---
----
Ref - rishikajain
www.yoyarlay.com
#kln_yyl
#story_yyl
(Unicode version)
သောမက်စ်အက်ဒီဆင်ရဲ့ အမှန်တကယ် အဖြစ်အပျက် ဇာတ်လမ်း
တစ်နေ့မှာတော့ သောမက်စ်အက်ဒီဆင်ဟာ အိမ်ပြန်ရောက်လာပြီး သူ၏ မိခင်ကို စာစာတစ်စောင် ပေးလိုက်တယ်။
" အမေ ဆရာမက အမေ့ကို စာတစ်စောင်ပေးလိုက် ပါဆိုလို့ ကျွန်တော် ပေးတာပါ "
အမကေလည်း ဆရာမပေးလိုက်တဲ့ စာကို ဖတ်ပြီးတော့ မျက်ရည်ကျနေတယ်။ မင်းရဲ့သားက အရမ်းကို ဥာဏ်ထက်မြက်တယ်။ ဒီကျောင်းမှာက
သူ့ကို သင်ပေးနိုင်မယ့် ဆရာ မရှိသေးပါဘူး။ ဒါကြောင့် မင်းကိုယ်တိုင်ပဲ မင်းရဲ့သားကို သင်ပေးပါ။
နှစ်တွေ အတော်ကြာတော့ သောမက်စ်အက်ဒီဆင်၏ မိခင်ဟာလည်း သေသွားပြီး သူဟာလည်း ရာစုနှစ်အတွင်း အတော်ဆုံးသော တီထွင်သူ တစ်ယောက်ဖြစ်လို့နေပါပြီ။ တစ်နေ့တော့ သူရဲ့ မိသားစုနှင့် သက်ဆိုင်သော အချက်အလက်အဟောင်းတွေကို သူတွေ့ခဲ့တယ်။ ရုတ်တရက် သူ၏ စားပွဲ အံ့ဆွဲအောက်မှာ စာရွက်ခေါက်လေး တစ်ရွက်ကို တွေ့လို့ ဖွင့်ကြည့်ပါတယ်။
စာရွက်မှာ ရေးထားတာက " မင်းရဲ့ သားဟာ စိတ်ရောဂါ ဖြစ်နေတဲ့ သူပါ။ ဒါကြောင့် ဘယ်တော့မှ ကျောင်းကို မလွှတ်ပါနဲ့တော့ "
---
----
သောမက်စ်အက်ဒီဆင် နာရီများစွာ ကြာအောင် ငိုခဲ့ပြီး ဒီ ဒိုင်ယာရီကို ရေးခဲ့ခြင်း ဖြစ်ပါတယ်။ သောမက်စ်အက်ဒီဆင်ဟာ စိတ်ရောဂါသည် တစ်ယောက်လို့ အထင်ခံခဲ့ရတယ်၊ သူရဲကောင်း မိခင်က ရာစုနှစ်အတွင်း အတော်ဆုံးသော တီထွင်သူ တစ်ယောက်ဖြစ်အောင် ဖန်တီးပေးခဲ့တယ်။
Ref - rishikajain
ကျော်လင်းနိုင်(ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။