Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 15, 2015

မချောစန္ဒီထွန်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့်စွဲချက်တင် အသရေဖျက်မှုပုဒ်မ ၅၀၀ အား တရားရှင်လွှတ်ပေး

မချောစန္ဒီထွန်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့်စွဲချက်တင် အသရေဖျက်မှုပုဒ်မ ၅၀၀ အား တရားရှင်လွှတ်ပေး

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊အသရေဖျက်မှု ပုဒ်မ ၅၀၀ဖြင့် တရားစွဲဖမ်းဆီးခံထားရသူ မချောစန္ဒီထွန်းကို မအူပင်မြို့နယ်တရားသူကြီးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်စွဲချက်တင်ပြီး အသရေဖျက်မှုပုဒ်မ ၅၀၀ဖြင့်စွဲဆိုခံထားရသည့် အမှုအား ဒီဇင်ဘာ ၁၄ရက်တွင်ခေါ်ဆိုသော ရုံးချိန်း၌ တရားရှင်လွှတ်ပေးခဲ့ကြောင်း တရားရုံးကြားနာမှုအရသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်သော ထမီအရောင်နှင့် အသစ်ပြောင်းလဲဝတ်ဆင်သော တပ်မတော်ယူနီဖောင်းအရောင်တို့ကိုfacebook တွင် နှိုင်းယှဉ်ဖော်ပြမှုကြောင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးကျော်ထင်က ပုဒ်မနှစ်ခုဖြင့် တရားလိုပြုလုပ်
တရားစွဲဆိုမှုအပေါ် တရားရုံးက အသရေဖျက်မှု ပုဒ်မ ၅၀၀အား ပယ်ဖျက်ခဲ့ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့်သာ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ “တရားသူကြီးက တရားမျှတတယ် ထင်ပါတယ်။ အခုဆိုတစ်မှုနိုင်သွားပြီ။ တစ်မှုပဲကျန်တော့တယ်ပေါ့။ကျွန်မမှာအပြစ်မရှိဘူးဆိုတော့ဆက်လက်ရင်ဆိုင်သွားမယ်။ထောင်ထဲမှာနေထိုင်ရတာတော့သိပ်အဆင်မပြေဘူးပေါ့”ဟု မချောစန္ဒီထွန်းက ရုံးထုတ်အပြီးတွင် မီဒီယာများသို့ပြောကြားသည်။
တရားလိုပြသက်သေ ၇ ယောက်စလုံးကို စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ရက်က ခေါ်ဆိုသော ၈ ကြိမ်မြောက် ရုံးချိန်းတွင် မချောစန္ဒီထွန်းအား ၄င်း၏ရှေ့နေက စစ်ဆေးမေးမြန်းခဲ့ပြီး မချောစန္ဒီထွန်းက ၄င်းတွင် အပြစ်မရှိကြောင်း၊ စွပ်စွဲခံရသော ဓာတ်ပုံမှာ ၄င်းတင်ထားသော ဓာတ်ပုံမဟုတ်ကြောင်း ၊ ဥပဒေအရာရှိက မေးမြန်းသောအခါ ၄င်း၏နာမည်ဖြင့် facebook အကောင့်များစွာရှိကြောင်းနှင့် ၄င်းအကောင့်များကို ရုံးရှေ့တွင် ရှာဖွေပြသခဲ့ပြီး ထိုအကောင့်များကို report တင်ခဲ့ကြောင်း ရုံးတော်တွင် အဓိက ထွက်ဆိုခဲ့သည်။

“ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့တော့တရားရုံးက စွဲချက်တင်ပြီးတော့ ထုချေဖြေရှင်းခိုင်းတယ်။စွဲချက်တင်ပြီးတဲ့နောက် စွပ်စွဲခံရသူက အပြစ်မရှိတဲ့အတွက် သက်သေအဖြစ်နဲ့လည်း ယနေ့စစ်တယ်။သက်သေအဖြစ်နဲ့စစ်တော့လည်းကောင်းပါတယ်။ဥပဒေအရာရှိကလည်း ဒါနဲ့ပတ်သက်ပြီးတော်တော်လေး အဖြေမှန်ရှာတာတွေ့ရတယ်။နစ်နာပါစေတော့ဆိုပြီး ရည်ရွယ်မေးခွန်းမေးတာလည်းမတွေ့ရဘူး။တရားရုံးကလည်း သက်သေမခိုင်လုံဘူးအထောက်အထားမစုံလင်ဘူးဆိုပြီးစစ်ဆေးသုံးသပ်ပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀နဲ့စွဲထားတဲ့အမှုကိုလည်း တရားရှင်လွှတ်ပေးခဲ့တယ်”ဟု မချောစန္ဒီထွန်း၏ ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကပြောကြားသည်။

စွပ်စွဲခံရသူ မချောစန္ဒီထွန်း၏အမှုတွင် စွပ်စွဲခံရသူအား သက်သေအဖြစ်၇ ဦး ထွက်ဆိုပေးမည်ဖြစ်ကြောင်းသိရပြီးနောက်ရုံးချိန်းကို ဒီဇင်ဘာ ၂၁ရက်နေ့သို့ချိန်းဆိုထားကြောင်းသိရသည်။

အသက် ၂၅နှစ်အရွယ်ရှိ မချောစန္ဒီထွန်းကို အောက်တိုဘာ ၁၂ရက်ညပိုင်းတွင် ဗဟန်းမြို့နယ်ရှိ တရားစခန်းတစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ ညတွင်းချင်းပင် မအူပင်ရဲစခန်းသို့ပို့ဆောင်ပြီး အောက်တိုဘာ ၁၃ရက်နေ့တွင်စတင်ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မအူပင်အကျဉ်းထောင်တွင် အချုပ်ကျခံနေရသည့် မချောစန္ဒီထွန်းသည် အမျိုးသားပညာရေးဥပဒေကိုဆန့်ကျင်ကန့်ကွက် ဆန္ဒပြသော ဒီမိုကရေစီပညာရေးသပိတ် ဧရာဝတီသပိတ်စစ်ကြောင်းတွင် ၀န်းရံပါဝင်ခဲ့ပြီး ရေဘေးဒုက္ခသည်များအရေးတွင်
လည်းပါဝင်ကူညီမှုများရှိခဲ့ကာ ဖေ့ဘွတ်ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံသည့်ပို့စ်များရေးသားလေ့ရှိသူဖြစ်ကြောင်း ၄င်း၏လုပ်ဖော်ကိုင်ဘက်များထံမှသိရသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။