အရင်ဆုံးကြည့်သင့်သည့်အရာ
-------------------------- --------
တစ်ခါက စုံထောက်ကြီး ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆင်တို့ဟာ ပျော်ပွဲစားထွက်ပြီး အပျော်စခန်းချ ခဲ့ကြတယ်။
ဟုမ်းနဲ့ဝပ်ဆင်တို့ဟာ ညနေစာစားသောက်ပြီးတဲ့အခါ ဒေါက်တာဝပ်ဆင်ယူဆောင်လာတဲ့ ၀ိုင်ပုလင်းကိုဖွင့်ဖောက်ပြီး ပုလင်းကုန်တဲ့အထိ သောက်ကြတယ်..။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်လုံးပဲ မူးယစ်ပြီး နှစ်ခြိုက်စွာ အိပ်မောကျသွားကြတယ်..။
နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ ဟုမ်းက ဖျတ်ခနဲလန့်နိုးလာတယ်..။ ပြီးတော့ ဒေါက်တာဝပ်ဆင်ကိုပါလှုပ်နှိုး လိုက်တယ်..။ ပြီးတော့ ရှားလော့ဟုမ်းက ဒီလိုပြောတယ်..
"၀ပ်ဆင်ရေ..ကောင်းကင်ကြီးကိုကြည့်လိုက်ဦးဗျ၊ ဘာမြင်တုန်း"
"မေးနေစရာလိုလို့လား စုံထောက်ကြီးရယ်...သန်းပေါင်းသန်းချီနေတဲ့ မရေမတွက်နိုင်တဲ့ ကြယ်တွေကိုတွေ့တာပေါ့ဗျ"
လို့ဝပ်ဆင်က ပြန်ဖြေတယ်..။ အဲဒီအခါဟုမ်းက
"အဲဒီတော့ဘာဖြစ်တုန်းဗျ"
လို့ဆက်မေးပြန်တယ်..။
ဝပ်ဆင်က မိနစ်အနည်းငယ်ကြာအောင်သေချာ စွာသုံးသပ်တယ်..ပြီးတော့ဒီလိုပြန်ပြောတယ်..
"အာကာသသိပ္ပံပညာရပ်အရဆိုရင်ေ တာ့.. ကြယ်တွေရဲ့အရည်အတွက်အားဖြင့်  သန်းပေါင်းသန်းချီနေတဲ့အတွက်.. ဂလက်ဆီတွေဟာလည်း သန်းချီပြီးရှိနေလိမ့်မယ်.. အဲဒါကြောင့် ကျနော်တို့ နေအဖွဲ့အစည်းနဲ့တူတဲ့ အခြားသောဂြိုဟ်အဖွဲ့အစည်းပေါင်းလည်း သန်းချီပြီးရှိနေနိုင်တယ်."
ဝပ်ဆင်က အနည်းငယ်ဆိုင်းငံ့ပြီး..ဆက် ပြောပြန်တယ်..
"အဲ.. နက္ခတ်ဗေဒင်ပညာအရဆိုရင်တော့. .သိုဟ်ရာသီဟာ စနေဂြိုဟ်မှာတန့်နေတယ်...အချိန်ကိုခန့်မှန်းရင်တော့.. ခုအချိန်ဟာ နာရီပြန်သုံးချက်ခွဲအချိန်ြ ဖစ်ရမယ့်.. ဘာသာရေးရှုဒေါင့်ကဆိုရင်တော့ .. ကျနော်တို့တွေဟာ.. ဘုရားသခင်ဖန်ဆင်းတဲ့စကြ်ာဝဠာထဲက အမှုန်လေးတွေပေါ့ဗျာ..မိုးလေ ၀သရှုဒေါင့်ဘက်ကသုံးသပ်ရရင်ေ တာ့.. မနက်ဖြန်မနက်ဟာ လှပတဲ့နံနက်ခင်းလေးဖြစ်မယ်. .တစ်နေကုန်သာယာမယ်..ဒါနဲ့.. ဆရာသမားက ဘာလို့ဒါတွေမေးနေတာလဲဗျ.."
လို့ ရှည်လျားစွာပြန်ပြောလိုက်တယ်..။ စုံထောက်ကြီးရှားလော့ဟုမ်းဟာ..ခဏငြိမ်သက်နေတယ်..ပြီးတော့.. ဒီလိုပြန်ပြောလိုက်တယ်..
"ခင်ဗျား..တော်တော်တုံးသေးတာဘဲဝပ်ဆင်..ကျနော်ဆိုလိုတာက ..ကျနော်တို့ယာယီတဲကို သူခိုးခိုးသွားပြီလို့ပြောချင်တာဗျ၊ ခင်ဗျားကို ကောင်းကင်ကြီးကိုကြည့်ခိုင်းတာ..ဒါကြောင့်ဗျ..အဲဒါကြော င့်"
-----------------------
ဒါကတော့ လူတော်တော်များများသိပြီးဖြ စ်တဲ့..ဟာသလေးတစ်ပိုဒ်ပဲဖြစ်တယ်..
ကျနော်ဒီအကြောင်းကို အဓိကပြောချင်တာက..အခြားကိစ္စ တော့မဟုတ်ပါဘူး..။ ခုကျနော်တို့နိုင်ငံသားလူငယ်လေး (၂) ယောက် မတော်မတရားအပြစ်ပေးခံနေရတာကိုပဲဖြစ်ပါတယ်..။
ကျနော်တို့ဟာ..အဲဒီကိစ္စကို တိုင်းတပါးက မတရားလုပ်လေချင်းဆိုပြီး ထောင်းခနဲဒေါပွကောင်းပွမယ်. .။ ဆန္ဒထုတ်ဖော်ချင်ထုတ်ဖော်မယ် ..ဒါပေမယ့်.. ကိုယ့်တိုင်းပြည်အခြေအနေ၊ တိုင်းတပါးမှာနေနေရတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ အခြေအနေ၊ ..လတ်တလောပြည်တွင်းမှာကြုံေ တွ့နေတဲ့ ဖြစ်စဉ်တွေ. ပြောင်းလဲမှုတွေ...တစ်နည်းအားဖြင့်..ကျနော်တို့ရဲ့ ယာယီတဲ အခိုးခံနေရတဲ့အဖြစ်ကို အရင်ဆုံး သုံးသပ်ဖို့လိုမယ်လို့ ပြောချင်တာပါ..။
ကျနော်တို့နိုင်ငံဟာ တစ်ဖက်စောင်းနင်းအဖြစ်အပျက် တွေ၊ ဖိနှိပ်မှုတွေနဲ့အသားကျပြီးသားဖြစ်နေခဲ့ရတယ်..။ အဲဒီလိုဖြစ်နေခဲ့ကြတာကိုလည်း အားလုံးက လက်ခံခဲ့လို့ ပြောင်းလဲဖို့ လက်သန်းမင်စွန်းခံခဲ့ကြတယ်. .။ အဲဒါတွေရဲ့ မူရင်းရည်ရွယ်ချက်ကို ကို မမေ့လျော့ကြစေချင်ဘူး..။
ကိုယ့်ကို လတ်တလော ဘယ်သူအမြတ်ထုတ်နေလဲ..ဘယ်သူေ တွဟာ တစ်ဖက်စောင်းနင်းစီရင်ခြင်း ကြောင့် ဒုက္ခရောက်ခဲ့တာလဲ.. အဲဒါတွေကို ဘယ်သူတွေက ဘာကြောင့်လုပ်ခဲ့တာလည်းဆိုတဲ့.."ကျနော်တို့ရဲ့ယာယီတဲ"
ဖြစ်တဲ့..ကိုယ့်နိုင်ငံ ပြောင်းလဲရေး ကို မမေ့လျော့စေချင်ဘူး..။ တကယ်တော့
ကိုယ့်ပြည်တွင်းမှာ နေပြီး သူတပါးကမတရားလုပ်သည်ဖြစ်စေ၊ နိုင်ငံရပ်ခြားမှာနေပြီး သူတပါးက မတရားလုပ်သည်ဖြစ်စေ..ကိုယ့် နိုင်ငံသားချင်းအတူတူပဲဆိုတာကို ဆင်ခြင်သင့်လှတယ်..။
အဲဒီလိုမှမဟုတ်ဘဲ.. ကိုယ့်ယာယီတဲအခိုးခံနေရတဲ့အ ဖြစ်လို..သူတပါးနိုင်ငံထဲမှာတောင်မဟုတ်ဘဲ..ကိုယ့်နိုင် ငံထဲအထိ ထိုးဖောက်ဝင်ရောက် ခံနေကြရတာကို သတိထားကြပါ..။ အရေးအကြီးဆုံးကိစ္စကို အရင်မြင်သင့်သလို.. ခုလတ်တလော.ကလိန်ကျအမြတ်ထုတ် နေကြတာဟာဘယ်သူတွေလည်းဆိုတာကို မေ့လျော့မနေသင့်ဘူး..။
အဲဒီလိုပြောလို့ လူငယ်လေး(၂)ယောက်ကို မေ့လျော့ပစ်ဖို့ပြောတာလို့ေ တာ့ မယူဆစေချင်ဘူး..။ အစွန်းရောက်စိတ်နဲ့ ကျန်တာတွေကို မေ့လျော့သွားမှာကို စိုးရိမ်မိလို့ပဲဖြစ်တယ်..။ မလျော့မတင်း၊ ဆုတ်သာတက်သာ ဆိုတဲ့အနေအထားမျိုးနဲ့ သတိကပ်ပြီးဆင်ခြင်ဖို့ ပြောချင်တယ်..။
နောက်တစ်ခုက.. ယိုးဒယားမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်စားသောက်နေကြရတဲ့ .ကျနော်တို့နိုင်ငံသားတွေကိုလည်း.. ထည့်သွင်းစဉ်းစားဖို့လိုအပ် သေးတာကိုလည်း သတိပြုသင့်တယ်..။ ကိုယ့်ရဲ့အစွန်းရောက်လုပ်ရပ်တွေကြောင့် နဂိုကတည်းကမှ မြေနိမ့်ရာလှံစိုက်ခံနေရတဲ့ ကိုယ့်အမျိုးသားတွေကို.. လှံတင်မက.. လက်နက်မိုးပါ ရွာကျလာမှာကိုလည်း စိုးရိမ်မိနေတယ်..။
အဲဒါကြောင့် ကျနော်တို့ဟာ.. ကိုယ့်တဲအခိုးခံရတာကိုမေ့လျော့ပြီး ကိုယ်နဲ့ အလှမ်းဝေးလှတဲ့အဖြစ်တွေကို သုံးသပ်နေတဲ့ဝပ်ဆင်လို ကိုယ့်ရဲ့လတ်တလောအခြေအနေကို မေ့လျော့ပြီးတစ်စုံတစ်ခုများ အမှားအယွင်းပြုလုပ်မိခဲ့ရင် ..
ကျနော်တို့နိုင်ငံမှာနေထိုင်ကြတဲ့ ပြည်သူတွေသာမက.. တိုင်းတပါးမှာရောက်ရှိနေတဲ့ ကျနော်တို့ရဲ့ ညီနောင်တွေရဲ့ နောင်ရေးကိုပါ..ထည့်သွင်းစဥ်းစားကြပါလို့ ပြောချင်တယ်...။
(ခုအခြေအနေမှာတောင်..ဘယ်ဘက် ကို ဦးတည်လာပြီလည်းဆိုတာကို ကျနော်လို လူပြိန်းတောင်သိရင်..ဥာဏ်ကြီးတဲ့ညီကိုမောင်နှမတွေလည်း သိလိမ့်မယ်လို့ ယူဆမိတယ်..)
ဘာပဲဖြစ်ဖြစ်..လောလောဆယ်..ကိုယ်တွေက ကြိုးတန်းပေါ်လမ်းလျှောက်နေရ တဲ့ မျက်မမြင်တွေလိုဘ၀မျိုးပဲ ရှိနေသေးတာကို..သတိပြုသင့်တ ယ်..။ ခြေလှမ်းတစ်ချက်မှားရင်တော့ ... ချောက်နက်ထဲကို ကားကနဲကျကြရလိမ့်မယ်လို့. .သတိပေးပါရစေ..
(ဖြိုးသုတ)
--------------------------
တစ်ခါက စုံထောက်ကြီး ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆင်တို့ဟာ ပျော်ပွဲစားထွက်ပြီး အပျော်စခန်းချ ခဲ့ကြတယ်။
ဟုမ်းနဲ့ဝပ်ဆင်တို့ဟာ ညနေစာစားသောက်ပြီးတဲ့အခါ ဒေါက်တာဝပ်ဆင်ယူဆောင်လာတဲ့ ၀ိုင်ပုလင်းကိုဖွင့်ဖောက်ပြ
နာရီအနည်းငယ်ကြာတဲ့အခါမှာတေ
"၀ပ်ဆင်ရေ..ကောင်းကင်ကြီးကိ
"မေးနေစရာလိုလို့လား စုံထောက်ကြီးရယ်...သန်းပေါင
လို့ဝပ်ဆင်က ပြန်ဖြေတယ်..။ အဲဒီအခါဟုမ်းက
"အဲဒီတော့ဘာဖြစ်တုန်းဗျ"
လို့ဆက်မေးပြန်တယ်..။
ဝပ်ဆင်က မိနစ်အနည်းငယ်ကြာအောင်သေချာ
"အာကာသသိပ္ပံပညာရပ်အရဆိုရင်ေ
ဝပ်ဆင်က အနည်းငယ်ဆိုင်းငံ့ပြီး..ဆက်
"အဲ.. နက္ခတ်ဗေဒင်ပညာအရဆိုရင်တော့.
လို့ ရှည်လျားစွာပြန်ပြောလိုက်တယ
"ခင်ဗျား..တော်တော်တုံးသေးတ
-----------------------
ဒါကတော့ လူတော်တော်များများသိပြီးဖြ
ကျနော်ဒီအကြောင်းကို အဓိကပြောချင်တာက..အခြားကိစ္စ
ကျနော်တို့ဟာ..အဲဒီကိစ္စကို တိုင်းတပါးက မတရားလုပ်လေချင်းဆိုပြီး ထောင်းခနဲဒေါပွကောင်းပွမယ်.
ကျနော်တို့နိုင်ငံဟာ တစ်ဖက်စောင်းနင်းအဖြစ်အပျက်
ကိုယ့်ကို လတ်တလော ဘယ်သူအမြတ်ထုတ်နေလဲ..ဘယ်သူေ
အဲဒီလိုမှမဟုတ်ဘဲ.. ကိုယ့်ယာယီတဲအခိုးခံနေရတဲ့အ
အဲဒီလိုပြောလို့ လူငယ်လေး(၂)ယောက်ကို မေ့လျော့ပစ်ဖို့ပြောတာလို့ေ
နောက်တစ်ခုက.. ယိုးဒယားမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်စားသောက်နေကြရတဲ့ .ကျနော်တို့နိုင်ငံသားတွေကိ
အဲဒါကြောင့် ကျနော်တို့ဟာ.. ကိုယ့်တဲအခိုးခံရတာကိုမေ့လေ
ကျနော်တို့နိုင်ငံမှာနေထိုင
(ခုအခြေအနေမှာတောင်..ဘယ်ဘက်
ဘာပဲဖြစ်ဖြစ်..လောလောဆယ်..က
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။