"အဖြေမှန် ရှင်းလင်းချက် "
********************
"Kinds Of Relative Pronouns "
**************************
Relative Pronoun (၅) မျိုးရှိပါတယ်။
(၁) Who = သော / သောသူသည်
(၂) Whom = သော / သောသူကို
(၃) Whose = သော / သောသူ၏
(၄) Which (or) that = သော / သောအရာသည် /
သောအရာကို
(၅) What = သော / သောတစ်စုံတစ်ခုသည် /
သောတစ်စုံတစ်ခုကို
အသုံးပြုပုံ ။ ။
(၁) Who ကို လူကတ္တားအတွက် ဆက်ပါ
(၂) Whom ကို လူကံပုဒ်အတွက် ဆက်ပါ
(၃) Whose ကို လူ တိရိစ္ဆာန် ပိုင်ဆိုင်မှုအတွက် ဆက်ပါ
(၄) Which, That ကို အရာဝတ္ထု ကတ္တား ကံအတွက် ဆက်ပါ
(၅) What ကို အမျိုးအမည်မသိသော အရာဝတ္ထု ကတ္တား ကံအတွက် ဆက်ပါ
မှတ်ချက်အနေဖြင့် - Whom , Which , That တို့ကို ကံပုဒ်အတွက် ဆက်မယ်ဆိုရင် မြှပ်ထားရပါမယ်။
ဥပမာ ။ ။
(၁) I know the girl. She is sitting there.
မိန်းကလေးကို ကျွန်တော်သိတယ်။ သူမ ဟိုမှာ ထိုင်နေတယ်။
ထိုဝါကျနှစ်ခုမှာ အမျိုးတူတဲ့ နာမ်နဲ့ နာမ်စားက the girl နဲ့ She ဖြစ်ပါတယ်။
Relative Pronoun နဲ့ Adjective Clause ရေးမယ်ဆိုရင်
Who is sitting there .
ဟိုမှာထိုင်နေသော (လူကတ္တားကို အထူးပြုသည့်အတွက် ) the girl ကို အထူးပြုပါတယ်။
ဝါကျတစ်ကြောင်းတည်း ဆက်ရေးမယ်ဆိုရင်
I know the girl who is sitting there.
ဟိုမှာ ထိုင်နေသော မိန်းကလေးကို ကျွန်တော်သိတယ် ။
(၂) The lady is my mother. You are talking to her.
အမျိုးသမီးသည် ကျွန်တော့်အမေဖြစ်ပါတယ်။
မင်းက သူမကို စကားပြောနေတယ်။
ဒီဝါကျနှစ်ကြောင်းမှာ မှာ အမျိုးတူတဲ့ နာမ်နဲ့ နာမ်စားက the lady နဲ့ her ဖြစ်ပါတယ်။
မင်းက သူမကို စကားပြောနေတာဆိုတော့
အပြောခံရတာက အမျိုးသမီး the lady ကို အထူးပြုထားတာဖြစ်ပါတယ်။
Relative Pronoun နဲ့ Adjective Clause
ဝါကျဆက်ရေးကြည့်မယ်ဆိုရင်
The lady whom you are talking to
မင်းစကားပြောနေသော အမျိုးသမီး
ဒီနေရာမှာ နာမ်စား her ကို မြှပ်ထားရမည် ဖြစ်ပါတယ်။
ဝါကျတစ်ကြောင်းတည်း ဆက်ရေးမယ်ဆိုရင်
The lady whom you are talking to is my mother.
မင်းစကားပြောနေသော အမျိုးသမီးက ကျွန်တော့်အမေဖြစ်ပါတယ်။
(၃) The boy is coming. His mother is a teacher.
လူကလေး လာနေတယ်။ သူ့ရဲ့ အမေက ဆရာမတစ်ယောက် ဖြစ်တယ်။
ဒီဝါကျမှာ အမျိုးတူ နာမ်နဲ့ နာမ်စား The boy နဲ့ His ဖြစ်ပါတယ်။
သူ့ရဲ့ အဖေဆိုတော့ ပိုင်ဆိုင်ခြင်းပြထားတာပါ။
ဒါ့ကြောင့် Relative Pronoun နဲ့ ဆက်ရေးမယ်ဆိုရင်
Whose mother is a teacher.
သူရဲ့ အမေက ဆရာမတစ်ယောက်ဖြစ်တယ်။ Whose ပိုင်ဆိုင်ခြင်းက The boy ကို အထူးပြုတာဖြစ်ပါတယ် ။

The boy whose mother is a teacher is coming .
လူကလေး၏ အမေဆရာမတစ်ယောက် ဖြစ်သော လူကလေး လာနေတယ်။
(၄) This is the cat. It killed the rat.
ဒါက ကြောင်ဖြစ်ပါတယ်။ ထိုဟာသည် ကြွက်ကို သတ်လိုက်တယ်။
ဒီဝါကျထဲမှာ အမျိုးတူ နာမ်နဲ့ နာမ်စားက the cat နဲ့ It ဖြစ်ပါတယ်။
သက်ရှိ တိရိစ္ဆာန်ကို အထူးပြုထားတာကြောင့် Relative Pronoun ဖြစ်တဲ့ Which ကို ဆက်ရေးရမည်ဖြစ်ပါတယ်။
The cat which killed the rat .
The cat that killed the rat.
ကြွက်ကို သတ်သော ကြောင် ဖြစ်သွားပါတယ်။

This is the cat which killed the rat.
This is the cat that killed the rat.
ထိုဟာသည် ကြွက်ကို သတ်လိုက်သော ကြောင် ဖြစ်ပါတယ်။
(၅) This is the book. I bought it yesterday.
ဒါက စာအုပ်ဖြစ်ပါတယ်။ ထိုဟာကို မနေ့က ကျွန်တော် ဝယ်ခဲ့တယ်။
ဒီဝါကျမှာ အမျိုးတူ နာမ်နဲ့ နာမ်စားက the book နဲ့ it ဖြစ်ပါတယ်။
Adjective Clause ရေးမယ်ဆိုရင်
the book which I bought yesterday .
the book that I bought yesterday.
မနေ့က ကျွန်တော် ဝယ်ခဲ့သော စာအုပ် ဖြစ်သွားတယ်။the book စာအုပ်ကို အထူးပြုထားတာဖြစ်ပါတယ်။
Relative Pronoun နဲ့ Adjective Clause ဝါကျ ဆက်ရေးမယ်ဆိုရင်
This is the book which I bought yesterday.
This is the book that I bought yesterday.
ထိုအရာသည် မနေ့က ကျွန်တော် ဝယ်ခဲ့သော စာအုပ်ဖြစ်ပါတယ်။
"Question Quiz "
****************
" My sister is a girl. She is bright."
မိန်းကလေးက ကျွန်တော့် ညီမဖြစ်တယ်။
သူမက တောက်ပနေတယ်။
ဒီဝါကျမှာ အမျိုးတူ နာမ်နဲ့ နာမ်စားက a girl နဲ့ She ဖြစ်ပါတယ်။
လူကတ္တားကို အထူးပြုသည့်အတွက် Relative Pronoun ဖြစ်တဲ့ Who ကို ဆက်ရေးရပါမယ်။
Adjective Clause ဆက်ရေးမယ်ဆိုရင်
A girl who is bright .
တောက်ပနေသော မိန်းကလေး ( A girl ကို အထူးပြုထားပါတယ် )
Relative Pronoun နဲ့ Adjective Clause ပုံစံ ဝါကျဆက်ရေးမယ်ဆိုရင်
My sister is a girl who is bright .
တောက်ပနေသော မိန်းကလေးက ကျွန်တော့် ညီမဖြစ်ပါတယ်။
ထို့ကြောင့် အဖြေမှန်ကတော့
နံပါတ် (3) who ဖြစ်ပါတယ်။
ဖြေဆိုသူ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ....
ဆက်လက်ကြိုးစားကြပါဦးစို့. ......
"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာ တိုးတက်ကြပါစေ..........."

ဆက်လက်ကြိုးစားကြပါဦးစို့.
"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနု
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။