Than Phaye Lay added 2 new photos.
-------------------------------
ရင်တွင်းစကား
--------------
``` ၂၄ ဒီဇင်ဘာ မတိုင်ခင်က ဝင်းဇော်ထွန်း ရေးခဲ့တဲ့စာ ´´´
မိဘရင်ငွေ့ခိုလှုံ ချင်သေးပေမယ့်
သမုဒ္ဒရာဝမ်းတထွာကြောင့်
မိဘတွေရဲ့ ၀န်ထုတ်ကို ကူသယ်ပေးဘို့
ထိုင်းနိုင်ငံကို ရောက်ခဲ့ပါတယ်။
နုပျို တက်ကြွ နေတဲ့ လူငယ်ဘ၀ကို
စားပွဲထိုးဘ၀နဲ့ နိုင်ငံခြားသားတွေ အလယ်မှာ
ကုန်ဆုံးရင်း ကျင်လည်မိခဲ့တယ်။
ထိုင်းနိုင်ငံမှာ အလုပ်သမားဖြစ်ရခြင်းရဲ့
ကြမ်းတမ်းခက်ခဲမှု တွေကို ရင်ဆိုင်ဘို့
ကြို တင်ပြင်ဆင်ထားပေမယ့်...။
ဒီလို အဖြစ်ဆိုးမျိုး ကြုံ ရလိမ့်မယ်လို့
တခါမှ မျှော်လင့်မထားခဲ့ပါ။
လူသတ်သမား၊ မုဒိန်းကောင် ဆိုတဲ့ နံမယ်တပ်ပြီး
လူတကာအလယ်မှာ
( ကိုယ်ချစ်ရသူ မိန်းကလေးရှေ့မှာ)
အရှက်တကွဲ သိက္ခာ တပြားမှ မကျန်အောင်
သရုဏ်ပြခဲ့ရဘူးတယ်။
အသက်ထက် အရှက်နဲ့ လူလုပ်သူမို့
ချစ်ရသူ သူငယ်ချင်းတွေ အထင်မလွဲကြဘို့
အခါခါ ရင်မှာ ဆုတောင်း ခဲ့ရဘူးတယ်။
မျှော်လင့်ချက် အလင်းရောင်တန်းလေး မြင်လာပြီမို့
ထောင်ထဲမှာ ပင်ပန်းခက်ခဲမှု ကို
အံကြိတ်ထားရင်း စောင့်ခဲ့ရတဲ့နေ့ ရက်
ရောက်လာတော့မည် ပေါ့။
Blessed 24th December To Me.
ဝင်းဇော်ထွန်း
[ ဖတ်ရင်း မျက်ရည်ကျမိပါတယ်။ ဆုတောင်းတွေပြည့်ပါစေလို့ ထပ်ပြီးဆုတောင်းပေးနေအုံးမှာပါ။
]
(Via လင်းယုန်မာန်) https://www.facebook.com/shanshan.inbox
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။