ပန်းပုဆရာရဲ့ မြည်း
=============
တစ်ခါက အင်မတန်လက်ရာမြောက်တဲ့ ပန်းပုရုပ်တွေကို ထုလုပ်တဲ့ ပန်းပုဆရာတစ်ယောက်ရှိပါသတဲ့ ။ သူဟာ ခန့်ညားလှပပြီး ကြည်ညိုစဖွယ်ဖြစ်တဲ့ နတ်ဘုရားရုပ်တွေ၊ နတ်ဘုရားမရုပ်တွေကို ထုလုပ်လေ့ရှိတယ်။
တစ်နေ့တော့ သူဟာအင်မတန်လှပပြီး ကျောက်မျက်ရတနာတွေနဲ့ စီချယ်ထားတဲ့ နတ်ဘုရားမရုပ်တစ်ခုကို ထုလုပ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ပန်းပုရုပ်မှာယူထားတဲ့ သူဌေးအိမ်ကို ပို့ဆောင်ဖို့အတွက် သူ့ရဲ့လှည်းမှာ မြည်းကို တပ်ဆင်တယ်။ ပြီးတဲ့အခါမှာတော့ ပန်းပုရုပ်ကို လှည်းပေါ်တင်ပြီး စတင်ထွက်ခွာလာခဲ့သတဲ့။
သူ့ရဲ့ နတ်ဘုရားမရုပ်တုဟာ အင်မတန်လက်ရာမြောက်လှတဲ့အတွ က် ပန်းပုဆရာဖြတ်သန်းသွားတဲ့လမ်းတစ်လျှောက်က သူတွေဟာ ပန်းပုရုပ်ကို လက်အုပ်ချီပြီး ဆုတောင်းခြင်း၊ ဦးညွှတ်အရိုအသေပေးခြင်းများ ပြုလုပ်ခဲ့ကြတယ်။ မိုက်မဲလှတဲ့ ပန်းပုဆရာရဲ့ မြည်းဟာ လူတွေဟာ သူ့ကို ကြည်ညိုပြီး အရိုအသေပေး၊ ဦးချနေကြတယ်လို့ ထင်နေခဲ့တယ်။
တစ်ဖြည်းဖြည်းနဲ့ ရှိခိုးဦးချတဲ့သူတွေ များလာလေလေ မြည်းဟာ ဘ၀င်မြင့်ပြီး မာန်မာနတက်လာလေလေ ဖြစ်လာခဲ့တယ်။
တစ်နေရာအရောက်မှာတော့ မြည်းဟာ ဘ၀င်မြင့်လွန်းတာကြောင့် လေးလံတဲ့ဝန်ကို ရုန်းနေရတဲ့ဘ၀ကို မေ့သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်ပြီး မာန်ထောင်လိုက်တယ်။
အဲဒီအခါမှာ ပန်းပုဆရာက သာယာစွာပြောဆိုပြီး မြည်းကို ဆက်လက်သွားစေတယ်။ ဒါပေမယ့် မြည်းဟာ ဘ၀မြင့်နေပြီဖြစ်တဲ့အတွက် နေရာမှာတင်ရပ်ပြီး အော်ဟစ်မြဲ အော်ဟစ်နေပြန်တယ်။
အဲဒီအခါမှာတော့ ပန်းပုဆရာဟာ ဆူးသွားတပ်ထားတဲ့ကြိမ်လုံးနဲ့ပြင်းစွာရိုက်ပြီး မြည်းကို ရုန်းစေတယ်။ အဲဒီလိုရိုက်လိုက်မှပဲ ဘ၀င်မြင့်နေတဲ့မြည်းဟာ နဂိုဘ၀ကိုပြန်လည်သိရှိသွာြး ပီး ကြောက်လန့်တကြားနဲ့ အမြန်သွားတော့တယ်။
ဒီပုံပြင်လေးက ကျနော်တို့ကို သတိပေးထားတာတွေရှိတယ်။ တစ်ခါတစ်လေ ကျနော်တို့တွေဟာ မိုက်မဲတဲ့ မြည်းသတ္တ၀ါလို ကိုယ့်စွမ်းဆောင်ရည်ကြောင့် မဟုတ်တဲ့ ပစ္စည်းဥစ္စာတွေ၊ ကိုယ့်မှာမရှိတဲ့ ရာထူးဂုဏ်သိမ်တွေ ကို ကိုယ်နဲ့ဆိုင်သလိုထင်ပြီး ဂုဏ်မောက် နေတတ်ကြတယ်။
ကိုယ့်အရည်အချင်းလား၊ တစ်ပါးလူရဲ့ အရည်အချင်းလားဆိုတာကို ခွဲခြားမသိနိုင်တော့ပဲ ပတ်ဝန်းကျင်ရဲ့ ဟန်ဆောင် အမြှောက်အပင့်တွေမှာ သာယာမေ့မြောနေတတ်တယ်။ ကိုယ့်အရည်အချင်းကို မှတ်ကျောက်တင်ဆန်းစစ်ဖို့ မေ့လျော့နေတတ်ကြတယ်။
အဲဒီလိုသာယာနေတတ်တဲ့သူတွေဟာ
တစ်ချိန်မှာတော့ ပန်းပုဆရာရဲ့ ကျိန်လုံးနဲ့တူတဲ့ လောကဓံရဲ့
ရိုက်ပုတ်ခြင်းကို ခံရတဲ့အခါမှာ အင်မတန်တုန်လှုပ်ပင် ပန်းစွာနဲ့ ဘ၀ကို
ဖြတ်သန်းကြရတယ်။ A nod for the wise and a rod for the fool. ဆိုတဲ့စကားကို
သာမာန်ခေါင်းဆတ်ပြယုံနဲ့ သဘောမပေါက်ဘဲ။ ကိုယ့်ဘ၀ အဘက်ဘက်က ကျရှုံးမှသာ ၊
လောကဓံရဲ့ ရိုက်ပုတ်ခြင်းကို ခံကြရမှသာ ကိုယ့်ရဲ့အရည်အချင်းအမှန်ကို သိကြရတယ်။
စာပေဗဟုသုတများတိုးပွားကြပါ စေ-
(ဖြိုးသုတ)
=============
တစ်ခါက အင်မတန်လက်ရာမြောက်တဲ့ ပန်းပုရုပ်တွေကို ထုလုပ်တဲ့ ပန်းပုဆရာတစ်ယောက်ရှိပါသတဲ့
တစ်နေ့တော့ သူဟာအင်မတန်လှပပြီး ကျောက်မျက်ရတနာတွေနဲ့ စီချယ်ထားတဲ့ နတ်ဘုရားမရုပ်တစ်ခုကို ထုလုပ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ပန်းပုရုပ်မှာယူထားတဲ့ သူဌေးအိမ်ကို ပို့ဆောင်ဖို့အတွက် သူ့ရဲ့လှည်းမှာ မြည်းကို တပ်ဆင်တယ်။ ပြီးတဲ့အခါမှာတော့ ပန်းပုရုပ်ကို လှည်းပေါ်တင်ပြီး စတင်ထွက်ခွာလာခဲ့သတဲ့။
သူ့ရဲ့ နတ်ဘုရားမရုပ်တုဟာ အင်မတန်လက်ရာမြောက်လှတဲ့အတွ
တစ်ဖြည်းဖြည်းနဲ့ ရှိခိုးဦးချတဲ့သူတွေ များလာလေလေ မြည်းဟာ ဘ၀င်မြင့်ပြီး မာန်မာနတက်လာလေလေ ဖြစ်လာခဲ့တယ်။
တစ်နေရာအရောက်မှာတော့ မြည်းဟာ ဘ၀င်မြင့်လွန်းတာကြောင့် လေးလံတဲ့ဝန်ကို ရုန်းနေရတဲ့ဘ၀ကို မေ့သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်ပြီး မာန်ထောင်လိုက်တယ်။
အဲဒီအခါမှာ ပန်းပုဆရာက သာယာစွာပြောဆိုပြီး မြည်းကို ဆက်လက်သွားစေတယ်။ ဒါပေမယ့် မြည်းဟာ ဘ၀မြင့်နေပြီဖြစ်တဲ့အတွက် နေရာမှာတင်ရပ်ပြီး အော်ဟစ်မြဲ အော်ဟစ်နေပြန်တယ်။
အဲဒီအခါမှာတော့ ပန်းပုဆရာဟာ ဆူးသွားတပ်ထားတဲ့ကြိမ်လုံးန
ဒီပုံပြင်လေးက ကျနော်တို့ကို သတိပေးထားတာတွေရှိတယ်။ တစ်ခါတစ်လေ ကျနော်တို့တွေဟာ မိုက်မဲတဲ့ မြည်းသတ္တ၀ါလို ကိုယ့်စွမ်းဆောင်ရည်ကြောင့်
ကိုယ့်အရည်အချင်းလား၊ တစ်ပါးလူရဲ့ အရည်အချင်းလားဆိုတာကို ခွဲခြားမသိနိုင်တော့ပဲ ပတ်ဝန်းကျင်ရဲ့ ဟန်ဆောင် အမြှောက်အပင့်တွေမှာ သာယာမေ့မြောနေတတ်တယ်။ ကိုယ့်အရည်အချင်းကို မှတ်ကျောက်တင်ဆန်းစစ်ဖို့ မေ့လျော့နေတတ်ကြတယ်။
အဲဒီလိုသာယာနေတတ်တဲ့သူတွေဟာ
စာပေဗဟုသုတများတိုးပွားကြပါ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။