နွားနို့ စစ်/ မစစ် ဘယ်လိုခွဲခြားမလဲ ?
***************************************************************
.
.
နွားနို့ မှာ အရောအနှောပါရှိ မရှိ ဆိုတာကို သိရှိဖို့ အတွက် နွားနို့ မှာ ရောနှော နိုင်တာတွေ ကတော့ ရေ၊ ဆန်ဆေးရည်၊ ကော်မှုန့် ၊ ဆိုဒီယမ်ကာဘွန်နိတ် (Sodium Carbonate) စတာတွေ ရောနှောတတ်ကြပါတယ်။
အများအားဖြင့် ရေရောခြင်း၊ဆန်ဆေးရည်နဲ့ ကော်မှုန့် တို့ ရောခြင်းဟာ ရေရောခြင်းကြောင့် ကျဲသွားတာ ဖုံးကွယ်ဖို့ ဖြစ်တယ်။ ကော်မှုန့် ရောခြင်းဟာ နွားနို့ ကိုပိုပြီး ဖြူသွားစေပါတယ်။
ဆိုဒီယမ် ကာဘွန်နိတ် ရောတာကတော့ နွားနို့ သိုးစ၊ ချဉ်စ ပြုလာတဲ့ အခါ သူ့ ရဲ့ အချဉ်ဓာတ် လျော့နည်းသွားအောင် လုပ်တာဘဲဖြစ်တယ်။ စမ်းသပ် ဖော်ထုတ်ရ နည်းနည်း ခက်တယ်။ အောက်မှာ ခွဲခြား သိရှိနိုင်မယ့် နည်းလမ်းတစ်ချို့ ကို ဖော်ပြလိုက်ပါတယ်။
.
.
ရေရောတဲ့ နွားနို့ 
===========
.
ရေရောထားတဲ့ နွားနို့ ကို ခွက်ထဲ ဖြည်းဖြည်းသွန်ချတဲ့အခါ အကျသွက်ပြီး ကျဲတာကို မြင်ရမယ်။ ဆူအောင်တည်တဲ့အခါမှာ နွားနို့ အမွှေးနံ့ သိပ်ကိုနည်းတယ်။ ကျဲလည်း ကျဲတယ်။
.
ဆန်ဆေးရည် ရောထားတဲ့နွားနို့ 
======================
.
နွားနို့ အနည်းငယ်ကို ဖန်ခွက်ထဲထည့်ပြီး အဲဒီနို့ ထဲကို “တင်ချာအိုင်အိုဒင်း” (ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်) နှစ်စက် သုံးစက်ထည့်ပြီး သမအောင်မွှေလိုက်ရင် အပြာရောင်၊ ဒါမှမဟုတ် ခရမ်းရောင် ဖြစ်ပေါ်လာတယ်။ ဒါဆိုရင် နို့ ထဲမှာ ဆန်ဆေးရည်ရောနှောထားတာ သေချာပါတယ်။
ကော်မှုန့် ရောထည့်ထားတဲ့ နွားနို့ ကိုလည်း ဒီနည်းအတိုင်း စမ်းသပ် သိရှိနိုင်ပါတယ်။
.
ဆိုဒီယမ်ကာဘွန်နိတ် ရောထားတဲ့နွားနို့ 
===========================
.
နွားနို့ ကိုတို့ ပြီး မြည်းကြည့်တဲ့အခါမှာ နည်းနည်းခါးပြီး ဖန်တဲ့အရသာမျိုး ခံစားရလိမ့်မယ်။
.
နောက်တစ်နည်းကတော့ ဖန်ခွက်သေးသေး တစ်လုံးထဲမှာ နွားနို့ ၅စီစီထည့်ပြီး ဘရိုမိုက်(Bromide) (ဘရိုမိုက်ကို ဓာတုပစ္စည်းဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။) အရည်သုံးလေးစက် ထည့်ပြီး မွှေလိုက်ရင် အစိမ်းရောင်၊ ဒါမှမဟုတ် အစိမ်းရင့်ရောင် ပြောင်းသွားမယ်။ ဒါဆိုရင်တော့ ဆိုဒီယမ်ကာဘွန်နိတ် (Sodium Carbonate) ရောထည့်ထားတဲ့ နို့ ဖြစ်တာ သေချာပါတယ်။
.
.
Written by : မောင်မောင်လှိုင်(အပ်စိုက်ကု)
#PEP_Myanmar #Milk #Myanmar #RealMilkorNot

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။