတ်သန်းမှုကို တူးဖော် ကြည့် ဖြစ်ပါတယ်။ အဲလက်စ်က ၁၉၉၆ ခုနှစ်မှာ ‘နေ့သစ်များကို ကြိုဆိုခြင်း’ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော် အခွေနဲ့ ပရိသတ်အား ပေးမှုကို ရယူနိုင် ခဲ့ပါတယ်။ အဲဒီနောက် ၉၇ မှာ’ကံ ရေးတဲ့သူ’ ဆိုတဲ့စီးရီးကို ထွက်ရှိခဲ့ပြီး ‘ဆုံနိုင်ခွင့်’ ဆိုတဲ့စုံတွဲခွေကို ဆက်လက် ထွက်ရှိခဲ့ရာက ပရိသတ်က ပိုမို လက်ခံ အားပေးခဲ့ ကြပါတယ်။ ‘မင်းအနားမှာ’၊ ‘အဲလက်စ်နှင့် သူ၏ သီချင်း များ’၊ ‘စိတ်ကူးသက်သက်များ’၊ ‘အချစ်နဲ့ကောင်းကင်’၊ ‘၁၉၉၆က အဲလက်စ်’၊ ‘အဲလက်စ် Live Show’ စသဖြင့် ဆက်တိုက် ဆိုသလို အခွေတွေ ထွက်ရှိ ခဲ့ပြီး ၂ဝ၁၁ခုနှစ် မှာတော့ ‘နောက်ကျနေတဲ့ငါ’ ဆိုတဲ့ စီးရီးကို Heroz တီးဝိုင်း နဲ့ တီးခတ်ပြီး နောက်ဆုံးထွက် ရှိထားပါတယ်။ အဲဒီအထဲကမှ ပထမဆုံး အခွေ ‘နေ့သစ်များကို ကြိုဆိုခြင်း’၊ အဲဒီ နောက်၂ဝဝဝ ခုနှစ်က ထွက်ခဲ့တဲ့ ‘အဲလက်စ် နှင့်သူ၏သီချင်းများ’၊ ‘စိတ်ကူး သက်သက်များ’ အစရှိတဲ့ အခွေတွေ ကတော့ ပရိသတ် ကြားမှာ လှုပ်လှုပ်ခတ်ခတ်နဲ့ အရောင်းရ ဆုံး ဖြစ်ခဲ့ပါတယ်။ ‘အဲလက်စ်နှင့် သူ၏ သီချင်းများ’ အခွေ ကစပြီး အဲလက်စ်ရဲ့သီချင်း ပုံစံတွေက ပုံစံ အသစ်တွေ ဖြစ်လာပြီး လူငယ် ပရိသတ်တွေပါ ထပ်မံ တိုးပွားလာခဲ့ပါတယ်။ အဲလက်စ်ကလည်း ဂီတ သက်တမ်း ၁၅နှစ်အတွင်း မှာ One Man Show လေး ကြိမ်ပြုလုပ် ခဲ့ ပါသေး တယ်။ ၂ဝဝ၈ ခုနှစ်မှာ ဗီစီဒီ အဖြစ် ပြန်လည်ထွက် ရှိခဲ့တဲ့ ၂ဝဝ၆ခုနှစ်က ပြုလုပ်ခဲ့တဲ့ ပထမဆုံး One Man Show တော့ အဲလက်စ် အတွက် အမှတ် တရ ပါလို့လည်း သိရပါတယ်။ ဒီလောကထဲမှာ ဖြတ်သန်းရင်းနဲ့ပဲ အဲလက်စ်က ”ဒီသီချင်း တွေကို မဆိုချင်၊ မရေးချင်တော့လောက် အောင်တော့ တစ်ခါ မှမဖြစ်ဖူးဘူး။ သီချင်း သံကြား ရင်ကိုပျော်တယ်။ နောက်ဆုံး ကိုယ်သီချင်း မရေးဖြစ်လို့ တစ်ယောက်ယောက် က သီချင်းတစ် ပုဒ် ကောင်းကောင်းလေး ထွက်လာရင် ဘေးကနေ ပျော်နေတာ။ ပြီးတော့ ဒီဟာကို စီးပွားရေး တစ်ခုအနေနဲ့ လုပ်ခဲ့တာမဟုတ်တော့ ခိုးကူးတွေ ဘာတွေနဲ့ ခေတ်က ပျက်နေပေမယ့်လည်း ဆက်လုပ်နေမှာ ပဲ”ဆိုလာတဲ့အဲလက်စ် ရဲ့ဂီတ အပေါ် ထားတဲ့စိတ်ကို မြင်ခဲ့ရပါတယ်။
အဲလက်စ် တစ်ယောက်ဂီတ လောကထဲက ရောက်ရှိလာဖို့ အရင်းခံ လာခဲ့တာကတော့ ငယ်စဉ်ကတည်းက အသွေးအသားတွေပဲ ဖြစ်ပါ တယ်။ ကျောင်းမှာလည်း အမြဲလိုလို သီချင်း တွေပဲ အော်ဆိုနေလို့ ရုံးခန်း ကို မကြာ ခဏ ရောက်ရတာကလည်း အဲလက်စ်ပါ။
”၁ဝတန်းအောင်ရင် အခွေသွင်းချင် တယ်လို့ အိမ်ကိုပြောတယ်။ အိမ်ကလည်း အောင်ရင် အခွေထုတ်ပေးမယ် ပြောတယ်။ အဲဒါနဲ့ စာမေးပွဲနီးလို့ ၃၊၄လ လောက်ပဲ ထင်တယ်။ ကပ်ကျက်ပြီး အောင်သွား တယ်။ အဲဒါနဲ့အိမ်က အခွေထုတ်ပေးလိုက်တာ။ အဲဒီကနေမှ အဆိုတော် ဖြစ်လာတယ်ပဲ ဆိုပါ တော့။ ဖြတ်သန်းခဲ့တဲ့ ခရီးရှည်ကြီး ထဲမှာ အမှတ်တရတွေလည်း အများကြီး ရှိခဲ့ပေမယ့် အဲလက်စ် အနေ နဲ့ ပြန်တွေးတိုင်း အမှတ်ရတဲ့ ရှိုးပွဲတစ်ပွဲတော့ ရှိခဲ့ပါတယ်။ အဲဒါ ကတော့ မြရိပ်ညိုမှာ လုပ်တဲ့ Heart ဂီတည ဆိုတဲ့ပွဲ။ တီးဝိုင်းတွေ အကုန် အများကြီးပါတယ်။ ဂီတပွဲတော်ကြီး လုပ်တာပေါ့။ အဲဒါကိုတော့ အမှတ်ရ ဆုံးပဲ။ လူတွေဟာ တအားကို ကျပ်ပိတ်ပြီး ကိုယ်တောင် မနည်း သွားရ တယ်။ နေ့လယ် တည်းက လုပ်တာ ညမိုးချုပ်တဲ့အထိ အကြာကြီးပဲ ။ နောက်ထပ် လည်း အဲဒီလို ပွဲကြီးမျိုးတွေ လုပ်စေချင်တယ်။ အဲဒီထက်ပိုကျယ် တဲ့နေရာ တွေမှာ အဲဒီလို ဂီတပွဲတော်ကြီးတွေ လုပ်စေ ချင်တယ်” လို့ဆိုခဲ့ပါတယ်။
တစ်ကိုယ်တော် အနေနဲ့ ၁ဝခွေ ထွက်ရှိခဲ့တဲ့ အဲလက်စ်က အတွဲ အခွေတွေလည်း တော်တော် များများ ဆိုဖြစ်ခဲ့ပါတယ်။ အဲလက်စ်က သူဖြတ်သန်းခဲ့တဲ့ ကာလ တစ်လျှောက် နောက်ကိုပြန်ကြည့် လိုက် ရင်နောင်တ ရစရာ မကျန် ခဲ့ဘူးလို့လည်း ပြောပါသေးတယ်။
”ကျွန်တော်က ဦးနှောက်နဲ့ စဉ်းစား တာထက် ကျွန်တော့် စိတ်ထဲမှာရှိ တာကိုလုပ်တာ ပိုများတယ်။ အဲဒီအတွက် မှားတာတွေလည်း ရှိမှာပါ၊၊ လုပ်သင့်တာ တွေ မလုပ် ခဲ့တာထက် လုပ်ချင်တာတွေ လုပ်ခဲ့တော့ ကိုယ့်အတွက်တော့ စိတ်ချမ်းသာ တယ်။ ပြန်လှည့်ကြည့် လိုက်ရင် လည်း နောင်တရ စရာမရှိပါဘူး။ ဘာအတွက် ကြောင့် မှ အတင်း အကျပ် လုပ်ယူခဲ့တာ မရှိဘူး” ဆိုတာကတော့ လွတ်လပ် ပွင့်လင်းတဲ့ အဲလက်စ် ရဲ့ရင်ထဲက စကား ဖြစ်ပါတယ်၊၊ အသက်တွေကြီး အဘိုးကြီးဖြစ်တဲ့ အထိ သီချင်း တွေ ဆိုနေမယ့် အဲလက်စ် က ပရိသတ်တွေ နဲ့ လည်းအမြဲ တမ်းပဲ အတူတူ သွားနေချင်ပါ တယ် လို့လည်းပြောပါတယ်။
ရဲရဲ
★ ★ ★ ပေါ်ပြူလာဂျာနယ်က အင်တာဗျူးအဟောင်းနဲ့အတူ အဲလက်စ်သီချင်းတွေ တင်ဆက်လိုက်ပါတယ်
နေ့သစ်များကို ကြိုဆိုခြင်း
https://drive.google.com/ folderview?id=0B92uIwQRpsZV eVNrbzVrSkR3bXc&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
ကံရေးတဲ့သူ
https://drive.google.com/ folderview?id=0B92uIwQRpsZV Z05yU2ZZT3oxdzQ&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
Or
http://www.mediafire.com/ ?w1qv1bmndja
မင်းအနားမှာ
https://drive.google.com/ folderview?id=0B92uIwQRpsZV XzBIWVYzblduZEU&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
အချစ်နဲ့ကောင်းကင်
https://drive.google.com/ folderview?id=0B92uIwQRpsZV U2pXOG56U0tFVlU&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
အဲလက်စ်နှင့် သူ၏သီချင်းများ
https://my.pcloud.com/ publink/show?code=JMIrtalK or
https://drive.google.com/ folderview?id=0B92uIwQRpsZV akxIUFNmYlViNUU&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
စိတ်ကူးသက်သက်များ
https://www.mediafire.com/ folder/qk2xizfmhzdd4/ အဲလက်စ်_-_စိတ်ကူးသက်သက်များ or
https://drive.google.com/ folderview?id=0B92uIwQRpsZV M1dUSWhKRE01VEk&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
Live ROCK
https://drive.google.com/ folderview?id=0B92uIwQRpsZV VXVTYThiMlJBbXM&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
Live POP
https://drive.google.com/ folderview?id=0B92uIwQRpsZV ZENuVlR0ZkJsUzg&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
၁၉၉၆ က အဲလက်စ်
https://drive.google.com/ folderview?id=0B92uIwQRpsZV X0EzaUZfTS1aUjg&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
နောက်ကျနေတဲ့ငါ
https://drive.google.com/ folderview?id=0B92uIwQRpsZV SU1HYUk5S19TUDQ&usp=sharin g&tid=0B92uIwQRpsZVVnJVNlV hbi0tRTg
တစ်ပုဒ်ချင်းလင့်ခ်
http://thachin.com/tc/ index.php?m=music&a=show&ar id=3310
—ဂီတလောက ထဲမှာ ဂီတသက်တမ်း ၁၅ နှစ်ကျော် ရှိပြီး ပရိသတ်တွေရဲ့ ပါးစပ် ဖျားမှာ သူ့သီချင်းတွေက အမြဲ ရှင်သန်နေတဲ့သူ တစ်ယောက် ရှိပါတယ်။ အဲဒါကတော့ အသည်းကွဲ မျက်ရည် ပိုင်ရှင် အဲလက်စ် ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂီတလောကထဲ မှာ အောင်မြင် ကျော်ကြားမှု ကို မှန်မှန်ရယူခဲ့သူ တေးသံရှင် အဲလက်စ်ရဲ့ ဖြတ်သန်းမှုကို တူးဖော် ကြည့် ဖြစ်ပါတယ်။ အဲလက်စ်က ၁၉၉၆ ခုနှစ်မှာ ‘နေ့သစ်များကို ကြိုဆိုခြင်း’ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော် အခွေနဲ့ ပရိသတ်အား ပေးမှုကို ရယူနိုင် ခဲ့ပါတယ်။ အဲဒီနောက် ၉၇ မှာ’ကံ ရေးတဲ့သူ’ ဆိုတဲ့စီးရီးကို ထွက်ရှိခဲ့ပြီး ‘ဆုံနိုင်ခွင့်’ ဆိုတဲ့စုံတွဲခွေကို ဆက်လက် ထွက်ရှိခဲ့ရာက ပရိသတ်က ပိုမို လက်ခံ အားပေးခဲ့ ကြပါတယ်။ ‘မင်းအနားမှာ’၊ ‘အဲလက်စ်နှင့် သူ၏ သီချင်း များ’၊ ‘စိတ်ကူးသက်သက်များ’၊ ‘အချစ်နဲ့ကောင်းကင်’၊ ‘၁၉၉၆က အဲလက်စ်’၊ ‘အဲလက်စ် Live Show’ စသဖြင့် ဆက်တိုက် ဆိုသလို အခွေတွေ ထွက်ရှိ ခဲ့ပြီး ၂ဝ၁၁ခုနှစ် မှာတော့ ‘နောက်ကျနေတဲ့ငါ’ ဆိုတဲ့ စီးရီးကို Heroz တီးဝိုင်း နဲ့ တီးခတ်ပြီး နောက်ဆုံးထွက် ရှိထားပါတယ်။ အဲဒီအထဲကမှ ပထမဆုံး အခွေ ‘နေ့သစ်များကို ကြိုဆိုခြင်း’၊ အဲဒီ နောက်၂ဝဝဝ ခုနှစ်က ထွက်ခဲ့တဲ့ ‘အဲလက်စ် နှင့်သူ၏သီချင်းများ’၊ ‘စိတ်ကူး သက်သက်များ’ အစရှိတဲ့ အခွေတွေ ကတော့ ပရိသတ် ကြားမှာ လှုပ်လှုပ်ခတ်ခတ်နဲ့ အရောင်းရ ဆုံး ဖြစ်ခဲ့ပါတယ်။ ‘အဲလက်စ်နှင့် သူ၏ သီချင်းများ’ အခွေ ကစပြီး အဲလက်စ်ရဲ့သီချင်း ပုံစံတွေက ပုံစံ အသစ်တွေ ဖြစ်လာပြီး လူငယ် ပရိသတ်တွေပါ ထပ်မံ တိုးပွားလာခဲ့ပါတယ်။ အဲလက်စ်ကလည်း ဂီတ သက်တမ်း ၁၅နှစ်အတွင်း မှာ One Man Show လေး ကြိမ်ပြုလုပ် ခဲ့ ပါသေး တယ်။ ၂ဝဝ၈ ခုနှစ်မှာ ဗီစီဒီ အဖြစ် ပြန်လည်ထွက် ရှိခဲ့တဲ့ ၂ဝဝ၆ခုနှစ်က ပြုလုပ်ခဲ့တဲ့ ပထမဆုံး One Man Show တော့ အဲလက်စ် အတွက် အမှတ် တရ ပါလို့လည်း သိရပါတယ်။ ဒီလောကထဲမှာ ဖြတ်သန်းရင်းနဲ့ပဲ အဲလက်စ်က ”ဒီသီချင်း တွေကို မဆိုချင်၊ မရေးချင်တော့လောက် အောင်တော့ တစ်ခါ မှမဖြစ်ဖူးဘူး။ သီချင်း သံကြား ရင်ကိုပျော်တယ်။ နောက်ဆုံး ကိုယ်သီချင်း မရေးဖြစ်လို့ တစ်ယောက်ယောက် က သီချင်းတစ် ပုဒ် ကောင်းကောင်းလေး ထွက်လာရင် ဘေးကနေ ပျော်နေတာ။ ပြီးတော့ ဒီဟာကို စီးပွားရေး တစ်ခုအနေနဲ့ လုပ်ခဲ့တာမဟုတ်တော့ ခိုးကူးတွေ ဘာတွေနဲ့ ခေတ်က ပျက်နေပေမယ့်လည်း ဆက်လုပ်နေမှာ ပဲ”ဆိုလာတဲ့အဲလက်စ် ရဲ့ဂီတ အပေါ် ထားတဲ့စိတ်ကို မြင်ခဲ့ရပါတယ်။
အဲလက်စ် တစ်ယောက်ဂီတ လောကထဲက ရောက်ရှိလာဖို့ အရင်းခံ လာခဲ့တာကတော့ ငယ်စဉ်ကတည်းက အသွေးအသားတွေပဲ ဖြစ်ပါ တယ်။ ကျောင်းမှာလည်း အမြဲလိုလို သီချင်း တွေပဲ အော်ဆိုနေလို့ ရုံးခန်း ကို မကြာ ခဏ ရောက်ရတာကလည်း အဲလက်စ်ပါ။
”၁ဝတန်းအောင်ရင် အခွေသွင်းချင် တယ်လို့ အိမ်ကိုပြောတယ်။ အိမ်ကလည်း အောင်ရင် အခွေထုတ်ပေးမယ် ပြောတယ်။ အဲဒါနဲ့ စာမေးပွဲနီးလို့ ၃၊၄လ လောက်ပဲ ထင်တယ်။ ကပ်ကျက်ပြီး အောင်သွား တယ်။ အဲဒါနဲ့အိမ်က အခွေထုတ်ပေးလိုက်တာ။ အဲဒီကနေမှ အဆိုတော် ဖြစ်လာတယ်ပဲ ဆိုပါ တော့။ ဖြတ်သန်းခဲ့တဲ့ ခရီးရှည်ကြီး ထဲမှာ အမှတ်တရတွေလည်း အများကြီး ရှိခဲ့ပေမယ့် အဲလက်စ် အနေ နဲ့ ပြန်တွေးတိုင်း အမှတ်ရတဲ့ ရှိုးပွဲတစ်ပွဲတော့ ရှိခဲ့ပါတယ်။ အဲဒါ ကတော့ မြရိပ်ညိုမှာ လုပ်တဲ့ Heart ဂီတည ဆိုတဲ့ပွဲ။ တီးဝိုင်းတွေ အကုန် အများကြီးပါတယ်။ ဂီတပွဲတော်ကြီး လုပ်တာပေါ့။ အဲဒါကိုတော့ အမှတ်ရ ဆုံးပဲ။ လူတွေဟာ တအားကို ကျပ်ပိတ်ပြီး ကိုယ်တောင် မနည်း သွားရ တယ်။ နေ့လယ် တည်းက လုပ်တာ ညမိုးချုပ်တဲ့အထိ အကြာကြီးပဲ ။ နောက်ထပ် လည်း အဲဒီလို ပွဲကြီးမျိုးတွေ လုပ်စေချင်တယ်။ အဲဒီထက်ပိုကျယ် တဲ့နေရာ တွေမှာ အဲဒီလို ဂီတပွဲတော်ကြီးတွေ လုပ်စေ ချင်တယ်” လို့ဆိုခဲ့ပါတယ်။
တစ်ကိုယ်တော် အနေနဲ့ ၁ဝခွေ ထွက်ရှိခဲ့တဲ့ အဲလက်စ်က အတွဲ အခွေတွေလည်း တော်တော် များများ ဆိုဖြစ်ခဲ့ပါတယ်။ အဲလက်စ်က သူဖြတ်သန်းခဲ့တဲ့ ကာလ တစ်လျှောက် နောက်ကိုပြန်ကြည့် လိုက် ရင်နောင်တ ရစရာ မကျန် ခဲ့ဘူးလို့လည်း ပြောပါသေးတယ်။
”ကျွန်တော်က ဦးနှောက်နဲ့ စဉ်းစား တာထက် ကျွန်တော့် စိတ်ထဲမှာရှိ တာကိုလုပ်တာ ပိုများတယ်။ အဲဒီအတွက် မှားတာတွေလည်း ရှိမှာပါ၊၊ လုပ်သင့်တာ တွေ မလုပ် ခဲ့တာထက် လုပ်ချင်တာတွေ လုပ်ခဲ့တော့ ကိုယ့်အတွက်တော့ စိတ်ချမ်းသာ တယ်။ ပြန်လှည့်ကြည့် လိုက်ရင် လည်း နောင်တရ စရာမရှိပါဘူး။ ဘာအတွက် ကြောင့် မှ အတင်း အကျပ် လုပ်ယူခဲ့တာ မရှိဘူး” ဆိုတာကတော့ လွတ်လပ် ပွင့်လင်းတဲ့ အဲလက်စ် ရဲ့ရင်ထဲက စကား ဖြစ်ပါတယ်၊၊ အသက်တွေကြီး အဘိုးကြီးဖြစ်တဲ့ အထိ သီချင်း တွေ ဆိုနေမယ့် အဲလက်စ် က ပရိသတ်တွေ နဲ့ လည်းအမြဲ တမ်းပဲ အတူတူ သွားနေချင်ပါ တယ် လို့လည်းပြောပါတယ်။
ရဲရဲ
★ ★ ★ ပေါ်ပြူလာဂျာနယ်က အင်တာဗျူးအဟောင်းနဲ့အတူ အဲလက်စ်သီချင်းတွေ တင်ဆက်လိုက်ပါတယ်
နေ့သစ်များကို ကြိုဆိုခြင်း
https://drive.google.com/
ကံရေးတဲ့သူ
https://drive.google.com/
Or
http://www.mediafire.com/
မင်းအနားမှာ
https://drive.google.com/
အချစ်နဲ့ကောင်းကင်
https://drive.google.com/
အဲလက်စ်နှင့် သူ၏သီချင်းများ
https://my.pcloud.com/
https://drive.google.com/
စိတ်ကူးသက်သက်များ
https://www.mediafire.com/
https://drive.google.com/
Live ROCK
https://drive.google.com/
Live POP
https://drive.google.com/
၁၉၉၆ က အဲလက်စ်
https://drive.google.com/
နောက်ကျနေတဲ့ငါ
https://drive.google.com/
တစ်ပုဒ်ချင်းလင့်ခ်
http://thachin.com/tc/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။