မြည်းရဲ့ ဦးနှောက်
============
တစ်ခါက တောထဲမှာ တောဘုရင်ခြင်္သေ့တစ်ကောင်နေထိုင်တယ်။ သူက ခွေးအကို သူ့ရဲ့ တပည့်ခန့်ထားတယ်။ ခြင်္သေ့အမဲလိုက်ပြီဆိုရင်တော့  ခွေးအက သားကောင်ရဖို့အတွက် အကူအညီပေးရတယ်။ သားကောင်ရရင်တော့ ခြင်္သေ့က သူ့တစ်ပည့် ခွေးအကို ဝေစုတချို့ ခွဲဝေပေးပြီး ဆုချလေ့ရှိတယ်။
တစ်ခါတော့ ခြင်္သေ့ဟာ နေမကောင်းဖြစ်တဲ့အတွက် အားနည်းနေခဲ့တယ်။ အမဲကောင်ကို အကြမ်းပတမ်းလိုက်ဖို့လည်း အားအင်မရှိဖြစ်နေပြန်တယ်။ ဒါကြောင့်သူက တပည့်ခွေးအကို ခေါ်ပြီး ဒီလိုပြောတယ်
"ငါတော့နေမကောင်းဖြစ်နေတယ် တပည့်ကြီး၊ အမဲလည်းမလိုက်နိုင်ဘူး၊ ဒီတစ်ခါတော့ အမဲလိုက်တာဝန်ကို မင်းပဲယူတော့ကွာ သွားအမဲလိုက်ချည်တော့၊ ငါဒီကပဲ မင်းအပြန်ကိုစောင့်နေမယ်"
အဲဒါနဲ့ ခွေးအက အမဲလိုက်ဖို့ထွက်လာခဲ့တယ်။ ဒါပေမယ့် သူတစ်ကောင်တည်းလည်း အမဲလိုက်နိုင်မယ့် အကောင်လည်းဖြစ်ရမယ်၊ သူရော ခြင်္သေ့ရော ၀မ်းဝဖို့ အကောင်လည်းဖြစ်ရမယ် ဆိုပြီးလိုက်လံရှာဖွေပေမယ် ဘယ်သတ္တ၀ါကိုမှ သူတစ်ကောင်တည်း မလိုက်နိုင်ဘူးဖြစ်နေတယ်။ တစ်နေရာမှာတော့ မြက်စားနေတဲ့ မြည်းတစ်ကောင်ကိုတွေ့တယ်။ ခွေးအက အကြံရပြီး မြည်းကို လှည့်ဖျားတယ်
" အဆွေမြည်း၊ သင့်ကိုလိုက်ရှာလိုက်ရတာမှ ဖတ်ဖတ်ကိုမောရောပဲ၊ တောတို့ရဲ့ဘုရင် ခြင်္သေ့မင်းကြီးက သင့်ကို ၀န်ကြီးချုပ် နေရာအတွက် လျာထားတယ်၊ သင်အမြန်လိုက်ခဲ့ပြီး ရာထူးလက်ခံယူပါ" လို့ ပြောခဲ့တယ်။
မြည်းလည်း ဥာဏ်မရှိတာကြောင့် ပျော်ရွှင်စွာပဲ ခွေးအခေါ်ဆောင်ရာကို လိုက်ခဲ့တယ်။ ခြင်္သေ့အနားလည်းရောက်ရော ခွေးအက မျက်ရိပ်ပြလိုက်တာနဲ့ ခြင်္သေ့ကမြည်းကိုကို ကိုက်သတ်လိုက်တယ်။ အဲဒီနောက် ခြင်္သေ့က ရေဆာလာတာကြောင့်
" မြည်းကို စောင့်နေအုန်း၊ ငါရေသွားသောက်လိုက်ဦးမယ်၊ ချက်ချင်းပြန်လာခဲ့မယ်"
လို့ပြောပြီး ရေသောက်ဖို့ထွက်သွားခဲ့တယ်။
ခြင်္သေ့ထွက်သွားတုန်းမှာ ခွေးအက မြည်းရဲ့ ဦးနှောက်ကို ဖောက်ပြီးစားပစ်လိုက်တယ်။ ခြင်္သေ့ပြန်လာတဲ့အခါ မြည်းရဲ့ ဦးနှောက်မရှိတော့တာကို တွေ့သွားတယ်။ ခြင်္သေ့က ခွေးအကို မြည်းဦးနှောက်ဘယ်မှာလဲလို့ မေးတဲ့အခါ ခွေးအက ဒီလို ပြန်ပြောတယ်
" မြည်းသာဦးနှောက်ရှိမယ်ဆိုရ င်၊ ဒီလိုနေရာမျိုးကို ရောက်လာပါ့မလား သခင်ခြင်္သေ့မင်း"
ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြနေတာတွေရှိတယ်။ A small thought saves a lot. ဆိုတဲ့စကားလိုပဲ တစ်ခါတစ်လေမှာ အနည်းငယ်စဉ်းစားလိုက်ရုံနဲ့ ကိစ္စအများကြီးဆုံးရှုံးတာကို
ကာကွယ်ပြီးသားဖြစ်စေတယ်။ တစ်ခါတစ်ရံမှာ သူများပြောသမျှကို အလွယ်တကူ
ယုံလိုက်တာကြောင့် ကိုယ့်ရဲ့ အချိန်တွေရော၊ လူတွေအများကြီးရဲ့
အချိန်တွေရောဆုံးရှုံးရတာတွေ ရှိတယ်။
အထူးသဖြင့် Facebook ပေါ်က စီးပွားရေးသမားတွေဟာ သူတို့ရဲ့ လုပ်ငန်းကို အခမဲ့ ကြော်ငြာပေးစေချင်တာကြောင့်
ပုံတစ်ပုံကိုတင်မယ်။ Like, Share and Comment လုပ်လိုက်တာနဲ့
အခြားပုံတစ်ပုံကို အလိုအလျောက်ပြောင်းမယ်လို့ လိမ်ညာလိုက်တယ်။
မဆင်ခြင်တဲ့သူဟာ ယုံပြီးလိုက်လုပ်ကြတယ်။ လူတစ်ယောက်တည်းအတွက်ကိစ္စမရှိပေမယ်။ Share လုပ်ခံလိုက်ရတဲ့ အခြားသော ယုံကြည်သူတွေအများကြီးအတွက် အချိန်တွေကို ဆုံးရှုံးလိုက်ရတယ်။ လူတွေအများကြီးခုတုံးလုပ်ခံ လိုက်ရတယ်။
နောက်တစ်ခုက ကောလဟာလတွေ ရဟန္တာပျံ၊ မြွေပျံစသည်ဖြင့် အခုတလော Facebook မှာ ပျံ့နှံ့နေတဲ့ ကောလ ဟာလတွေရှိတယ်။ ကိုယ်တွေဟာ ကြည်ညိုတဲ့အတွက် ရှယ်လုပ်ချင်လုပ်မယ်။ ထိုင်ကန်တော့ချင်ကန်တော့မယ် ။ ဒါပေမယ့် နည်းနည်းလေး ဆင်ခြင် ကြည့်ရှုလိုက်တာနဲ့ အတုမှန်းသိသာသာတာကိုတွေ့ရမယ့်အပြင်
အခြားသော ဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ငတုံးတွေလို့
အထင်ရောက်စေနိုင်တယ်။ သေချာတာတစ်ခုကတော့ ကောလဟာလဖြန့်တဲ့သူတွေဟာ
ကျနော်တို့ကို လှောင်ပြုံးလေးပြုံးနေလိမ့် မယ်။
နိုင်ငံရေးအသွေးအရောင်ပေါင်းစုံနဲ့သူတွေဟာလည်း ကောလဟာလတွေကို ဖြန့်ဖြူးကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ အမျိုးမျိုးဖြစ်နိုင်ပေမယ့် ညာပြောတဲ့စကားဟာ စေတနာမှန်တဲ့စကားတော့မဖြစ်နိုင်ဘူး။ ကျနော်အကြံပေးချင်တာတစ်ခုတော့ရှိတယ် ကျနော့်အကောင့်ထဲမှာရှိတဲ့ သူငယ်ချင်းတွေဟာ သူများပြောသမျှကိုအလွယ်တကူမ ယုံကြပဲ (၁) ထဲထဲဝင်ဝင်စဉ်းစားခြင်းဆိုတဲ့
Critical Thinking (၂)အလားတူ သဘာဝရှိတဲ့ အခြားသောအချက်တွေနဲ့
နှိုင်းယှဉ်ခြင်းဆိုတဲ့ Lateral Thinking (၃)ယုတ္တိယုတ္တာကျကျ
သုံးသပ်ခြင်းဆိုတဲ့ Rational Thinking ဆိုတဲ့အချက်တွေနဲ့
ချိန်နှိုင်းဆုံးဖြတ်ကြပါလို့  တိုက်တွန်းပါတယ်။
လှည့်ဖျားခံရခြင်းမှ ကင်းဝေးကြပါစေ
(ဖြိုးသုတ)
============
တစ်ခါက တောထဲမှာ တောဘုရင်ခြင်္သေ့တစ်ကောင်နေထိ
တစ်ခါတော့ ခြင်္သေ့ဟာ နေမကောင်းဖြစ်တဲ့အတွက် အားနည်းနေခဲ့တယ်။ အမဲကောင်ကို အကြမ်းပတမ်းလိုက်ဖို့လည်း အားအင်မရှိဖြစ်နေပြန်တယ်။ ဒါကြောင့်သူက တပည့်ခွေးအကို ခေါ်ပြီး ဒီလိုပြောတယ်
"ငါတော့နေမကောင်းဖြစ်နေတယ် တပည့်ကြီး၊ အမဲလည်းမလိုက်နိုင်ဘူး၊ ဒီတစ်ခါတော့ အမဲလိုက်တာဝန်ကို မင်းပဲယူတော့ကွာ သွားအမဲလိုက်ချည်တော့၊ ငါဒီကပဲ မင်းအပြန်ကိုစောင့်နေမယ်"
အဲဒါနဲ့ ခွေးအက အမဲလိုက်ဖို့ထွက်လာခဲ့တယ်။ ဒါပေမယ့် သူတစ်ကောင်တည်းလည်း အမဲလိုက်နိုင်မယ့် အကောင်လည်းဖြစ်ရမယ်၊ သူရော ခြင်္သေ့ရော ၀မ်းဝဖို့ အကောင်လည်းဖြစ်ရမယ် ဆိုပြီးလိုက်လံရှာဖွေပေမယ် ဘယ်သတ္တ၀ါကိုမှ သူတစ်ကောင်တည်း မလိုက်နိုင်ဘူးဖြစ်နေတယ်။ တစ်နေရာမှာတော့ မြက်စားနေတဲ့ မြည်းတစ်ကောင်ကိုတွေ့တယ်။ ခွေးအက အကြံရပြီး မြည်းကို လှည့်ဖျားတယ်
" အဆွေမြည်း၊ သင့်ကိုလိုက်ရှာလိုက်ရတာမှ ဖတ်ဖတ်ကိုမောရောပဲ၊ တောတို့ရဲ့ဘုရင် ခြင်္သေ့မင်းကြီးက သင့်ကို ၀န်ကြီးချုပ် နေရာအတွက် လျာထားတယ်၊ သင်အမြန်လိုက်ခဲ့ပြီး ရာထူးလက်ခံယူပါ" လို့ ပြောခဲ့တယ်။
မြည်းလည်း ဥာဏ်မရှိတာကြောင့် ပျော်ရွှင်စွာပဲ ခွေးအခေါ်ဆောင်ရာကို လိုက်ခဲ့တယ်။ ခြင်္သေ့အနားလည်းရောက်ရော ခွေးအက မျက်ရိပ်ပြလိုက်တာနဲ့ ခြင်္သေ့ကမြည်းကိုကို ကိုက်သတ်လိုက်တယ်။ အဲဒီနောက် ခြင်္သေ့က ရေဆာလာတာကြောင့်
" မြည်းကို စောင့်နေအုန်း၊ ငါရေသွားသောက်လိုက်ဦးမယ်၊ ချက်ချင်းပြန်လာခဲ့မယ်"
လို့ပြောပြီး ရေသောက်ဖို့ထွက်သွားခဲ့တယ်။
ခြင်္သေ့ထွက်သွားတုန်းမှာ ခွေးအက မြည်းရဲ့ ဦးနှောက်ကို ဖောက်ပြီးစားပစ်လိုက်တယ်။ ခြင်္သေ့ပြန်လာတဲ့အခါ မြည်းရဲ့ ဦးနှောက်မရှိတော့တာကို တွေ့သွားတယ်။ ခြင်္သေ့က ခွေးအကို မြည်းဦးနှောက်ဘယ်မှာလဲလို့
" မြည်းသာဦးနှောက်ရှိမယ်ဆိုရ
ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြနေတာတွေရှိတယ်။ A small thought saves a lot. ဆိုတဲ့စကားလိုပဲ တစ်ခါတစ်လေမှာ အနည်းငယ်စဉ်းစားလိုက်ရုံနဲ့
အထူးသဖြင့် Facebook ပေါ်က စီးပွားရေးသမားတွေဟာ သူတို့ရဲ့ လုပ်ငန်းကို အခမဲ့ ကြော်ငြာပေးစေချင်တာကြောင့်
နောက်တစ်ခုက ကောလဟာလတွေ ရဟန္တာပျံ၊ မြွေပျံစသည်ဖြင့် အခုတလော Facebook မှာ ပျံ့နှံ့နေတဲ့ ကောလ ဟာလတွေရှိတယ်။ ကိုယ်တွေဟာ ကြည်ညိုတဲ့အတွက် ရှယ်လုပ်ချင်လုပ်မယ်။ ထိုင်ကန်တော့ချင်ကန်တော့မယ်
နိုင်ငံရေးအသွေးအရောင်ပေါင်
လှည့်ဖျားခံရခြင်းမှ ကင်းဝေးကြပါစေ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။