Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 24, 2015

ဒီနေ့လေးတော့ ကိုးရီးယားနိုင်ငံက အရမ်းဆင်းရဲ တဲ့ မောင်နှမနှစ်ယောက်အကြောင်းလေးပြောပြချင်ပါတယ်…

ဒီနေ့လေးတော့ ကိုးရီးယားနိုင်ငံက အရမ်းဆင်းရဲ တဲ့ မောင်နှမနှစ်ယောက်အကြောင်းလေးပြောပြချင်ပါတယ်…
ဒီမောင်နှမနှစ်ယောက်..ကိုးရီးယားနိုင်ငံရဲ့သမိုင်းမှာ..မှတ်တမ်းဝင်ဖြစ်လာခဲ့ ပါတယ်..အချိန်ရယင်တော့ဖတ်ကြည့်ပေါ့..ဒါပေမဲ့ စိတ်မခိုင်ယင်တော့ မျက်ရည်ကျမိလိမ့်မယ်..လို့တော့ သတိပေးပါရစေ…


...........................
မင်္ဂလာပါ…
ကျွန်မ ဟာမြို့ကြီးပြကြီးနဲ့ဝေးတဲ့…လူ သူနည်းပါးတဲ့ တောရွာလေးမှာ မွေးဖွားကြီးပြင်းလာရတာပါ…
ကျွန်မတို့ရဲ့အဖေနဲ့အမေဟာ…နေပူကျဲကျဲ ထဲမှာပင်ပန်းကြီးစွာတောင်ယာလုပ်ကိုင်ယင်းကျွန်မတို့ကို ရှာဖွေ ကျွေးမွေးခဲ့ကြရှာပါတယ်….ကျွန်မမှာ..ကျွန်မအောက် ၃နှစ်ငယ်တဲ့ မောင်လေးတစ်ယောက်ရှိပါတယ်..
တစ်နေ့မှာ ကျွန်မဟာ သူငယ်ချင်းအယောက်တိုင်းမှာ ရှိနေကြတဲ့လက်ကိုင်ပဝါလေး မျိုးကိုလိုချင်လွန်းလို့
အဖေ့ရဲ့ပိုက်ဆံ တစ်ချို့ကိုခိုးပြီးဝယ် ခဲ့မိပါတယ်…

မကြာခင်မှာပဲ ပိုက်ဆံတွေ ပျောက်နေတာ အဖေသိသွားခဲ့ပါတယ်..
အဖေဟာကျွှန်မတို့မောင်နှမနှစ်ယောက်လုံးကိုခေါ်ပြီး…နံရံဖက်ကို
မျက်နာလှည့် စေပြီးလက်ထဲမှာလဲ ဝါးခြမ်းပြားတစ်ချောင်းကို ကိုင်ထားယင်း ကျွန်မတို့ကိုစစ်မေးပါတော့တယ်…

ဘယ်သူလဲပိုက်ဆံ ခိုးထားတာ..အဖေကဟိန်းဟောက်ပြီးမေးတော့
ကျွန်မအရမ်းကိုကြောက်သွားမိပါတယ်

ဘာမှမပြောရဲခဲ့ပါဘူး…မောင်လေးလဲအတူတူပါပဲ…အဖေလည်းထပ်ပြီးပြောတာ..ဒါဆိုယင်လဲဝန်ခံမဲ့သူမရှိယင်နှစ်ယောက်လုံးကိုအပြစ်ပေးရမယ်…
ဆိုပြီးကျွန်မကျောပေါ်ကို ဝါခြမ်းပြားနဲ့မြှောက်ရွယ်လိုက်ပါတယ်..
အဲ့ဒီအချိန်မှာပဲကျွန်မမောင်လေးက အဖေ့ရဲ့လက်ကိုလှမ်းဆွဲထားယင်း…

ကျွန်တော်ခိုးထားတာပါလို့ဝန်ခံလိုက်ပါတယ်..
အဖေဟာ ဒေါသတစ်ကြီးနဲ့မောင်လေးကို အဆက်မပြတ်ရိုက်ပါတော့တယ်
.ရိုက်လို့မောသွားတော့မှ ကုလားထိုင်ပေါ်ခြေပစ်လက်ပြစ်ထိုင်ချယင်း
မောင်လေးကို ဆူပူကြိမ်းမောင်းပါတော့တယ်..
.............................
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ကပစ္ဓည်းကိုတောင်မင်းကခိုးရဲသေးတယ်…ငါတို့အမျိုးမှာသူခိုးမျိုးတစ်ယောက်မှမရှိဘူး..နောက်တစ်ခါခိုးရဲခိုးကြည့်
မင်းကိုငါသေအောင်ရိုက်ပစ်မယ်….
...............................
အဲ့ည ကကျွန်မနဲ့မေမေ..မောင်လေးကိုပြုစုပေးယင်းမျက်ရည်ကျမိပါတယ်…
မောင်လေးရဲ့ကျောပြင်မှာအရှိုးရာတွေ ပြည့်နေတာပဲ…ဒါပေမဲ့ ..မောင်လေးဟာ အသံတစ်ချက်မှမထွက်သလို..
မျက်ရည်တစ်စက်မှမကျခဲ့ပါဘူး…

ညကျတော့ကျွန်မ ဝမ်းနည်းလွန်းလို့ တစ်အားငိုမိပါတယ်..
မောင်လေးက ထလာပြီးသူ့လက်သေးသေးလေးနဲ့ ကျွန်မမျက်ရည်တွေ ကိုလာသုပ်ပေးယင်း ပြောရှာတယ်..

တိတ်ပါတော့အမရယ်ပြီးခဲ့တာတွေလဲပြီးခဲ့ပြီပဲဟာ…ငိုမနေပါနဲ့တော့နော် ..
ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပြန်မုန်းမိတယ် ..အဖေ့ကိုအမှန်တရားတွေ မပြောပြရဲ ခဲ့တာ….

နှစ်တွေ ပြောင်းလဲသွားပေမဲ့အဲ့ဒီအဖြစ်အပျက်ကကျွန်မစိတ်ထဲ မနေ့တစ်နေ့ကမှဖြစ်ပျက်ခဲ့သလိုပဲ စွဲနေခဲ့တယ်
အဲ့ဒီတုန်းက ကျွန်မ အသက် ၁၁နှစ် မောင်လေးက ၈ နှစ်ပါ..
................................
မောင်လေး…၉တန်းရောက်တော့ကျောင်းမှာစာအတော်ဆုံးဆုရ ခဲ့တယ်
ကျွန်မလဲ သက္တသိုလ် ဝင်တန်းမှာအမှတ်ကောင်းကောင်းရခဲ့တယ်…

အဲ့ဒီညက..အဖေက အိမ်နောက်ဖေးခြံထဲမှာ ထိုင်ပြီးဆေးလိပ်သောက်နေတယ် အမေကဘေးမှာ ဟင်းရွက်လေးတွေ ချွေ နေတယ်…
ကျွန်မ အဖေနဲ့အမေပြောနေကြတာတွေ..ကို တိတ်တစ်ခိုးလေးကြားမိလို့..ခိုးနားထောင်နေမိခဲ့ပါတယ်…
...................
‘’ငါတို့ သားသမီးလေးတွေ နှစ်ယောက်လုံးစာတော်ကြတယ်နော်…”

အမေကသက်ပျင်းရှည်ကြီးရှိုက်လိုက်ယင်း.
. “ခုကျွန်မတို့ဘယ်လိုဆက်လုပ်ပြီး..သူတို့နှစ်ယောက်လုံးကို
ကျောင်းထားပေးရမှာလဲ..ပိုက်ဆံ မှ သိပ်မရှိတော့တာ…”

အဲ့ဒီအချိန်မှာပဲ..မောင်လေးဟာ အဖေတို့ဆီကိုလျောက်သွားယင်းပြောလိုက်ပါတယ်..
“ကျွန်တော် စာဆက်မသင်ချင်တော့ဘူး ကျွန်တော်သင်လာခဲ့တာ ကြာလှများလှပြီရေးတတ်ဖတ်တတ်နေပြီပဲ ”
အဖေထပြီး မောင်လေးကို ရိုက်မလို့ ရွယ်ပြီးမှ ပြောတယ်…
“မင်းဘာလို့ ဒီလို အရူးစကားပြောတာလဲ….အဖေလမ်းဘေးမှာသူတောင်းစားဘဝနဲ့ တောင်းစားနေရယင်တောင်မင်းတို့ကို ကျောင်းပြီးတဲ့အထိ…ထားပေးနိုင်စေရမယ်ကွ သိလား…”
အဲ့ဒီနေ့ မှာပဲ အဖေဟာရွာထဲ ကအမျိုးတွေဆီ မှာတစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ပိုက်ဆံ လိုက်ချေးရှာတယ်…
ကျွန်မ မောင်လေးရဲ့မျက်နှာနုနု ကိုငေးစိုက်ကြည့်ယင်းတွေးနေမိတယ်
မောင်လေးကိုကျောင်းဆက်တက်နိုင်စေရမယ်..အဲ့လိုမှမဟုတ်ယင်..ဒီလိုဆင်းရဲတွင်းကြီးထဲ ကနေလွတ်နိုင်ကြတော့မှာမဟုတ်ဘူး.. ဆိုပြီးတော့ တစ်ချိန်ထဲမှာပဲ စိတ်ထဲမှာလည်းကျွန်မ ကျောင်းထွက်ရမှာကို မလိုလားမိဘူး…အရမ်းပဲ စိုးရိမ်နေမိခဲ့တယ်

ဘယ်သူကြိုသိနိုင်မှာတဲ့လည်း
နောက်နေ့မနက်ကျတော့….ကျွန်မမောင်လေးဟာ သူ့အဝတ်အစားလေး၂ စုံ၃ စုံလေးထဲနဲ့အိမ်ကနေ ထွက်ခွာသွားခဲ့ပြီ……မသွားခင်ကျွန်မ ခေါင်းအုံးအောက်မှာကျွန်မအိပ်ပျော်နေတုန်းစာတစ်စောင် ထည့်သွားပေးခဲ့တယ်.
“အမ ရယ် .သက္ကသိုလ် တက်ရဖို့ဆိုတာ လွယ်လွယ်နဲ့ ဖြစ်နိုင်တာမှမဟုတ်ဘူး
ကျွန်တော် အလုပ် တွေ ရှာလုပ်ယင်းအမ ကို ကျောင်းဆက်တက်ရအောင်ပိုက်ဆံ ရှာပို့လာပေးပါမယ်…”

ကျွန်မ အိပ်ရာပေါ်မှာမောင်လေးရဲ့စာကိုဖတ်ရတော့မျက်ရည်တွေ စီးကျလာတယ်…ကျွန်မ အသံတွေ တိမ်ဝင်သွားအောင် အော်ငိုမိခဲ့ရတယ်…
.အဲ့ဒီတုန်းက ကျွန်မ မောင်လေးက…၁၇ နှစ် ကျွန်မ က ၂၀ …
..................................
အဖေရွာ ထဲ ကနေ ချေးငှားအကူအညီတောင်းပြီးရတဲ့ပိုက်ဆံတွေ..ရယ် မောင်လေးက….ပန်ရံလုပ် အလုပ်ကြမ်းတွေလုပ် ကြုံရာကျပန်းအလုပ်တွေလုပ်ယင်း ပို့ပေးလာတဲ့ ပိုက်ဆံ တွေ နဲ့ ကျွန်မ…သက္ကသိုလ်…တတိယနှစ် အထိအေးချမ်းစွာနဲ့ သင်ကြားခွင့်ရခဲ့တယ်…
တစ်နေ့ ကျွန်မ အဆောင်မှာ..စာဖတ်နေတုန်း..အတူတူနေတဲ့သူငယ်ချင်းကပြောတယ်…
နင်တို့ရွာက ရွာသားတစ်ယောက်တဲ့နင့်ကိုတွေ့ချင်လို့တဲ့ ဟိုးဖက်မှာစောင့်နေတယ်” တဲ့
.....................................
ဘာလို့ရွာသားတွေက ကျွန်မကိုလာရှာရတာလဲ…?

ကျွန်မအဆောင်ပေါ်ကဆင်းလာတော့ အဆောင်ဘေး ကလမ်းကြားလေးထဲမှာကျွန်မမောင်လေးကို…ဆောက်လုပ်ရေးအဝတ်အစားတွေနဲ့တွေ့လိုက်ရပါတော့တယ်..
သူ့တစ်ကိုယ်လုံးလဲဘိလပ်မြေ မှုန့်တွေ ပေကျံနေပါတယ်….
ကျွန်မ သူ့ကိုမေးမိပါတယ်..ဘာလို့ အမသူငယ်ချင်းကို အမရဲ့မောင်လေးလို့မပြောလိုက်တာလဲလို့.
မောင်လေးကကျွန်မ ကိုငေးကြည့်ယင်းခပ်ပြုံးပြုံးလေးပြန်ပြောပါတယ်..ကျွန်တော်ကို ကြည့်လိုက်အုန်းလေ အမကလည်း..ဒီလောက်ပေတူးလံနေတာ..အမ နဲ့မောင်နှမပါလို့ပြောလိုက်ယင်..အမသူငယ်ချင်းတွေက အမကို
လှောင်ကြမှာပေါ့..ကျွန်မ တုန်ယင်နေတဲ့ လက်အစုံနဲ့မောင်လေးရဲ့ ကိုယ်ပေါ်ကဖုန်မှုန်တွေကိုခပ်ဖြေးဖြေးသပ်ချပေးယင်း..ဆို့နင့်တဲ့အသံနဲ့ပြောလိုက်မိပါတယ်..
အမ ဂရုမစိုက်ပါဘူးဘယ်သူတွေ ကဘယ်လိုပဲ ပြောကြပြောကြ..ပါစေ..နင်ဟာ ငါ့ရဲ့ မောင်လေးပါပဲ…
နင်ဘယ်လိုပဲ ဖြစ်နေဖြစ်နေပါစေပါ….အဲ့ဒီနောက်မောင်လေးက သူ့အိပ်ကပ်ထဲက..အရာတစ်ခုကိုနိုက့်ထုတ်လာပြီးကျွန်မကို ကမ်းပေးပါတယ်…ကျွန်မကြည့်လိုက်တော့..အင်မတန်လှတဲ့ လိပ်ပြာပုံ ရင်ထိုးလေးပါ…
မောင်လေးဟာရင်တိုးလေးကို ကျွန်မကိုတပ်ပေးယင်းပြောပါတယ်…
ကျွန်တော် ကောင်မလေးတွေ ရင်ထိုးလှလှလေးတွေတပ်ကြတာမြင်ရတော့ အမ ကိုလဲတပ်စေချင်လို့ဝယ်လာပေးတာပါတဲ့…ကျွန်မ တစ်ကိုယ်လုံးအားအင်တွေ ကုန်ဆုံးသွားသလိုခံစားလိုက်ရမိပါတယ်..မောင်လေးကို ဖက်ထားလိုက်ယင်းမျက်ရည်တွေ အလိုလိုစီးကျလာရပြန်ပါတော့တယ်….အဲ့ဒီတုန်းက ကျွန်မက ၂၃ နှစ် မောင်လေး က ၂၀ နှစ်ပါ…
.........................
ကျွန်မ ရဲ့ချစ်သူကို အိမ်ကို ပထမဆုံးအလည်ခေါ်လာတဲ့ရက် က..ကျွန်မ သတိထားမိတာ..တစ်အိမ်လုံးသန့်ရှင်းသပ်ရပ်နေပြီး…ပြတင်းပေါက်က ကွဲနေတဲ့မှန်ချပ်ကလည်းအသစ်လဲထားတာ သတိထားလိုက်မိပါတယ်
.................
ကျွန်မချစ်သူပြန်သွားပြီး တော့ မှအမေ့ကိုပြောမိတယ်..သမီးချစ်သူကိုခေါ်လာလည်ယုံဖို့လောက်လေးအတွက် အမေ ဒီလောက်ထိ အပင်ပန်းခံသန့်ရှင်းရေးတွေလုပ်နေစရာ ပိုက်ဆံ အကုန်ခံပြီးမှန်သစ်တွေ လဲပေးစရာမလိုပါဘူးအမေရယ် ဆိုတော့ အမေကြ့ပုံးရင်းနဲ့ပြောတယ် အမေမလုပ်ရပါဘူးကွယ် နင့်မောင်လေး အလုပ်ကနေစောစောပြန်လာပြီး လုပ်ထားပေးတာပါ သမီးမောင်လေးလက်ကို မတွေ့သေးဘူးလား လောလောနဲ့ မှန်ကွဲ
ကိုဖြုတ်တော့သူ့လက်မှန်ရှသွားသေးတယ်လေ
...............................
ကျွန်မ အပြေးလေးမောင်လေးအခန်းကို သွားကြည့်လိုက်မိတယ်..ကျွန်မရင်ထဲ အပ်အစင်းတစ်ရာနဲ့ ထိုးခံလိုက်ရသလိုပဲနာကျင်သွားမိတယ်….မောင်လေးရဲ့ ပတ်တီးစီးထားတဲ့လက်ကိုခပ်ဖွဖွ လှမ်းကိုင်ကြည့်ယင်းမေးမိပါတယ်..အရမ်းနာသွားသလားမောင်လေးရယ်…
မောင်လေးကပြန်ပြောတယ် မနာပါဘူးအမကလည်း ဒီလောက်အနာသေးသေးလေးဘာဖြစ်မှာလဲ..
အလုပ်ထဲမှာဆို..နေ့တိုင်းကျောက်ခဲ တွေ သဲတွေ ခေါင်းပေါ်ခြေထောက်ပေါ်ကျတာ ဒီထက်တောင်ဆိုးသေးတာ မောင်လေးဘာမှမဖြစ်ပါဘူး…
ဒီလောက်တော့ဖြုံတာင်မဖြုံပါဘူး အမရာ တဲ့ မောင်လေးစကားတောင်ပြောလို့မဆုံးသေးဘူး…ကျွန်မ မျက်နှာလွဲပြီး မောင်လေးအခန်းထဲကပြေးထွက်လာမိပါတယ်..မျက်ရည်တွေပါးပြင်ပေါ် နောက်တစ်ခါစီးကျလာမိလို့ပါ…..
အဲ့ဒီတုန်းက ကျွန်မ က ၂၆ နှစ် မောင်လေးက ၂၃ နှစ်ပါ
.......................
အဲ့ဒီနောက် ကျွန်မ အိမ်ထောင်ကျပြီး မြို့ ကိုပြောင်းနေ ရပါတယ်…
ကျွန်မအမျိုးသား ကအဖေနဲ့အမေ ကို မြို့ မှာကျွန်မတို့နဲ့အတူလာနေဖို့ အကြိမ်ကြိမ်ခေါ် ပါတယ်…
ဒါပေမဲ့လည်းအဖေနဲ့အမေကလည်းအကြိမ်ကြိမ်ပဲငြင်းနေပြီးလက်မခံခဲ့ပါဘူး…..
အဖေပြောတာ သူဒီရွာကနေဘယ်ကိုမှ သွားမနေချင်ဘူး နှကိုယ်ကတည်းကနေလာတဲ့ ဒီရွာလေးကို မခွဲချင်ဘူး တစ်ကယ်လို့နေရာသစ်ပြောင်းသွားနေယင် ဘယ်လိုနေထိုင်လုပ်ကိုင်စားသောက်ရမယ်မှန်းမသိဘူး တဲ့ဒါကြောင့်နှကိုယ်နေရာဟောင်းမှာပဲ နေနေခဲ့ကြတယ် ကျွန်မမောင်လေးကလည်း အဖေနဲ့အမေကို ခေါ်သွားမှာကို သဘောမတူပါဘူး…
.................
“အမ ဟိုမှာနေပြီး အမ အမျိုးသားရဲ့ မိဘတွေ ကိုကောင်းကောင်းပြုစုလိုက်ပါ..ဒီမှာအဖေနဲ့အမေကိုမောင်လေးဂရုစိုက်နေပါမယ် အမဘာမှမပူပါနဲ့ ”တဲ့..
ကျွန်မ ရဲ့အမျိုးသား ဟာသူတို့မိသားစုပိုင်ကုမ္မဏီရဲ့ ဥက္ကထဖြစ်လာခဲ့တယ် ကျွန်မတို့နှစ်ယောက်လုံးက မောင်လေးကို ကုမ္ဇဏီမှာ မန်နေဂျာ လာလုပ်ပေးစေချင်ကြတယ်
ဒါပေမဲ့ ကျွန်မမောင်လေးကအဲ့ဒီရာထူးကို လက်မခံခဲ့ဘူး
သူကသာမာန် အလုပ်သမားရာထူးပဲ တောင်းလုပ်ခဲ့တယ်
တစ်နေ့မှာမောင်လေးဟာ လှေကားပေါ်ကနေ လျပ်စစ်ကေဘယ်ကြိုးတစ်ခုပြင်နေယင်း ဓါတ်လိုက်ခံရလို့ပြုတ်ကျခဲ့တယ် ချက်ချင်းဆေးရုံရောက်သွားခဲ့တယ်…

ကျွန်မနဲ့ အမျိုးသားဆေးရုံးကိုစိုးရိမ်တကြီးနဲ့လိုက်သွားရတယ် မောင်လေးခြေထောက်ကျိုးသွားလို့ ကျောက်ပတ်တီးစီးရတယ် ကျွန်မ အရမ်းစိတ်ဆိုးမိတယ်
ဒါကြောင့်မောင်လေးကိုဆူမိတယ် “နင်ကဘာလို့ မန်နေဂျာ မလုပ်ချင်ရတာလဲ နင်မန်နေဂျာဖြစ်နေယင်ခုလိုသေလုမြောပါး ဖြစ်စရာအကြောင်းကိုမရှိဘူး ဘာလို့အမ စကားကိုနားမထောင်ချင်ရတာလဲဟင် မောင်လေး ကလည်း စိတ်မကောင်းတဲ့ အမူအရာနဲ့ ကျွန်မ ကိုပြန်ပြောပါတယ်
“အမလည်းစဉ်းစားကြည့်လေ..အမအမျိုးသားက မကြာသေးခင်မှဥက္ကထဖြစ်လာတယ်….
သူ့ယောက်ဖက ဘာပညာမှမတတ်ပဲ မန်နေဂျာခန့်လိုက်တယ် ဆိုလူတွေဘယ်လိုပြောကုန်ကြမှာလဲ ကျွန်မ မျက်ရည်ဝဲရမိပြန်ပါတယ် နင်ပညာမသင်ရတာ အမကြောင့်ပါ…လို့ပြောလိုက်မိတယ်
ဘာလို့ပြီးခဲ့တာတွေ ကိုပဲပြန်လာပြောနေတာလဲအမ ဆိုပြီးမောင်လေးက ကျွန်မလက်ကို ကိုင်ထားခဲ့တယ်…
အဲ့ဒီတုန်းက ကျွန်မ က၂၉ နျစ်မောင်လေးက ၂၆ နှစ် ရှိခဲ့ပါပြီ…
.................................
မောင်လေးအသက်၃၀ မှာ…အတူတူအလုပ်လုပ်တဲ့ နေရာက
မိန်းခလေးတစ်ယောက်နဲ့အိမ်ထောင်ကျပါတယ်..
မင်္ဂလာဆောင်ပွဲ မှာ ဘိသိုက်ဆရာကမောင်လေးကို မေးတယ် “မင်းဘဝမှာ ခုဘယ်သူ့ကို အချစ်ဆုံးလဲ ”မောင်လေးကမဆိုင်းမတွ ပဲပြန်ဖြေတယ် ကျွန်တော် အမ ကို ကျွန်တော် အချစ်ဆုံးပဲတဲ့ ပြီးတော့ သူက ကျွန်မတောင်
မှ မမှတ်မိတော့တဲ့ငယ်ငယ်ကအကြောင်းကိုပြန်ပြောပြတယ်
“ကျွန်တော် တို့်ငယ်ငယ်က ကျောင်းသွားတက်ကြတော့ရွာမှာ ကျောင်းမရှိဘူး နှစ်နာရီလောက်လမ်းလျောက်ပြီး သွားရတဲ့တစ်ခြားရွာ မှာ ကျွန်တော်တို့မောင်နှမနှစ်ယောက်သားလမ်းလျောက်ပြီးကျောင်းသွားတက်ကြရတယ်..
................
တစ်နေ့ ဆောင်းတွင်းတစ်ရက်မှာ နှင်းတွေ လဲ တအားကျပြီးအရမ်းချမ်းပါတယ်.အဲ့ဒီနေ့ကကျွန်တော် လက်အိပ်လေးတစ်ဖက်ကျပျောက်ခဲ့ပါတယ် အမ က သူ့ရဲ့လက်အိပ်တစ်ဖက်ကိုချွတ်ပြီး ကျွန်တော့်ကိုပေးဝတ်စေခဲ့ပါတယ် ပြီးတော့အမဟာလက်အိပ်တစ်ဖက်ထဲနဲ့ ခရီးရှည်ကြီးကို လျောက်ပြန်ခဲ့ပါတယ် အိမ်ပြန်ရောက်တော့အမလက်တစ်ဖက် အေးလွန်းလိုနီရဲပြီးထုံကျင်နေရှာခဲ့ပါတယ် အဲ့ဒီနေကတည်း ကကျွန်တော်ကိုယ် ကျွန်တော် အဓိဌာန်ချထားခဲ့မိပါတယ် ကျွန်တော်ဘဝတစ်သက်လုံးမှာ အမကို အမြဲပြုစုစောင့်ရှောက်သွားပြီး..အမအပေါ်အမြဲကောင်းသွားပေးမယ်ရယ်လို့ ပါ”
လက်ခုပ်သံတွေမင်္ဂလာခန်းမထဲမှာ လျှံတက်သွားပါတယ်…မျက်လုံးအစုံတိုင်းဟာကျွန်မ ကို စိုက်ကြည့်လာကြပါတယ်..ကျွန်မ နှုတ်ကနေ စကားကိုခက်ခဲစွာပြောယူရပါတယ်…
“ဒီကမ္ဘာပေါ်မှာ အဖေအမေပြီးယင် ကျွန်မ ကျေးဇူးအတင်မိဆုံးသူက ကျွန်မ မောင်လေးပါပဲရှင်…”
ကျွန်မဘဝမှာပိတိအဖြစ်ရဆုံးအပျော်ရွင်မိဆုံးအချိန်မှာ မျက်ရည်တွေဟာပါးပြင်ပေါ်မှာ..ထပ်မံစီးကျလာမိပါတော့တယ်ရှင်……..
---------------------------------------------------------------------
သင့်အနေနဲ့…တစ်စုံတစ်ယောက်အပေါ်ပြုခဲ့တဲ့ ကောင်းမှု့လေးဟာ
.သေးသေးလေးမျှသာလို့ထင်ချင်ထင်မိပေမဲ့
အဲ့ဒီတစ်စုံတစ်ယောက်အတွက် တွေးထင်မထားနိုင်လောက်အောင်တန်ဖိုးရှိ အဖိုးတန်တဲ့အရာတွေဖြစ်သွားချင်ဖြစ်သွားနိုင်ပါတယ်
အဲ့ဒီတစ်စုံတစ်ယောက်ဟာ အဖေ အမေ ညီအကို မောင်နှမ…ဒါမှမဟုတ်မသိကြတဲ့သူစိမ်းသူတွေ လည်းဖြစ်ချင်ဖြစ်နေတတ်ပါတယ်

.......................................
အမ ခုလက်ရှိမှာ အသက် ၈၆ နှစ်..ရာထူးကတော့ ဟွန်တိုင် ကုမ္မဏီကြီးရဲ့..အုပ်ချုပ်သူဖြစ်နေပြီးကုမ္မဏီခွဲပေါင်း၂၀ ကျော်ရှိနေပါတယ်…
မောင်လေး ကတော့ ၈၃ နှစ် ဆန်ဆွန်း လို့ခေါ်တဲ့ ကုမ္မဏီ လေးကိုစတင်တည်ထောင်သူဖြစ်လာခဲ့ပါတော့တယ်

++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။